Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပြောရင်လဲ အောင်မင်းလွန်ရာကျပါလိမ့်မယ် (Opinion)

မြန်မာ့​နွေဦး​တော်လှန်​ရေးဟာ ၂၀၂၅ အတွင်းမှာ အဆုံးအဖြတ်ဖြစ်လာလိမ့် မယ်လို့  ပြည်တွင်းအကဲခတ်များသာမက နိုင်ငံတကာကပါ ယူဆကြတာဖြစ်တယ်၊ ဒါက​တော့ ၂၀၂၁ နွေဦးကာလကစလို့ တူမီးနဲ့စခဲ့တဲ့ အ​ခြေအ​နေက​နေ လက်ရှိအချိန်အထိ ၄ နှစ်​ကျော်ကာလအတွင်း ဖြစ်​ပေါ်တိုးတက်မှု​တွေကို ကြည့်ပြီး အကဲဖြတ်ကြတာပါ၊ ဒီ​လေးနှစ်တာကာလအတွင်း eao အ​ပေါင်း pdf အင်အား​တွေဟာ တိုင်းစစ်ဌာနချုပ်နှစ်ခု ၊ ဒကစ နှစ်ခု၊ စကခ သုံးခုနဲ့ စကစ တပ်ရင်း​ပေါင်း ၁၀၀ ကျော် ပြုတ်ပြုတ်ပြုန်း​အောင်တိုက်နိုင်ခဲ့တာပါ ၊ ဒါ့အပြင် မြို့​ပေါင်း ၁၀၀​ ကျော်အပြီးသိမ်းယူထားနိုင်ခဲ့ပြီး တနိုင်ငံလုံးနယ်​မြေအများစုကို စိုးမိုးလာနိုင်တာဖြစ်တယ်၊ bbc အသံလွှင့်ဌာနက ပြောသွားတဲ့ စာရင်းအရဆိုရင်တော့ စကစဟာ နိုင်ငံလုံး နယ်​မြေ ၂၁% လောက်ပဲ ချုပ်ကိုင်ထားနိုင်​တော့တယ်လို့ဆိုတာဖြစ်တယ်၊ ဒါဟာလွတ်လပ်​ရေးရပြီး​နောက်ပိုင်း အထူးသဖြင့် ၆၂ ခုနှစ်​နောက်ပိုင်း မကြုံဖူးတဲ့​အောင်ပွဲဖြစ်လို့  ၂၀၂၅ ဟာ အလှည့်အ​ပြောင်းဖြစ်မယ့်နှစ်လို့ ယူဆကြတာက ဖြစ်နိုင်​ခြေရှိတဲ့ ကိစ္စလို့ဆိုရမှာပါ။

 

တဘက်မှာပြန်ကြည့်ရင် စစ်တပ်ဟာ သူ့တို့ရှင်သန်နိုင်​ရေးအတွက် အ​သေအလဲ ရုန်းကန်​နေတာ​တွေ့ရမှာပါ၊ တရုတ်အကူအညီနဲ့ နယ်စပ်လက်နက်ကိုင်​တွေကို စစ်ရပ်စဲဖို့၊ နယ်​မြေ​တွေပြန်​ပေးဖို့  pdf ကို မကူညီဖို့ စတာ​တွေ ဖိဖိစီးစီး လုပ်​နေတာဖြစ်တယ်။ နောက်တဘက်က​တော့ သူ့တပ်က ပြုန်းတီးသွားတဲ့ အင်အား​တွေကို အ​နော်ရထာလက်ထက်ကစရင် အခုချိန်ထိ သမိုင်းမှာ မကြုံဖူး​လောက်​အောင် အတင်းအကြပ် စစ်သားစု​ဆောင်းနေတာဖြစ်တယ်။

 

သူတို့တွက်ကိန်းက ဘယ်​လောက်ပဲစိတ်မပါသူဖြစ်​စေ တပ်ထဲမှာ တနှစ်​လောက်ပုံသွင်းလိုက်ရင် ချဥ်ဘတ်အိုးထဲ ထဲ့လိုက်တဲ့ မုံလာဖတ်လို မိုက်ရိုင်းလှတဲ့ စစ်သားမျိုးဖြစ်လာမှာပဲလို့ တွက်တာပါ။

 

သူတို့တွက်ကိန်းက ဘယ်​လောက်ပဲစိတ်မပါသူဖြစ်​စေ တပ်ထဲမှာ တနှစ်​လောက်ပုံသွင်းလိုက်ရင် ချဥ်ဘတ်အိုးထဲ ထဲ့လိုက်တဲ့ မုံလာဖတ်လို မိုက်ရိုင်းလှတဲ့ စစ်သားမျိုးဖြစ်လာမှာပဲလို့ တွက်တာပါ။ ဒီလိုအ​တွေ့အကြုံ​တွေကလဲ သူတို့မှာရှိပြီးသားပါ။ ဗိုလ်ချုပ်အဆင့်​ရောက်သူ​တွေထဲမှာ​တောင် ရည်းစားကပစ်သွားလို့ ဆယ်တန်းမှာ အမှတ်မ​ကောင်းလို့ အရပ်ထဲမှာအနှိမ်ခံရလို့ စသဖြင့် အ​ကြောင်းမျိုးစုံနဲ့ ဗိုလ်သင်တန်းတက်ရာကနေ ဆရာ​တွေက မစကြည့်ရှုမှုနဲ့ အရည်အချင်း​ကြောင့်မဟုတ်ပဲ ဒီ​နေရာ​တွေ​ရောက်လာကြ​သေးတာကိုး၊ တပ်သားအဆင့်​တွေကပိုဆိုးပါတယ်၊ ခိုးဆိုးလုနှိုက်​တွေ၊ ဆေးသမား​တွေ၊ အရပ်ထဲမှာ​အော့​ကြောလန်​တွေကို အတင်းဖိနှိပ်ကွပ်ညှပ် ပုံသွင်းထားသူ​တွေပဲများပါတယ်၊ ဒီလိုလူ​တွေဟာ မျှော်လင့်ချက်မဲ့ ပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိသူတွေ အများစုဖြစ်လို့ အခုလိုစစ်ပွဲ​တွေမှာ ကမ်းကုန်​အောင် ရက်စက်မှု​တွေ ကျူးလွန်ကြတာဖြစ်တယ်၊ ဘယ်လိုပဲဖြစ်​စေ လူအင်အားများလာမယ် လက်နက်ရှိ​သေးတယ်ဆိုတဲ့​အောက်မှာ ၂၃ရက်​နေ့က ဗထူး ဗိုလ်သင်တန်း​ကျောင်းဆင်းပွဲမှာ မင်း​အောင်လှိုင်က စစ်ကိုဆက်တိုက်မယ်လို့ က​ကြွေးကြော်သွားခဲ့တာဖြစ်တယ်၊ သူ့ဘက်က​တော့ မနိုင်ရင်​တောင် မရှုံးပဲ​ ရေရှည်ဆက်ဆွဲနိုင်မယ်လို့တွက်တာပါပဲ။

 

ဒီလို​ပြောဆိုတွက်ချက်မှု​တွေရဲ့ နောက်ကွယ်မှာ နိုင်ငံတကာအ​ခြေအ​နေတွက်ကိန်း​တွေလဲပါနိုင်ပါတယ်၊ မအလ အာဏာသိမ်းဖို့လုပ်ချိန်က အ​နောက်အုပ်စုက သူတို့ဒီမိုသူရဲ​ကောင်းအဖြစ်ချီး​မြှောက်ခဲ့တဲ့ ဒေါ်​အောင်ဆန်းစုကြည်ကို  OIC အကြိုက် ချနင်းတဲ့အချိန်နဲ့ us မှာ ပျော့ညံ့တဲ့ ဒီမိုကရက်​တွေ အာဏာရချိန်ဖြစ်တယ်၊ ဒီတွက်ကိန်းကမှန်ခဲ့ပါတယ်၊ OIC နောက်ခံမကင်းတဲ့ ရိုအုပ်စုနဲ့ ကင်တားနားတို့ပူး​ပေါင်းကြံစည်မှု​အောက်မှာ အာဂျင်တီးနားတရားရုံးက ဒေါ်​အောင်ဆန်းစုကြည်နဲ့ ဦးထင်​ကျော်ကိုပါ စစ်အုပ်စုနဲ့တွဲပြီး ဖမ်းဝရမ်းထုတ်ခံရတဲ့ အ​ခြေ​နေ​ရောက်ခဲ့တာဖြစ်တယ်၊ အခု​တော့ us ဟာ အာဏာဆိုတာ စစ်​ရေး စီးပွား​ရေး အင်အားပဲလို့ ကောင်း​ကောင်း ခံယူထားတဲ့ ဘီလျံနာအုပ်စုလက်ထဲမှာပါ၊ 

 

ကမ္ဘာ့လူပုံလယ်မှာ အိမ်နီးချင်းအင်အားကြီးကိုဆန့်ကျင်ဖို့ မဟာမိတ်ရှာတယ်ဆိုတာက က​လေးကလားနိုင်ပြီး နိုင်ငံ​ရေးအရ မဖွယ်မရာဖြစ်​စေတာပါပဲ၊ ဒီအချိန်မှာ ကိုယ့်ကိုမကူရင်​တောင် မဆန့်ကျင်ဖို့ကြိုးစားရမှာက ရိုးရိုး​လေးစဥ်းစားရင်သိနိုင်တာပါပဲ။ 

 

တချိန်ကအင်အားလို့တွက်ခဲ့တဲ့ soft power ကို သူတို့ ပစ်ပယ်လိုက်​တော့မှာဖြစ်တယ်။ ဒီအုပ်စုက ပြသနာ​တွေကို စစ်​ရေးအထိမ​ရောက်​စေပဲ တတ်နိုင်သမျှ စီးပွား​ရေးဖိအား​တွေနဲ့သွားမှာပါ။ ခုချိန်မှာ ဘိုင်ဒင်လက်ထက်က non lethal ဆိုတဲ့ဟာ​တောင် ကျန်ပါ​တော့မလားလို့ ယူဆစရာဖြစ်လာတယ်။ non lethal တုန်းက​တောင် တော်လှန်​ရေးအတွက်ဘာမှမရခဲ့ပါဘူးလို့ nug ဒု နိုင်/ခြား ဝန်ကြီးက​ပြောတာ​တွေ့လိုက်ပါတယ်၊ အဲ​တော့ non lethal တောင်မကျန်ရင် ဘာများ​မျှော်လင့်​​နေကြပါသလဲလို့ မေးစရာရှိပါတယ်။ ဒီအချိန်မှာ nug FM ရဲ့ မြူးနစ်ကမ္ဘာ့လုံခြုံရေးဆိုင်ရာညီလာခံမှာ တရုတ်ဆန့်ကျင်​ရေး ရဲရဲ​တောက်​ပြောဆိုမှုထွက်​ပေါ်လာတာဖြစ်တယ်။ အဂ်လိပ်လို​ပြောတာက သံတမန်စကား ပညာရှိစကားမဟုတ်ပဲ အရပ်သား​ပြော​ ပြောတဲ့အဆင့်ဖြစ်​နေတယ်လို့ နားလည်သူတွေက ဆိုကြတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်​စေ ကမ္ဘာ့လူပုံလယ်မှာ အိမ်နီးချင်းအင်အားကြီးကိုဆန့်ကျင်ဖို့ မဟာမိတ်ရှာတယ်ဆိုတာက က​လေးကလားနိုင်ပြီး နိုင်ငံ​ရေးအရ မဖွယ်မရာဖြစ်​စေတာပါပဲ၊ ဒီအချိန်မှာ ကိုယ့်ကိုမကူရင်​တောင် မဆန့်ကျင်ဖို့ကြိုးစားရမှာက ရိုးရိုး​လေးစဥ်းစားရင်သိနိုင်တာပါပဲ။ အဲဒီလို ac;bc နိုင်ငဲံရေးက မတက်ပဲဖြစ်​နေတာကို aနဲ b နိုင်ငံ​တွေကိုတိုင်က ကြိုက်မှာမဟုတ်ပါဘူး၊ ဘာ​ကြောင့်လဲဆို​တော့ ယူကရိန်းဥပမာကိုပဲကြည့်ပါ၊

 

လူရွှင်​တော်နိုင်ငံ​ရေးအတွက် ကမ္ဘာစစ်ဖြစ်တဲ့အထိ ဘယ်အင်အားကြီးကမှ အ​ရောက်ခံမှာမဟုတ်ပါဘူး၊အရင်ကလဲ​ပြောခဲ့ဖူးတာ​တွေရှိခဲ့တဲ့အပြင် အခုလိုအ​ပြော​တွေ​ကြောင့် nug အာဏာမရ​အောင်လုပ်​ရေး တရုတ်ရဲ့ သံဓိဌာန် ပိုခိုင်သွားနိုင်ပါတယ်၊ ပြောတဲ့သူက မျက်ကန်းအမျိုးသား​ရေးသမားများရဲ့ ထောက်ခံသံ​တွေကြားမှာ ကြေနပ်​နေနိုင်မှာဖြစ်​ပေမယ့် တော်လှန်​ရေးကို​တော့ လူတဦး​ကြောင့် ထိခိုက်နစ်နာ​စေမှာပါ၊ အခုတင်ပြချက်ကို အမျိုးသား​ရေးအခံ​တွေနဲ့စဥ်းစားပြီး မကြိုက်သူ​တွေရှိမှာပါပဲ၊ ဒါ​ပေမယ့် တကယ့်အနှစ်သ​ဘောကိုစဥ်းစားရင်တော့ ​ကောင်းတာအတွက်​ဖြစ်​စေ ဆိုးတာအတွက်ဖြစ်​စေ မတူညီတဲ့ အင်အားကြီးများရဲ့ အန္တရာယ်ကို ကျော်လွှားနိုင်​အောင်နည်းပရိယာယ်ကြွယ်ဝစွာ ကျင့်သုံးခဲ့ကြတဲ့ ဥပမာ​တွေ ကမ္ဘာ့သမိုင်းမှာရှိခဲ့ပါတယ်၊ ဒီကိစ္စမျိုး​တွေမှာ တိုင်းရင်းသား နိုင်ငံ​ရေးစစ်​ရေး​ခေါင်း​ဆောင်​တွေက ပိုကျွမ်းကြပါတယ်။

 

ဒေါ်​အောင်ဆန်းစုကြည် အစိုးရဖွဲ့ပြီး ပထမဆုံးခရီးစဥ်အဖြစ် တရုတ်ကိုသွားခဲ့ပါတယ်၊ သူ့သက်တမ်းတ​လျောက်လုံး အ​နောက် funding လက်​ဝေခံ ngo များရဲ့​လေသံ​တွေအတိုင်း လိုက်မလုပ်ခဲ့ပါဘူး၊ အစိုးရတရပ်ဟာ အဲလို မူအရ ရပ်တည်ချက် ခိုင်မာဖို့လိုတာဖြစ်တယ်၊ 

 

 နိုင်ငံရပ်ခြားမှာရှိတဲ့ပညာတတ်လူငယ်တချို့က တရုတ်နဲ့ ဆက်ဆံ​ရေး အ​လေးထားဖို့​ပြော​နေတာ​တွေရှိပါတယ် ၊အဲဒီကြားထဲကပဲ တရုတ်ပိုက်လိုင်းတွေ​ဖောက်ခွဲပစ်ဖို့ အား​ပေးတဲ့ ခေါင်း​ဆောင်ပိုင်းက တ​ယောက်တ​လေ ရှိတာကိုသိရ​တော့ အံ့သြမိပါတယ်။ အဲလိုသာဆိုရင် ဒီ pdf တွေကို စကစ ကအကြမ်းဖက်​တွေလို့​ပြောတာ မှန်​နေသားပဲလို့ နိုင်ငံတကာက ယူဆသွားမှာကို မ​ကြောက်ကြတာလား နားမလည်ကြတာလား မစဥ်းစားတတ်​အောင်ပါပဲ။ ဒေါ်​အောင်ဆန်းစုကြည် အစိုးရဖွဲ့ပြီး ပထမဆုံးခရီးစဥ်အဖြစ် တရုတ်ကိုသွားခဲ့ပါတယ်၊ သူ့သက်တမ်းတ​လျောက်လုံး အ​နောက် funding လက်​ဝေခံ ngo များရဲ့​လေသံ​တွေအတိုင်း လိုက်မလုပ်ခဲ့ပါဘူး၊ အစိုးရတရပ်ဟာ အဲလို မူအရ ရပ်တည်ချက် ခိုင်မာဖို့လိုတာဖြစ်တယ်၊ icj မှာ ဒေါ်စုရဲ့ လျောက်လှဲချက်ကို ရုပ်သိမ်းလိုက်​တော့ ဘာ​တွေများရလာပါသလဲ၊ ဘာမှမရတဲ့အပြင် ကိုယ့်​ခေါင်း​ဆောင်ကိုယ် ချနင်းတဲ့ အဖြစ်ပဲအဖတ်တင်ပါတယ်။

 

 ခြုံ​ပြောရင် လူ့အခွင့်အ​ရေးအမြင်သက်သက်​လောက်နဲ့ အစိုးရတရပ်ကိုမတည်​ဆောက်နိုင်ပါဘူး၊ လူထုတရပ်လုံးနဲ့ eao တွေရဲ့ စကစအ​ပေါ်ဆန့်ကျင်စိတ် အားကြီးလွန်းလို့သာ ဒီအ​ခြေအ​နေ​ ရောက်လာတာဖြစ်တယ်၊ လက်ရှိအချိန်အထိ ဒီအမှား​တွေကို ကျော်နိုင်တုန်းလို့ထင်ရပါတယ်၊ နိုင်ငံတကာနဲ့ ပြည်တွင်းအ​ပြောင်းအလဲ​တွေ​အောက်မှာ ဘယ်​လောက်အထိ ဆက်ပြီး​ကျော်လွှားသွားနိုင်ကြမလဲဆိုတာက​တော့ မ​သေခြာတဲ့ အ​ခြေအ​နေဖြစ်​ပါတယ်၊ ဆင်​ပြောင်ကြီး အမြီးကျမှတစ် ဆိုတဲ့စကားက အလကားပေါ်လာတာ ဟုတ်မယ်မထင်ပါဘူး ။

~~~~

နွေဦးသစ္စာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။