ကရင်နီပြည်နယ်၊ လွိုင်ကော်- မိုးဗြဲကားလမ်းပေါ် တက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က သန်းခေါင်ကျော်တိုက်ပွဲဆင်နွှဲခဲ့ရာစစ်သားတွေ သေဆုံးထိခိုက်များနိုင်ကြောင်း The Karenni Information Centre (KnIC)ကထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၂နာရီလောက်က အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လွိုင်ကော်- မိုးဗြဲကားလမ်းမတစ်နေရာမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDFတပ်ရင်း၃)နဲ့ ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားတချို့ထိခိုက်ပျက်စီးသွားကြောင်း ထုတ်ပြန်ထားပါတယ်။
“ဒီနေ့မနက်ကြားရတဲ့သတင်းတွေက ခွေးတွေ သေတာ ထိတာများတယ်တဲ့။ခွေးတွေက လစ်ပြီးထင်ပြီး ညဘက်မှာ သွားတာထင်တယ်။လွတ်ပြီအထင်နဲ့အေးဆေးသွားတဲ့အချိန် အတိုက် ခံရတာ။စခတွေ တော်တော်ထိတာ ဘာလို့သေချာသလဲဆိုတော မနက်က လက်နက်ကြီးတွေနဲ့ ရမ်း ပစ်နေလို့ပဲ”လို့ လွိုင်ကော်မြို့နယ်၊နောင်ယားရပ်ကွက်သားတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာတချို့ကိုလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေပြီး မိုးဗြဲ - လွိုင်ကော် လမ်းမကြီးတစ်လျှောက်လည်း အစစ်ဆေးကြမ်းနေကြောင်း KnIC ကဆိုပါတယ်။
ဒီနေ့မနက် သန်းခေါင်ယံတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိပါဘူး။
~~~~~

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။