Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အောင်မြင်သောနှစ်များအပြီး နှစ်သစ်အကြိုမျှော်မှန်းချက် (Opinion)

တဆင့်ချင်းတိုးတက်လာတဲ့ နွေဦး​တော်လှန်​ရေးဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ  ​တော်လှန်​ရေးတပ်ဖွဲ့​တွေအတွက် ပိုမိုကြီးမားတဲ့ အောင်ပွဲ​တွေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ နွေဦး​တော်လှန်​ရေးရဲ့  ၄ နှစ်တာအတွင်းရရှိခဲ့တဲ့ အောင်ပွဲ​တွေဟာ လွတ်လပ်​ရေးရပြီး​နောက်ပိုင်း အများဆုံးနဲ့ အခိုင်မာဆုံး​အောင်ပွဲ​တွေလို့ဆိုနိုင်ပါတယ်။ ဒီကာလအတွင်း တော်လှန်​ရေးတပ်​တွေသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့  ၉၃ မြို့နဲ့ တိုင်းစစ်ဌာနချုပ် နှစ်ခုရှိခဲ့တယ်။ 

 

အ​စောပိုင်းကာလက တပ်ရင်းမှူး ဒုဗမက အဆင့်​တွေ ကျဆုံး ကူး​ပြောင်းတာ​တွေ စဖြစ်လာတဲ့ အချိန်က ဇော်မဲလုံးက ဒီလိုအဆင့်​တွေ သူတို့တပ်မှာ ထောင်ချီရှိတယ်။ ဘာမှဂရုစိုက်စရာမလိုဘူးလို့ တုန့်ပြန်​ပြောဆိုခဲ့ဖူးတယ်။ ခု​တော့  ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့  ၂၀၂၄ နှစ်အတွင်း ​တော်လှန်​ရေးတပ်​တွေရဲ့ ဖမ်းဆီးခံရတာနဲ့ သေဆုံးတဲ့ ဗမခနဲ့ ဗခ အဆင့် စုစု​ပေါင်း ၂၁ ဦး ရှိလာပါတယ်။ BBC World Service ရဲ့ မြေပုံနဲ့တကွ ပြုစုထားတဲ့ စာရင်း​တွေအရ စစ်တပ်စိုးမိုးထားနိုင်တဲ့ နယ်​မြေဟာ တစ်နိုင်ငံလုံးရဲ့  ၂၁% ပဲရှိ​တော့တာဖြစ်တယ်။ တော်လှန်​ရေးတပ်​တွေက ၄၂% နဲ့ စစ်တပ်ထက် နှစ်ဆပိုများ​နေတာဖြစ်တယ်။ ရှေ့ဆက်ပြီး ဒါထက်ပိုများလာဖို့ပဲရှိတယ်။ လျော့နည်းသွားစရာ အ​ကြောင်းမရှိပါဘူး။ 

 

တရုတ်နဲ့ မအလတို့ အားထား​နေတဲ့ ရွေး​ကောက်ပွဲအထိ စစ်တပ်က ခံနိုင်ပါအုံးမလားဆိုတာ မြန်မာ့အ​ရေးကျွမ်းကျင်သူ အ​မေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး​ဟောင်း ပရက်စီလာကလပ် က​တောင် သံသယရှိ​နေပါပြီ။ ရှေ့​လျှောက်တိုက်ပွဲ​တွေမှာ စကစဟာ နယ်​မြေ​တွေထပ်မံဆုံးရှုံးအုံးမှာ သေချာနေလို့ ဒီလို့ သံသယ​တွေရှိလာတာပဲဖြစ်တယ်။ လက်​တွေ့တိုက်ပွဲဝင်​နေသူ​တွေအဖို့က​တော့ ၂၀၂၅ ဟာ စစ်​ခွေးနိဂုံးဖြစ်ရမယ်ဆိုတဲ့ သံဓိဌာန်ချထားပြီးကြပါပြီ။

 

မြန်မာရဲ့ ပြဿနာက ဖက်ဒရယ်အ​ရေးနဲ့ ဒီမိုက​ရေစီအ​ရေးပါပဲ။ ဒီမိုက​ရေစီအ​ရေးတခုထဲနဲ့ မ​ဖြေရှင်းနိုင်ခဲ့သလို၊ ဒါကိုငြိမ်းချမ်းစွာ ရင်ကြား​စေ့​ရေးနည်းနဲ့လဲ မ​ဖြေရှင်းနိုင်တာကို ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလ အ​တွေ့အကြုံက သက်​သေပြ​နေပြီးဖြစ်တယ်။

 

ခုအချိန်ဟာ အောင်မြင်လာတဲ့ စစ်​ရေး​တွေက ရှေ့​ရောက်​နေပြီး နိုင်ငံ​ရေးအရ အနာဂါတ်မြန်မာနိုင်ငံကို ဘယ်လိုတည်​ဆောက်ကြမလဲဆိုတာအ​ပေါ် သ​ဘောညီတဲ့ အမြင်​တွေရရှိ​ရေးက နောက်ကျ​နေတာပါ။ NUG ရဲ့ ယာယီသမ္မတ က အစိုးရအဖွဲ့ဝင်​တွေပြည်တွင်းမှာ ပြန်လာကြဖို့လှုံ့ဆော်ခဲ့ပြီး နောက်တခါပြည်တွင်းနိုင်ငံ​ရေးကိုပဲ အ​လေးထား​ကြဖို့ တိုက်တွန်း​နေတာဖြစ်တယ်။ ဒီတိုက်တွန်းချက်​တွေကိုနားလည်ဖို့လိုပါတယ်။ မြန်မာရဲ့ ပြဿနာက ဖက်ဒရယ်အ​ရေးနဲ့ ဒီမိုက​ရေစီအ​ရေးပါပဲ။ ဒီမိုက​ရေစီအ​ရေးတခုထဲနဲ့ မ​ဖြေရှင်းနိုင်ခဲ့သလို၊ ဒါကိုငြိမ်းချမ်းစွာ ရင်ကြား​စေ့​ရေးနည်းနဲ့လဲ မ​ဖြေရှင်းနိုင်တာကို ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလ အ​တွေ့အကြုံက သက်​သေပြ​နေပြီးဖြစ်တယ်။ ဒါ​ကြောင့်ပဲ ဗမာလူမျိုးကြီး​ဒေသ​တွေပါ လက်နက်ကိုင်လာကြရတာ အထင်အရှားပဲဖြစ်တယ်။ ဒါဟာ နှစ် ၇၀ လောက် တိုင်းရင်းသား လက်နက်ကိုင်များနဲ မြေပြန့်နေ ပြည်သူများ တကွဲတပြားဆင်နွှဲ​နေတဲ့ ဒီမိုက​ရေစီအ​ရေးနဲ့ ဖက်ဒရယ်အ​ရေး ပေါင်းစည်းသွားတာလို့ ဆိုရမှာပါ။ ဒါ​ကြောင့်လဲ ဒီလို​အောင်ပွဲ​တွေရရှိလာတာပါပဲ။ ဒါဟာ လွတ်လပ်​ရေးရပြီး​နောက်ပိုင်း မြန်မာ့နိုင်ငံ​ရေး စစ်​ရေးလှုပ်ရှားမှု​တွေရဲ့ အထူးခြားဆုံးနဲ့ နောက်ဆုံး​အောင်ပွဲခံသွားနိုင်ဖို့ အလားအလာ အ​ကောင်းဆုံး အဆင့်ကြီးတခု လို့ဆိုနိုင်ပါတယ်။

 

စစ်တပ်နိုင်ငံ​ရေးမှာ မပါဝင်​တော့ဘူးဆိုရင် နိုင်ငံ​ရေးအ​ပြောင်းအလဲ ဖြစ်စဥ်အားလုံးဟာ ခက်ခဲ​နေမှာမဟုတ်ပါဘူး။ 

 

ဒါနဲ့တပြိုင်ထဲ တဘက်မှာ ကြိုပြီးစဥ်းစားကြဖို့ လိုတာ​တွေရှိပါတယ်။ အဲဒါက​တော့ မြန်မာမှာ ဘယ်တုန်းကမှ မရှိခဲ့​သေးတဲ့ ယာယီ(သို့မဟုတ်)  ကြားဖြတ်ပြည်​ထောင်စုအစိုးရ ပုံစံတရပ် ဖြစ်တယ်။ အမျိုးသားညီညွတ်​ရေးအစိုးရဆိုတဲ့ အဆင့်က​နေ တက်လှမ်းရမယ့် နောက်တဆင့်က အဲဒီ ပုံစံဖြစ်တယ်။ ပြည်​ထောင်စုအစိုးရဆိုတာနဲ့အညီ ပြည်​ထောင်အားလုံးပါဝင်ရမှာဖြစ်​ပေမယ့် စစ်​အောင်နိုင်ပြီးပြီးချင်း ကြားကာလမှာ တော်လှန်​ရေးကာလအတွင်း စွမ်းစွမ်းတမန် တိုက်ပွဲဝင်ခဲ့ကြတဲ့အဖွဲ့​တွေက အမ​တေအဖြစ်ပါဝင်ရမှာပါ။ ဒီအဆင့်မှာ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်စတဲ့ ရာထူးပုံစံရှိနိုင်​ပေမယ့် စု​ပေါင်းဆွေး​နွေးတာဝန်ယူတဲ့ steering commette ဆိုတာမျိုးက ပိုအဆင်​ပြေနိုင်မှာပါ။ ဒီအဖွဲ့က ဦးစီးပြီး နိုင်ငံတည်ငြိမ်း​ရေး၊ ပြန်လည်တည်​ဆောက်​ရေးကို ကာလတခုကြာ​အောင်ပြုလုပ်ပြီးမှသာ ရွေး​ကောက်ပွဲကိုသွားရမှာပါ။

 

ဒီမိုက​ရေစီက လူများစုကို အသာရ​စေမှာဖြစ်တဲ့အတွက် ပြည်နယ်​တွေနဲ့ လူနည်းစု​​ဒေသ​တွေမှာ အားလုံး အချိုးကျပါဝင်နိုင်တဲ့စနစ်မျိုး သွားရမှာပါ။ အဲဒီ​ဒေသ​တွေမှာ ဖက်ဒရယ်က ဦးစား​ပေးတည်​ဆောက်ရမယ့်အရာဖြစ်ပါတယ်။ စစ်တပ်နိုင်ငံ​ရေးမှာ မပါဝင်​တော့ဘူးဆိုရင် နိုင်ငံ​ရေးအ​ပြောင်းအလဲ ဖြစ်စဥ်အားလုံးဟာ ခက်ခဲ​နေမှာမဟုတ်ပါဘူး။ ဒီလိုပုံစံကသာ အားလုံးမဟုတ်သည့်တိုင် အများစု​ထောက်ခံမှုရပြီး ရှေ့ကို ဆက်သွားနိုင်မယ့် လုပ်ငန်းစဥ်ဖြစ်ပါလိမ့်မယ်။ NUCC ကစဥ်းစား​ရေးဆွဲ​နေတာ​တွေကလဲ ဒီလိုပုံစံမျိုးပဲ ဖြစ်နိုင်ပါတယ်။ ပုံမှန်​ရွေး​ကောက်ပွဲများမတိုင်မီ ကြားကာလဟာ ဗဟိုခွါအားနဲ့ ဗဟိုချဥ်းအားကို မျှတစွာရှိ​နေ​အောင်ကြိုးစားကြရမှာပါ။ ဒါကလဲ စစ်တပ်နိုင်ငံ​ရေးမှာ မပါ​တော့တဲ့အချိန်မှာ အခက်ကြီးမဟုတ်ပါဘူး။ ဒါတွေက အများသူငါစဥ်းစား​နေတာ​တွေပဲဖြစ်လို့ အထူးအဆန်း​တော့ မဟုတ်ပါဘူး။

 

NUG အစိုးရရဲ့ ပြင်ပမှာ​ရောက်​နေကြတဲ့ ဝန်ကြီးဌာန​တွေရဲ့ စဥ်းစားချက်​တွေက မြေပြင်နဲ့ကွဲလွဲနိုင်ပါတယ်။ ပြောရရင် ဆင်းမလားအစိုးရရဲ့ စက္ကူဖြူစီမံကိန်းလိုဖြစ်နိုင်တာ​ကြောင့် သူတို့ဟာ မြေပြင်မှာ လက်​တွေ့ သင်ကြားကြဖို့လိုတာပါ။ 

 

NUG အစိုးရရဲ့ ပြင်ပမှာ​ရောက်​နေကြတဲ့ ဝန်ကြီးဌာန​တွေရဲ့ စဥ်းစားချက်​တွေက မြေပြင်နဲ့ကွဲလွဲနိုင်ပါတယ်။ ပြောရရင် ဆင်းမလားအစိုးရရဲ့ စက္ကူဖြူစီမံကိန်းလိုဖြစ်နိုင်တာ​ကြောင့် သူတို့ဟာ မြေပြင်မှာ လက်​တွေ့ သင်ကြားကြဖို့လိုတာပါ။ တော်လှန်​ရေးကို ဦး​ဆောင်သူဟာ တော်လှန်​ရေးရဲ့ မြေပြင်လက်​တွေ့နဲ့ ကင်းကွာလို့မရပါဘူး။ ကြားကာလမှာ လိုအပ်ချက်အသစ်နဲ့ ဖွဲ့စည်းတည်​ဆောက်ပုံ​တွေ ရှိလာမှာဖြစ်တယ်။

 

အခု ဖောင်းပွ​နေတယ်လို့ ဆို​နေကြတဲ့ ဌာန​တွေကို ဦးဝင်းမြတ်အေးနဲ့ ဦးဇော်​ဝေစိုးတို့ လက်​အောက်မှာ ဦးစီးဌာန​တွေအဖြစ် ထားရှိနိုင်ပါတယ်။ သူတို့ရဲ့ ပိုင်အိုနီယာဖြစ်မှုနဲ့ စွမ်း​ဆောင်မှု​တွေဟာ လေးစားအသိအမှတ် ပြုစရာ​တွေ ဖြစ်ပါတယ်။ ဒါ​ပေမယ့် တော်လှန်​ရေးဆိုတာ ရှေ့ကိုအမြဲ ချီတက်​ပြောင်းလဲ​နေတာဖြစ်လို့ ဒီဖြစ်​ပေါ် တိုးတက်မှု​တွေနဲ့ အမှီလိုက်နိုင်သူ​တွေသာ ရှင်သန်ကျန်ရစ်မှာဖြစ်​ကြောင်း တင်ပြရတာဖြစ်ပါတယ်။   

~~~~

မင်းဇေယျာဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။