Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မီးခိုးရင့်ရောင် ရက်စွဲများ (Essay)

ဒါနဲ့ပဲ ကျနော့်သူငယ်ချင်းရဲ့အိမ်ကို တစ်ပတ်မှာ သုံးခါလောက် ရောက်ဖြစ်တယ်။ ရောက်တိုင်းလည်း အနည်းဆုံး ၂ နာရီနီးနီးလောက် ကြာတယ်။ ဒီထက် ကြာကောင်းကြာတာလည်း ရှိတယ်။ 

 

ကျနော့် သူငယ်ချင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှေ့နေတစ်ယောက်။ လူမမယ် ကလေး နှစ်ယောက်ရှိတယ်။ တစ်ယောက်က ၈ နှစ်၊ တစ်ယောက်က ၅ နှစ်။ အမျိုးသားဖြစ်သူကလည်း နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပဲမို့ သူတို့ မိသားစု လေးယောက်က မဖြစ်မနေ မဲဆောက်ကို ရောက်လာတယ်။ ကျနော့်အနေနဲ့ သူတို့အိမ်ကို မကြာခဏသွားဖြစ်တဲ့ အဓိကအကြောင်းရင်းက ကျနော့်သူငယ်ချင်းကို အားပေးနှစ်သိမ့်ချင်လို့ပဲ။ 

 

မဲဆောက်ကို စရောက်ရောက်ချင်းကတော့ မသိသာပေမယ့် တဖြည်းဖြည်းနှစ်ချီပြီး အနေကြာလာတော့ အလုပ်မရှိတဲ့ ကျနော့်သူငယ်ချင်းရဲ့ လက်တွေ့အခြေအနေအပေါ် မချင့်မရဲဖြစ်မှုတွေ၊ နဂိုကတည်းက စက်ဘီး၊ ဆိုင်ကယ် ဘာဆိုဘာမှ မစီးတတ်လို့ ဘယ်မှ မရောက်ဖြစ်တာတွေနဲ့ မိသားစု စားဝတ်နေရေး အခက်အခဲတွေကြောင့် သူငယ်ချင်းအပေါ် တစ်ဖက်တစ်လမ်း ဖေးမကူတဲ့အနေနဲ့ မကြာခဏ ရောက်ဖြစ်တာပါပဲ။ 

 

ဒီအခြေအနေမှာ သူ့ယောကျ်ားကလည်း နိုင်ငံရေးအသိုင်းအဝန်းက။ သူကိုယ်တိုင်ကလည်း တစ်ချိန်က ရှေ့နေတစ်ယောက်ဆိုတော့ သာမန်လက်လုပ်လက်စားတွေထက် အပုံကြီးသာမှာပါလို့ ထင်စရာပါ။

 

ဒီအခြေအနေမှာ သူ့ယောကျ်ားကလည်း နိုင်ငံရေးအသိုင်းအဝန်းက။ သူကိုယ်တိုင်ကလည်း တစ်ချိန်က ရှေ့နေတစ်ယောက်ဆိုတော့ သာမန်လက်လုပ်လက်စားတွေထက် အပုံကြီးသာမှာပါလို့ ထင်စရာပါ။ ဒီလောက်အချိန်ကတော့ တော်ရုံဖြတ်သန်းနိုင်တာပေါ့လို့ ပြောစရာ။ 

 

ဒါပေမယ့် ကျနော့်သူငယ်ချင်းဆီမှာ ပိုင်ဆိုင်တာဆိုလို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အရစ်ကျကိုမှ အကျေမဆပ်နိုင်သေးတဲ့ မရွှေ့ပြောင်းနိုင်တဲ့ တိုက်ခန်းတစ်ခန်းပဲ ရှိတယ်။ အဲဒီတိုက်ခန်းကလည်း သူမတို့ရဲ့အခြေအနေကို သိသူတွေကြောင့် ဘာမှ လုပ်လို့မရ၊ ဒီအတိုင်း သော့ပိတ်ထားဖို့ပဲ ရှိတယ်။ 

 

နှစ်ဖက်မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတွေရဲ့ ကူညီမှုတချို့ကြောင့် ၂ နှစ်ကျော်ကာလကို ဖြတ်သန်းလာပေမယ့် တကယ်တမ်းအခြေအနေက ထင်သလောက် မလွယ်။ 

 

“နင်တို့က အလုပ်မှ ကောင်းကောင်းမလုပ်တာ၊ နင်တို့ ပြန်ဝင်လာခဲ့တော့” လို့ ဆွေမျိုးတွေရဲ့ နှိမ်ချမှုတွေ၊ လှောင်ပြောင်မှုတွေကြားမှာ ခေါင်းမဖော်နိုင်အောင် အားတုံ့အားနာ၊ မချင့်မရဲ ဖြစ်ရတယ်။

 

လစဉ်အိမ်ငှားခ၊ ရေဖိုးမီးဖိုး၊ wifi ၊ ကလေးတွေ ကျောင်းစရိတ်၊ ဖယ်ရီခ၊ တစ်လတာ စားသောက်ဖို့ အသုံးစရိတ်နဲ့ ကျန်းမာရေးတွေကြားမှာ ဘယ်လောက်ပဲ သွေးသားတော်စပ်ပါစေ၊ ပိုက်ဆံတောင်းခါနီး ဒါမှမဟုတ် ပိုက်ဆံယူခါနီး သူမ အမြဲသွေးတက်ရတယ်။ မျက်နှာငယ်ရတယ်။ 

 

“နင်တို့က အလုပ်မှ ကောင်းကောင်းမလုပ်တာ၊ နင်တို့ ပြန်ဝင်လာခဲ့တော့” လို့ ဆွေမျိုးတွေရဲ့ နှိမ်ချမှုတွေ၊ လှောင်ပြောင်မှုတွေကြားမှာ ခေါင်းမဖော်နိုင်အောင် အားတုံ့အားနာ၊ မချင့်မရဲ ဖြစ်ရတယ်။

 

တကယ်တော့ ကျနော့်သူငယ်ချင်းက အလုပ် မလုပ်ချင်တာ မဟုတ်။ ကလေး နှစ်ယောက်ကြောင့်ရယ်၊ ဘာမှ မစီးတတ်တာကြောင့်ရယ်သာ ဘယ်မှ အလုပ်ထွက်မလုပ်ဖြစ်။ 

 

တစ်ခါတလေ သူမတို့ မိသားစု ယမ်ယမ်ခေါက်ဆွဲခြောက်အသေးတစ်ထုပ်တည်းနဲ့ မိသားစု မနက်စာ ဖြေရှင်းရတာမျိုး၊ ကြက်ဥ နှစ်လုံး‌လောက်ကို ညမနက် ခွဲစားရတာမျိုးတွေ ကျော်ဖြတ်ရတယ်။ 

 

အထောက်အထားမဲ့ပြီး ရဲကတ်တစ်ခုတည်းရှိတဲ့ သူမတို့အဖို့ ပြင်ပအလုပ်ရဖို့ကလည်း မလွယ်။ သူမအမျိုးသားကလည်း တော်လှန်ရေးထဲက အလုပ်တွေနဲ့ မအား။ တစ်ခါတလေ သူမတို့ မိသားစု ယမ်ယမ်ခေါက်ဆွဲခြောက်အသေးတစ်ထုပ်တည်းနဲ့ မိသားစု မနက်စာ ဖြေရှင်းရတာမျိုး၊ ကြက်ဥ နှစ်လုံး‌လောက်ကို ညမနက် ခွဲစားရတာမျိုးတွေ ကျော်ဖြတ်ရတယ်။ 

 

ဘယ်သူတွေ မြင်တာမှတ်လို့။ ကလေးတွေသာ အဓိကစားစေပြီး သူမတို့ လင်မယားနှစ်ယောက် ညစာမစားတဲ့ရက်တွေ ထပ်လာတယ်။ 

 

Migrant ကျောင်းမှာသာ ကလေးတွေကို ကျောင်းထားနိုင်ပြီး ဖယ်ရီကြေး နပ်မမှန်တဲ့လတွေလည်း ကြုံရတယ်။ ဒီကြားထဲ မိသားစုမှာ ကျန်းမာရေးကိစ္စတစ်ခုခု ကြုံလိုက်ရင် ရင်းနှီးသူတွေဆီ အပူတပြင်း ပိုက်ဆံချေးငှား ဖြေရှင်းရနဲ့ ကြာတော့ လူမှုရေးကြွေးတွေနဲ့ ပိုက်ဆံကြွေးတွေက သူမတို့ မိသားစုကို ပိုပြီး အထီးတည်း ဖြစ်စေတယ်။ 

 

နဂိုကတည်းက မဲဆောက်ရဲ့ လူနေထူထပ်တဲ့ နေရာနဲ့ ခပ်လှမ်းလှမ်းမှာသာ နေတဲ့ သူမတို့ မိသားစုက အခြားသူတွေနဲ့ ပို၊ ပိုပြီး ဝေးကွာလာတယ်။ 

 

အသက် ၄၀ ဝန်းကျင်နဲ့ ကိုယ်အလေး ၁၅၀ နီးနီး ရှိခဲ့တဲ့ သူမ ကိုယ်အလေးချိန်တွေ ကျသွားတယ်။ အိမ်ထဲကနေ အိမ်ပြင် သိပ်မထွက်ဖြစ်တော့ဘူး။ အနီးအနားက စျေးဆိုင်တောင် မသွားဖြစ်တော့ဘူး။

 

အထူးသဖြင့် ကျနော့်ရဲ့ သူငယ်ချင်း။ အသက် ၄၀ ဝန်းကျင်နဲ့ ကိုယ်အလေး ၁၅၀ နီးနီး ရှိခဲ့တဲ့ သူမ ကိုယ်အလေးချိန်တွေ ကျသွားတယ်။ အိမ်ထဲကနေ အိမ်ပြင် သိပ်မထွက်ဖြစ်တော့ဘူး။ အနီးအနားက စျေးဆိုင်တောင် မသွားဖြစ်တော့ဘူး။ လူတွေရဲ့ မေးခွန်းတွေ၊ အကြည့်တွေကို သူမ ရှောင်ချင်လာတယ်။ 

 

သူမက မနက်မိုးလင်းတာနဲ့ ဘုရားကို သောက်တော်ရေ ကပ်၊ ပြီးတာနဲ့ ကျောင်းသွားရမယ့် ကလေးတွေရဲ့ ဝေယျာဝစ္စတွေ လုပ်တယ်။ တစ်အိမ်လုံးစာအတွက် ချက်ပြုတ်တယ်။ အဝတ်တွေ လျှော်ဖွပ်တယ်။ သူမတို့ အိမ်ရဲ့ မျက်နှာချင်းဆိုင်က လူသူအရောက်အပေါက်နည်းတဲ့ လမ်းသွယ်တစ်ခုမှာ ခြေလှမ်းတွေကို ရေတွက်ရင်း တစ်လှမ်းချင်း လျှောက်တယ်။ အိမ်ရှေ့အပင်တွေကို တစ်ပင်ချင်း ဖြည်းဖြည်း ရေလောင်းတယ်။ 

 

အပြင်ထွက်ပြီး အလုပ်လုပ်လို့မရတော့ သူမတို့ နေထိုင်တဲ့ ခြံဝင်းကျဉ်းကျဉ်းလေးထဲမှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ မှိုစိုက်တဲ့အလုပ်ကို ရှိစုမဲ့စုနဲ့ လုပ်တယ်။ မလုပ်တတ်တော့ ရှုံးတယ်။ လုပ်တတ်လာတော့ အရင်းအနှီးက ထည့်စရာမရှိတော့ဘူး။ ဒီကြားထဲ ကျန်းမာရေးကလည်း ခဏခဏချူချာတယ်။  

 

“ ဒီနွေဦးတော်လှန်ရေးမှာ ငါတို့ ကိုယ်ကျိုးမဖက်ဘဲ ပါဝင်နေတာကိုက ငါတို့ မိသားစုရဲ့ သမိုင်းပဲ၊ ဒါကပဲ ကလေးတွေအတွက် အမွေပဲလို့” သူမကိုယ်သူမ အားတင်းရင်း ပြောဖြစ်တယ်။ 

 

သူမက နေ့စဉ်၊ ပန်းကန်တွေကို တစ်ချပ်ချင်း ထပ်ကာထပ်ကာ ဆေးတယ်။ ခြေလှမ်းတွေ တစ်လှမ်းချင်း ထပ်လျှောက်နေပြီး ပန်းပင်တွေကို တစ်ပင်ချင်း ရေလောင်းနေတယ်။  

 

“ ဒီနွေဦးတော်လှန်ရေးမှာ ငါတို့ ကိုယ်ကျိုးမဖက်ဘဲ ပါဝင်နေတာကိုက ငါတို့ မိသားစုရဲ့ သမိုင်းပဲ၊ ဒါကပဲ ကလေးတွေအတွက် အမွေပဲလို့” သူမကိုယ်သူမ အားတင်းရင်း ပြောဖြစ်တယ်။ 

 

အဲဒီနည်းနဲ့ပဲ သူမရဲ့ နေ့စဉ်အကျပ်အတည်းကို ကျော်ဖြတ်တယ်။ ဒါပဲ ကျနော့်သူငယ်ချင်းရဲ့ နေ့စဉ်ဖြတ်သန်းမှု ဘဝဆိုတာ။

 

တစ်ချက်တစ်ချက် အိမ်ရှေ့ ကားဖြတ်မောင်းသံ၊ ဆိုင်ကယ်ဖြတ်မောင်းသံကြားရင် မသိမသာ နားစွင့်တယ်။ မျက်လုံးနဲ့ အနည်းငယ် ဝေ့ကြည့်တယ်။ သူတို့ဆီများ အသိမိတ်ဆွေတစ်ယောက်ယောက်လာခဲ့ရင် အိမ်ဘေးက လာမွေးတဲ့ ကြောင်ပေါက်စလေးတွေကနေ ဆန်အိုးထဲ ဆန်မရှိတဲ့ကိစ္စထိ၊ ပန်းပင်တွေရဲ့ အမည်နာမတွေနဲ့ မှိုပွင့်တွေ တစ်ပွင့်ချင်း ဘယ်လိုစောင့်ရှောက်ရတာကနေ လက်ရှိမြဝတီမှာ လုပ်နေရတဲ့ စမတ်ကတ်တွေအထိ ကျနော့်သူငယ်ချင်းက စကားတွေ ရေပက်မဝင် ပြောတတ်တယ်။ တစ်ချက် ၊တစ်ချက်လည်းလမ်းမဘက်ကို လှမ်းကြည့်တတ်သေးတယ်။

 

ကျနော်တို့တွေ ဒီကာလမှာ လိုအပ်တာက တစ်ယောက်နဲ့တစ်ယောက် ကိုယ်ကျိုးမပါတဲ့ ဖေးမစာနာမှုမျိုးက တကယ် အဖိုးမဖြတ်နိုင်တဲ့ လက်တွေ့ဆန်ခြင်းတစ်မျိုးပဲ မဟုတ်လား။ 

 

အဲဒါနဲ့ပဲ သူပြောချင်တာတွေကို ကျနော့်ဘက်က တတ်နိုင်သလောက် နားထောင်ပေးဖြစ်တယ်။ လိုအပ်တဲ့ အကူအညီအသေးအမွှားတွေ နိုင်သလောက် ကူညီဖြစ်တယ်။ ကျနော်တို့တွေ ဒီကာလမှာ လိုအပ်တာက တစ်ယောက်နဲ့တစ်ယောက် ကိုယ်ကျိုးမပါတဲ့ ဖေးမစာနာမှုမျိုးက တကယ် အဖိုးမဖြတ်နိုင်တဲ့ လက်တွေ့ဆန်ခြင်းတစ်မျိုးပဲ မဟုတ်လား။ 

 

ဒါကြောင့် ကျနော်နဲ့ နှစ်ပေါင်း ၂၀ နီးပါးလောက် ရင်းနှီးလာတဲ့ ကျနော့်သူငယ်ချင်းဆီ ဒီကာလမှာ မကြာမကြာ ရောက်ခဲ့တယ်။ သူပြောတာတွေ နားထောင်ဖြစ်ပြီး လိုအပ်တဲ့အကူအညီ အကြံဉာဏ်တွေ ပေးဖြစ်တယ်။ ဒီလိုပေးဖြစ်တဲ့အပေါ်လည်း ငါတော့ တလရကြောင့် ရောက်လာတဲ့ ကိုယ့်သူငယ်ချင်းကို နိုင်သလောက် ကူညီနေတယ်ဆိုတဲ့အသိနဲ့ ပီတိတွေဖြစ်၊ ပြောရရင်တော့ ကိုယ့်ကိုယ်ကိုယ်တောင် အတော်လေး ကျေနပ်နေတယ်ပြောရမယ်။ 

 

ဒီနောက်ပိုင်းတော့ ကျနော် အတော်လေး ခပ်စိပ်စိပ်သွားဖြစ်လာတယ်။ သူငယ်ချင်းရဲ့ ကျန်းမာရေးအခြေအနေအရရောပေါ့လေ။ ဒါပေမယ့် ကျနော့်သူငယ်ချင်း ကျန်းမာရေး ပြန်ကောင်းသွားလည်း အရင်လို သွားဖြစ်နေပြန်ရော။ အရင်လို ကျနော်ပြောတာနည်းနည်း၊ သူပြောတာများများ နားထောင်ဖြစ်နေရော။ 

 

အဆင်ပြေရဲ့လား၊ အပင်တွေနဲ့ တစ်ယောက်တည်း စကားတွေ ပြောနေမလား၊ လမ်းသွယ်ထဲမှာ အရင်လို ခြေလှမ်းတွေ နှေးကွေးနေဦးမလား၊ ကလေးတွေနဲ့အတူ ရောငိုနေမလား၊ပန်းကန်တွေ ဆေးနေတုန်းပဲလားလို့ ခဏခဏ အတွေးရောက်တယ်။ 

 

သွားဆို တစ်ပတ်လေးရက်လောက်ကို ကျနော့်ဘက်က အားတာနဲ့ သူငယ်ချင်းဆီရောက်ဖြစ်နေတာ။ မအားလပ်တဲ့အချိန်တွေဆိုလည်း စိတ်က လုံးဝကို သူ့ဆီပဲရောက်နေတာ။ 

 

အဆင်ပြေရဲ့လား၊ အပင်တွေနဲ့ တစ်ယောက်တည်း စကားတွေ ပြောနေမလား၊ လမ်းသွယ်ထဲမှာ အရင်လို ခြေလှမ်းတွေ နှေးကွေးနေဦးမလား၊ ကလေးတွေနဲ့အတူ ရောငိုနေမလား၊ပန်းကန်တွေ ဆေးနေတုန်းပဲလားလို့ ခဏခဏ အတွေးရောက်တယ်။ အတွေးရောက်တိုင်းလည်း သူ့ဆီသွားဖို့ ကျနော့်စိတ်အတွင်းတစ်နေရာက လှုံ့ဆော်နေသလားပဲ။ စားစရာတစ်ခုခု ဝယ်ပြီး ရောက်ဖြစ်သွားတာချည်းပဲ။ 

 

အခုလည်း ကျနော် လုပ်လက်စ အလုပ်တွေ၊ ရေးလက်စ စာတွေ ခဏထားပြီး ကျနော့်သူငယ်ချင်းဆီ သွားလိုက်ဦးမယ်။ မဟုတ်ရင် ကျနော့်အနေနဲ့ အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်သလို အိပ်လို့တောင် ပျော်မှာ မဟုတ်ဘူး။ 

 

ကျ‌နော် ကျနော့်သူငယ်ချင်းအိမ်ကို ရောက်သွားတော့ အချိန်က ညနေ‌စောင်းနေပြီ။ ၆ နာရီလောက် ရှိပြီထင်တယ်။ အနောက်ဘက်ဆီမှာ ရောင်နီတွေ သန်းနေတုန်းပဲ။ သူတို့အိမ်တံခါးပိတ်ထားတယ်။ ခြံဝင်းကို သော့ခတ်ထားတယ်။ အပြင်တစ်နေရာရာ သွားနေတယ် ထင်ပ။ 

 

ကျနော် လာနေကျဆိုတာ သူတို့သိတော့ ခြံသော့ရော အိမ်သော့ပါ တံခါးထောင့် ညာဘက်စွန်း ပန်းအိုးအောက်မှာဆိုတာ ပြောပြထားတယ်။ သော့ကို အေးအေးဆေးဆေး ယူပြီး ခြံထဲကို ဝင်လိုက်တယ်။ 

 

သူတို့က မိသားစုလိုက် တစ်ခါတလေ ဆွေမျိုးတွေအိမ်၊ အသိမိတ်ဆွေတွေအိမ် သွားတတ်တယ်။ ကိစ္စ မရှိဘူး။ သူတို့ပြန်လာတဲ့အထိ စောင့်နေလိုက်မယ်။ ဒါက လုပ်နေကျပဲ။ 

 

ကျနော် လာနေကျဆိုတာ သူတို့သိတော့ ခြံသော့ရော အိမ်သော့ပါ တံခါးထောင့် ညာဘက်စွန်း ပန်းအိုးအောက်မှာဆိုတာ ပြောပြထားတယ်။ သော့ကို အေးအေးဆေးဆေး ယူပြီး ခြံထဲကို ဝင်လိုက်တယ်။ 

 

ကျနော့်သူငယ်ချင်းစိုက်ထားတဲ့ အပင်တွေရဲ့ အရွက်တွေအောက်မှာ ရေသီးလေးတွေ တွဲခိုလို့။ မှိုရုံကတော့ ထုံးစံအတိုင်း မီးနေသည်စောင်ခြုံထားသလို ခြံရဲ့ ဘယ်ဘက်ထောင့်မှာ ခပ်ဝပ်ဝပ် ငိုက်မြည်းနေတယ်။ 

 

ဒီနေရာ ဒီအိမ်ကို အခေါက်ပေါင်းများစွာ ရောက်နေကျမို့ တချို့ပစ္စည်းတွေက ဘယ်နေရာမှာ ဘာရှိလဲ ကျနော် အလွတ်တောင် ရနေပြီ။ တစ်ခုသတိထားမိတာက အိပ်ခန်းထောင့်မှာရှိတဲ့ အဖြူရောင်စားပွဲပေါ်က ကွန်ပျူတာ မပိတ်ရသေးတာပဲ။ 

 

အိမ်ထဲကိုရောက်တော့ တစ်ဖက်အိမ်က လာမွေးတဲ့ ကြောင်သားအမိကို စက္ကူပုံးထဲမှာ နို့တိုက်နေတာ တွေ့ရတယ်။ အရင် ကျနော်ပေးထားဖူးတဲ့ ဝါးချည်သားဘောင်းဘီရှည်နက်ပြာရောင်ကို အနောက်ခန်းထဲမှာ ချိတ်နဲ့ လှမ်းထားတာကို လှမ်းမြင်ရတယ်။ 

 

ဒီနေရာ ဒီအိမ်ကို အခေါက်ပေါင်းများစွာ ရောက်နေကျမို့ တချို့ပစ္စည်းတွေက ဘယ်နေရာမှာ ဘာရှိလဲ ကျနော် အလွတ်တောင် ရနေပြီ။ တစ်ခုသတိထားမိတာက အိပ်ခန်းထောင့်မှာရှိတဲ့ အဖြူရောင်စားပွဲပေါ်က ကွန်ပျူတာ မပိတ်ရသေးတာပဲ။ 

 

ကျနော့်သူငယ်ချင်းမိသားစု အပြင်ကို အရေးတကြီးကိစ္စရှိလို့ ကမန်းကတန်း ထွက်သွားရလို့ ကွန်ပျူတာ မပိတ်မိတာလား။ဒါမှမဟုတ် ဒီအတိုင်းပဲ ပိတ်ဖို့ မေ့သွားတာလားတော့ ကျနော် မသိဘူး။ ကျနော်လည်း ပိတ်ပေးဖို့ ကွန်ပျူတာရှေ့ သွားလိုက်တယ်။ 

 

အဲဒီမှာ ထူးဆန်းတာတစ်ခု ဖြစ်သွားတယ်။ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်အောင်ပဲ။ အဲဒါကတော့ အခုကျနော်ရေးနေတဲ့စာပဲ။ 

 

ပုံမှန်ဆို ကျနော်က သူများ privacy ကို မထိခိုက်အောင် နေနေကျ။ အခုလည်း ကွန်ပျူတာပေါ်မှာ ဘာရေးထားလဲ ကျနော် စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ပိတ်မယ်ကြံလိုက်ပြီး ကွန်ပျူတာပေါ် လက်ရောက်သွားတော့ မျက်လုံးကပါ စခရင်ကို အလိုလိုရောက်သွားတယ်။ 

 

အဲဒီမှာ ထူးဆန်းတာတစ်ခု ဖြစ်သွားတယ်။ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်အောင်ပဲ။ အဲဒါကတော့ အခုကျနော်ရေးနေတဲ့စာပဲ။ 

 

တိတိကျကျပြောရရင် ကျနော် လက်စမသတ်ရသေးတဲ့ ခုနကပဲ ကွန်ပျူတာမှာ ကျနော်ရေးနေတဲ့ ကျနော့်ရဲ့ စာမူကို တွေ့ရတာပဲ။ အခုမှ ကြည့်မိတယ်။ အိပ်ခန်းထဲမှာလည်း ကျနော့်စာအုပ်တွေ၊ ကျနော့်အဝတ်အထည်တွေ၊ နောက်ဖေးမီးဖိုချောင်မှာလည်း ကျနော် ဆေးနေကျ ပန်းကန်တွေ...။    ။

~~~~

ခေးလု

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။