မဲဆောက်မှာ လက်ရှိကျနော်နေတဲ့အခန်းနဲ့ ဘေးချင်းကပ်လျက်အခန်းက ကြောင်တစ်ကောင် မွေးထားတယ်။ ကြောင်ရဲ့အရောင်က ရွှေဝါရောင်ဖျော့ဖျော့။ မျက်လုံးတွေက ခပ်ပါးပါး တိမ်တစ်အုပ် ဖုံးအုပ်ထားသလို ခပ်မှိုင်းမှိုင်းအဝါရောင်။ ပုံမှန်ဆို အဝါရောင်ရဲ့ သဘောက ပေါ့ပေါ့ပါးပါး ဖြစ်နေတာ၊ အကောင်းမြင်တတ်တာ၊ နေရောင်ခြည်လို နွေးထွေးတာ၊ ပျော်ရွှင်တာ၊ စိတ်ကူးယဉ်တာ စသဖြင့် ရှိတယ်။ ဒါ့အပြင် ဆန့်ကျင်ဘက်သဘောအနေနဲ့ ဆာလောင်မွတ်သိပ်တာ၊ မနာလိုတာ၊ လောဘကြီးတာတွေနဲ့ သူရဲဘောကြောင်တာတွေလည်း ရှိသေးတယ်။ ကျနော့်နဲ့ အခန်းချင်းကပ်လျက်ကြောင်ကတော့ ဘယ်အဝါရောင် အမျိုးအစားထဲ ပါနေမလဲ မသိ။ ဒါမှမဟုတ် သဘောတရား နှစ်ခုစလုံးလည်း ဖြစ်နိုင်တာပဲ။
ကျနော် ပြောင်းလာပြီး စတွေ့တဲ့နေ့ကတည်းက ပထမဆုံး သတိထားမိတာက အဲဒီကြောင်ရဲ့ ခြောက်ကပ်နေတဲ့ ခပ်မှိုင်းမှိုင်း အဝါရောင် မျက်လုံးတွေပဲ။ ဒါပေမဲ့ အဲဒါကလွဲလို့ သူက ကြောင်တစ်ကောင်မှာ ရှိရမယ့် ပုံစံဟန်ပန်၊ သွားလာလှုပ်ရှားမှု၊ အသံအနေအထား အားလုံးပြည့်စုံတယ်။ မြန်မာကြောင်အများစုမှာ အတွေ့ရများတဲ့ မေးချွန်ပုံစံမျိုး မဟုတ်ဘဲ မျက်နှာဝိုင်းဝိုင်းနဲ့ မြန်မာပြည်ဘက်ကလာတဲ့ ရှေ့နေစီဒီအမ်အမျိုးသမီးတစ်ယောက်မွေးထားတာကြောင့် မြန်မာစကားလည်း ကောင်းကောင်းနားလည်ဟန်တူရဲ့။ တစ်ခုပဲ အဲဒီကြောင်ကို သခင်ဖြစ်သူအမျိုးသမီးက တချိန်လုံး အိမ်ထဲမှာ လည်ပင်းကို တိုင်နဲ့ ကြိုးချည်ထားတာ။
ကြောင်တစ်ကောင်အနေနဲ့ သူက ဘယ်လိုကြောင်လဲ၊ သူ့ အစွမ်းအစတွေ ဘယ်လိုရှိမလဲ၊ ခြံစည်းရိုးရဲ့ တဖက်မှာ ဘာရှိနေမလဲ ဆိုတာမျိုးတွေက သူ့ရဲ့စူးရှတဲ့ မျက်လုံးမှာ တိမ်ပါးပါး တအုပ်က အချိန်ကြာမြင့်စွာ အမြစ်တွယ် ဖုံးအုပ်လိုက်သလိုမျိုး အရာရာဟာ မှေးမှိန်ငြီးငွေ့လို့။
ပုံမှန်ဆို ကြောင်ရဲ့လည်ပင်းသိုင်းကြိုးကို အိမ်ရှေ့ခန်းက သံပန်းနဲ့ တွဲဆက်ချည်နှောင်ထားပြီး နေ့ခင်း ၂ နာရီဝန်းကျင်လောက်မှာတော့ အခန်းအပြင်ကို ကြောင်သခင်က ကြောင်ထွက်ကျောင်းလေ့ ရှိတယ်။ ခွေးတွေ ထွက်ကျောင်းသလိုပေါ့။ လည်ပင်းကြိုးကို ကိုင်ပြီး အညောင်းပြေ အညာပြေ လမ်းလျှောက်ထွက်တာ။ ဒါပေမဲ့ ကျနော့်အခန်းဘေးက ကြောင်ကတော့ ခြံပြင်ကို တစ်ခါမှ ထွက်ကျောင်းခံရဖူးပုံတောင် မရဘူး။ ခြံပြင်မှာ ကြောင်ထက်အဆများစွာ ကြီးမားတဲ့ ခွေးတွေက ဟိုနား ဒီနား ရှိနေတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မကြုံရအောင် ကြောင်သခင်က ကြောင်ကို အပြင်ပေးမထွက်သလို လည်ပင်းကြိုးကိုလည်း တစ်ခါမှ ဖြည်လျော့မပေးတာလည်း ဖြစ်မယ်။
အဲဒီတော့ ကြောင်ကလည်း ငယ်ဘဝရဲ့ လေ့လာစူးစမ်းမှုမျိုးတွေဟာ သူနဲ့မဆိုင်တော့သလို ကြီးပြင်းလာတယ်။ ပြောရရင် ကြောင်တစ်ကောင်အနေနဲ့ သူက ဘယ်လိုကြောင်လဲ၊ သူ့ အစွမ်းအစတွေ ဘယ်လိုရှိမလဲ၊ ခြံစည်းရိုးရဲ့ တဖက်မှာ ဘာရှိနေမလဲ ဆိုတာမျိုးတွေက သူ့ရဲ့စူးရှတဲ့ မျက်လုံးမှာ တိမ်ပါးပါး တအုပ်က အချိန်ကြာမြင့်စွာ အမြစ်တွယ် ဖုံးအုပ်လိုက်သလိုမျိုး အရာရာဟာ မှေးမှိန်ငြီးငွေ့လို့။
ကြောင်တစ်ကောင်ရဲ့ ဖြစ်တည်မှုဆိုတာကို မေ့လျော့စေတဲ့အထိ သခင်ရဲ့ အချစ်ခံရတဲ့ ကြောင်ဟာ ဘေးအခန်းက ကြောင်လို့တော့ ကျနော် အတတ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူတစ်ခါမှ ထွက်ပြေးဖို့ ရုန်းကန်နေတာမျိုးလည်း မတွေ့ရဘူး။ လွတ်လပ်မှုဆိုတာ သူ့အတွက် မွေးကတည်းက ဘာမှန်းတောင် သိပုံမရခဲ့တဲ့ပုံပဲ။
တကယ်တော့ ဒါဟာ မြို့ပြကြောင်တွေမှာ ကြုံကို ကြုံရတဲ့ နေ့စဉ်ကြောင်နေထိုင်မှု ဘဝ။ လမ်းမတွေ မဆိုထားနဲ့ လမ်းသွယ်တွေမှာတောင် ကားတွေက တဝီဝီ။ ခွေးတွေက တစီစီ။ လေ့လာစူးစမ်းချက်စစ်တမ်းတွေအရ သတ္တဝါငယ်လေးတွေရဲ့ ထက်ဝက်ခန့် ပျက်စီးဆုံးရှုံးမှုဟာ ကားလမ်းတွေပေါ်မှာပဲတဲ့။ ဒါကြောင့်ပဲ မြို့ပြသခင်အတော်များများက သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးမြူရာမှာ ပုံစံပြောင်းလာခဲ့တယ်။ အိမ်ထဲမှာပဲ ကလေးငယ်တစ်ယောက်လို ထားတယ်။ တချို့က အိမ်လေးတွေ ဝယ်ပေးကြသလို တချို့က ကြောင်လှောင်အိမ်တွေနဲ့ ထားတယ်။ သီးသန့် ကြောင်စာနဲ့ အိမ်သာခွက်တွေ၊ သီးသန့်အိပ်ရာနဲ့ ရေမွှေးပုလင်းတွေ၊ သီးသန့်ကစားကွင်းတွေ၊ ကြောင်သစ်ပင်တွေနဲ့ ဇိမ်ကျတဲ့ ကြောင်တစ်ကောင်ဖြစ်လာရတယ်။
ကြောင်တစ်ကောင်ရဲ့ ဖြစ်တည်မှုဆိုတာကို မေ့လျော့စေတဲ့အထိ သခင်ရဲ့ အချစ်ခံရတဲ့ ကြောင်ဟာ ဘေးအခန်းက ကြောင်လို့တော့ ကျနော် အတတ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူတစ်ခါမှ ထွက်ပြေးဖို့ ရုန်းကန်နေတာမျိုးလည်း မတွေ့ရဘူး။ လွတ်လပ်မှုဆိုတာ သူ့အတွက် မွေးကတည်းက ဘာမှန်းတောင် သိပုံမရခဲ့တဲ့ပုံပဲ။
နောက်တစ်နေ့ပဲ အဲဒီဘေးအိမ်ကကြောင်ရဲ့ သခင်ဖြစ်သူတွေ အပြင်က ပြန်ရောက်လာတယ်။ “ သားကြီးကို သင်းထားတော့ အညှော်တွေ ဂရုစိုက်ရမယ်” လို့ ပြောနေတယ်။ သူတို့လက်ထဲမှာတော့ လည်ပတ်ကြိုးတန်းလန်းနဲ့ မြို့ပြကြောင်က ခပ်မှိုင်းမှိုင်းလိုက်ပါလို့။
တစ်နေ့က ညနေခပ်စောင်းစောင်းအချိန်မှာ ဘေးအိမ်က ကြောင်က တညောင်ညောင်နဲ့ အဆက်မပြတ် အော်တယ်။ နောက်တစ်နေ့ပဲ အဲဒီဘေးအိမ်ကကြောင်ရဲ့ သခင်ဖြစ်သူတွေ အပြင်က ပြန်ရောက်လာတယ်။ “ သားကြီးကို သင်းထားတော့ အညှော်တွေ ဂရုစိုက်ရမယ်” လို့ ပြောနေတယ်။ သူတို့လက်ထဲမှာတော့ လည်ပတ်ကြိုးတန်းလန်းနဲ့ မြို့ပြကြောင်က ခပ်မှိုင်းမှိုင်းလိုက်ပါလို့။ နဂိုကတည်းက အိမ်ပြင်ကိုတောင် လည်ပတ်ကြိုးမပါဘဲ တစ်လှမ်းမှ မလှမ်းဖူးတဲ့ ကြောင်ကို ကြောင်သဘာဝပါ ကိစ္စပြတ်အောင် တစ်ခါတည်း မျိုးတုန်းလိုက်ကြတယ်။
အဲဒီတော့ ကြောင်အနေနဲ့ကလည်း သူအချစ်ခံနေရတဲ့ သခင်ရဲ့အိမ်မှာ အချိန်တန်လို့ စားစရာ အဆင်သင့်၊ နေစရာအဆင်သင့်၊ အသက်အန္တရာယ်အတွက်ကလည်း စိုးရိမ်စရာ စိုးစဉ်းမျှ မရှိ၊ သခင်ထားရာနေ စေရာသွားဘဝကို ရွေးချယ်မလား၊ ကြောင်တစ်ကောင်ရဲ့ ဖြစ်တည်မှုဆိုတာကို ရွေးချယ်ရမလားဆိုတာကိုတောင် စဉ်းစားလိုက်နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာရွေးချယ်ခွင့်လည်း ရှိမနေဘူး။
ကျနော်တို့ရဲ့ နေ့စဉ်ရှင်သန်မှုဘဝမှာလည်း ကျနော်တို့က အခြားသူတစ်ယောက်ရဲ့ ပုံစံခွက်ထဲ စနစ်တခုထဲမှာ ပိတ်မိသွားရင် မွေးရာပါ လွတ်လပ်ခွင့်တောင် ဘာမှန်းမသိတော့ဘဲ သခင်ရဲ့လက်ထဲ ပိတ်မိနေတဲ့ ကြောင်တွေလို ဖြစ်သွားမှာပဲ။
ကြောင်က အိမ်ကို ပြန်ရောက်လာပြီး နှစ်ရက်မြောက်နေ့မှာ တနေ့က သူအော်မိတာကို ပြန်အမှတ်ရသွားလို့ပဲလား မသိ တညောင်ညောင်နဲ့ အဆက်မပြတ် ထပ်အော်တယ်။ ဒါပေမဲ့ သိပ်တော့ မကြာလိုက်။ ကြောင်က သူ ဘာကြောင့် အော်နေမိတယ်ဆိုတာ မရေရာတော့ပုံမျိုးနဲ့ တဖြည်းဖြည်း အသံတိမ်ဝင်သွားတယ်။ နောက်တော့ အသံပါ ပျောက်သွားတယ်။ ထုံးစံအတိုင်း သူ့ကို အိမ်ရှေ့ သံပန်းတခါးနဲ့ သူ့လည်ပတ်ကြိုး ချည်ထားတယ်။ နေ့လယ်၂ နာရီလောက်ကျတော့ အရင်အတိုင်း သခင်က ခွေးကျောင်းသလို ခြံထဲ ဟိုဟို ဒီဒီ ထွက်ကျောင်းတယ်။ သူ့မျက်လုံးထဲက တိမ်တွေ အရင်ထက် ပိုဝါးလာတယ်။
ကျနော်တို့ရဲ့ နေ့စဉ်ရှင်သန်မှုဘဝမှာလည်း ကျနော်တို့က အခြားသူတစ်ယောက်ရဲ့ ပုံစံခွက်ထဲ စနစ်တခုထဲမှာ ပိတ်မိသွားရင် မွေးရာပါ လွတ်လပ်ခွင့်တောင် ဘာမှန်းမသိတော့ဘဲ သခင်ရဲ့လက်ထဲ ပိတ်မိနေတဲ့ ကြောင်တွေလို ဖြစ်သွားမှာပဲ။
လက်ရှိ ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့ မဲဆောက်မှာ နေထိုင်ရတဲ့ ကျနော်တို့အဖို့လည်း ကြောင်တွေနဲ့ သိပ်မထူး။ ကြောင်တွေလို အချစ်ခံရတာ၊ အဆင်သင့် နေထိုင်ရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ကောင်စီကို တော်လှန်ရင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာတွေဟာ ထိုင်းရဲတွေရဲ့ အဖမ်းအဆီး ကြမ်းမှုတွေကြား ခေါင်းမဖော်နိုင်အောင် သင်းကွပ်ခံနေကြရသလိုပါပဲ။
တကယ်တော့ ဒီလိုကိစ္စမျိုးတွေက အခုမှ ဖြစ်လာတာတော့ မဟုတ်ဘူး။ ထိုင်းမှာ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးဖို့ စီမံချက်လုပ်တိုင်း ဒါမှမဟုတ် ထိုင်းနိုင်ငံမှာ နိုင်ငံရေးမူဝါဒ အပြောင်းအလဲနဲ့ ကြုံတိုင်း ဒီလို အဖမ်းအဆီးကြမ်းတာတွေက ရှိပြီးသား။ ဖမ်းမိပြန်ရင်လည်း ထိုင်းလဝက အချုပ်ထဲက လွတ်ဖို့က ငွေကုန်ကြေးကျ အဆမတန် များပြားတဲ့အပြင် မြန်မာပြည်ဘက်ခြမ်းကို အမှိုက်တွေလို ပြန်သွန်ခံရလို့ စစ်ကောင်စီလက်ထဲရောက်သွားရင်လည်း အသက်နဲ့ကိုယ် အိုးစားကွဲရမယ့် အခြေအနေ။
မဲဆောက်မှာ ကျနော်တို့လို မြန်မာတွေအတွက် နေမှုထိုင်မှုဆိုတာ တကယ်က အကျယ်ချုပ်ပဲ။ တွင်းအောင်းသတ္တဝါတွေလို နေ့စဉ်ဘဝတွေကို ဖြတ်သန်းရင်း ရံဖန်ရံခါ ထွက်ထိုင်ဖြစ်ကြတဲ့ လက်ဖက်ရည်ဆိုင်တွေဆိုတာကလည်း ဒီလို အဖွဲ့စုံလာရောက်ဖမ်းဆီးတာမျိုးနဲ့ကြုံရင် အရပ်စကားနဲ့ပြောရရင် နားကားတာပါပဲ။
ကျနော်ကိုယ်တိုင်လည်း လက်ရှိမဲဆောက်မှာ တရားမဝင်နေထိုင်ရတာကြောင့် မဖြစ်မနေ အရေးတကြီးကိစ္စကလွဲလို့ အပြင်မထွက်ဖြစ်။ ဒါတောင် ကလေးကျောင်းပို့ကျောင်းကြိုအတွက် အရဲစွန့်ပြီး သွားရတဲ့အချိန်တွေမှာဆို ကျနော့်မှာ ဖြစ်နိုင်ရင် ကိုယ်ယောင်ပါ ဖျောက်ထားချင်တာ။ မဲဆောက်မှာ ကျနော်တို့လို မြန်မာတွေအတွက် နေမှုထိုင်မှုဆိုတာ တကယ်က အကျယ်ချုပ်ပဲ။ တွင်းအောင်းသတ္တဝါတွေလို နေ့စဉ်ဘဝတွေကို ဖြတ်သန်းရင်း ရံဖန်ရံခါ ထွက်ထိုင်ဖြစ်ကြတဲ့ လက်ဖက်ရည်ဆိုင်တွေဆိုတာကလည်း ဒီလို အဖွဲ့စုံလာရောက်ဖမ်းဆီးတာမျိုးနဲ့ကြုံရင် အရပ်စကားနဲ့ပြောရရင် နားကားတာပါပဲ။ ကျနော်တို့တစ်ဦးချင်းဆီမှာရှိတဲ့ သိမှုနဲ့အယူအဆတွေဆိုတာကလည်း လက်တွေ့မှာ လဝကအချုပ်ထဲ ပစ်ဝင်ရတာပဲ။ ကျနော်တို့ ဘာတတ်နိုင်မှာမို့လဲ။
အဲဒီတော့ ကျနော်တို့ဘဝတွေကို တတ်နိုင်သလောက် အပြင်မထွက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် မဖိတ်မစင်အောင် ချွေးသိပ်နေထိုင်ကြဖို့ပဲ။ ပုလင်းခွံအလွတ်တစ်လုံးနဲ့တူတဲ့ ကျနော်တို့ရဲ့အခန်း၊ ကျနော်တို့ရဲ့ ခြံဝန်းထဲမှာ ကျနော်တို့ရဲ့ ဖြစ်တည်မှုတွေကို အသားကျအောင် ကိုယ့်လည်ပင်းကိုယ် ထူးခတ်ထားဖို့ပဲ။ ပြောရရင် ကျနော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာတွေပါ နံပါတ်အသေးဆုံးထိ ချုံ့ထားပြီး လိုအပ်ရင် ပုလင်းဝမှာ ဖော့ဆို့ပါ ပိတ်ကျပ်ထားရမလိုပါပဲ။ ကြာရင် ကျနော်တို့ရဲ့ မျက်လုံးတွေမှာလည်း ဘေးချင်းကပ်လျက်အခန်းက ကြောင်လို မွဲခြောက်ခြောက် တိမ်တွေ စွဲကပ်လာမှာပေါ့။ အဲဒီနောက် ကြောင်သခင်တွေကိုယ်တိုင် ကြောင်တွေအဖြစ် ပြောင်းလဲသွားတာကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် သိလာရတော့မှာ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။