၂၀၁၄ ခုနှစ်လို့ ဆိုလိုက်ရင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအောင်းတပ် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ တော်လှန်ရေးအောင်လံလွှင့်ထူကာ ဂုဏ်ထူးထွက်ခဲ့တဲ့ နှစ်လို့ နွေဦးတော်လှန်ရေးက မှတ်တမ်းတင်ရပါမယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က MNDAA နဲ့ TNLA တို့ရဲ့ အဓိကခွန်အားနဲ့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြို့တွေသိမ်း၊ စခန်းတွေသိမ်း၊ မင်းအောင်လှိုင်စစ်သားတွေ မဆုတ်တမ်းခံစစ်စခန်းကနေ ထွက် ပြေးကြ၊ လက်နက်ချ အညံ့ခံကြနဲ့ ဇန်နဝါရီ ၄ ရက်မှာ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးဟာ အထွတ်အထိပ်ကို ရောက်ခဲ့တယ်။
၂၀၁၄ နှစ်သစ်အစမှာပဲ ကိုးကန့်ရဲ့ အသည်းနှလုံးဖြစ်တဲ့ လောက်ကိုင်မြို့မှာ MNDAA က အလံတော် တလူလူလွှင့်နိုင်ခဲ့တယ်။ ၂၀၁၄ ဇန်နဝါရီ ၄ ရက်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-လောက်ကိုင်က ထောင်နဲ့ချီတဲ့စစ်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ လက်နက်ချ။ ရှိသမျှ လက်နက်ကြီး၊ လက်နက်ငယ်မှန်သမျှ MNDAA ထံ ကျိုး ကျိုးနွံနွံ အပ်နှံကာ လက်ချည်းဗလာနဲ့ မင်းအောင်လှိုင်ရင်ခွင် ပြန်ဝင်ခဲ့ကြ။ မင်းအောင်လှိုင်မျက်နှာပေါ်မှာ ဖျက်လို့မရတော့တဲ့ သေရာပါ ဓားချက် နံပါတ်တစ်။ စစ်တပ်ရာဇဝင်မှာ အိပ်မက်တောင် မမက်ခဲ့ဘူးတဲ့ ဒူးထောက် အညံ့ခံမှုအဖြစ် သမိုင်းမော်ကွန်းရေးထိုးနိုင်ခဲ့တယ်။
စစ်ကောင်စီ အခြေအနေမဟန်တော့လို့ တရုတ်ကြီး ဝင်လာတယ်။ ကူမင်းမြို့က ဟိုင်ဂင်ဟိုတယ်မှာ ရအောင်ညှိကြဆိုပြီး တရုတ်က စစ်ကောင်စီနဲ့ ညီနောင်သုံးဖော်ကို မျက်နှာချင်းဆိုင်ပေးလိုက်တယ်။ ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်မှာ ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ် ဟိုင်ဂင်သဘောတူညီချက်။ MNDAA နဲ့ TNLA တို့က သိမ်းထားတဲ့မြို့တွေနဲ့စခန်းတွေကို ကျစ်ကျစ်ပါ ဆုပ်ကာ အနိုင်ပိုင်းခဲ့တယ်။
ကိုယ့်ကိုယ်ကိုယ် စစ်ရှုံးနေမှန်း မသိတဲ့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို အရင်ဆက်ဆံနေကျအတိုင်း အပေါ် စီးကနေ မောက်မောက်မာမာ၊ သိမ်းထားတဲ့ နယ်မြေတွေ ပြန်ပေးဖို့ တောင်းဆိုကာ ပြန်မပေးရင် လေကြောင်းကနေ ဗုံးကြဲမယ်လို့ ခြိမ်းခြောက်နေလေတော့ ဆောရီး ဆိုတဲ့စကားတစ်ခွန်းနဲ့ လမ်းဆုံးခဲ့တယ်။
ဟိုင်ဂင်သဘောတူညီချက်ဟာ တရုတ်ရဲ့ ခြိမ်းခြောက်ဖိအားပေးမှုကြောင့် ဖြစ်ပေါ်လာသလို တရုတ်ရဲ့ မရမက ထပ်မံညှိနှိုင်းခိုင်းမှုတွေအရလည်း ဟိုင်ဂင်အလွန် တွေ့ဆုံမှုတွေရှိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် စစ်ရှုံးနေမှန်း မသိတဲ့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို အရင်ဆက်ဆံနေကျအတိုင်း အပေါ် စီးကနေ မောက်မောက်မာမာ၊ သိမ်းထားတဲ့ နယ်မြေတွေ ပြန်ပေးဖို့ တောင်းဆိုကာ ပြန်မပေးရင် လေကြောင်းကနေ ဗုံးကြဲမယ်လို့ ခြိမ်းခြောက်နေလေတော့ ဆောရီး ဆိုတဲ့စကားတစ်ခွန်းနဲ့ လမ်းဆုံးခဲ့တယ်။
သိမ်းထားတဲ့မြို့တွေ၊ စခန်းတွေကို ပြန်ရဖို့ဆိုတာ စားပွဲဝိုင်းပေါ်ကနေ မဖြစ်နိုင်မှန်း နေပြည်တော်စစ် ဗိုလ်ချုပ်တွေ အံတင်းတင်းကြိတ်ကာ သိခဲ့ရတယ်။ နောက်တစ်ကျော့မှာ မင်းအောင်လှိုင်တပ်မတော်ကြီးရဲ့ အ စွမ်းကို ကောင်းကောင်းသိစေ့ရမယ်ဆိုပြီး လက်သီးကိုတင်းတင်းဆုပ်ကာ ရှမ်းမြောက်ကို ပြန်ထိုးဖို့ အကောင်း ဆုံးစစ်ပြင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ အထင်ရောက်တော့ အပစ်ရပ်သဘောတူညီချက်ကို ချိုး ဖောက်၊ တစ်ဖက်သတ်ပစ်ခတ်ရန်စခြင်းအမှု စစ်ကောင်စီ ကျူးလွန်တော့တယ်။
TNLA က စစ်ကောင်စီတပ်ရဲ့ တစ်ဖက်သတ်ရန် စတိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ထုတ်ပြခဲ့ပြီးနောက် ၂၀၂၄၊ ဇွန် ၂၅ တွင် ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာကာ ထိုးစစ်ဆင်တော့တယ်။ မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ။ ဒုတိယအကျော့စတင်ပြီး သတင်းနှစ်ပတ်အကြာ ဇူလိုင် ၁၀ ရက်မှာ နောင်ချိုကို TNLA နဲ့ ပူးပေါင်းတပ် သိမ်းပိုက်ပြနိုင်ခဲ့တယ်။
စစ်ရေးအကဲခတ်တချို့က လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဆိုတာ သံမဏိသားပမာ မာကျောလှတာကြောင့် လွယ်လွယ်နဲ့ သိမ်းပိုက်ဖို့ မလွယ်ဘူးလို့ မှတ်ချက်ပြုခဲ့ကြတယ်။
ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ချွန်းဖွင့်တိုက်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးက ဇူလိုင် ၁၇ ရက်မှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို ဒုတိယအကျော့ရဲ့ ဒုတိယမြောက်မြို့အဖြစ် ဆက်သိမ်းပိုက်။ အဲဒီနောက် တစ်မြို့ ပြီး တစ်မြို့ နာမည်ကျော် မိုးကုတ်မြို့ပါ အပါ။
ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေး စတင်စဉ်က ငြိမ်ချက်သားကောင်းနေတဲ့ MNDAA က ဇူလိုင် ၃ ရက် မှာ လားရှိုးမြို့ထိုးစစ် စတင်လေတော့ နေပြည်တော်ဗိုလ်ချုပ်တွေ အရူးမီးဝိုင်းတော့တယ်။ စစ်ရေးအကဲခတ်တချို့က လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဆိုတာ သံမဏိသားပမာ မာကျောလှတာကြောင့် လွယ်လွယ်နဲ့ သိမ်းပိုက်ဖို့ မလွယ်ဘူးလို့ မှတ်ချက်ပြုခဲ့ကြတယ်။ စစ်ကောင်စီလော်ဘီတွေကလည်း အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်သည် ဒေါင်ဒေါင်မြည်လို့ သံယောင်လိုက် ဟောင်ဖွာ၊ ဟောင်ဖွာ လုပ်ကြသေးတယ်။
အဲဒီမာကျောလှပါသည်ဆိုတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့မဟာမိတ်တွေက တစ်လ ပြတ် ချေမှုန်းပစ်ကာ ဩဂုတ် ၃ ရက်မှာ သိမ်းပိုက်ပြလိုက်တဲ့အခါ စစ်ဗိုလ်ချုပ်တွေ နေပြည်တော်မှာ ဖက်ငိုရုံသာ တတ်နိုင်တယ်။ စစ်အာဏာရှင်တို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စစ်တိုင်းကြီးတစ်ခု ကျဆုံးခန်း။ ဒုတိယအာဏာရှင်သန်းရွှေခန့် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်လက်ထက်ကျမှ တစ်လသာ တိုက်ယူရုံနဲ့ ပွဲပြီးသွားတဲ့ မျက်ရည်ပေါက်ပေါက်ကျ ဆတ်ဆတ်ခါ အရှုံးနာချက်။ စစ်လော်ဘီတချို့ကတောင် စစ်မတိုက်တတ်တဲ့ မင်းအောင်လှိုင် ကာချုပ်ရာထူးအပ်တော့လို့ သွေးရူးသွေးတန်းနဲ့ အော်ဟစ်တော့တယ်။ မင်းအောင်လှိုင် မျက်နှာပေါ်မှာ ဖျက်လို့မရတော့တဲ့ သေရာပါဓားချက် နံပါတ်နှစ်။
လားရှိုးမြို့ သိမ်းပိုက်ခံရပြီးနောက် မင်းအောင်လှိုင်လုပ်နိုင်တာဆိုလို့ MNDAA နဲ့ TNLA သိမ်းပိုက်ထားတဲ့ မြို့တွေက ပြည်သူတွေကို လေကြောင်းတိုက်ခိုက် ဗုံးမိုးရွာချခြင်းသာ။ လားရှိုးအသိမ်းခံရပြီးနောက် စစ် တပ်ရဲ့အသည်းနှလုံးမြို့တော် ပြင်ဦးလွင်နဲ့ မြန်မာ့ဒုတိယ မန္တလေးမြို့ ဘယ်တော့လဲဆိုတဲ့အသံ ကျယ်လောင် လာခဲ့တယ်။
လားရှိုးကို ပြန်အပ်ဖို့နဲ့ တရုတ်နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ MNDAA နဲ့ TNLA ကို ဖြတ်ငါးဖြတ်၊ နယ်စပ်ဂိတ်တွေ အကုန်ပိတ်ပြီး ရှမ်းမြောက်ပြည်သူတွေ အငတ်ဘေးသင့်စေရေးအတွက် တရုတ် အားထုတ်ကာ အပြင်းထန်ဆုံး ဖိအားပေးခဲ့တယ်။
ပြင်ဦးလွင်နဲ့ မန္တလေးပြီးရင် နေပြည်တော်ဆိုတာ သိပ်နီးသွားပြီဖြစ်ကြောင်း ကောင်းကောင်းသိနေတဲ့ တရုတ် ဩဂုတ် ၁၄ မှာ အပြေးအလွှားရောက်လာကာ အကြမ်းဖက်စစ်ကောင်စီကို အပြည့်အဝထောက်ခံကြောင်း ကြေညာခဲ့တယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ မြန်မာပြည်သူသတ်ဖြတ်ရေး လုပ်ငန်းစဉ် အဓွန့်ရှည်ရေးအတွက် တရုတ်ရဲ့ အောက်တန်းကျချက်တွေကို အစွမ်းကုန် ထုတ်သုံးတော့တယ်။ လားရှိုးကို ပြန်အပ်ဖို့နဲ့ တရုတ်နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ MNDAA နဲ့ TNLA ကို ဖြတ်ငါးဖြတ်၊ နယ်စပ်ဂိတ်တွေ အကုန်ပိတ်ပြီး ရှမ်းမြောက်ပြည်သူတွေ အငတ်ဘေးသင့်စေရေးအတွက် တရုတ် အားထုတ်ကာ အပြင်းထန်ဆုံး ဖိအားပေးခဲ့တယ်။
ဒီဇင်ဘာ ၈ ရက်မှာတော့ TNLA နဲ့ တရုတ် တွေ့ဆုံခဲ့တယ်။ ဒီဇင်ဘာ ၁၅ ရက်မှာ တရုတ်ဖိအားကြောင့် MNDAA က စစ်ကောင်စီနဲ့ မျက်နှာချင်းထပ်ဆိုင်လိုက်ပေမဲ့ ဘာသဘောတူညီချက်မှမရ။ နောက်တစ်ကြိမ် လာ မယ့် ဇန်နဝါရီ ၁၅ ရက်မှာ ထပ်တွေ့ကြမယ်လို့ သတင်းတွေက ဆိုတယ်။ စစ်ကောင်စီက လားရှိုးမြို့ကို ပြန်ပေးဖို့ မရမက တောင်းနေပေမဲ့ MNDAA ကလည်း ခြေလွတ်လက်လွတ် ပေးမယ့်ဟန်မပေါ်။
အခု ၂၀၂၄ ရဲ့ နောက်ဆုံးလ ဒီဇင်ဘာမှာ ရှမ်းမြောက်တခွင် စစ်ကောင်စီတပ်ရဲ့ သရဲဘောကြောင်လှတဲ့ ဗုံးကြဲတိုက်ခိုက်သံမကြားရပေမဲ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းမှာ ပစ်သံခတ်သံတွေ နည်းနည်းဆိတ် သွားလိုက်၊ပြန်ပြင်းထန်လိုက်နဲ့ TNLA ရဲ့ မလျှော့သော ဇွဲလုံ့လနဲ့ ပြင်ဦးလွင်မြို့သိမ်းအိပ်မက် မက်ဆဲ။
အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA သိမ်းပိုက်လိုက်နိုင်ခြင်းက မင်းအောင်လှိုင်တပ်မတော်ကြီး ငိုပွဲဆင်ရပြန်တယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ချေမှုန်းခံရပြီး ၄ လကျော်အကြာမှာ စစ်ဌာနချုပ် နောက်တစ်ခုရဲ့ ကျဆုံးခန်း။
ရှမ်းမြောက်ရဲ့ ဒီဇင်ဘာဟာ ဗုံးသံ ကျည်သံ သိပ်မညံပေမဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ ရက္ခိုင့်တပ်တော် AA က ဝုန်းဒိုင်းကြဲ။ ဒီဇင်ဘာ ၂၀ ရက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA သိမ်းပိုက် လိုက်နိုင်ခြင်းက မင်းအောင်လှိုင်တပ်မတော်ကြီး ငိုပွဲဆင်ရပြန်တယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ချေမှုန်းခံရပြီး ၄ လကျော်အကြာမှာ စစ်ဌာနချုပ် နောက်တစ်ခုရဲ့ ကျဆုံးခန်း။ ဒီဇင်ဘာ ၂၀ ရက်မှာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်သိုက် နေပြည်တော်အားကစားပွဲတော်တက်ကာ ဟန်လုပ်နေရုံကလွဲလို့ ဘာမှမ တတ်နိုင်။ မင်းအောင်လှိုင်မျက်နှာပေါ်မှာ ဖျက်လို့မရတော့တဲ့ သေရာပါ ဓားချက် နံပါတ် ၃ ။
ဒီဇင်ဘာ ၂၉ ရက်မှာ ဂွမြို့ကို AA ဆက်သိမ်းလိုက်ပြန်တော့ ရခိုင်နဲ့ကပ်လျက် ဧရာဝတီတိုင်းလည်း ဘုရားတနေရ။ ရခိုင်မှာ AA သိမ်းစရာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့သာ ကျန်ပြီး အခု စစ်တွေကို စ တိုက်နေပြီဆိုတော့ ၂၀၂၅ မှာ ရခိုင်ဒေသတစ်ခုလုံး AA သိမ်းပိုက်လိုက်နိုင်မှာ သေချာနေတယ်။ အခု ဒီဇင်ဘာမှာ ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်လို့ ၂၀၂၅ မှာ ချင်းဒေသတစ်ခုလုံးလည်း စစ်ဖိနပ်အောက် လွတ်မြောက်သွားနိုင်တယ်။ ကချင်ပြည်နယ်မှာလည်း ကေအိုင်အေထိုးစစ်က သိပ်အားကောင်းနေပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် ၂၀၂၅ မှာ တတိယမြောက်အဖြစ် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ခုတ်လှဲလိုက်နိုင်ဖို့ မျှော်လင့်လို့ရတယ်။
၂၀၂၄ မှာ မြို့ပေါင်း ၉၄ မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်။ ၂၀၂၄ ကို အားပြုပြီး ၂၀၂၅ ကို ဆက်လက်မောင်းနှင်ကြမယ်ဆိုရင် ၂၀၂၅ မှာ စစ်ကောင်စီ ဘယ်ပြေးမလဲလို့သာ မေးရပါတော့မယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။