Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြ၀တီ/ သင်္ကန်းညီနောင် အခြေစိုက် ခမရ ၃၅၅ တပ်စခန်းကို စစ်ကူလာတဲ့ တပ်တွေကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်၊ အကြမ်းဖက် စစ်သား၂၀ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြ၀တီ/ သင်္ကန်းညီနောင် အခြေစိုက် ခမရ ၃၅၅ တပ်ရင်းကို ပြန်လည် ရရှိဖို့ စစ်ကူပို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီ ခလရ ၉၇၊ ခမရ ၁၀၂၊ ခလရ ၁၁၈ ၊ ခမရ ၅၄၆ နဲ့  ခလရ ၃၅၆ တပ်ရင်းတွေကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက မတ်လ ၁၅ ရက်နေ့မှ  မတ်လ ၂၀ ရက်နေ့အတွင်း စောင့်ကြို တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

 

ခမရ ၃၅၅ တပ်ရင်းသို့ စစ်ကူလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်များထံမှ  သိမ်းဆည်း ရမိတဲ့ လက်နက်ခဲယမ်းများမှာ -
(၁) MA-1 - ၃ လက်
(၂) MA-2 - ၁ လက်
(၃) MA-3 - ၂ လက်
(၄) MAS - ၁ လက်
(၅) MA-5 - ၁ လက်
(၆) 38 mm - ၁ လက်
(၇) 60 mm (ကွန်မန်ဒို) - ၁ ပြောင်း
(၈) စက်လက် နာတိုပြောင်း - ၁ ပြောင်း
(၉) လက်ပစ်ဗုံး - ၂၂ လုံး
(၁၀) MA ကျည်ဘောက် - ၄၀ ဘောက်
(၁၁) MA (ကျည်ဘောက် အဝိုင်း) - ၁ ဘောက်
(၁၂) MA-5 (ကျည်ဘောက်) - ၂ ဘောက်
(၁၃) 5.56 (ကပစ) ကျည် - ၅၅၀၀ တောင့်
(၁၄) 7.62 (နာတိုကျည်) - ၁၀၀၀ တောင့်
(၁၅) 38 mm (ကျည်) - ၁၆ တောင့်
(၁၆) RPG (အသီး) - ၉ လုံး
(၁၇) RPG (ပို့ယမ်း) - ၃ တောင့်
(၁၈) 60 mm (ဗုံးသီး) - ၃၀ လုံး
(၁၉) ရှေ့ထွက်မိုင်း - ၁ လုံး
(၂၀) နင်းမိုင်း (အသေး) - ၆ လုံး
(၂၁) 60 mm (ပြောင်းထောက်) - ၁ ခု
(၂၂) ဆက်သွယ်ရေး အားသွင်းစက် - ၁ ခု
(၂၃) စစ်ဦးထုပ် - ၁၃ လုံး စတဲ့ လက်နက်ခဲယမ်းနဲ့ အခြားပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်မှာ ထိခိုက်ကျဆုံးမှု မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုနဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိမှန်သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ပြည်သူပိုင် အိုးအိမ်တချို့ ထိခိုက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

ဆက်လက်ပြီး မတ်လ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့အတွင်း ခမရ ၃၅၅ တပ်ရင်းစခန်းသို့ နောက်ထပ် စစ်ကူလာရောက်တဲ့ စစ်ကောင်စီ တပ်တွေကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်သား ၅ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ တိုက်ခိုက်မှုများအတွင်း KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ရဲဘော် ၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

စစ်ကူ ထပ်မံ ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်တွေထံမှ သိမ်းဆည်းရမိခဲ့တဲ့  လက်နက်ခဲယမ်းများမှာ -

(၁) MA-1 - ၁ လက်
(၂) MA-2 - ၂ လက်
(၃) ၉ လုံးကျည် - ၁ လက်
(၄) ငါးကြင်းမြီး စက်လက် - ၁ လက်
(၅) 81 ပြောင်း - ၁ ပြောင်း
(၆) 60 mm (ကွန်မန်ဒို) ပြောင်း - ၂ ပြောင်း
(၇) 81 mm ပြောင်းအထိုင် - ၁ ခု
(၈) နင်းမိုင်း (အသေး) - ၇ လုံး
(၉) 60 mm (ဗုံးသီး) - ၁၈ လုံး
(၁၀) 81 mm (ဗုံးသီး) - ၁၄ လုံး
(၁၁) RPG ကျည် - ၈ လုံး
(၁၂) အီနာဂါ - ၄ လုံး
(၁၃) ချိန်ဆိုက် - ၁ ခု
(၁၄) 7.62 (နာတိုကျည်) - ၈၀၀ တောင့်
(၁၅) ငါးကြင်းမြီး နာတိုပြောင်း - ၁ ပြောင်း
(၁၆) လက်ပစ်ဗုံး - ၁၁ လုံး
(၁၇) စစ်ဦးထုပ် - ၁ လုံး စတဲ့ လက်နက်ခဲယမ်းနဲ့ အခြားပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေကို KNLA တပ်မဟာ (၆) က ဦးဆောင်ကာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့တွင်းတိုက်ပွဲတွေကို ဖော်ဆောင်နေပြီး နေ့စဉ် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ နေ့စဥ် ရမ်းသမ်း ပစ်ခတ်မှု၊ ကျေးရွာများအတွင်းသို့ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိမှန်သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ 

 

နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွါးရာ အနီးဝန်းကျင်ရှိ မြို့ရွာတွေ အတွင်းရှိ ပြည်သူပိုင် နေအိမ်တွေကိုလည်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်တွေက လိုက်လံ မီးရှို့ဖျက်စီးနေသလို ဒရုန်းများ၊ လေယာဉ်များဖြင့် မီးလောင်ဗုံးတွေကို လိုက်လံကြဲချ တိုက်ခိုက်နေတာကြောင့် မြို့ရွာများ အတွင်းရှိ ပြည်သူပိုင် အိုးအိမ်ပစ္စည်း အမြောက်အများ မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


ဓာတ်ပုံ - စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းများမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများနှင့် မီးလောင် ပျက်စီးသွားတဲ့ ပြည်သူပိုင် အိုးအိမ်များ (ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး)

~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။