မိုးဖွဲ့ဖွဲ့ကျနေတဲ့ ဩဂုတ်လရဲ့ ညနေခင်းတစ်ခုမှာ စက်ဘီးတစ်စီးနဲ့ ကျွပ်ကျွပ်အိတ်အမဲထုတ်တစ်ထုတ်ဆွဲပြီး သူရောက်လာတယ်။ " တူမတို့ ငါးခူစားတယ်မို့လား၊ တခြားသူတွေက ပေးပြီးပြီ၊ တူမတို့ စားမလားလို့ လာပေးတာ၊ ကိုယ်တိုင်သွားဖမ်းလာတာ၊ ရော့ ယူထားလိုက်" လို့ဆိုပြီး လှမ်းပေးတယ်။ သူ့လက်တွေမှာ ပဲကြီးရည်တွန့်နေပြီး ချမ်းလွန်းလို့ မေးဖျားတွေက တဆတ်ဆတ် တုန်နေတယ်။ နီရဲဖျော့တော့တဲ့မျက်လုံးအစုံက မိုးဖွဲဖွဲအောက်မှာ အတော်လေးပင်ပန်းလာတယ်ဆိုတာ သိသာနေတယ်။ သူ ပြန်လှည့်ထွက်သွားတော့ သူ့ကျောပြင်ကြည့်ရင်း မဲဆောက်မှာ ငါ့ဦးလေးတစ်ယောက်ရှိပါလားဆိုတဲ့ သွေးရင်းသားရင်းစိတ်ကို သူစိမ်းတစ်ယောက်ဆီက ကျမ ရှားရှားပါးပါး ခံစားလိုက်မိတယ်။
တော်လှန်ရေးထဲ အယုတ်အလတ်အမြတ်မရွေး၊ ဘာသာမရွေး သူကူတယ်။ ဦးချစ်ရေ စက်ဘီးလေး စီးစရာမရှိလို့ဆိုတာကနေ ဦးချစ်ရေ တောထဲမှာ ကလေးတွေ အနွေးထည် လိုနေပြီ။ ကျည်ကာတွေ လိုနေပြီဆို ဘာပဲဖြစ်ဖြစ် ရအောင်ရှာဖွေထောက်ပံ့ပေးတယ်။
သူက တော်လှန်ရေးမှာ ထောက်ပို့လုပ်နေသူတစ်ဦး။ သူ့နာမည်က ဦးချစ်လို့ မဲဆောက်မှာ အများက သိကြတယ်။ သူက လက်ရှိမှာ Fight Delta Fight တော်လှန်ရေးရုပ်ရှင်ရဲ့ တာဝန်ခံထုတ်လုပ်သူတစ်ယောက်။ အဲဒီရုပ်ရှင်ကို ဧရာဝတီတပ်ရင်းတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ဖို့၊ ကိုယ်လက်အင်္ဂါစွန့်ခဲ့ရတဲ့ ရဲဘော်တွေကို ကူညီဖို့၊ ကရင်ပြည်နယ်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် အသုံးပြုဖို့နဲ့ မြန်မာပြည်ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုဖို့ ရည်ရွယ်ရိုက်ကူးခဲ့တာ။
တကယ်တော့ သူက ထောက်ပို့ဆိုတာထက် ပိုတယ်။ သူဟာ လူတွေကြား ကွန်ယက်ချိတ်ဆက်မှုကို သူ့ဘက်က ဘာကူညီနိုင်မလဲဆိုတာနဲ့ စတင်တယ်။ အကျိုးအမြတ်ဆိုတာထက် လူသားချင်းစာနာစိတ်ကို ရှေ့တန်းတင်တယ်။ ကတိစကားတစ်လုံးကို အသက်ထက်ပိုတန်ဖိုးထားတယ်။ တော်လှန်ရေးထဲ အယုတ်အလတ်အမြတ်မရွေး၊ ဘာသာမရွေး သူကူတယ်။ ဦးချစ်ရေ စက်ဘီးလေး စီးစရာမရှိလို့ဆိုတာကနေ ဦးချစ်ရေ တောထဲမှာ ကလေးတွေ အနွေးထည် လိုနေပြီ။ ကျည်ကာတွေ လိုနေပြီဆို ဘာပဲဖြစ်ဖြစ် ရအောင်ရှာဖွေထောက်ပံ့ပေးတယ်။ အချင်းချင်းကြား ကတိစကား မပျက်စေရ။ တောထဲကဖြစ်စေ၊ မြို့ပေါ်ကဖြစ်စေ ဘယ်ကလူဖြစ်ဖြစ် အကူအညီတိုင်းကို တနည်းမဟုတ်တနည်းနဲ့ ရအောင်ကူတယ်။ သူ့ဆီက No ဆိုတဲ့အဖြေ ဘယ်တော့မှမကြားရ။ တခါတလေများဆို သူ့ဆီကို အကူအညီမတောင်းထားပါပဲနဲ့ သူ့မှာ အလှူရှင်တွေဆီက လှူထားတဲ့ပစ္စည်းတွေများနေရင် လာပို့တာတွေ၊ လာယူခိုင်းတာတွေက ရှိသေးတယ်။
ဦးချစ်ပဲ ကံကောင်းတာလား၊ သူတို့ပဲ ကံကောင်းတာလား မသိဘူး၊ ဦးချစ်သွားတဲ့နေရာတိုင်းက ဒုက္ခရောက်နေတဲ့သူတွေချည်းပဲ"
နေရာတကာကူညီလွန်းလို့ သူ့ကိုတွေ့တာနဲ့ နတ်ဘုရားတပါးလို့ တချို့လူတွေက အားနေ အကူအညီတောင်းတာတွေကလည်း ဇယ်ဆတ်သလို ရှိတယ်။ ငွေကြေးတတ်နိုင်သူတချို့ကပါ သူတို့သက်သာနည်းလားဆိုပြီး အလကားရတိုင်း စက်ဘီးဆို မော်ဒယ်မြင့်မှ၊ လက်ပ်တော့ဆို အကောင်းစားမှ အလှူခံတာက ရှိသေးတယ်။ သူက စိတ်ရှုပ်လည်း ကူ၊ မောပန်းလည်း ကူပါတယ်။ " ဦးချစ်ပဲ ကံကောင်းတာလား၊ သူတို့ပဲ ကံကောင်းတာလား မသိဘူး၊ ဦးချစ်သွားတဲ့နေရာတိုင်းက ဒုက္ခရောက်နေတဲ့သူတွေချည်းပဲ" တဲ့ ရယ်ကျဲကျဲ သူပြောတယ်။
အဲဒီတော့ သူ့ဘက်က အကူအညီလိုအပ်လာတဲ့အခါမှာလည်း ဦးချစ်လို့ဆိုလိုက်တာနဲ့ အများစုက ဘာမှမေးမနေဘဲ ဝိုင်းပြီး ကူညီကြတယ်။ ဘယ်အဖွဲ့မှာတော့ ရိက္ခာတွေ လိုတယ်၊ ကျည်ကာတွေ လိုတယ်၊ ဘယ်ကျောင်းက ကလေးတွေကတော့ ကျောင်းဝတ်စုံတွေလိုတယ် စသဖြင့် စကားဟလိုက်တာနဲ့ မရ ရအောင် ပါဝင်ကြတယ်။ တချို့စက်ရုံတွေဆို အုံလိုက်ကျင်းလိုက် မမျှော်မှန်းထားတဲ့ ပမာဏများပြားတဲ့အထည်တွေ လှူကြတယ်။ တစ်ဦးမေတ္တာ တစ်ဦးစေတနာကို ဦးချစ်က သက်သေပြနေတယ်။ အကောင်းစားမှ အလှူခံချင်တဲ့သူတချို့ကတော့ ကိုယ်က ပြန်လှူရမယ်ဆိုရင် အလကားရတဲ့လေပဲ အားမနာတမ်း လှူတာမျိုးတွေလည်း သူကြုံရတယ်။
အခုလည်း သူ့အဝန်းအဝိုင်းက လှူနေသူတွေ ကြာရင်ပန်းလာမှာစိုးလို့ အိတ်စိုက်ပြီး ရုပ်ရှင်ရိုက်တယ်။ နိုင်ငံတကာမှာ ပြသဖို့ စီစဉ်တယ်။ ဧရာဝတီအတွက် ကနဦးအလှူပေးအပ်မှုတွေတောင် လုပ်ပြီးနေပြီ။
အကျယ် ၅ပေ၊ ၈ပေ အခန်းကျဉ်းလေးမှာ ဒီနေရာအိပ်၊ ဒီနေရာစား၊ မိသားစု ၃ ယောက် ကျပ်ကျပ်တည်းတည်း နေရတယ်။ ဒါပေမယ့် အဲဒီ ၃ ထပ်တိုက်တစ်တိုက်လုံးကို သူ ငှားပေးထားတာ။ လူဦးရေ ၂၀ ကျော်နေထိုင်ပြီး မတတ်နိုင်တဲ့သူတွေဆို အလကားနေနိုင်အောင်ပါ စီစဥ်ပေးထားတယ်။
သူ့အနေနဲ့ အများကို ကူညီဖို့သာတွေးပြီး တော်လှန်ရေးမှာ အရေးပါတဲ့ထောက်ပို့ပိုင်းမှာ ပါဝင်အားထုတ်နေပေမယ့် သူ့တစ်ကိုယ်ရေမိသားစုမှာတော့ အဆင်မပြေလှ။ အကျယ် ၅ပေ၊ ၈ပေ အခန်းကျဉ်းလေးမှာ ဒီနေရာအိပ်၊ ဒီနေရာစား၊ မိသားစု ၃ ယောက် ကျပ်ကျပ်တည်းတည်း နေရတယ်။ ဒါပေမယ့် အဲဒီ ၃ ထပ်တိုက်တစ်တိုက်လုံးကို သူ ငှားပေးထားတာ။ လူဦးရေ ၂၀ ကျော်နေထိုင်ပြီး မတတ်နိုင်တဲ့သူတွေဆို အလကားနေနိုင်အောင်ပါ စီစဥ်ပေးထားတယ်။ အများစုကတော့ မြန်မာပြည်က ထွက်ပြေးလာတဲ့ စီဒီအမ်တွေ။
“ကျနော် ဆိုင်ကယ်လည်း မစီးဘူး။ E-Bike လည်း မစီးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆိုင်ကယ်တွေ E-Bike တွေကြောင့် တစ်ခုခု ထိခိုက်မှုဖြစ်သွားရင် ပိုက်ဆံပိုကုန်မယ်။ ပြီတော့ ဒီဘက်ရောက်နေတဲ့ တော်လှန်ရေးသမားတွေနဲ့ အကုန်တန်းတူရည်တူပဲဆိုတဲ့ စိတ်ထားတယ်။ တချို့တွေ လမ်းတောင်လျှောက်နိုင်သေးတယ်။ ကျနော်က စက်ဘီး ဘာကြောင့် မစီးနိုင်ရမှာလဲ။ ထိုင်းရဲတွေကို ဆိုင်ကယ်ကြေး တစ်လ ဘတ် ၁၀၀၀လည်း မပေးနိုင်ဘူး။ မပေးချင်ဘူး။ အဲဒီပိုက်ဆံ တော်လှန်ရေးအတွက်ပဲ သုံးလိုက်မယ်။ လိုင်းပေါ်မှာ ရဲဖမ်းနေတဲ့နေရာတွေကို သက်ဆိုင်ရာ ဂရုတွေမှာ တင်ထားပါတယ်။ အဲဒါတွေကြည့်ပြီး ရဲဖမ်းနေတဲ့နေရာ ပတ်ဝန်းကျင်ကို မသွားတော့ဘူးပေါ့။ အဲဒီလိုတော့ သတိထားပြီး သွားရတယ်။ " လို့ သူက ပြောတယ်။
သူက KG တက်နေတဲ့ အငယ်ဆုံးသားကို သာမန်ရွှေ့ပြောင်းကျောင်းတစ်ခုမှာပဲ ထားတယ်။ သူ့အနေနဲ့ သူ့ကလေးတစ်ယောက်စာအတွက် အဝတ်အစား၊ လွယ်အိတ်ကအစ ပြည့်စုံအောင် မလုပ်ပေးနိုင်။ မိတ်ဆွေတွေကပဲ ကလေးရဲ့ပညာရေးကို ဝိုင်းကူပေးကြတယ်။
အစ္စလာမ်စာသင်ကျောင်းတွေမှာ ကလေးကို စာသင်ဖို့ ခေါ်တယ်။ ကျနော် မထားဘူး။ ကျနော်နိုင်ငံရေးလုပ်တာ အစ္စလာမ်အသိုင်းအဝန်းတစ်ခုအတွက်ပဲ လုပ်တာ မဟုတ်ဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ တော်လှန်ရေးလုပ်တာ။
“အစ္စလာမ်စာသင်ကျောင်းတွေမှာ ကလေးကို စာသင်ဖို့ ခေါ်တယ်။ ကျနော် မထားဘူး။ ကျနော်နိုင်ငံရေးလုပ်တာ အစ္စလာမ်အသိုင်းအဝန်းတစ်ခုအတွက်ပဲ လုပ်တာ မဟုတ်ဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ တော်လှန်ရေးလုပ်တာ။ ကိုယ်တွေလို စိတ်သဘောထားတူတဲ့သူတွေကြားထဲမှာပဲ ကျနော့်ကလေးကို ထားချင်တယ်" လို့ ပြတ်ထင်းတဲ့ စကားသံတွေ သူ့ဆီက ပီပီသသ ထွက်ကျလာတယ်။
သူက အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် နိုင်ငံသားတစ်ယောက်အနေနဲ့ပဲ ရပ်တည်တယ်။ ဘာသာတစ်ခုအနေနဲ့ ရပ်တည်ရတာ ကျဉ်းမြောင်းတယ်လို့ သူ ခံယူတယ်။
သူက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းမီ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမှာ နေထိုင်ခဲ့ပြီး သူ့မိသားစုမှာ သား ၄ ယောက်ရှိတယ်။ အငယ်ဆုံးသားက အသက် ၈ နှစ်အရွယ်။ သူ ယခင်က ကုန်ရောင်း ကုန်ဝယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့အပြင် တောင်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကိုလည်း ပူးတွဲလုပ်ကိုင်ခဲ့တယ်။ ဒါ့အပြင် မတရားဖိနှိပ်ခံရတဲ့၊ အလိမ်ခံရတဲ့ တောင်သူလယ်သမားတွေအတွက် တရားမျှတမှုရဖို့ ဝန်ကြီးဌာနကို တိုင်ကြားပေးတာ၊ သက်ဆိုင်ရာဌာနတွေကို လိုက်လံဖြေရှင်းပေးတာ စတဲ့ အကူအညီပေးတာတွေကို ဆောင်ရွက်ခဲ့တာတွေကြောင့် ဌာနဆိုင်ရာတွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံခဲ့ရသူ။ ဒါကြောင့်ပဲ သူက သူ့နယ်မှာ လယ်သမားနဲ့ တောင်သူတွေအပေါ် သြဇာညောင်းသူ တစ်ဦးဖြစ်လာခဲ့တယ်။ ဒါ့အပြင် သူဟာ NLD မဲဆွယ်ပွဲတွေမှာလည်း ဦးဆောင်သူအဖြစ် ဆောင်ရွက်ခဲ့တယ်။
မဲဆွယ်ပွဲလုပ်စဥ်အခါက တောင်သူလယ်သမားတွေနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ ပါဝင်တဲ့ ဆန္ဒပြလူအုပ်ကြီးကို ဦးဆောင်ခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၂၅ အရ ဒေသန္တရ ကျန်းမာရေး ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုတို့နဲ့ ဖမ်းဆီးမယ်လို့ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာကတည်းက ရဲစခန်းက သူ့ကို အကြောင်းကြားခဲ့တယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပုဒ်မ ၅၀၅ နဲ့ သူကို ထပ်မံ တရားစွဲဆိုခဲ့ပြီး ပုဒ်မ ၅၀၅၊ ၁၈၊ ၂၅ တို့နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တရားရုံးကို လာဖို့ ဆင့်ခေါ်ခံခဲ့ပေမယ့် မသွားရောက်ခဲ့ပေ။ ဒါ့ကြောင့် ရဲနဲ့ စစ်တပ်က သူ့ကို နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့ပေမယ့် သူ့ရှေ့နေရဲ့ ကြိုတင်သတိပေးချက်ကြောင့် ဖမ်းဆီးခံရမဲ့ဘေးကနေ လွတ်မြောက်သွားခဲ့တယ်။
ဒါပေမယ့် သူက အာဏာသိမ်းပြီး ၂ ရက်မြောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာတင် သပိတ်အဖွဲ့ကို ဦးဆောင် ဆန္ဒပြခဲ့တယ်။ သူရဲ့ဦးဆောင်မှုကြောင့် ဆန္ဒပြပွဲ အင်အားလည်း ကြီးထွားလာခဲ့တယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပုဒ်မ ၅၀၅ နဲ့ သူကို ထပ်မံ တရားစွဲဆိုခဲ့ပြီး ပုဒ်မ ၅၀၅၊ ၁၈၊ ၂၅ တို့နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တရားရုံးကို လာဖို့ ဆင့်ခေါ်ခံခဲ့ပေမယ့် မသွားရောက်ခဲ့ပေ။ ဒါ့ကြောင့် ရဲနဲ့ စစ်တပ်က သူ့ကို နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့ပေမယ့် သူ့ရှေ့နေရဲ့ ကြိုတင်သတိပေးချက်ကြောင့် ဖမ်းဆီးခံရမဲ့ဘေးကနေ လွတ်မြောက်သွားခဲ့တယ်။ နောက်ပိုင်းမှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ နဲ့ပါ သူ့ကို တရားစွဲခဲ့တဲ့အပြင် ၂၀၂၁ ၈ လပိုင်းမှာ ရွှေလောင်းရှိ သူ့ပိုင်ဆိုင်မှုတွေကိုလည်း ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်။
စစ်တပ်က သူ့ကို ဖမ်းဖို့ ကြိုးစားပြီးတဲ့နောက် သူဟာ တိုင်းရင်သားလက်နက်ကိုင်တွေရှိရာ ကရင်ပြည်နယ် လေးကော့ကော်အနီး တောထဲတွင် စစ်သင်တန်းတက်ရောက်ခဲ့ပြီး ၉ လနီးပါးကြာ တော်လှန်ရေးရဲဘော်တွေအတွက် ဆေးပေးခန်း လုပ်ငန်းကို ပံံ့ပိုးကူညီလုပ်ဆောင်ပေးခဲ့တယ်။
ကျနော်က ခုချိန်ထိ ရဲကဒ်နဲ့ပဲ နေထိုင်တယ်။ ကျနော် ဒီမှာ အလုပ်လာလုပ်တာ မဟုတ်တဲ့အတွက် အလုပ်သမားလို့ လိမ်ညာပြီး ပန်းရောင်ကဒ်လည်း မလုပ်ချင်ဘူး။ တတိယနိုင်ငံကိုလည်း သွားမှာမဟုတ်တဲ့အတွက် UN မှာ စာရင်းသွင်းထားတာလည်း မရှိဘူး။
ဒါပေမယ့် တောထဲမှာ နေထိုင်ဖို့ အခက်အခဲတွေ ရှိလာတဲ့အပြင် ဆေးပေးခန်းလုပ်ငန်းလည်း ရပ်နားလိုက်ရတာကြောင့် တော်လှန်ရေးကို ဆက်လက်ထောက်ပံ့နိုင်ဖို့အတွက် ၂၀၂၂ မှာ မဲဆောက်ကို ရောက်လာခဲ့တယ်။ နောက်ပိုင်းတော့ သူ့အမျိုးသမီးနှင့် အငယ်ဆုံးသားပါ မဲဆောက်ကို ရောက်လာကြတယ်။
သူဟာ မဲဆောက်မှာ သာမာန်ရွှေ့ပြောင်းတွေလို အလုပ်လုပ်ဖို့ မရည်ရွယ်၊ တတိယနိုင်ငံသွားဖို့လည်း စိတ်ပင်မကူး။ တော်လှန်ရေးအောင်တာနဲ့ မြန်မာပြည်ပဲ ပြန်မယ့်သူ။
“ကျနော်က ခုချိန်ထိ ရဲကဒ်နဲ့ပဲ နေထိုင်တယ်။ ကျနော် ဒီမှာ အလုပ်လာလုပ်တာ မဟုတ်တဲ့အတွက် အလုပ်သမားလို့ လိမ်ညာပြီး ပန်းရောင်ကဒ်လည်း မလုပ်ချင်ဘူး။ တတိယနိုင်ငံကိုလည်း သွားမှာမဟုတ်တဲ့အတွက် UN မှာ စာရင်းသွင်းထားတာလည်း မရှိဘူး။ ကျနော်က တော်လှန်ရေး ဒီနေ့အောင်ရင် ဒီနေ့ မြန်မာပြည်ပြန်မှာ၊ တော်လှန်ရေးကို ဆုံးတဲ့အထိ တိုက်မယ်။ ဆုံးတဲ့အထိ လုပ်မယ်၊ ဘယ်တော့မှ မရပ်ဘူး"လို့ သူ စကားကို ရဲရဲဆိုတယ်။
တကယ်တော့ ဘတ် ၃၀၀ ပေးရတဲ့ အရပ်ခေါ် ရဲကဒ်ဆိုတာက တရားဝင်နေထိုင်ခွင့်ကဒ် မဟုတ်ဘဲ ပွဲစားတွေကနေတဆင့် လုပ်ရပြီး မဲဆောက်ရဲတွေနဲ့ နားလည်မှုယူထားတဲ့ အနေအထားလောက်သာ ရှိတာ။ အဲဒါကလည်း တောမောလို့ခေါ်တဲ့ လဝကရဲတွေ စစ်ဆေးဖမ်းဆီးတဲ့အခါမျိုးမှာဆိုရင် အိမ်ပြင်မထွက်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိ။
ကျနော့်အမေက အမှန်တရားအတွက် သားလုပ်နိုင်တာရှိရင် လုပ်၊ မင်းလုပ်နေတာတွေကို အမေ ယုံတယ်။ ဘယ်အခြေအနေမျိုးပဲရောက်ရောက် အမေရှိနေသရွှေ့ မင်းမိသားစု စားဝတ်နေရေး လုံခြုံစေရမယ်" ဆိုတဲ့စကားက တော်လှန်ရေးမှာ နိုင်တဲ့ဝန်ကို ထမ်းဖို့ အသက် ၅၀ နီးပါး သားဖြစ်သူအတွက် အားအကောင်းဆုံးဖြစ်စေခဲ့တယ်။
“အပြင်ထွက်လို့ မိသွားရင်လည်း ဘတ် ၃၀၀ ပေးထားတာက တရားမဝင်ဘူး။ လဝကရဲတွေလာရင် အချင်းချင်းက အပြင်မထွက်ကြဖို့ ပြောပေးပါတယ်။ အခက်အခဲအရမ်းရှိနေတဲ့သူတွေကို ကျနော်တို့ တတ်နိုင်သလောက် ကူညီဖို့ ကျနော်တို့အချင်းချင်းပဲ အဖွဲ့အစည်းဖွဲ့ထားတယ်။ အဲဒါတွေ ဆွေးနွေးကူညီနိုင်ဖို့ မထွက်ဘဲနေလို့ကလည်း မရဘူး။”
လိုအပ်နေသူတွေကို အကူအညီမပေးလိုက်ရမှာ သူ စိုးရိမ်နေပေမယ့် လက်ရှိ သူ့မှာ အလုပ် မရှိ။ လုပ်လည်း မလုပ်။ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ သူ့အမေဖြစ်သူက ထောက်ပံ့ပေးတာနဲ့ စားဝတ်နေရေးကို ဖြေရှင်းတဲ့အပြင် အဲဒီထဲက တောထဲက တော်လှန်ရေးရဲဘော်တွေအတွက် ရသလောက် ခွဲပေးတယ်။
"ကျနော့်အမေက အမှန်တရားအတွက် သားလုပ်နိုင်တာရှိရင် လုပ်၊ မင်းလုပ်နေတာတွေကို အမေ ယုံတယ်။ ဘယ်အခြေအနေမျိုးပဲရောက်ရောက် အမေရှိနေသရွှေ့ မင်းမိသားစု စားဝတ်နေရေး လုံခြုံစေရမယ်" ဆိုတဲ့စကားက တော်လှန်ရေးမှာ နိုင်တဲ့ဝန်ကို ထမ်းဖို့ အသက် ၅၀ နီးပါး သားဖြစ်သူအတွက် အားအကောင်းဆုံးဖြစ်စေခဲ့တယ်။ အခုတော်လှန်ရေးရုပ်ရှင်ကားကိုလည်း သူ့အမေထုတ်ပေးတဲ့ ပိုက်ဆံနဲ့ ရိုက်ထားတာ။
သူအဆင်မပြေတဲ့အခိုက်အတန့်တွေ ရှိရင်တောင် တော်လှန်ရေးထဲက ရတဲ့ငွေကြေးကို တပြားတချပ်မျှ မသုံး။ ကိုယ့်အိတ်ကပ်ထဲကသာ စိုက်ထုတ်ပြီး ထောက်ပို့လုပ်ငန်းတွေကို သူ့ခံယူချက်နှင့်သူ ဆက်လုပ်နေသူ။
“အလှူငွေ တစ်သောင်း ရရင် တစ်သောင်းတစ်ထောင် ရအောင် ကိုယ့်ထဲက တစ်ထောင် စိုက်နိုင်ဖို့ ကြိုးစားပါ၊ သူ့ထဲက တစ်ထောင် နှစ်ထောင် စားဖို့ မရည်ရွယ်နဲ့၊ ဒါမှ အလှူ့ရှင်က တစ်သောင်းလှူရင် ကိုယ်က တစ်သောင်း လှူနိုင်မှာ၊ တခြားကုန်ကျစရိတ်က ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်နိုင်မှာ”
“အလှူငွေ တစ်သောင်း ရရင် တစ်သောင်းတစ်ထောင် ရအောင် ကိုယ့်ထဲက တစ်ထောင် စိုက်နိုင်ဖို့ ကြိုးစားပါ၊ သူ့ထဲက တစ်ထောင် နှစ်ထောင် စားဖို့ မရည်ရွယ်နဲ့၊ ဒါမှ အလှူ့ရှင်က တစ်သောင်းလှူရင် ကိုယ်က တစ်သောင်း လှူနိုင်မှာ၊ တခြားကုန်ကျစရိတ်က ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်နိုင်မှာ”လို့ ဦးချစ်က ပြောတယ်။
မဲဆောက်မှာ စက်ဘီးချောက်ချက်လေးနင်းရင်း တော်လှန်ရေးကိုသာရှေးရှုမျက်နှာမူရင်း လမ်းပေါ်မှာ တရွေ့ရွေ့ သွားနေသူတစ်ယောက်ရှိတယ်။
သူက တော်လှန်ရေးမှာ နိုင်တဲ့ဝန်ကို အားကျိုးမာန်တက် ဆက်လက် ထမ်းဆောင်နေဆဲ။ သူပြောနေကျစကားတွေကို သူအလုပ်တွေနဲ့ သက်သေပြမြဲ။
သူဟာ လောကကြီးမှာ ဒီလိုလူကောင်းတွေလည်း ရှိပါသေးတယ်ဆိုတာ ကျမတို့ကို အမြဲ လက်တွေ့သက်သပြနေဆဲ။ တကယ်တော့ သူလိုလူတွေဆီကနေပဲ ကျမတို့ ပိုပြီးနေပျော်တဲ့ဘဝတွေကို မြင်တွေ့နေကြရတာ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။