Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အသက်မရွေး လိင်မရွေး သက်ရောက်လာတော့မယ့် စစ်မှုထမ်းဥပဒေ

နည်းဥပဒေပြဌာန်းချက်မရှိ၊ ဘုံသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းလည်းမရှိဘဲ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို လုပ်ချင်သလိုလုပ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်(၁)သင်တန်းကို သတ်မှတ်ရက်ထက်စောကာ ဧပြီ ၈ရက် မှာ ဖွင့်လှစ်ခဲ့တယ်။

 

စစ်မှုထမ်းဖို့ မဲပေါက်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာတွေ၊ မြေးက စစ်မှုထမ်းမဲပေါက်လို့ ဘွားအေကြီးက တံတားပေါ်ကခုန်ချ အဆုံးစီရင်ခဲ့တဲ့ ရာနာစရာတွေ၊ စစ်မှုထမ်းဆင့်ခေါ်စာရတာနဲ့ ပြေးကြလွှားကြတာတွေ၊ ပိုက်ဆံပေးပြီး လူစားထိုးလိုက်တာတွေနဲ့ တော်လှန်ရေးတပ်တွေ လွှမ်းမိုးထားတဲ့ဒေသများကလွဲလို့ အကုန်ဝရုန်းသုန်းကား။

 

စစ်မှုထမ်းဥပဒေကို တရားမဝင်အတည်ပြုခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၀ ရက်စွန်းရုံကာလကတည်းက ခရီးသွား လူငယ်တွေကို လမ်းခရီးမှာ အကြောင်းပြချက်မရှိ ဖမ်းဆီးကာ ဘယ်ရောက်လို့ ဘယ်ပျောက် သွားမှန်းမသိတဲ့ ဇာတ်တွေက အများသား။ စစ်မှုထမ်းဖို့ မဲပေါက်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာတွေ၊ မြေးက စစ်မှုထမ်းမဲပေါက်လို့ ဘွားအေကြီးက တံတားပေါ်ကခုန်ချ အဆုံးစီရင်ခဲ့တဲ့ ရာနာစရာတွေ၊ စစ်မှုထမ်းဆင့်ခေါ်စာရတာနဲ့ ပြေးကြလွှားကြတာတွေ၊ ပိုက်ဆံပေးပြီး လူစားထိုးလိုက်တာတွေနဲ့ တော်လှန်ရေးတပ်တွေ လွှမ်းမိုးထားတဲ့ဒေသများကလွဲလို့ အကုန်ဝရုန်းသုန်းကား။ ဘယ်လိုမှ ရွေး ချယ်ခွင့်မရှိ ဘာလုပ်ရမယ်မှန်းမသိ တွေဝေနေသူတွေက ကံဆိုးစွာနဲ့ စစ်သင်တန်းပါသွားကြတယ်။

 

ဒါကိုပဲအရှက်သိက္ခာမရှိတဲ့ စစ်ကောင်စီက အပတ်စဉ်(၁)သင်တန်းဟာ ကိုယ့်သဘောနဲ့ကိုယ် စစ်မှု ထမ်းချင်လို့ ဝင်လာကြတဲ့လူငယ်တွေလို့ ဆိုရဲ့။ မော်လမြိုင်တစ်ဖက်ကမ်းက ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ဆိုရင် အပတ်စဉ်(၁)သင်တန်းအတွက် အယောက် ၇၀ ကျော်ခွဲတမ်းကျပြီး အယောက် ၇၀ ကျော်စလုံးကို ဒေသခံတွေက ငွေပေးဌားခဲ့တာ တစ်ကျွန်းလုံးလည်းအသိ၊ မီဒီယာတွေလည်း သိရှိဖော်ပြခဲ့ကြပေမဲ့ စစ်ကောင်စီ လက်ဝေခံ မွန်ဝန်ကြီးချုပ်အောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း စစ်သင်တန်းတက်သူတွေဟာ ကိုယ့်သဘောနဲ့ကိုယ်စာရင်းသွင်းခဲ့ကြသူတွေလို့ ဗလောင်းဗလဲပါးစပ်ပေါက်နဲ့ ဆိုရဲခဲ့သေးတယ်။

 

အပတ်စဉ်(၂) အတွက် လူစုဆောင်းရာမှာ ကြိုတင်ပြေးလွှားရှောင်ရှားကြသူတွေများတာကြောင့်တချို့ ဒေသတွေမှာ မဲနှိုက်တာတွေဘာတွေ လုပ်မနေတော့ဘဲ စစ်မှုထမ်းအကျုံး ဝင်လူငယ်တွေကို အိမ်တိုင်ရာရောက်၊ လုပ်ငန်းခွင်ထဲ အရောက် ရှောင်တခင်ဝင်ဖမ်းကာ တစ်ခါတည်း ဖမ်းဆီးသွားတယ်လို့ သိရတယ်။

 

စစ်မှုထမ်းအပတ်စဉ်(၂)စစ်သင်တန်းပို့ဖို့ မေလထဲမှာ ဝရုန်းသုန်းကားလုပ်ကြပြန်တယ်။ အပတ်စဉ်(၂) အတွက် လူစုဆောင်းရာမှာ ကြိုတင်ပြေးလွှားရှောင်ရှားကြသူတွေများတာကြောင့်တချို့ ဒေသတွေမှာ မဲနှိုက်တာတွေဘာတွေ လုပ်မနေတော့ဘဲ စစ်မှုထမ်းအကျုံး ဝင်လူငယ်တွေကို အိမ်တိုင်ရာရောက်၊ လုပ်ငန်းခွင်ထဲ အရောက် ရှောင်တခင်ဝင်ဖမ်းကာ တစ်ခါတည်း ဖမ်းဆီးသွားတယ်လို့ သိရတယ်။

 

ကျောင်းသားတွေကို ယာယီခြွင်းချက်ထားတယ်လို့ဆိုပေမဲ့ ပြည်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသား ဆယ်ဂဏန်းကျော်နဲ့ ပေါင်းတည်၊ သဲကုန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ် တို့က တက္ကသိုလ် ကျောင်း သားဆယ်ဂဏန်းဝန်းကျင်ကို စစ်သင်တန်းတက်ဖို့ ဖမ်းဆီးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဆိုတယ်။

 

စစ်ကောင်စီရဲ့ အဆိုးရွားဆုံးလုပ်ဆောင်ချက်တစ်ရပ်က အမျိုးသားလူငယ်တွေကို ပြည်ပထွက်အ လုပ် လုပ်ခွင့်ပိတ်လိုက်ကြောင်း မေလ ၁ ရက်မှာ ထုတ်ပြန်လိုက်ခြင်းပါပဲ။ မေလ ၁ ရက်မှာ အမျိုးသားတွေကို အလုပ်လုပ်ခွင့်ပိတ်ကြောင်း ထုတ်ပြန်ပြီးနောက် တစ်ထစ်လျှော့ဖြေလျော့မှုလို့ဆိုကာ အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ကြားလူငယ်တွေကိုသာ ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ကြောင်းဆို ပါတယ်။ အဲဒီကန့်သတ်ချက်ဟာ လူငယ်တွေကို အဓမ္မစစ်တပ်ထဲ သွတ်သွင်းဖို့ ပံ့ပိုးလုပ်ဆောင်ချက်ဖြစ်ကြောင်း အားလုံးက အလိုအလျောက် နားလည်ကြပါတယ်။

 

စစ်သားဆိုရင် မြို့ရောတောမှာပါ ပစ်မိန့်က အချိန်ပြည့်ရှိတယ်။ စက်ရုံထဲကို စစ်မှုထမ်းဖို့ လူငယ် တွေ ဝင်ဖမ်းမယ်ဆိုရင်လည်း ဘယ်သူက ဟန့်တားရဲမလဲ။

 

ပြည်တွင်းမှာပဲ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်တွေကရော ဘယ်လိုအခြေအနေရှိပါသလဲ။ အလုပ် လုပ်နေပါတယ်ဆိုပြီး စစ်မှုထမ်းဖို့ရာ ယာယီကင်းလွတ်ခွင့်မရှိပါဘူး။ ဒါ့အပြင် လှိုင်သာယာ စက်ရုံတွေက အ လုပ်သမားတချို့ အလုပ်အသွား၊ အပြန်အချိန်မှာ ပျောက်ဆုံးသွားတာတွေ၊ မေလ ၁၀ ရက် ဝန်းကျင်က လှိုင်သာယာ၊ ၁၆ ကွေ့မှာ အလုပ်ကနေပြန်လာတဲ့ အလုပ်သမား ၂ ဦးကို စစ်တပ်က ဝင်ဖမ်းသွားတာတွေကြောင့် စက်ရုံဝန်ထမ်းတွေလည်း ကျီးလန့်စာစား နေနေရပါတယ်။ လှိုင်သာ ယာစက်ရုံတချို့က လုပ်ငန်းခွင်ပြင်ပ ဖမ်းဆီးခံရတာတွေကို တာဝန်မယူနိုင်ကြောင်း သူတို့ရဲ့ဝန်ထမ်းတွေကို ပြောဆိုသတိပေးတာတွေလည်း ရှိနေပါတယ်။ စစ်တပ်က စက်ရုံထဲလာပြီး ဝင်ဖမ်းမယ်ဆိုရင်လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူးလို့ အထည်ချုပ်စက်ရုံမန်နေဂျာတစ်ဦးကပြောကြောင်း သတင်းတစ်ရပ်ရဲ့ ဖော်ပြချက်ကလည်း တကယ့်အဖြစ်မှန်ပါပဲ။

 

စစ်သားဆိုရင် မြို့ရောတောမှာပါ ပစ်မိန့်က အချိန်ပြည့်ရှိတယ်။ စက်ရုံထဲကို စစ်မှုထမ်းဖို့ လူငယ် တွေ ဝင်ဖမ်းမယ်ဆိုရင်လည်း ဘယ်သူက ဟန့်တားရဲမလဲ။ စက်ရုံထိပ်မှာ စောင့်နေတဲ့ လုံခြုံရေးဝန် ထမ်းကိုရော စက်ရုံတွင်း အဲကွန်းခန်းထဲက သူဌေးကိုရော ပစ်သတ်လိုက်လို့ အရေးယူခံရစရာအ ကြောင်းမရှိ၊ လျော်ကြေး ဆိုတာက အဝေးကြီး၊ နာရေးစရိတ်တောင် ပေးစရာမလို။ တစ်ရစ်မှ မရှိတဲ့ ရိုးရိုးစစ်သားတောင် ဘယ်သူ့ကိုမဆို အကြောင်းပြချက်မဲ့ ပစ်သတ်ခွင့်ရှိကြောင်း သူဌေးတွေကိုယ်တိုင်လည်း ကောင်းကောင်း သိကြပါတယ်။

 

အခုဆိုရင် ရန်ကုန်သို့ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ နယ်မြို့အသီးသီးက စစ်မှုထမ်းအကျုံး ဝင်လူ ငယ်တွေရဲ့ဘဝဟာလည်း ဘယ်ကိုပြေးလို့ပြေးရမယ်မှန်း အချိန်တိုင်းလိုလို သတိဆွဲ အသက်အောင့်ကာ စစ်မှုထမ်းဥပဒေရဲ့ အန္တရာယ်ကို စောင့်ကြည့်နေရပြီ ဖြစ်ပါတယ်။

 

ဧည့်စာရင်းတိုင်ထားတာ အိမ်လိပ်စာအတိအကျနဲ့ဆိုတော့ ညဘက် ဧည့်စာရင်းလာစစ်တယ်ဆိုပြီး လိုက်ခဲ့လို့ ခေါ်သွားရင် ကျနော်တို့ ဘဝပျက်ဖို့ပဲရှိတော့တယ်။

 

လှည်းတန်းမှာ အိမ်ဌားနေကာ ကုမ္ပဏီဝန်ထမ်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းထဲက လူငယ် ၃ ယောက် အခုမေလအတွင်း ဧည့်စာရင်းသွားတိုင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဆင့် ခေါ်စာပေးလိုက်တာကြောင့် နောက်တစ်ရက် မိုးလင်းတာနဲ့  ကြောက်ကြောက်နဲ့ နေရာသစ်တစ်နေရာကို အားချင်း ပြောင်းရွှေ့ခဲ့ရပါတယ်။

 

“ဧည့်စာရင်းတိုင်ထားတာ အိမ်လိပ်စာအတိအကျနဲ့ဆိုတော့ ညဘက် ဧည့်စာရင်းလာစစ်တယ်ဆိုပြီး လိုက်ခဲ့လို့ ခေါ်သွားရင် ကျနော်တို့ ဘဝပျက်ဖို့ပဲရှိတော့တယ်။ အဲလိုဖြစ်မှာကြောက်လို့ လုပ်ငန်းဖော်တစ် ယောက်နေတဲ့ ရပ်ကွက်က စစ်မှုထမ်းကိစ္စ ဘာမှမလုပ်ဘူးဆိုတာနဲ့ သူတို့ရပ်ကွက်ထဲ တိုက်ခန်းတစ်ခန်း ချက်ချင်းဌားပြီး အိမ်လခအရှုံးခံပြီး ရွှေ့ရတာ”လို့ ကုမ္ပဏီဝန်ထမ်းလူငယ်တစ်ဦးက ဆိုပါတယ်။

 

ဧည့်စာရင်းမတိုင်ဘဲနေပြန်တော့လည်း ကြောက်ရ၊ ဧည့်စာရင်းတိုင်တော့လည်း စစ်မှုထမ်းဥပဒေကို ကြောက်နေရတဲ့ဘဝ။ ချက်ချင်း ပြောင်းဖို့ရွှေ့ဖို့ ငွေကြေးအဆင်မပြေသူတွေကျတော့ ဖြစ်ချင် ရာဖြစ် ကံကိုသာ ပုံအပ်ကာ မျက်စိစုံမှိတ်ထားကြရနဲ့။

 

သူတို့အရင်နေတဲ့ရပ်ကွက်က အဆောင်ရပ်ကွက်ဖြစ်ပြီး အဆောင်နေလူငယ်တွေလည်း ဖွေးဖွေးလှုပ်နေတာမို့ ဧည့်စာရင်းတိုင်တဲ့ စစ်မှုထမ်းအကျုံးဝင်လူငယ်တွေအားလုံးကို ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးက ဆင့်ခေါ် စာပေးမှာ သေချာတယ်လို့ သူကဆိုပါတယ်။

 

ဧည့်စာရင်းမတိုင်ဘဲနေပြန်တော့လည်း ကြောက်ရ၊ ဧည့်စာရင်းတိုင်တော့လည်း စစ်မှုထမ်းဥပဒေကို ကြောက်နေရတဲ့ဘဝ။ ချက်ချင်း ပြောင်းဖို့ရွှေ့ဖို့ ငွေကြေးအဆင်မပြေသူတွေကျတော့ ဖြစ်ချင်ရာဖြစ် ကံကိုသာ ပုံအပ်ကာ မျက်စိစုံမှိတ်ထားကြရနဲ့။

 

မေလ ၁၄ ရက်မှာ စစ်မှုထမ်းအပတ်စဉ်(၂)ကို စတင်ဖွင့်တယ်။ မေ ၂၀ ရက်မှာပြုလုပ်တဲ့ စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာ အဲဒီအဖွဲ့ဥက္ကဌ မင်းအောင်လှိုင်ခန့် ဗိုလ်ချုပ်ကြီးလို့ဆိုတဲ့ တင်အောင်စန်းက တပ်သားသစ်သင်တန်းများအတွက် လျာထားချက်ပြည့်မီရေး ခက်ခဲခဲ့ကြောင်း ဆိုတယ်။ ပြီးတော့ စစ်ကောင်စီတို့ထုံးစံအတိုင်း စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေ မလာရင် အရေးယူမယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်။ 

 

စစ်ကောင်စီရဲ့အဆိုအရ စစ်မှုထမ်းအပတ်စဉ်တစ်ခုမှာ သင်တန်းသား ၅၀၀၀ ဆိုတော့ အခု အပတ်စဉ် နှစ်ခု သင်တန်းသား တစ်သောင်း။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သင်တန်းသားတစ်သောင်းရဖို့ကိုတောင် ဖျစ်ဖျစ်မြည်ခက်ခဲခဲ့တယ်ဆိုတော့ လာမယ့်အပတ်စဉ်တွေမှာ သွေးရိုးသားရိုးနဲ့ လူပြည့်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

 

အခု ရံဖန်ရံခါ ကျင့်သုံးနေတဲ့ လူစည်ကားရာနေရာတွေမှာ ဝင်ဖမ်းတာမျိုးကို ခပ်စိပ်စိပ်လုပ်လာပါမယ်။ စက်ရုံတွေ အထဲထိဝင်လာပြီး ဖမ်းဆီးတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ညသန်းခေါင်ဧည့်စာရင်းစစ်တယ်ဆိုပြီး လူငယ်တွေမြင်ရင် ဖမ်းခေါ်သွားတာလည်း လုပ်မှာပါပဲ။

 

လူမပြည့်ရင် စစ်ကောင်စီ ဘယ်လိုလုပ်မှာပါလဲ။ စစ်ကောင်စီအတွက် သိပ်လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ပုံမှန်သုံးနေကျ အကြမ်းဖက်ခြင်းနည်းလမ်းစုံကိုသုံးကာ လူပြည့်အောင်ဖြည့်မှာကြောင့်ပါပဲ။ အခု ရံဖန်ရံခါ ကျင့်သုံးနေတဲ့ လူစည်ကားရာနေရာတွေမှာ ဝင်ဖမ်းတာမျိုးကို ခပ်စိပ်စိပ်လုပ်လာပါမယ်။ စက်ရုံတွေ အထဲထိဝင်လာပြီး ဖမ်းဆီးတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ညသန်းခေါင်ဧည့်စာရင်းစစ်တယ်ဆိုပြီး လူငယ်တွေမြင်ရင် ဖမ်းခေါ်သွားတာလည်း လုပ်မှာပါပဲ။ ပြီးတော့ အသက် ၁၈ နှစ်အောက်လည်း မရှောင်၊ အသက်၄၀ ကျော်လည်း လာထား ဆိုတာမျိုးလည်း ဖြစ်လာနိုင်တာကြောင့် စစ်မှုထမ်းဥပဒေဆိုတာ အသက်အရွယ်မရွေး အပေါ် သက်ရောက်လာမှာ သေချာပါတယ်။

 

အခုဆိုရင် ဒလမြို့နယ်၊ အနိုးချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးတွေပါ မဲနှိုက်ရတော့မယ်လို့ ဆိုကြောင်း သတင်းတစ်ရပ်က ဖော်ပြတာ တွေ့ရပါတယ်။ မလုပ်ရဲတာဘာမှမရှိတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်သိုက်ဟာ အမျိုးသားတွေကို ဖမ်းဆီးစစ်ထဲသွင်းဖို့ ခက်လာရင် အမျိုးသမီးတွေဘက် လှည့်လာမှာပါပဲ။

 

စစ်ဗိုလ်ချုပ်တို့ဟာ သူတို့ရဲ့ မတရားအာဏာ သက်ဆိုးရှည်ဖို့ အမျိုးသမီးတွေကို ရှေ့တန်းထွက် အ သေခံခိုင်းဖို့လည်း ဝန်လေးမှမဟုတ်ပါဘူး။

 

မြန်မာပြည်သူတွေ ဘာတွေပဲဖြစ်ဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စုတ်သတ်ရုံပါပဲ။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။