Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မဲဆောက်မှာ ကြံ့ကြံ့ခံ CDM တွေ (Human Rights)

ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့ ကြွေးကြော်သံဟာ CDM (Civil Disobedience Movement)ဝန်ထမ်း တွေကို ဖမ်းစားခဲ့တယ်။ အဲဒီစလိုဂမ် မပေါ်ခင် မအောင်မြင်တဲ့အာဏာသိမ်းပွဲ စတင်စဉ်ကတည်းက ရုံးမတက်တော့ဘဲ ရုန်းထွက်ခဲ့ပြီးသားသူတွေ မနည်းလှ။

 

“ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့စာသားကို ဘယ်သူထွင်လိုက်သလဲမသိပေမဲ့ တော်တော်အားပါပြီး ထိ ရောက်တဲ့စာသားဆိုတာ ကျမ ဘဝနဲ့ချီပြီး သိခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီစာသားကို အော်လိုက်ပြီးတဲ့အချိန်မှာ ငါရအောင်ရုန်းထွက်ရမယ်ဆိုတဲ့ အသိ ဝင်လာတယ်။ တကယ်လည်း ရုန်းထွက်နိုင်ခဲ့တယ်”လို့ ရန်ကုန် မြို့တစ်နေရာမှာ ဖြစ်သလို ရုန်းကန်နေတဲ့ CDM ဆရာမတစ်ဦးက ပြောပြဖူးတယ်။

 

စစ်အာဏာရှင်တွေရဲ့အောက် အလုပ်မလုပ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ ကိုယ့်မိသားစု ထမင်းအိုး ကိုယ့်ဘာသာရိုက်ခွဲရဲခဲ့ကြသူတွေ။ 

 

CDM ဆိုတာ သူတို့ အထိုင်ချခဲ့တဲ့ဘဝတစ်ခုလုံးကို ပစ်ချကာ နွေဦးတော်လှန်ရေးအတွင်း သူတို့နိုင်ရာ ဝန်ထမ်းခဲ့ကြသူတွေ။ ပြောရရင် စစ်အာဏာရှင်တွေရဲ့အောက် အလုပ်မလုပ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ ကိုယ့်မိသားစု ထမင်းအိုး ကိုယ့်ဘာသာရိုက်ခွဲရဲခဲ့ကြသူတွေ။ CDM ဝန်ထမ်းတချို့ဆို အိုးပိုင်အိမ်ပိုင်မရှိ။ ဝန်ထမ်းလိုင်းခန်းမှာ နေနေကြသူတွေဆိုတော့ CDM လည်းလုပ်ရော ထမင်းစားဖို့တင်မက နေစရာအိမ်ရာပါ ပျောက်ရော။

 

“ပွင့်ပွင့်လင်းလင်းပြောရရင် တော်လှန်ရေးက ဒီလောက်မကြာဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့၊ ဒီနေ့အချိန် ထိ တော်လှန်ရေးကြီးပြီးရင် အဖြူနဲ့အစိမ်းကိုဝတ်ပြီး ကိုယ့်ကျောင်းကိုယ် ရင်ကော့ပြီး ပြန်ဝင်မယ်လို့ စိတ်ကူး ယဉ်နေတုန်းပဲ။ကိုယ်တွေနိုင်မယ်လို့လည်း လုံးဝယုံကြည်တယ်”လို့ သူက ဆက်ပြောတယ်။

 

နယ်မြို့တွေက ကျမသူငယ်ချင်း ဆရာမတွေကတော့ သူတို့မြို့မှာ နေလို့မရတော့ ခိုလို့ရမယ့်နေရာတွေဆီ ပတ်ရှောင်ရတယ်။ တချို့ဆို တော်တော်ဝေးဝေး တောတွေထဲရောက်ပြီး ဖြစ်သလို ရပ်တည်ရတယ်။ နောက်ဆုံး ခိုစရာနေရာမရှိတော့တဲ့အချိန်ရောက်တော့ မဲဆောက်ကို ပြေးကြရတယ်။

 

သူက ရန်ကုန်မြို့တွင်း ကျောင်းတစ်ကျောင်းရဲ့ ဆရာမလည်းဖြစ်၊ ယောကျာ်းရဲ့စီးပွားရေးကလည်းအဆင်ပြေ၊ ပြီးတော့ ပုံမှန်နေနေကျအိမ်ကို မြန်မြန်ရောင်းပြီး နောက်တစ်နေရာမှာ ပြောင်းနေကာ ခြေရာဖျောက် လိုက်နိုင်တာကြောင့် စစ်ဘေးသင့်ခြင်းဒဏ် ဒီနေ့ထိ မခံလိုက်ရ။

 

“နယ်မြို့တွေက ကျမသူငယ်ချင်း ဆရာမတွေကတော့ သူတို့မြို့မှာ နေလို့မရတော့ ခိုလို့ရမယ့်နေရာ တွေဆီ ပတ်ရှောင်ရတယ်။ တချို့ဆို တော်တော်ဝေးဝေး တောတွေထဲရောက်ပြီး ဖြစ်သလို ရပ်တည်ရတယ်။ နောက်ဆုံး ခိုစရာနေရာမရှိတော့တဲ့အချိန်ရောက်တော့ မဲဆောက်ကို ပြေးကြရတယ်”လို့ သူက ဆိုပါတယ်။

 

နယ်မြို့တွေဆိုတော့ ဘယ်သူက ဘာ အကုန်သိနေကြတာမို့ မပြေးဘူးဆိုရင် ထောင်ကျဖို့ သေချာသ လောက်မို့ ပြေးကြရ။ ရန်ကုန်နဲ့ တခြားမြို့ကြီးတစ်မြို့မြို့မှာ အထိုင်ချစရာ မိသားစု သို့မဟုတ် ကျော ထောက်နောက်ခံရှိသူတွေအတွက် အတည်ပေါက် ဝင်ရောက်နေထိုင် အဆင်ပြေသွားကြပေမဲ့ အဲဒီလို မနေနိုင် ကြသူတွေအတွက်ကတော့ ခိုလို့ရမယ့်နေရာ တစ်နေရာပြီး တစ်နေရာ ရွှေ့ကြရ။

 

ကျမတို့ ဆရာမတွေ တောထဲဝင်ပြီး စားလို့ရတာ အကုန်လျှောက်ခူးစားရတာပဲ။ တခြားအလုပ်အကိုင်အခွင့်အလမ်းလည်း ဘာမှမရှိတော့ ကိုယ့်ရှိတာလေး ချွေစားပေါ့။ နောက်ပိုင်း စစ်ကြောင်းတွေ ဝင်လာ တော့ ရွာသားတွေလည်း ကျမတို့ကို လက်ခံထားရမှာ ကြောက်လာတယ်။ 

 

ရန်ကုန်တိုင်းထဲက ဆရာမတစ်ယောက် သူ့မြို့မှာ ဘယ်လိုမှ နေလို့မရတော့တာကြောင့် ပတ်သက်ရာ ဆက်နွှယ်ရာ အဆက်ဆက်တွေနဲ့ ပြေးလိုက်တာ ပဲခူးရိုးမတွင်း တစ်နေရာအထိ ရောက်သွားတယ်။ ဒေသခံတွေက ဖော်ဖော်ရွေရွေနဲ့ နေရာထိုင်ခင်းပေးကြပေမဲ့ စားစရာကတော့ သူတို့လည်း ခက်ခဲလှလေတော့ မတတ်နိုင်။

 

“ကျမတို့ ဆရာမတွေ တောထဲဝင်ပြီး စားလို့ရတာ အကုန်လျှောက်ခူးစားရတာပဲ။ တခြားအလုပ်အ ကိုင်အခွင့်အလမ်းလည်း ဘာမှမရှိတော့ ကိုယ့်ရှိတာလေး ချွေစားပေါ့။ နောက်ပိုင်း စစ်ကြောင်းတွေ ဝင်လာ တော့ ရွာသားတွေလည်း ကျမတို့ကို လက်ခံထားရမှာ ကြောက်လာတယ်။ ဒါနဲ့ ဖြစ်ချင်ရာဖြစ် မဲဆောက်ရောက်ရင်တော့ အလုပ်လေးအကိုင်လေးတော့ ရမှာပဲလို့ ဇွတ်တွေးပြီး ရောက်လာခဲ့တယ်”လို့ သူကဆိုတယ်။

 

ဒါပေမဲ့၊ ကျမ မဲဆောက်ရောက်ပြီး လေး၊ ငါးရက်လောက်ကြာတဲ့အခါ မဲဆောက်ဆိုတာ နေဖို့စားဖို့ အလုပ်အကိုင်တစ်ခုခုရဖို့ တော်တော့်ကိုမလွယ်ဘူးဆိုတာ သိလိုက်တယ်။ ဒါပေမဲ့၊ ဒီရောက်လာပြီးမှ နောက်ကြောင်းပြန်လှည့်ဖို့ မလွယ်ဘူးလေ။ ရအောင် ရှင်သန်ဖို့ပဲ ကြိုးစားရတော့တယ်

 

ထုံးစံအတိုင်း မြဝတီကိုရောက်တော့ မဲဆောက်ပို့ပေးမယ့် ပွဲစားရှာ၊ သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကူးပြီးနောက် မဲဆောက်မြို့ကို လှမ်းမြင်တဲ့အချိန်မှာ လွတ်ပြီကျွတ်ပြီဆိုတဲ့စိတ်နဲ့ အလုပ်တစ်ခုတော့ရပြီဆိုတဲ့ စိတ်ကြောင့် ခွန်အားတွေဖြစ်ရတယ်လို့သူက ဆိုတယ်။ မဲဆောက်ရောက်နှင့်ပြီး CDM ဆရာမတစ်ဦးရဲ့ အကူအညီကြောင့် အခုမှ ရောက်လာတဲ့ CDM တွေကို ထားတဲ့ Safe House ကိုရောက်တော့ မြန်မာမှာနေခဲ့တုန်းက ဘယ်တော့အဖမ်းခံရမလဲဆိုပြီး ကြောက်ခဲ့သမျှ အကုန်ပျောက်သွားသလို ခံစားခဲ့ရ။

 

“ဒါပေမဲ့၊ ကျမ မဲဆောက်ရောက်ပြီး လေး၊ ငါးရက်လောက်ကြာတဲ့အခါ မဲဆောက်ဆိုတာ နေဖို့စားဖို့ အလုပ်အကိုင်တစ်ခုခုရဖို့ တော်တော့်ကိုမလွယ်ဘူးဆိုတာ သိလိုက်တယ်။ ဒါပေမဲ့၊ ဒီရောက်လာပြီးမှ နောက်ကြောင်းပြန်လှည့်ဖို့ မလွယ်ဘူးလေ။ ရအောင် ရှင်သန်ဖို့ပဲ ကြိုးစားရတော့တယ်”လို့ သူက ဆက်ပြောတယ်။

 

Safe House တွေက မဲဆောက်ရောက်ခါစ CDM တွေကို ၃ လလောက်သာ လက်ခံတော့ မိသားစုမပါ၊ ကိုယ့်ဘာသာလည်း အိမ်ဌားမနေနိုင်တဲ့ CDM တွေက ဒီ Safe House က လက်မခံတော့ရင် ဟို Safe House ကို မပြေလည်တဲ့ ဘဝအကြောင်းပြောပြကာ ပြောင်းရ။ Safe House ဆိုတာ နေစရာသာပေးပြီး စားစရာက ကိုယ့်ကိစ္စကိုယ်ရှင်း။ NUG အစိုးရက CDM တွေကို ပေးနိုင်တာ တစ်လစာ တစ်ကိုယ်စာလောက်ဌရုံ ဆန်နဲ့ ဆီ တစ် ဗူးမို့ ကျန်တဲ့ဝမ်းဝရေးပြဿနာ ကိုယ့်ဘာဖြေရှင်းရ။အား လုံးက ကိုယ့်အပူနဲ့ကိုယ်ချည်းဆိုတော့ နှုတ်၏ စောင်မခြင်းထက်ပိုပြီး တစ်ဦးကိုတစ်ဦး ပြန်စောင့်ရှောက်နိုင်ဖို့ ခက်ခဲလှတာပေါ့။

 

မဲဆောက်မှာ တရားဝင်လက်မှတ် ဘာမှမရှိတဲ့လူတွေအတွက် နေ့စားအလုပ် တစ်နေ့ဘတ် ၂၀၀ ရဖို့ ဆိုတာ အင်မတန်ကံကောင်းတဲ့သူပဲ ရတယ်။ တနေကုန် ပြဲလန်နေအောင်လုပ်မှ ဘတ် ၁၅၀ ပေါ့။ အဲဒါတောင် တရားမဝင်တွေကိုခေါ်တဲ့အလုပ်က သိပ်မများတော့ အလုပ်လက်မဲ့ တရားမဝင်တွေက လက်ညှိုးထိုးမလွဲဘဲ။

 

အလုပ်မရှိတဲ့ CDM များစွာက ဘယ်နေရာက သင်တန်းခေါ်သလဲ မျက်ခြေမပြတ် စောင့်ကြည့်။ သင် တန်းဆိုတာနဲ့ ပြေးတက်ကြ။ များသောအားဖြင့် သင်တန်းတွေက Zoom နဲ့ တက်ရပြီး အင်တာနက်ဖိုး တစ် ရက် ဘတ် ၂၀၀ လောက်ရနိုင်သလို သင်တန်းကနေ ဗဟုသုတလည်းရ၊ အချိန်တွေ သိပ်ပိုနေတာ ဖြိုပြီးသား လည်းဖြစ်တာကြောင့် သင်တန်းမှာ ကြိတ်ကြိတ်တိုးနေကြ။

 

“မဲဆောက်မှာ တရားဝင်လက်မှတ် ဘာမှမရှိတဲ့လူတွေအတွက် နေ့စားအလုပ် တစ်နေ့ဘတ် ၂၀၀ ရဖို့ ဆိုတာ အင်မတန်ကံကောင်းတဲ့သူပဲ ရတယ်။ တနေကုန် ပြဲလန်နေအောင်လုပ်မှ ဘတ် ၁၅၀ ပေါ့။ အဲဒါတောင် တရားမဝင်တွေကိုခေါ်တဲ့အလုပ်က သိပ်မများတော့ အလုပ်လက်မဲ့ တရားမဝင်တွေက လက်ညှိုးထိုးမလွဲဘဲ ”လို့ ရတဲ့အလုပ်ကြမ်း လျှောက်လုပ်နေရသူ CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

 

အလုပ်တွေအားလုံးကတော့ ကိုယ့်ပရော်ဖယ်ရှင်နယ်နဲ့ ဘာမှမဆိုင်တဲ့ အောက်ခြေသိမ်းအလုပ်တွေ ချည်းပဲ။ ဒါပေမဲ့၊ အာဏာသိမ်းပြီးနောက်ပိုင်း မိသားစုလိုက် တိမ်းရှောင်လာကြသူတွေလည်း မနည်းတော့ မဲ ဆောက်မှာ ကျောင်းနေအရွယ်ကလေးတွေလည်း များလာသလို သူတို့လေးတွေကျောင်းတက်နိုင်ဖို့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွေလည်း နည်းနည်းပိုဖွင့်လာတာကြောင့် CDM ဆရာမတချို့က သူတို့ရဲ့ပရော်ဖယ်ရှင်နယ် ဆရာမအလုပ် ပြန်လုပ်ခွင့်ရကြကြောင်း သိရပါတယ်။

 

အဲဒီလို လစာနည်းတဲ့ ဆရာမအလုပ်ကိုပင် မဲဆောက်ရောက်ဆရာမ ၁၀ ဦးမှာ ၁ ဦးလောက်သာရကြတာမို့ လုပ်ချင်တဲ့သူတွေက တန်းစီလို့။

 

“ရွှေ့ပြောင်းကျောင်းမှာ ဆရာမအလုပ်ရတဲ့သူတွေရဲ့ လစာက ကျမသိရသလောက် အလွန်ဆုံးရတဲ့သူ က ဘတ် ၃၀၀၀၊ ၃၅၀၀ ထက်မပိုဘူး။ ဒါပေမဲ့၊ ကျောင်းမှာနေစရာရပြီး ရေဖိုးမီးဖိုးမကုန်တော့ လုပ်ရတာပဲ”လို့ ပြင်ပမှာ ကျူရှင်ပြနေတဲ့ CDM ဆရာမ တစ်ဦးက ပြောပြတယ်။

 

အဲဒီလို လစာနည်းတဲ့ ဆရာမအလုပ်ကိုပင် မဲဆောက်ရောက်ဆရာမ ၁၀ ဦးမှာ ၁ ဦးလောက်သာရကြတာမို့ လုပ်ချင်တဲ့သူတွေက တန်းစီလို့။ ရွှေ့ပြောင်းကျောင်း ဆရာမ အလုပ် မရတဲ့သူတချို့က ပြင်ပ ကျူရှင်ဆရာမအဖြစ် အသက်မွေးကြရ။ ကျူရှင်ဆရာမအလုပ်ကလည်း ဆရာမ ၁၀ ဦးမှာ ၁ ဦးလောက်သာ အဆက်အသွယ်ကောင်းလို့ အလုပ်ဖြစ်ကြတယ်လို့ သိရတယ်။

 

“ကျူရှင်က အနေကြာကရင်တွေရဲ့ သားသမီးတွေကို သင်ရတာရှိတယ်။ ရှမ်းကလေးတွေဆိုရင်တော့ အင်္ဂလိပ်စာ သင်ရတယ်။ ကျူရှင်များများ သင်ရတဲ့ဆရာမတွေက ဘတ်လေး၊ ငါးထောင်လောက်ရကြတယ်”လို့ သူ ကဆိုပါတယ်။

 

ဘတ်လေး၊ ငါးထောင်မှာ ရပ်တည်လို့ဖြစ်တယ်ဆိုတဲ့ အဆင့်။ တစ်ဦးတည်း အိမ်ခန်းဌား မနေနိုင်သေးတဲ့အဆင့်။ အဲဒီဘတ်လေးထောင်လောက်တောင် မရသူတွေကတော့ ကိုယ့်ရဲ့ပရော်ဖယ်ရှင်နယ်ကိုမေ့ပစ်ကာ ဈေးရောင်းသူကရောင်း၊ အိမ်သန့်ရှင်းရေး၊ ထမင်းဟင်းချက်၊ လျှော်ဖွပ်၊ တချို့ဆို စိုက်ပျိုးရေးလုပ်ငန်းခွင်ထဲအထိ ကိုယ့်ဘဝကိုယ် လွတ်ကျမသွားအောင် ညှစ်ကြရ။

 

အိမ်ပြန်ချင်ကြတယ်။ အိမ်ပြန်ရမယ့်ရက်ကို ကိုယ့်ဘဝကိုယ် ကုတ်ခြစ်ကာ ဖြစ်ညှစ်စောင့်နေကြရ တယ်။ နွေဦးတော်လှန်ရေး နိုင်မှဖြစ်မယ်။ နွေဦးတော်လှန်ရေး နိုင်ကိုနိုင်ရမယ်။ တော်လှန်ရေးကို စိတ်မပျက်။ မဲဆောက်ရောက် CDM တွေ အောင်စိတ်နဲ့ အဲဒီလို ကြွေးကြော်နေဆဲဖြစ်တယ်။

~~~~                 

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။