ပြည်သူ့လုံခြုံရေးစနစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်တိုင်းပြည်လုံးရှိ ပြည်သူတွေကို စစ်ထဲဆွဲသွင်းဖို့ စစ် ကောင်စီ အားထုတ်ပြန်တယ်။ မင်းအောင်လှိုင်က အာဏာသိမ်းမှုကို ပြတ်ပြတ်သားသားဆန့်ကျင်နေတဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် လက်စားချေလိုက်ခြင်းလို့ ဆိုရင်လည်း မမှားပါဘူး။
အဲဒီဥပဒေအရ တော်လှန်ရေးလှုပ်ရှားမှု အားမကောင်းတဲ့ဒေသက လူငယ်တွေ ဒုက္ခရောက်ရ၊ စစ်တပ်ထဲ မဝင်ရရေးသည် နံပါတ်တစ်၊ ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကို လွှတ်ချကာ ပြည်တွင်း၊ ပြည်ပ အဆင်ပြေမယ့်နေရာတွေဆီ လူငယ်လေးတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်။
ပထမ၊ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်းက အဓမ္မစစ်မှုထမ်းဥပဒေ။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးများ။ ပြီးတော့ သက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခု ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက ကျားဆိုရင် ၄၅ နှစ်အထိ၊ မ ဆိုရင် ၃၅ နှစ်အထိ အကျုံးဝင်တဲ့ အဓမ္မ စစ်သားစုဆောင်းမှု။ အဲဒီဥပဒေအရ တော်လှန်ရေးလှုပ်ရှားမှု အားမကောင်းတဲ့ဒေသက လူငယ်တွေ ဒုက္ခရောက်ရ၊ စစ်တပ်ထဲ မဝင်ရရေးသည် နံပါတ်တစ်၊ ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကို လွှတ်ချကာ ပြည်တွင်း၊ ပြည်ပ အဆင်ပြေမယ့်နေရာတွေဆီ လူငယ်လေးတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်။ အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် ၅ အထိ ဖွင့်လှစ်ပြီးဖြစ်လို့ မရှိဘူးဆိုရင် အနည်းဆုံး လူငယ်ပေါင်း နှစ်သောင်းခွဲ စစ်တပ်ထဲ ရောက်ကြရ။ အဓမ္မစစ်သားစုဆောင်းခံရတဲ့ ဘဝများ။
အခု ဩဂုတ် ၁၆ ရက်မှာ ပြည်သူကို နောက်တစ်ဆင့် ဒုက္ခပေးချက် ‘ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့’။ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ လမ်းအလိုက် ပြည်သူ့လုံခြုံရေးစနစ် တည်ဆောက်ရမယ်တဲ့။ သတင်းတွေအရ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို စစ်သင်တန်းပေး၊ ရပ်ရွာအတွင်း လုံခြုံရေး တာဝန်ယူရမယ်လို့ ဆိုတယ်။
စစ်မှုထမ်းဥပဒေမှာ အကျုံးမဝင်တဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေလည်း စစ်ကောင်စီအာဏာတည်မြဲရေးအတွက် စစ်တိုက်ပေးရမယ်ဆိုတာမျိုး။
ပြောရရင် စစ်မှုထမ်းဥပဒေမှာ အကျုံးမဝင်တဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေလည်း စစ် ကောင်စီအာဏာတည်မြဲရေးအတွက် စစ်တိုက်ပေးရမယ်ဆိုတာမျိုး။ တချို့ဒေသတွေမှာ ပြည်သူ့စစ်ဆိုတာ ရှိ ပြီးသား၊ ပျူစောထီးဆိုတာ ရှိပြီသားဆိုပေမဲ့ အဲဒီပြည်သူ့စစ်တို့ ပျူစောထီးတို့မှာ မပါတဲ့သူတွေ၊ ပြည်သူ့စစ်နဲ့ ပျူစောထီး မဖွဲ့စည်းထားတဲ့ ဒေသက အမျိုးသားတွေ စစ်ကောင်စီကွန်ရက်ထဲက မလွတ်စေရ။ တစ်နည်းနည်းနဲ့ စစ်ကောင်စီအတွက် ကာကွယ်ပေးရမယ်ပေါ့။
၂၀၂၂ ခုနှစ်ကစလို့ စစ်သားတွေ အလင်းဝင်လာကြ၊ PDF တို့ရဲ့ ပြောက်ကျားစစ်ကြောင့် စစ်သားနဲ့ရဲ တဖြည်းဖြည်း အချွေခံခဲ့ကြရ။ အဲဒီနောက် စစ်ဖြစ်ပွားတဲ့ဧရိယာ ကျယ်ပြန့်လာခြင်းနဲ့ ၁၀၂၇ စစ်ဆင်ရေးကစလို့ စစ်သားတွေ နင်လားငါလားသေပြီး ထောင်နဲ့ချီ လက်နက်ချအညံ့ခဲ့ခြင်းတို့ကြောင့် တောက်လျှောက်ဆိုသလို အကျပ်ရိုက်နေတဲ့ စစ်သားမရှိခြင်းပြဿနာကို ပြည်သူ့လုံခြုံရေးစနစ်နဲ့ ဆက်လက်ဖြေရှင်းခြင်းလို့လည်း ဆိုနိုင်တယ်။
စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးစနစ် ရည်မှန်းချက်က မြို့တွေရွာတွေရဲ့ လုံခြုံရေးကို စစ်သားနည်း နည်း၊ ရဲနည်းနည်းနဲ့ ဒေသခံပြည်သူများများက တာဝန်ယူစေလိုတဲ့ပုံ။ အဲဒီမြို့ရွာတွေမှာ တာဝန်ချထားတဲ့ စစ်သားနဲ့ရဲတွေကို ရသလောက် ပြန်ဆွဲထုတ်ပြီး တကယ်တိုက်ရတဲ့ စစ်မြေပြင်ဆီ ပို့ဆောင်ချင်တာလည်း ဖြစ်မယ်ထင်တယ်။
ဒါ ကို နောက်တစ်မျိုးဖွင့်ဆို ရသော်၊ စစ်တပ်ထဲ စစ်မတိုက်ရတဲ့ လက်ရုံးတပ်တွေက စစ်သားများစွာကို စစ်တိုက်ခိုင်းပြီး သူတို့နေရာမှာ ဒေသခံပြည်သူတွေ ရသလောက်အသုံးပြုမယ်လို့ စစ်ကောင်စီ စိတ်ကူးယဉ်နေပုံလည်း ရတယ်။
ပြီးတော့ ပြည်သူ့လုံခြုံရေးစနစ်ကနေ ထွက်ပေါ်လာမယ့် ဒေသခံအင်အားစုတွေကို တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဆီ လက်နက်နဲ့ရိက္ခာ အထောက်အပံ့ပေးတဲ့လုပ်ငန်းတွေနဲ့ ဒဏ်ရာရစစ်သားတွေ သယ်ထုတ်ခြင်း၊ ဆေးရုံပို့ခြင်း စတဲ့ လုပ်ငန်းတွေမှာ အသုံးချဖို့လည်း ရည်ရွယ်ဟန်တူပါတယ်။ ဒါ ကို နောက်တစ်မျိုးဖွင့်ဆို ရသော်၊ စစ်တပ်ထဲ စစ်မတိုက်ရတဲ့ လက်ရုံးတပ်တွေက စစ်သားများစွာကို စစ်တိုက်ခိုင်းပြီး သူတို့နေရာမှာ ဒေသခံပြည်သူတွေ ရသလောက်အသုံးပြုမယ်လို့ စစ်ကောင်စီ စိတ်ကူးယဉ်နေပုံလည်း ရတယ်။ ထပ်ပြောရရင် တိုင်းပြည်အာဏာရရှိရေးနဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေ၊ ရွာတွေကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ရှိသမျှစစ်သားတွေ အကုန်ထုတ်သုံးနိုင်ဖို့ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ အိပ်မက်မက်နေခြင်းပဲ ဖြစ်တယ်။
ဒါပေမဲ့၊ ပြည်သူ့လုံခြုံရေးစနစ်ကနေ ထွက်ပေါ်လာမယ့် ဒေသခံတွေအနေနဲ့ ကိုယ့်မြို့ကိုယ့်ရွာအပြင် ဘက်ထွက်ပြီး မင်းအောင်လှိုင်အတွက် စစ်မတိုက်ပေးရဘူးလို့လည်း သိမှတ်ထားလို့ မရပြန်ပါဘူး။ ဘာလို့လဲ ဆိုတော့ အဓမ္မစစ်မှုထမ်းဥပဒေကို စတင်ဖော်ဆောင်စဉ်အခါက သင်တန်းဆင်းစစ်သားတွေကို ကိုယ့်မြို့ကိုယ့် ရွာနဲ့ အနီးစပ်နေရာတွေမှာသာ ပြန်လည်တာဝန်ချပေးမယ်လို့ စစ်ကောင်စီဘက်က အပြောအဆိုတွေရှိခဲ့ပေမဲ့ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းတာနဲ့ တကယ့်ကို အသေခံတိုက်ရတဲ့ ရှမ်းမြောက်နဲ့ ရခိုင်ဘက် ပို့ဆောင် ခဲ့လို့ပါပဲ။
စစ်မှုထမ်းအပတ်စဉ်တစ် သင်တန်းဆင်းစစ်သားသစ်တွေကို အိမ်ခဏပြန်ဖို့ ခွင့်မပေးခြင်းနဲ့ အသေခံတိုက်ရမယ့် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခဲ့ခြင်းကြောင့် ပိုက်ဆံနဲ့ စစ်တပ်ထဲ အဌားလိုက်မယ့်သူတွေတောင် ရှားသွားပြီဖြစ်ပါတယ်။
ဒါ့အပြင် စစ်မှုထမ်းသင်တန်းဆင်းစစ်သားတွေကို လစာ ၅ သိန်းတသောင်းပေးမယ်လို့ဆိုခဲ့ပြီး လက် တွေ့မှာ လစာ ၁ သိန်း ၇ သောင်းသာ ပေးတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခြင်းကလည်း စစ်ကောင်စီ ဘယ်လောက်ထိ ဗလောင်းဗလဲနိုင်သလဲဆိုတာ ဖော်ပြနေပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီက ဘာပဲဆိုဆို သူတို့ အာဏာအတွက် ဘယ်သူ့ကိုမဆို လိုသလို အသုံးချမှာက သေချာပါတယ်။
ပြီးတော့ စစ်ကောင်စီအတွက် လတ်တလော အကျပ်ဆိုက်နေတဲ့ ပြဿနာကြီးတစ်ရပ်က စစ်မှုထမ်းဖို့ ရာ စစ်သားစုဆောင်းရ မလွယ်ကူတော့ခြင်းပါပဲ။ စစ်မှုထမ်းအပတ်စဉ်တစ် သင်တန်းဆင်းစစ်သားသစ်တွေကို အိမ်ခဏပြန်ဖို့ ခွင့်မပေးခြင်းနဲ့ အသေခံတိုက်ရမယ့် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခဲ့ခြင်းကြောင့် ပိုက်ဆံနဲ့ စစ်တပ်ထဲ အဌားလိုက်မယ့်သူတွေတောင် ရှားသွားပြီဖြစ်ပါတယ်။ အကျုံးဝင်လူငယ်တွေကလည်း စစ်တပ်ထဲ မဝင်ရရေးအတွက် နည်းလမ်းမျိုးစုံနဲ့ တိမ်းရှောင်နေကြခြင်းအရ အခုဆိုရင် ရန်ကုန်၊ မုံရွာနဲ့ ပဲခူးတိုင်းထဲက မြို့တချို့တို့ မှာ ပေါ်တာဆွဲကာ စစ်တပ်ထဲထည့်တာကိုတောင် လုပ်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကြာလာတာ နဲ့အမျှ စစ်သားသစ် ပါးရှားခြင်းပြဿနာနဲ့ ပိုမိုရင်ဆိုင်ရတော့မှာ အသေအချာပါပဲ။
စစ်မှုထမ်းအကျုံးဝင်လူငယ်တွေက လူငယ်ဖြစ်ခြင်းအရ ဇာတိစွန့်ခွာ တစ်နေရာရာမှာ အခြေချဖို့ရာ စိတ်လည်းရဲပြီး အခက်ကြီးမခက်လှပေမဲ့ ၃၅ နှစ်အထက် အရွယ်တွေကျတော့ များသောအားဖြင့် ကိုယ့်မြို့ကိုယ့်ရွာမှာ အိမ်ထောင်သည်အဖြစ် အခြေတည်ပြီးသားမို့ တခြားတစ်နေရာသို့ ရွှေ့ရပြောင်းရ တော်တော်မလွယ်တဲ့ ဘဝတွေပါပဲ။
စစ်သားသစ်ပါးရှားလာတာနဲ့အမျှ ပြည်သူ့စစ်၊ ပျူစောထီးနဲ့ ပြည်သူ့လုံခြုံရေး စစ်သင်တန်းဆင်း တွေ ကို ရှေ့တန်းပို့လာနိုင်ပါတယ်။ စစ်မှုထမ်းအကျုံးဝင်လူငယ်တွေက လူငယ်ဖြစ်ခြင်းအရ ဇာတိစွန့်ခွာ တစ်နေရာရာမှာ အခြေချဖို့ရာ စိတ်လည်းရဲပြီး အခက်ကြီးမခက်လှပေမဲ့ ၃၅ နှစ်အထက် အရွယ်တွေကျတော့ များသောအားဖြင့် ကိုယ့်မြို့ကိုယ့်ရွာမှာ အိမ်ထောင်သည်အဖြစ် အခြေတည်ပြီးသားမို့ တခြားတစ်နေရာသို့ ရွှေ့ရပြောင်းရ တော်တော်မလွယ်တဲ့ ဘဝတွေပါပဲ။ဒါ့ကြောင့် စစ်ကောင်စီဘေးကနေ ပြေးဖို့ရာ ခက်လှ။ အထူးသဖြင့် PDF လှုပ်ရှားမှုမရှိတဲ့ မြို့တွေ ရွာတွေက လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေအတွက် တော်တော်မလွယ်။
အခု အသက် ၅၀ ရှိပြီဖြစ်တဲ့ ရန်ကုန်သားမိတ်ဆွေတစ်ဦးပင် ပေါ်တာဆွဲပြီး စစ်တပ်ထဲအထည့်ခံရမှာ ကြောက်လို့ သတိကြီးကြီးထားနေရတယ်လို့ ဆိုပါတယ်။
“မနက်စောစောထပြီး ဆီတန်းစီဖို့ ကားနဲ့ ထွက်လာတဲ့အချိန်နဲ့ ဆီတန်းစီနေတဲ့အချိန် စစ်တပ်က ဝင် ဖမ်းမှာ တကယ်ကြောက်တယ်။ အဲဒါကြောင့် တစ်ခုခုဆို ပြေးနိုင်အောင် ပြေးလမ်းကို ကြိုကြည့်ထားရတယ်”
“မနက်စောစောထပြီး ဆီတန်းစီဖို့ ကားနဲ့ ထွက်လာတဲ့အချိန်နဲ့ ဆီတန်းစီနေတဲ့အချိန် စစ်တပ်က ဝင် ဖမ်းမှာ တကယ်ကြောက်တယ်။ အဲဒါကြောင့် တစ်ခုခုဆို ပြေးနိုင်အောင် ပြေးလမ်းကို ကြိုကြည့်ထားရတယ်” လို့ သူကဆိုတယ်။
၆၅ နှစ်အရွယ်တောင် အနိမ့်ဆုံးအဆင့် ကင်းစောင့်ရမယ်ဆိုတဲ့ အခြေအနေမှာ အသက် ၅၀ အရွယ်ကို စစ်တပ်ထဲ မထည့်ဖူးလို့ ဘယ်သူပြောနိုင်မလဲလို့ သူက မေးခွန်းထုတ်လိုက်တယ်။
စစ်ကောင်စီက သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူ၊ပြည်သူချင်း သတ်ခိုင်းတဲ့နည်းကို မြိန်ရေ ယှက်ရေ ခံတွင်းတွေ့နေပြီပဲ ဖြစ်တယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။