Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပြည်ပြေးလူငယ် ရေသည်ပြဇာတ် (Opinion)

၂၀၁၉ ခုနှစ်မှာ ၁၀ တန်းအောင်တော့ ကြယ်ရောင်လရောင်တွေ ဝန်းရံခနေတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရ တော့မှာလိုလို ဒီကောင်လေး သိပ်ပျော်ခဲ့ဖူးတယ်။ ဒီဘက်ခေတ်မှာ ၁၀ တန်းအောင်တယ်ဆိုတာ ဘာမှမဟုတ်တော့ပေမဲ့ ကိုယ့်အတွက်ကိုယ်ကတော့ အရေးကြီးတဲ့ အောင်မြင်မှုတစ်ခုပဲ။

            

ရန်ကုန်နဲ့ သိပ်မဝေးတဲ့ သူ့ မွေးရပ်မြို့လေးကနေ ခဏခွာမယ်။ ဂျီတီစီ သို့မဟုတ် ကွန်ပျူတာတက္က သိုလ် မတက်ခင်စပ်ကြား ကိုယ့်ရဲ့ အင်္ဂလိပ်စာရေချိန်ကိုမြှင့်ဖို့ ရန်ကုန်မြို့တက် သူငယ်ချင်းတွေနဲ့ တိုက်ခန်း စပ်ဌားပြီးနေမယ်။ ကျောင်းတက်ရတဲ့အခါကျရင်တော့ ကျောင်းအနီးနား အဆောင်နေ ကျောင်းသားဘဝ။ ကိုယ့် သဘောကိုယ်ဆောင် ကိုယ့်ဘာသာကြိုက်တာလုပ်။ 

 

အဖေကပြောတယ်။ လူငယ်ဟာ လူငယ်လို နေဖို့လိုတယ်တဲ့။ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲတတ်အောင် လေ့ကျင့်ပေးတဲ့နေရာလည်း ဖြစ်သတဲ့။ 

 

အဖေကပြောတယ်။ လူငယ်ဟာ လူငယ်လို နေဖို့လိုတယ်တဲ့။ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲတတ်အောင် လေ့ကျင့်ပေးတဲ့နေရာလည်း ဖြစ်သတဲ့။ အဲဒါကြောင့် တက္ကသိုလ်တက်ရင် အဆောင်နေကျောင်းသားဘဝနဲ့တက်၊ လူလတ်တန်းစားအဆင့် ကျောင်းသားတစ်ယောက် အများနဲ့ယှဉ်ရင် သိမ်ငယ်စရာမလိုဘဲ သုံးနိုင်တဲ့ ငွေကြေး အဖေတို့ ဖန်တီးပေးနိုင်တယ်။ ဒါပေမဲ့၊ ကျောင်းပြီးလို့ အိမ်ပြန်လာတဲ့အခါ ကျောင်းကသင်ပေးလိုက်တဲ့ပညာ တူတူတန်တန် တတ်မြောက်ဖို့လည်း လိုတယ်တဲ့။ ခေတ်အမြင်ရှိတဲ့ အဖေ့ရဲ့ နားလည်ပံ့ပိုးပေးမယ့်အစီအစဉ်ကြောင့်လည်း သူ အားတက်ခဲ့တယ်။

 

ဒါပေမဲ့၊ ကမ္ဘာကြီးတောင် ဖရိုဖရဲဖြစ်သွားတဲ့ ကိုဗစ်ရောဂါကြောင့် ရန်ကုန်တက် အင်္ဂလိပ်စာသင်မယ့် သူ့အစီအစဉ် ပျက်သွားတယ်။ အမေရိကန်လို တကယ့်နိုင်ငံကြီးတောင် ဗြောင်းဆန်ခဲ့တာဆိုတော့ ဘယ်တတ်နိုင်မှာလဲ။ဒီအချိန်မှာ ရောဂါကူးစက်မခံရရေးဟာ နံပါတ်တစ်။ ကိုယ့်စိတ်ကိုယ် မိမိရရ ချည်နှောင်ကာ အိမ်ထဲမှာသာနေ။ အဖေ့စာအုပ်စင်ထဲကစာအုပ်တွေသာ နာနာဖတ်လို့။ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု နောက် တက်တက်ကြွကြွ လိုက်ပါနေတဲ့ ပြည်သူတွေကြောင့် ကိုဗစ်ဆိုတာ အချိန်တန်ရင် ထိခိုက်မှုအနည်း ဆုံးနဲ့ ပြီးသွားမယ်လို့ သူယုံကြည်ခဲ့တယ်။

 

အဲဒီနောက် ၂၀၂၀ရွေးကောက်ပွဲမှာ NLD ပါတီ ဆက်နိုင်တော့ ကိုယ့်အနာဂတ်ကိုယ် ပိုယုံကြည်ခဲ့ တယ်။ ပထမ ၅ နှစ်တာ NLD အစိုးရလက်ထက် နိုင်ငံတကာအလယ် တိုင်းပြည်လည်း ဂုဏ်သိက္ခာတက်၊ တဖြည်းဖြည်းလည်း ဖွံ့ဖြိုးတိုးတက်လာတာ မျက်မြင်ပဲမို့ အဘိုးတွေ အဖေတွေ ပေးဆပ်ခဲ့သမျှ သူတို့လူငယ်တွေ ခံစားရတော့မှာပဲလို့ အထင်ကြီး ထင်ခဲ့တယ်။

 

“ဆန္ဒပြတာကို စစ်တပ်က ဖြိုခွင်းပြီးတဲ့အချိန်မှာ ကျနော်တောခိုဖို့ လုပ်သေးတယ်။ ဒါပေမဲ့၊ အဖေက အချိန်မရွေး အဖမ်းခံရနိုင်လို့ အမေတစ်ယောက်တည်း ဖြစ်နေမှာဆိုပြီး တားကြလို့ မလုပ်ဖြစ်ဘူး”

 

ဒါပေမဲ့၊ မိုက်ကမ်းလှတဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် သူတို့ လူငယ်တွေ ဒေါသထွက် လမ်းမပေါ်တက် ဆန္ဒပြ၊ အာဏာသိမ်းတဲ့စစ်တပ်ကို လုံးဝအလိုမရှိလို့ စိတ်ရောကိုယ်ပါ နှစ်ကာ သူတို့ ကြွေးကြော်ခဲ့ကြတယ်။

 

“ဆန္ဒပြတာကို စစ်တပ်က ဖြိုခွင်းပြီးတဲ့အချိန်မှာ ကျနော်တောခိုဖို့ လုပ်သေးတယ်။ဒါပေမဲ့၊ အဖေက အချိန်မရွေး အဖမ်းခံရနိုင်လို့ အမေတစ်ယောက်တည်း ဖြစ်နေမှာဆိုပြီး တားကြလို့ မလုပ်ဖြစ်ဘူး”လို့ သူကဆိုတယ်။

 

သူ့ရဲ့အနာဂတ်၊ လူငယ်အားလုံးရဲ့အနာဂတ်တင်မက တစ်တိုင်းပြည်လုံးအနာဂတ်ကိုပါ စစ်အုပ်စုက ရိုက်ချိုးဖျက်ဆီးလိုက်ပြီဆိုတာ ရင်နာနာနဲ့ သူသိခဲ့တယ်။ 

 

သူ့ရဲ့အနာဂတ်၊ လူငယ်အားလုံးရဲ့အနာဂတ်တင်မက တစ်တိုင်းပြည်လုံးအနာဂတ်ကိုပါ စစ်အုပ်စုက ရိုက်ချိုးဖျက်ဆီးလိုက်ပြီဆိုတာ ရင်နာနာနဲ့ သူသိခဲ့တယ်။ တက္ကသိုလ်ဆိုတာကို သူမေ့လိုက်ကာ သူ့မိသားစု စီး ပွားရေး အဖေ့နေရာမှာ ဝင်ကူထမ်းရင် သက်ပြင်းတွေ ပင်လယ်ဝေခဲ့တယ်။

 

“ကျနော်တို့မြို့က လူငယ်တွေ နိုင်ငံခြားထွက်ပြီး အလုပ်ကြမ်းလုပ်နိုင်သူ ထွက်လုပ်ပေါ့။ နည်းနည်း ပါးပါး PDF ဖြစ်သူဖြစ်ပေါ့။ တချို့တွေလည်း ဘယ်ပျောက်လို့ ပျောက်သွားမှန်း မသိဘူး။အများအားဖြင့်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့လို့ လက်ဖက်ရည်ဆိုင်မှာ ငုတ်တုပ်ထိုင်ရင်း မင်းအောင်လှိုင်ကို ဆဲရင်းပေါ့” လို့ သူက ဆိုတယ်။

 

ဒါပေမဲ့၊ ၂၀၂၃ ခုနှစ်ကိုရောက်တော့ သူ့အဖေကို ဖမ်းတော့မယ်ဆိုတဲ့ သတင်း အတိအကျရလို့ မြို့ ပေါ်ကနေ ခဏရှောင်ရတယ်။ အဖေကို ဖမ်းမမိရင် အရွယ်ရောက်နေပြီဖြစ်တဲ့ သူ့ကို ဖမ်းမှာစိုးတာကြောင့် သူ ပါ သူ့အဖေနဲ့အတူ ခဏ တိမ်းရှောင်တယ်။

 

အမှန်တကယ်လည်း သူတို့အိမ်ကို စစ်တပ်က ဝင်စီးတယ်။ အဖေနဲ့သားကို မတွေ့တော့ သူတို့မမျှော်လင့်ထားတဲ့ အမေ့ကို ဖမ်းသွားတယ်။

 

အမှန်တကယ်လည်း သူတို့အိမ်ကို စစ်တပ်က ဝင်စီးတယ်။ အဖေနဲ့သားကို မတွေ့တော့ သူတို့မမျှော်လင့်ထားတဲ့ အမေ့ကို ဖမ်းသွားတယ်။ ပထမတော့ ခဏတဖြုတ် ခေါ်စစ်တာပဲလို့ ပေါ့ပေါ့တွေးလိုက်တယ်။ ဒါ ပေမဲ့၊ ၁ လကျော်အကြာ သူ့အမေ အင်းစိန်ထောင်ထဲကို ရောက်သွားပြီဆိုတော့ သူတို့သားအဖ စိတ်တုံးတုံးချ လိုက်ရတယ်။ နိုင်ငံရေးမလုပ်၊စစ်အုပ်စုကို မတော်လှန်တဲ့ သာမန်ပြည်သူများစွာ စစ်တပ်သတ်လို့ သေကြရ၊ စစ်တပ်မီးရှို့လို့ အိုးအိမ်စည်းစိမ် ပျက်စီးကြရ၊ ကိုယ့်အိမ်ကိုယ် ဘယ်တော့များမှ ပြန်ရောက်မလဲဆိုတာ မသေ ချာတဲ့ စစ်ဘေးဒုက္ခသည်ဘဝများစွာ။ နိုင်ငံရေးနဲ့ မဆိုင်တဲ့ အမေလည်း ထောင်ကျတာ မဆန်းဘူးလို့ ကိုယ့်ဘာသာဖြေသိမ့် လိုက်ရတယ်တဲ့။

 

“အမေ့ကိုတောင် ထောင်ထဲထည့်လိုက်တော့ ကျနော်လည်း မြို့ပြန်လို့မရတော့တာ သေချာသွား တယ်။ ရန်ကုန်မှာ ဒီအတိုင်း ပတ်ရှောင်နေတာ ကြာရင် မလွယ်ဘူးဆိုတော့ ကျနော်တို့သားအဖ လွတ်မြောက် နယ်မြေတစ်နေရာကို ရောက်သွားတယ်။ ကျနော်က PDF လုပ်ဖို့ ကံမပါတော့ တောထဲရောက်ပြီး မကြာဘူး၊ အဖေ ကျန်းမာရေးမကောင်းဖြစ်တယ်။အဲဒါနဲ့ပဲ မဲဆောက်ရောက်လာပြီး ရေသည်ဘဝနဲ့ တောင့်ခံနေရတော့ တယ်”လို့ သူကပြောပြတယ်။

 

လက်ထဲမှာလည်း တစ်နှစ်လောက် အသုံးခံမယ့် ငွေတွေလည်း အသင့် ပါလာတာမို့ ဒုက္ခတွေကြား ပေါ့ပေါ့ပါးပါး ဟာသလုပ်ဖို့ရာ မမေ့တဲ့ သူ့အဖေက “မဲဆောက်မှာ လောလောဆယ် ရပ်တည်ဖို့ အရေးတကြီး လိုတာက ချွေးမတစ်ယောက်ပဲ”လို့ နောက်ပြောင်တာကြောင့် သားအဖနှစ်ယောက် ရယ်လိုက်ကြသေးတယ်။

 

မဲဆောက်မှာ သူ့အဖေမိတ်ဆွေ လူခံတွေ ရှိနှင့်ပြီးသားမို့ အောက်လမ်းကနေ ဝင်ဖို့ကလည်း အိုကေ၊ မဲ ဆောက်ရောက်တော့ ဘယ်မှာသွားနေရမလဲ၊ပြာယာခတ်စရာမလို နှစ်ကိုယ်စာအတွက် ဌားထားတဲ့ စုပေါင်း စပ်ပေါင်း အိမ်တစ်လုံး အဆင်သင့်။ လက်ထဲမှာလည်း တစ်နှစ်လောက် အသုံးခံမယ့် ငွေတွေလည်း အသင့် ပါလာတာမို့ ဒုက္ခတွေကြား ပေါ့ပေါ့ပါးပါး ဟာသလုပ်ဖို့ရာ မမေ့တဲ့ သူ့အဖေက “မဲဆောက်မှာ လောလောဆယ် ရပ်တည်ဖို့ အရေးတကြီး လိုတာက ချွေးမတစ်ယောက်ပဲ”လို့ နောက်ပြောင်တာကြောင့် သားအဖနှစ်ယောက် ရယ်လိုက်ကြသေးတယ်။သူ့အမေကိုတော့ အမေ့ဘက် အရင်းအချာတွေက ထောင်ဝင်စာကိစ္စ တာဝန်ယူထားတာမို့ သိပ်ပူစရာမလို။ ပြီးတော့ သူ့အမေက နိုင်ငံရေးနဲ့ မပတ်သက်ပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်ပြီး သားမို့လည်း စိုးရိမ်စရာမရှိ။

 

သူတို့သားအဖ မဲဆောက်မှာ ၆ လကျော် အထုပ်ဖြည်စားဘဝနဲ့ နေထိုင်ခဲ့ပြီးနောက် ကိုယ့်အိတ်ထဲက ပိုက်ဆံတွေ ကုန်သွားရင် ဘယ်လိုရင်ဆိုင်ကြမလဲလို့ မဖြစ်မနေ တွေးလာရတယ်။ အသက် ၅၀ ကျော်အရွယ် ကျန်းမာရေးလည်း သိပ်မကောင်းတဲ့ အဖေက ကြမ်းကြမ်းတမ်းတမ်း အလုပ်တွေလုပ်ဖို့ ဘယ်လိုမှ မဖြစ် နိုင်။ သူ့အဖေအနေနဲ့လည်း ငွေကြေးကိစ္စ စိုးရိမ်စိတ်ရှိပေမဲ့ သူကိုယ်တိုင် တစ်ခုခုထွက်လုပ်နိုင်ခြင်းမရှိလေတော့ သူ့သားခေါင်းပေါ် ပုံချလိုက်တာမျိုး လုပ်ချင်ပုံမရတာကြောင့် တိတ်တိတ်ဆိတ်ဆိတ်။

 

ရေသန့်ပို့တဲ့အလုပ်ကို သူ စရတယ်။ တနေကုန် နေပူကြီးထဲ ကားတစ်စီးနဲ့ပတ်ရတဲ့အလုပ်ကို တက္ကသိုလ်တက်ဖို့ စိတ်ကူးယဉ်နေတဲ့အချိန်က အမြင်နဲ့ဆိုရင်တော့ သိပ်ပင်ပန်းတဲ့ အလုပ်ပေါ့။

 

သူတို့သားအဖ ရပ်တည်ရေးနဲ့ အမေ ထောင်ကလွတ်ရင် မဲဆောက်မှာ မိသားစု ပြန်ဆုံနိုင်ရေး သူ့အ ပေါ် လုံးလုံးလျားလျား တာဝန်ရှိနေပြီလို့ သူခံယူလိုက်တယ်။ စိုက်ပျိုးရေး၊ ပန်းရန် အဲဒီလို ကြမ်းတာမျိုး ရေရှည် သူ မလုပ်နိုင်မှန်းသိတယ်။ အဲဒီလောက် မကြမ်းတဲ့အလုပ်မျိုးရဖို့ မျက်စိလျင်လျင်၊ နားရှင်ရှင်၊ နှုတ်ချိုချိုနဲ့ လိုက်လို့ရှာ။ မဲဆောက်မှာ တရားမဝင်ရပ်တည်နေတဲ့ နိုင်ငံရေးပြည်ပြေးတစ်ယောက်ရဲ့ သားကလည်း တရား မဝင်ပဲမို့ ဘယ်လွယ်ပါ့မလဲ။

 

ဒါပေမဲ့၊ ရေသန့်ပို့တဲ့အလုပ်ကို သူ စရတယ်။ တနေကုန် နေပူကြီးထဲ ကားတစ်စီးနဲ့ပတ်ရတဲ့အလုပ်ကို တက္ကသိုလ်တက်ဖို့ စိတ်ကူးယဉ်နေတဲ့အချိန်က အမြင်နဲ့ဆိုရင်တော့ သိပ်ပင်ပန်းတဲ့ အလုပ်ပေါ့။အခုပြည်ပြေး ဘဝအမြင်ကတော့ ပန်းရန်ထက်စာရင် အများကြီးသက်သာတဲ့အလုပ်။ တနေကုန် ပူပြင်းတဲ့ နေမင်းအောက် အင်္ကျီလက်ရှည်ဝတ်ကာ ချွေးဒီးဒီးကျ ခုခံထားရတာကလွဲ ဘာပဲဖြစ်ဖြစ် အဆင်ပြေတဲ့ အလုပ်။

 

အမေထောင်ကလွတ်ရင် မဲဆောက်ခေါ်မယ်။ တစ်နေကုန်ပင်ပန်းလွန်းတော့ ညရောက်ရင် ခေါင်းချလိုက်တာနဲ့ တချိုးတည်း အိပ်ပျော်သွားတယ်။ ဘယ်ကျောင်းမှ မတက်နိုင်ရင်နေ အင်္ဂလိပ်စာတော့ တတ်အောင်သင်မယ်ဆိုတဲ့ သူ့ရည်မှန်းချက် အခုလောလော ဆယ်မေ့ထားလိုက်ရတယ်။

 

အခုတော့ စန်ပလောတစ်စီးနဲ့ ကိုယ်ပိုင်ရေသန့်သည်ဘဝသို့ တက်လှမ်းနိုင်ခဲ့တယ်။တစ်နေ့ကို ဘတ် ၂၀၀ လောက်ကျန်တယ်။ သားအဖ ၂ ယောက် လောက်ဌတယ်။ အမေထောင်ကလွတ်ရင် မဲဆောက်ခေါ်မယ်။ တစ်နေကုန်ပင်ပန်းလွန်းတော့ ညရောက်ရင် ခေါင်းချလိုက်တာနဲ့ တချိုးတည်း အိပ်ပျော်သွားတယ်။ ဘယ်ကျောင်းမှ မတက်နိုင်ရင်နေ အင်္ဂလိပ်စာတော့ တတ်အောင်သင်မယ်ဆိုတဲ့ သူ့ရည်မှန်းချက် အခုလောလော ဆယ်မေ့ထားလိုက်ရတယ်။ အဲဒီရည်မှန်းချက်ကို ဘယ်တော့များမှ အကောင်အထည်ဖော်နိုင်မှာလဲဆိုတာ မ တွေးမိအောင် သူကြိုးစားခဲ့တယ်။ အရင်တုန်းက သူ့အိပ်မက် တက္ကသိုလ်တက်ဖို့ဆိုတာလည်း သူ ဘယ်စဉ်း စားနိုင်တော့မလဲ။

 

ဘာပဲဖြစ်ဖြစ် မဲဆောက်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ထက် အရေးကြီးတာ ဘာ ရှိဦးမှာလဲ။ ရေသန့်လာပါပြီ ဆိုတဲ့အသံကိုသာ ဌာန်းကရိုဏ်းကျကျ အော်နိုင်ဖို့ သူ ကြိုးစားနေရတယ်။ ဘာပဲ ဖြစ်ဖြစ် သေနတ်မကိုင်နိုင်သေးတဲ့ သူ့ဘဝကို မကျေနပ်မိတာလွဲ သူ ကြံ့ကြံ့ခံနေပါတယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။