Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကော့ကရိတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ စခန်းတွေကို KNLA၊ Cloud Wings၊ SOG ဒရုန်းအဖွဲ့များ ပူးပေါင်းပြီး ၁၀၇ မမနဲ့ ၆၀ မမ ဗုံးသီးများ ကြဲချ တိုက်ခိုက် အကြမ်းဖက် စစ်သား ၅ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရရှိဟု သိရ

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Special Operation Group (SOG) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကော့ကရိတ်မြို့အဝင် အာရှလမ်းမဘေးရှိ ဆောက်လက်စ ဆီဆိုင်ဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စခန်းနဲ့ ကော့နွဲ့ကျေးရွာတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စခန်းတွေကို မနေ့က ဩဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းများ အသုံးပြုကာ ဗုံးသီများ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 


KNLA၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Special Operation Group (SOG) ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဩဂုတ်လ ၂၆ ရက်နေ့မနက် ၈ နာရီခွဲဝန်းကျင်နဲ့ ၉ နာရီခွဲ ဝန်းကျင်တွေမှာ ၁၀၇ မမဗုံးသီးနဲ့ ၆၀ မမဗုံးသီးတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ စစ်စခန်းများမှ ရန်သူစစ်သား ၅ ဦးခန့် သေဆုံးကာ၊ ၁၀ ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။


ပေါက်ကွဲအား ပြင်းထန်တဲ့ ၁၀၇ မမဗုံးသီး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် အခုလို ထိခိုက်သေဆုံးမှု များပြားတာ ဖြစ်နိုင်တယ်လို့ ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့ Cloud Wings ဒရုန်းတပ်သား တစ်ဦးက ငွေမောင်းသံကို ပြောပြပါတယ်။


ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု အပြီးမှာ ရန်သူ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ၁၂၀ မမနဲ့ ၈၁ မမ လက်နက်ကြီးတွေနဲ့ အလုံး ၅၀ ကျော် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရွာသားတစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး KNLA၊ Cloud Wings ၊ SOG ပူးပေါင်းတပ်ဖွဲ့တွေဘက်မှာ လူသူ၊ လက်နက်ခဲယမ်း၊ ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

……

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။