Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ငါတို့ရပ်တန့်လို့မရဘူးအောင်ခန့်ဇော် (Poem)

ငါတို့ရပ်တန့်လို့မရဘူး

သားကြီးအောင်ခန့်ဇော်။

 

တောင်ကျချောင်းဆိုတာ

ဘယ်တော့မှ

နားနားပြီးမစီးဘူး။

 

ငါတို့ရပ်တန့်နေလို့မဖြစ်ဘူး

ဂျပန်ကြီးအောင်ခန့်ဇော်။

 

ကိုယ်ကကျားကိုမသတ်ရင်

ကျားကကိုယ့်ကို

သတ်မှာပဲ။

 

ငါတို့ရပ်နားနေလို့မရဘူး

အောင်ခန့်ဇော်။

 

ရခိုင်ရိုးမ

အာရက္ခက

မင်းကိုခေါ်နေပြီ

ပြန်လာခဲ့တော့အောင်ခန့်ဇော်။

 

ရခိုင်ရိုးမ

ထိုးစစ်လှပြီ

တောင်ကျချောင်းဆိုတာ

ဘယ်တော့မှ

နားနားပြီးမစီးဘူး။

 

ကျိန္တလီကျပြီ

ဂွကိုရရင်

ငါးသိုင်းချောင်း

ရေကြည်

အင်္ဂပူ။

 

ဆယ့်လေးမျဥ်းစောင်း

ခွပ်တဲ့ဒေါင်းမှာ

မောင်းပြန်တွေပြင်ကြတော့။

 

သာလီစွပါ

ကျိန္တလီကျပြီ

ဂွကိုရရင်

ချောင်းသာ

ငွေဆောင်

ငရုတ်ကောင်း။

 

ဆယ့်လေးမျဥ်းစောင်း

ခွပ်တဲ့ဒေါင်းမှာ

မောင်းပြန်တွေဆင်ကြတော့။

 

ရခိုင်ရိုးမအရှေ့

ထိုးစစ်ရွေ့ပြီ

တွေ့လားတွေ့လား

ရှေ့ကမြစ်ဝကျွန်းပေါ်။

 

မြစ်ဝကျွန်းပေါ်ဆိုတာ

အရေးတော်ပုံတိုင်းမှာ

သမိုင်းအရအမြဲအရေးပါတယ်။

 

ရခိုင်ရိုးက

ထိုးစစ်မျှရင်

မြစ်ဝကျွန်းပေါ်

တိုက်ပွဲဖော်မယ်

အောင်ခန့်ဇော်

မင်းပြန်ခဲ့တော့။

 

မင်းပြန်ခဲ့တော့အောင်ခန့်ဇော်

မြစ်ဝကျွန်းပေါ်

မင်းကိုခေါ်နေပြီ။

 

ငဝံကမင်းကိုခေါ်နေပြီ

ရွေးက

ပြာမလော့က

ပမ္မဝတီက

တိုးကမင်းကိုခေါ်နေပြီ

မင်းပြန်လာခဲ့တော့အောင်ခန့်ဇော်။

 

ငါတို့ဟာ

နတခဧရိယာကြီးထဲမှာ

သမိုင်းဝင်ခဲ့ကြတယ်။

 

အခုငါတို့

နတခဧရိယာကြီးထဲမှာ

တိုက်ပွဲဝင်ကြရတော့မယ်။

 

ရခိုင်ရိုးမ

မိုးသည်းစွလေ

နပခကြီးမိုးချုပ်ရင်။

 

အနောက်တောင်တိုင်းစစ်ဌာနချုပ်တဲ့

ရမခကြီးမိုးချုပ်သလို

လှလှပပကြီးမိုးချုပ်သွားစေရမယ်။

 

ငါတို့

ပုသိမ်မှာပြန်ဆုံကြမယ်အောင်ခန့်ဇော်

မြစ်ဝကျွန်းပေါ်မှာ

ငါတို့ပြန်ဆုံကြမယ်။

 

ငါတို့ဘယ်နေရာမှာဆုံဆုံ

ရန်မူမဲ့

ရန်သူနဲ့ကြုံရမယ်။

 

မြစ်ဝကျွန်းပေါ်ဟာ

ချောင်းတွေမြောင်းတွေပေါသလို

သူလျှိုတွေဒလန်တွေ

ပဥ္စမံတွေလည်းပေါတယ်လေ။

 

မြစ်ဝကျွန်းပေါ်မှာ

ဖွတ်တွေများသလို

ဖွတ်သေရင်တစ္ဆေမဖြစ်ဘူး

ပျူစောထီးဖြစ်တယ်လေ။

 

ပုသိမ်မှာ

နတခ(ဌာနချုပ်)တောင်ပေါ်

ခလရ(၃၈)ရွှေမြင်တင်

တဗက(၅)ဝါးယားချောင်း

ဟိုတုန်းက

ထလရ(၄)ရန်ကင်းတောင်

ခမရ(၃၀၈)လေယာဥ်ကွင်း

ကျန်တာလက်ရုံးတပ်

၄၁၄ Signal

၄၂၄ Supply

၄၃၄ စစ်မြေပြင်ဆေးတပ်ရင်း

၄၄၄ COD

၄၅၄ BEME

၄၆၄ တပ်ထိန်း/တပ်ခွဲ

၉၀၄ BE

၉၅၅ GE

ကျန်တာပြည်သူ့စစ်။

 

ဟိုင်းကြီးကျွန်းမှာရေတပ်

မြန်အောင်မှာ ခလရ(၅၁)

ဟင်္သာတမှာ ခလရ(၁၈)

မြောင်းမြမှာ ခလရ(၉၃)

ကျုံပျော်မှာ ခလရ(၃၆)

မအူပင်မှာ ခလရ(၂၇)

ဖျာပုံမှာ ခလရ(၉၈)

ကျန်တာရဲစခန်းတွေဖြစ်တယ်။

 

မြစ်ဝကျွန်းပေါ်စစ်ပွဲ

မြစ်ထဲ

ငါတို့နွှဲရမယ်။

 

စစ်မတိုက်ခင်

မြစ်တွေဆီက

သင်ခန်းစာယူရမယ်။

 

မြစ်တွေနဲ့ယဥ်ပါး

ငါတို့

စစ်ကစားရင်။

 

ထော်ပိုင်ကိုသင်ခန်းစာယူ

ငွေသောင်ယံကိုသင်ခန်းစာယူ

တစ်ချက်တစ်ကောင်ချစ်လေးမောင်ကို

သင်ခန်းစာယူ

ထွန်းလင်းယုန်နဲ့ရွှေလင်းယုန်ကိုသင်ခန်းစာယူ

သိလ္လာကိုသင်ခန်းစာယူ

မေယုကတိုင်တစ်ရာကိုပစ်ခဲ့တာ

သင်ခန်းစာယူ

တပ်မဟာ(၈)စီမံချက်သင်ခန်းစာယူ။

 

ဘဝမှာ

မြစ်ဝကျွန်းပေါ်ကနေ

ဆုတ်ခွာခဲ့ရတဲ့နာကျင်မှုတွေ

အမိုးနန်းကျင်ရွှေကိုမေးကြည့်။

 

တစ်ခါတုန်းက

ငါတို့ဟာ

နတခကြီးသိမ်းခဲ့ကြဖူးတယ်

ဒေါ်အောင်ဆန်းစုကြည်မေးကြည့်။

 

ရခိုင်ရိုးက

ထိုးစစ်မျှရင်

မြစ်ဝကျွန်းပေါ်

တိုက်ပွဲခေါ်မယ်။

 

အောင်ခန့်ဇော်

မင်းပြန်လာတော့

မင်းအိပ်မက်တွေလာမက်တော့။

 

တောင်ကျချောင်းဆိုတာ

နားနားပြီး

စီးလို့ရတာမဟုတ်ဘူး။

 

ရခိုင်ရိုးမ

အာရက္ခဟာ

ရပ်တန့်မနေဘူး။

 

သာလီစွပါ

ဂွကိုရရင်

ငါးသိုင်းချောင်း

ရေကြည်

အင်္ဂပူ။

 

သာလီစွပါ

ဂွကိုရရင်

ချောင်းသာ

ငွေဆောင်

ငရုတ်ကောင်း။

 

ဆယ့်လေးမျဥ်းစောင်း

ခွပ်တဲ့ဒေါင်းမှာ

ခေါင်းလောင်းထိုးကြ၊ စစ်ပွဲစလော့

ငါတို့

ရပ်တန့်နေလို့မရဘူး။

 

ရခိုင်ရိုးမ

အချက်ပြပြီ

ငါတို့

ရပ်တန့်နေလို့မဖြစ်ဘူး။

 

အောင်ခန့်ဇော်

မင်းပြန်ခဲ့တော့။ ။

......................

(၉၊ ၁၃၊ ၂၀၂၄)

ပုသိမ်ခရိုင်၊ တပ်ရင်း(၁)၊ တပ်ခွဲ(၄)၊

တပ်ခွဲမှူး အောင်ခန့်ဇော်(ခ)ဂျပန်ကြီး

မတ် ၂၂၊ ၂၀၂၄ ကျဆုံးသည်။

~~~~

အောင်ဝေး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။