Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရန်ကုန်မှာ ပေါ်တာ (Opinion)

ရန်ကုန်ဟာ မြို့ပျက်ကြီးဖြစ်နေပြီလို့ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ရန်ကုန်မြို့သား သူငယ်ချင်းက ဆိုတယ်။

 

သူငယ်ချင်းဟာ သူ့ဘဝတစ်သက်တာ ဝါယာရိန်းရိုက်ပြီး အသက်မွေးခဲ့တဲ့သူ။ လုပ်ငန်းအတွေ့အကြုံ အရ၊ အဆက်အသွယ်အရ သိပ်မကြီးတဲ့ စက်ရုံအလုပ်ရုံတွေနဲ့ အိမ်တွင်းလျှပ်စစ်မီးဆင်ခြင်းလုပ်ငန်းကို တစ် ပြိုင်နက် သုံး၊ လေးနေရာ လူအင်အားနိုင်နိုင်နဲ့ ဦးစီးဦးဆောင် လုပ်ကိုင်ကာ မိသားစုဝမ်းရေး ဖြောင့်ဖြောင့် သွေးနိုင်ခဲ့ပေမဲ့ အခုတော့ အိမ်မှာ ငုတ်တုတ်ထိုင်နေရတာ ၁ နှစ်ကျော်ကြာ။

 

“စစ်တပ်က အာဏာသိမ်းပြီးကတည်းက အလုပ်အကိုင်တွေ တဖြည်းဖြည်းပျက်သွားလိုက်တာ ၂၀၂၃ နှစ်လယ်လောက်ကနေ အခုထိ ငုတ်တုတ်ထိုင်နေရတယ်”လို့ သူက ဆိုတယ်။

 

“စစ်တပ်က အာဏာသိမ်းလိုက်တာ အိမ်ထောင်ဦးစီးဘဝကနေ မှီခိုသူအဆင့်ကို အလိုလိုရောက်သွားတော့တယ်”

 

ငုတ်တုတ်ထိုင်ရတဲ့ ၁ နှစ်ကျော်ကာလအတွင်း ရင်းနှီးတဲ့ မိတ်ဆွေအိမ်တွေက ဝါယာရိန်း နည်းနည်းပါးပါးလုပ်ချင်လို့ လှမ်းခေါ်တာလောက်ပဲ။ တပည့်လေးတစ်ယောက်၊ နှစ်ယောက်လောက်နဲ့ မုန့်ဖိုးပဲဖိုးလောက်ရရုံ နည်းနည်းပါးပါးပဲ။ မိန်းမရဲ့ ရပ်ကွက်ဈေးထဲက ကုန်စုံဆိုင်ဝင်ငွေနဲ့ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သား ဖြစ်သူ ရဲ့ ဝင်ငွေသာ မရှိရင် ကျွမ်းပစ်သွားနိုင်တယ်လို့လည်း ဆိုရဲ့။

 

“စစ်တပ်က အာဏာသိမ်းလိုက်တာ အိမ်ထောင်ဦးစီးဘဝကနေ မှီခိုသူအဆင့်ကို အလိုလိုရောက်သွား တော့တယ်”လို့ သူက ထပ်ပြောတယ်။

 

အရင် အာဏာမသိမ်းခင်က ကိုယ်ပိုင်ကားလေးနဲ့ အလုပ်ဆိုဒ်တွေထဲ သွားလာလှုပ်ရှား၊ ညနေစောင်း လာတော့ ဘီယာ သို့မဟုတ် Red Label လောက်နဲ့ တစ်ပတ်မှာ လေး၊ ငါးရက် ဇိမ်ကျခဲ့တဲ့သူငယ်ချင်း အခုများ ကျတော့ မိန်းမရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ဈေးခပ်ပေါပေါ ဂရန်းအပြာကိုသာ တစ်ပတ်နှစ်ရက် မှီဝဲနိုင်တော့တယ်။

 

“ကိုယ့်ကားက နံပါတ်နက်ဆိုတော့ တက္ကစီတော့ဆွဲလို့မရဘူးပေါ့။ နီးစပ်ပတ်သက်တဲ့သူတွေ ဌားရင် လိုက်တယ်။ အခု ဒီဇင်ဘာကစပြီး ပေါ်တာဆွဲခံရမှာစိုးလို့ နားလိုက်တော့တယ်”တဲ့။

 

“သူ့အိမ်နဲ့ အဲဒီညမှာ ဖုန်းခဏရလိုက်လို့ စစ်တပ်က ဖမ်းသွားမှန်းသိတာ။ အခု ရန်ကုန်မှာက အသက် ၅၀ ကျော်လည်း ချမ်းသာမပေးဘူး”

 

ဒီဇင်ဘာလထဲမှာပဲ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ သူ့မိတ်ဆွေတစ်ယောက် ည ၇ နာရီခွဲကျော်မှာ သူ့ ကားလေးနဲ့ ပြန်လာစဉ် ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တစ်ခုအတွင်း စစ်တပ် ဖမ်းဆီးစစ်ဆေးခြင်းခံရကာ ကားရောလူပါ ပျောက်ဆုံးသွားတာ အခု ရက် ၂၀ ပြည့်တော့မယ်လို့ သူက ပြောပြတယ်။

 

“သူ့အိမ်နဲ့ အဲဒီညမှာ ဖုန်းခဏရလိုက်လို့ စစ်တပ်က ဖမ်းသွားမှန်းသိတာ။ အခု ရန်ကုန်မှာက အသက် ၅၀ ကျော်လည်း ချမ်းသာမပေးဘူး”လို့ သူက ဆက်ပြောတယ်။

 

စစ်တပ်က သူ့သူငယ်ချင်းရဲ့ ကားရော၊ ဖုန်းအကောင်းစားရော၊ ပိုက်ဆံ ၃ သိန်းလောက်ကိုပါ ဖျောင်လိုက်ရုံတင်မက လူကိုပါ အစဖျောက်လိုက်ပြီလား၊ စစ်မှုထမ်းထဲပဲ ထည့်လိုက်ပြီလားမသိ။ အဖမ်းခံရပြီး ခဏ သူ့မိသားစုနဲ့ ဖုန်း အဆက်အသွယ်ရပြီးနောက် လုံးဝ လမ်းစပြတ်။ နီးစပ်ရာ စစ်ကောင်စီအသိုင်းအဝိုင်း လမ်းကြောင်းကနေ လိုက်ရှာနေပေမဲ့ မသိ၊ မရှိ ဆိုတာချည်း။

 

သူ့မိတ်ဆွေက အသက် ၅၀ ကျော်ဆိုပေမဲ့ ဆံပင်ဆေးဆိုးထား၊ ကျန်းမာရေးလည်း လိုက်စားပြီး စီးပွားရေးလည်း အဆင်ပြေတာကြောင့် အသက် ၄၀ ကျော်လို့ ထင်ရတဲ့သူ။ ဒါ့ကြောင့် အခုဆို ကြောက်ကြောက်နဲ့ သူ့ဆံပင်ဆေးဆိုးခြင်းကို ရပ်ကာ ခေါင်းဖြူကြီးနဲ့နေဖို့ ပိုင်းဖြတ်လိုက်ပြီလို့ ဆိုတယ်။

 

အကြမ်းဖက်စစ်တပ်ကို မတော်လှန်၊ နိုင်ငံရေးဆိုတာ ငါတို့နဲ့ အဝေးကြီးလို့ ထင်ခဲ့တဲ့ လူငယ်တွေလည်း ဒီနိုင်ငံရေးကြောင့် အလုပ်တွေပြုတ်၊ အလုပ်တွေပျက်၊ နိုင်ငံခြားထွက် ရရာ ကျပန်းအလုပ်လုပ်။

 

အခုဆို ရန်ကုန်မှာ မနက်ဖြန် ဘာနဲ့စားမလဲလို့ တွေးပူရတဲ့အထဲ အဖမ်းမခံရအောင် ဘယ်လိုနေရမလဲ လို့ ထပ်ပူနေရပြီဖြစ်ကြောင်း ရန်ကုန်မှာ လာအလုပ်လုပ်နေတဲ့ အသက် ၃၀ ကျော်အရွယ် ကုမ္ပဏီဝန်ထမ်းလူ ငယ်ကလည်း သက်ပြင်းတွေ အရှည်ကြီးချကာ ပြောပြတယ်။

 

လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်ဆိုတာ မအောင်မြင်တဲ့ အာဏာသိမ်းခြင်းနဲ့အတူ ပွဲပြီးသွားပြီလို့ သူကဆိုတယ်။ နိုင်ငံရေးဆိုတာ လူငယ်တွေရဲ့ အနာဂတ်ကို ခပ်ပြင်းပြင်း လာခေါက်တယ်။ အကြမ်းဖက်စစ်တပ်ကို မတော်လှန်၊ နိုင်ငံရေးဆိုတာ ငါတို့နဲ့ အဝေးကြီးလို့ ထင်ခဲ့တဲ့ လူငယ်တွေလည်း ဒီနိုင်ငံရေးကြောင့် အလုပ်တွေပြုတ်၊ အလုပ်တွေပျက်၊ နိုင်ငံခြားထွက် ရရာ ကျပန်းအလုပ်လုပ်။

 

တစ်ချိန်မှာ စာရင်းကိုင်အတတ်ပညာနဲ့ စင်ကာပူထွက် အလုပ်လုပ်ကိုင်ဖို့ ရည်မှန်းချက်ထားတဲ့ အဲဒီ အသက် ၃၀ ကျော်အရွယ် ကုမ္ပဏီဝန်ထမ်းဟာ အခု နိုင်ငံခြားထွက်ဖို့ ဝေးစွ၊ စစ်မှုထမ်းဘေးနဲ့ ဝေးရလေအောင် အဆောင်ကနေ ထွက်ပြေးခဲ့ရပြီလို့ ဆိုလေတယ်။

 

အဆောင်မှာ နေတာကြာလို့ သံယောဇဉ်ဖြစ်နေတဲ့ အဆောင်ပိုင်ရှင်က ခေါ်ပြောတယ်။ အုပ်ကြီးရုံးကနေ သူသိရတဲ့သတင်းက အဆောင်တွေမှာ ဧည့်စာရင်းနဲ့နေတဲ့ လူငယ်တွေထဲက ပိုက်ဆံမပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းခေါ်နိုင်တယ်တဲ့။  ပိုက်ဆံပေးလည်း ဖမ်းချင်ဖမ်းမှာပဲဆိုတော့ တခြားတစ်နေရာရွှေ့ကြတော့လို့ စေတနာနဲ့ ပြောတယ်။

 

 “အဆောင်မှာ နေတာကြာလို့ သံယောဇဉ်ဖြစ်နေတဲ့ အဆောင်ပိုင်ရှင်က ခေါ်ပြောတယ်။ အုပ်ကြီးရုံးကနေ သူသိရတဲ့သတင်းက အဆောင်တွေမှာ ဧည့်စာရင်းနဲ့နေတဲ့ လူငယ်တွေထဲက ပိုက်ဆံမပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းခေါ်နိုင်တယ်တဲ့။ ပိုက်ဆံပေးလည်း ဖမ်းချင်ဖမ်းမှာပဲဆိုတော့ တခြားတစ်နေရာရွှေ့ကြတော့လို့ စေတနာနဲ့ ပြောတယ်။ ဒါနဲ့၊ အခုကုမ္ပဏီရဲ့ ဂိုထောင်မှာ တောင်းပန်ပြီး နေနေရတယ်”လို့ သူ့ဘဝ ပစ္စက္ခ ဒုက္ခကို ရင်ဖွင့်ရှာတယ်။

 

ညမှောင်ပြီဆိုတာနဲ့ ဂိုထောင်ခြံရဲ့ တံခါးမကြီးကို အပြင်ကနေ သော့ခတ်၊ တံခါးငယ်လေးကနေ အထဲ ပြန်ဝင်၊ ည ၈ နာရီကျော်ရင် ဂိုထောင်ဝင်းတစ်ခုလုံးကို အမှောင်ချကာ ဘယ်သူမှမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ ညအိပ်ပေမဲ့ ဘယ်အချိန် ဝင်ဖမ်းမလဲ တထိတ်ထိတ်ဖြစ်ရ။ မနက်ခင်း ဂိုထောင်ကနေ ကုမ္ပဏီရုံးဆီ အလုပ်သွားတော့လည်း ကားမှတ်တိုင်မှာ အဆွဲခံရမလား၊ YBS ကားပေါ် တက်ဆွဲမလား ကျီးကန်းတောင်းမှောက် ထိပ်ထိပ်ပျာပျာ။ နေ့ခင်းထမင်းစားနားချိန် ကုမ္ပဏီနားက လက်ဖက်ရည်ဆိုင် သွားမထိုင်ရဲတော့တာ ရန်ကုန်မှာ နင်လား ငါလား ပေါ်တာဆွဲလာတဲ့ ဒီဇင်ဘာအစပိုင်းကတည်းကလို့ သူက ဆိုတယ်။

 

“ကျနော်ကမှ ကုမ္ပဏီက လက်ခံလို့ တော်သေးတယ်။ ကျနော့်သူငယ်ချင်းတချို့ဆို အဆောင်မနေရဲ တော့လို့ ဘုန်းကြီးကျောင်း ရောက်တဲ့သူရောက်၊ ဘယ်မှာသွား နေရမှန်းမသိလို့ အဆောင်မှာပဲ ကြောက် ကြောက်နဲ့ နေနေတဲ့သူတွေနဲ့ ဘယ်ပျောက်လို့ ပျောက်သွားမှန်း မသိတဲ့သူတွေနဲ့”လို့ သူက ပြောတယ်။

 

“ကျနော်တို့မှာ ပြေးစရာမြေမရှိဘူး။ PDF ထဲလည်း မဝင်ရဲဘူး။ နယ်စပ်မှာ အကြာကြီး သွားနေဖို့လည်း ပိုက်ဆံမတတ်နိုင်ဘူး။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့လည်း မလွယ်ဘူးဆိုတော့ ရန်ကုန်ကနေ မခွာနိုင်ဘူး။ လောလောဆယ် ခွေးတွေ ပေါ်တာဆွဲတာ မပါဖို့ပဲ တော်တော် သတိထားနေရတယ်”

 

အခုဖြစ်နေတဲ့ ရန်ကုန်လူငယ်တွေရဲ့ အခြေအနေက ပစ္စပ္ပုန်တည့်တည့်ကိုသာရှုကာ ဟောဒီပစ္စပ္ပုန် မှာ စစ်မှုထမ်းအန္တရာယ် ကင်းဝေးရေး။ အနာဂတ်ဆိုတာကို မစဉ်းစားကြတော့တာ ကြာပြီလို့ သူက ဆက်ပြော တယ်။

 

“ကျနော်တို့မှာ ပြေးစရာမြေမရှိဘူး။ PDF ထဲလည်း မဝင်ရဲဘူး။ နယ်စပ်မှာ အကြာကြီး သွားနေဖို့လည်း ပိုက်ဆံမတတ်နိုင်ဘူး။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့လည်း မလွယ်ဘူးဆိုတော့ ရန်ကုန်ကနေ မခွာနိုင်ဘူး။ လောလောဆယ် ခွေးတွေ ပေါ်တာဆွဲတာ မပါဖို့ပဲ တော်တော် သတိထားနေရတယ်”လို့ တောင်ဥက္ကလာပနေ လူငယ်လေးတစ်ဦးကလည်း ပြောတယ်။

 

သူ့အသက်က အခုမှ ၂၀ ကျော်၊ လမ်းထိပ်ထွက်ဖို့ကိုတောင် ကြောက်နေရတယ်လို့ ဆိုတယ်။ ပေါ်တာအဆွဲခံရရင် ပြန်လွတ်ဖို့ သိန်းသုံး၊ လေးဆယ် မတတ်နိုင်။ ညဘက် ဧည့်စာရင်း စစ်သလိုနဲ့ လာဖမ်းတာမျိုး မခံရအောင် အုပ်ကြီးကတော်က ဧည့်စာရင်းစစ်မယ်ဆို ကြိုတင်သတင်းပေးပါမယ်ဆိုလို့ သတင်းပေးခ လိုင်းကြေး တစ်လ တစ်သိန်း။ ဧည့်စာရင်းစစ်မှာကို စောစောကြိုသိရင် ကြိုတင်ပြေးရမယ့် စိတ်ချရတဲ့ တစ်နေရာ စီစဉ်ထားရသလို ကြိုမသိလို့ အားချင်းရှောင်ရမယ်ဆိုလည်း သိပ်မဝေးတဲ့တစ်နေရာဆီ ပြေးနိုင်အောင် ကြိုတင် ပြင်ဆင်ထားရ။ နောက်ဆုံးစစ်မှုထမ်းပါသွားခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာကတော့ ဆက်မတွေးရဲလို့ မတွေးဘဲ ချန်ထားတယ်လို့ လူငယ်လေးက ဆိုတယ်။

 

“စစ်မှုထမ်းသင်တန်းဆင်းတာနဲ့ အသေတိုက်ရတဲ့ ရှေ့တန်းကို တန်းပို့တာပဲဆိုတော့ စစ်မှုထမ်းထဲ ပါသွားတယ်ဆိုတာ သေမင်းက ဖိတ်စာပို့လိုက်သလိုပဲ”

 

ဘယ်ထောင့်ကတွေးတွေး သေခြင်းတရားဆီ ရောက်နေတော့ ဘယ်လို ဆက်တွေးရမလဲ။ ဘဝဆိုတာ ဒီလောက် ပင်ပန်းတကြီး ရုန်းကန်၊ မသေရုံတမယ် ပြာခါနေရတဲ့အထဲ စစ်မှုထမ်းဆိုတာကြီးက သေတွင်းထဲ တန်းပို့နေပြန်တော့ ရန်ကုန်မြို့ရဲ့ ည ၇ နာရီခွဲ၊ ၈ နာရီဆိုတာ ပေါ်တာဆွဲမခံရဖို့ လမ်းမကြီးတွေ ပေါ် လူသံကား သံတိတ်ဆိတ်သွားတော့တယ်။

 

“စစ်မှုထမ်းသင်တန်းဆင်းတာနဲ့ အသေတိုက်ရတဲ့ ရှေ့တန်းကို တန်းပို့တာပဲဆိုတော့ စစ်မှုထမ်းထဲ ပါသွားတယ်ဆိုတာ သေမင်းက ဖိတ်စာပို့လိုက်သလိုပဲ”လို့ အဲဒီလူငယ်လေးကဆို တယ်။

 

ရန်ကုန်ဟာ ရန်ကုန်မှာ ပျောက်ဆုံးနေတယ်။ အချိန်တန်တော့ အစာအိမ်တွေ ဝုန်းဒိုင်းကြဲ တောင်းဆို နေပြန်တာကြောင့် ရန်ကုန်ဟာ ရူးချင်ယောင်ဆောင်လို့မရ၊ ရန်ကုန်ဟာ အိပ်ချင်ယောင်ဆောင်နေလို့မရ။ ရန် ကုန် လူငယ်တွေဟာ မနက်ခင်းရောက်တော့ သားရဲပေါတဲ့ တောနက်ထဲ လက်ဗလာနဲ့ဝင်သွားရသလိုမျိုး ထ မင်းအတွက် ချွေးဒီးဒီးကျနေတဲ့ကြားက ထိတ်ရလန့်ရ။ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်မှန်း သိလျက် အစာကောက်နေတဲ့ ဌက်ကလေးများ ပမာ။

 

မင်းအောင်လှိုင်ဆိုတာ ဘယ်သူသေသေ ငတေမာရင်ပြီးရော မဟုတ်လား။ လူငယ်တွေကို သေတွင်း ထဲတွန်းပို့ကာ သူ့အာဏာတည်မြဲရေးအတွက် ဆက်လက်မုန်ယိုနေဦးမှာ သေချာတယ်။

 

မြို့ပျက်ရန်ကုန် ဘဝတွေလည်း ဌာန်ကုန် ပျက်ကြရတယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။