ဆူနာမီလို မြန်နှုန်းမြင့် အားကောင်းလှသည့် လှိုင်းလုံးကြီးက ဆီးရီးယား အာဏာရှင် ဘာရှာအယ်လ် အာဆတ်အစိုးရ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နေချိန်အတွင်း မြန်မာ့နွေဦး တော်လှန်ရေးကို ပျက်ရယ်ပြုတဲ့ အပြောအဆိုတွေလည်း ထွက်ပေါ်လာခဲ့တယ်။
ဘလူးမတ်ရထားတဲ့ မိတ်ဆွေစာရေးဆရာတစ်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ အခုလို ရေး သားထားတာ တွေ့ရတယ်။
“တစ်ယောက်ကရေးတယ်။ မင်းတို့ တော်လှန်ရေးကိုလည်း မြန်မြန် အောင်မြင်အောင်လုပ်ကြဦး...။ တော်ကြာ ကမ္ဘာ့အမွေအနှစ် ယူနက်စကိုစာရင်းဝင်သွားဦးမယ်တဲ့။ အေးတာပဲ...”တဲ့။
ရေးထားတဲ့ တစ်ယောက်ဆိုတာကိုတော့ ဘယ်သူလဲလို့ မဖော်ပြ။ ဘယ်သူရေးတာပဲဖြစ်ဖြစ် တကယ့် မြေပြင်မှာ အသက်ပေးတိုက်နေသူတွေရဲ့ ယုံကြည်မှုကို ကိုယ့်လူချင်း မညှာမတာ ပြောထွက်တဲ့စကားမို့ ဘာ့ကြောင့် ရေးရသလဲဆိုတာ စစ်ဆေးကြည့်မိတယ်။
ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်ခြင်းအတတ်မှာ တစ်ဖက်ကမ်းခတ်ထူးချွန်တဲ့ အာဆတ်ဟာ အာဏာရှင်ပီပီ သူမတူအောင် ကြောက်စိတ်လည်းကြီးတာကြောင့် တော်လှန်ရေးတပ်တွေ ဒမတ်စကတ်ထဲ မဝင်ခင်မှာ သူတို့မိသားစု လေယာဉ်နဲ့ ဖခင်ရုရှားဆီ ထွက်ပြေးသွားတော့တယ်။
တကွဲတပြား ဆီးရီးယားတော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၂၇ ရက်မှာ ထိုးစစ်စတင်တယ်။ တစ်မြို့ ပြီး တစ်မြို့မြန်မြန်ဆန်ဆန် သိမ်းပိုက်လာခဲ့တဲ့ တော်လှန်ရေးတပ်တွေဟာ ဒီဇင်ဘာ ၈ ရက်မှာ ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်ထဲကို မြားတစ်စင်းလို ပြေးဝင်လာတယ်။ အီရန်နဲ့ ရုရှားတို့ရဲ့ အထောက်အပံ့နဲ့ အပေါ် လေမိနေတဲ့ အာဏာရှင်တပ်မတော်ကြီးရဲ့ စစ်သားတွေက ယူနီဖောင်းတွေကို ကပျာကရာချွတ်ပြီး ထွက်ပြေးကြလေတော့ တော်လှန်ရေးတပ်တွေ လေချွန်မပျက် ဒမတ်စကတ်ကို သိမ်းလိုက်နိုင်တယ်။ ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်ခြင်းအတတ်မှာ တစ်ဖက်ကမ်းခတ်ထူးချွန်တဲ့ အာဆတ်ဟာ အာဏာရှင်ပီပီ သူမတူအောင် ကြောက်စိတ်လည်းကြီးတာကြောင့် တော်လှန်ရေးတပ်တွေ ဒမတ်စကတ်ထဲ မဝင်ခင်မှာ သူတို့မိသားစု လေယာဉ်နဲ့ ဖခင်ရုရှားဆီ ထွက်ပြေးသွားတော့တယ်။ ၁၉၇၁ ခုနှစ်၊ အဖေအာဆတ်ကနေ သား အာဆတ်အထိ ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ သားစဉ်မြေး ဆက်အာဏာရှင်စနစ် ၁၂ ရက်သာကြာတဲ့ စစ်ဆင်ရေးက အဆုံးသတ်ပေးခဲ့တယ်။
ရေပက်မဝင်တဲ့ အကိုးအကား အချက်အလက် သုတေသနတွေ့ရှိချက်တွေနဲ့ နိုင်ငံရေးသီအိုရီအမျိုး မျိုးပေါင်းစပ်ကာ ခန့်မှန်းတွက်ချက်လေ့ရှိတဲ့ အနောက်နိုင်ငံတွေက ဆီးရီးယားကျွမ်းကျင်သူတွေတောင် ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ရုံသာ တတ်နိုင်တယ်။ ဆီးရီးယားပြည်သူတွေလည်း မမျှော်လင့်ထားတဲ့ အ ပြောင်းအလဲ။ တကယ်တိုက်နေတဲ့ ဆီးရီးယားတော်လှန်ရေးအင်အားစုတွေတောင် ဒီလောက်မြန်လိမ့်မယ်လို့ ထင်ပုံမရ။
၁၂ ရက်သာကြာတဲ့ ထိုးစစ်ကို မြန်မာပြည်သူတွေရော တော်လှန်ရေးအင်အားစုတွေပါ အားကျကြတယ်။ ဆီးရီးယားအာဏာရှင် ထွက်ပြေးရခြင်းဟာ မြန်မာ့နွေဦးအတွက် အားတက်စရာဖြစ်ရတယ်။ မြန်မာမှာ လည်း ရခိုင်နဲ့ ကချင်မှာ တော်လှန်ရေးတပ်တွေက အပေါ်စီးကနေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေလေတော့ နေ့ချင်း ညချင်း ဘဝပျက်သွားတဲ့ အာဆတ်ကြောင့် အိပ်မက်ဆိုးမက်နေတဲ့ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ ငါတို့ အလှည့် ဘယ်တော့လဲလို့ တွေးကာ အိပ်ဆေးနောက်တစ်လုံး တိုးသောက်ရမယ်လို့ ထင်တယ်။
“ဆီးရီးယားက ချက်ချင်းလက်ငင်း ပွဲပြီးသွားသလောက် မင်းတို့ နွေဦးတော်လှန်ရေးကတော့ အခု ၄ နှစ်ပြည့်တော့မယ်၊ ယူနက်စကိုစာရင်းဝင်တဲ့အထိ ပြီးဦးမှာလား”ဆိုပြီး ရန်လုပ်တော့တယ်။
ဒါပေမဲ့၊ နိုင်ငံရေးဘိုင်ကျနေသူတွေက ဆီးရီးယားအရေးကို အားတက်စရာလို့ မမြင်။ အထက်မှာ ဖော် ပြထားသလို အပြစ်ရှာတော့တယ်။ “ဆီးရီးယားက ချက်ချင်းလက်ငင်း ပွဲပြီးသွားသလောက် မင်းတို့ နွေဦး တော်လှန်ရေးကတော့ အခု ၄ နှစ်ပြည့်တော့မယ်၊ ယူနက်စကိုစာရင်းဝင်တဲ့အထိ ပြီးဦးမှာလား”ဆိုပြီး ရန်လုပ်တော့တယ်။
ပြောရရင် အပြစ်ပြောချင်တာနဲ့ ၁၂ ရက်ဆိုတဲ့ကာလကိုသာ ဖြတ်ကြည့်ကာ မရမက ရန်လုပ်ခြင်းလို့ ဆိုရင် မမှား။ တကယ်တော့ အဟုန်ပြင်းလှတဲ့ ၁၂ ရက်တာထိုးစစ်ဖြစ်လာဖို့ တစ်လှမ်းချင်း ရွေ့ခဲ့ရတဲ့ အာဏာ ရှင်အာဆတ် တော်လှန်ရေးဟာ ၁၃ နှစ်ကျော်ကြာခဲ့ကြောင်း လတ်တလောဆီးရီးယားအကြောင်း ဆောင်းပါး လေးတစ်ပုဒ်လောက် ဖတ်လိုက်ရုံနဲ့ သိနိုင်တဲ့ကိစ္စ။ ၁၃ နှစ်ကျော်ကြာ တော်လှန်ရေးကာလမှာ ပြည်သူ ၃ သိန်း အပါအဝင် အသက်ပေါင်း ၆ သိန်းကျော် သေကြေ။ အဖေနဲ့သား အာဏာရှင်နှစ်ဆက် သက်တမ်းက နှစ်ပေါင်း ၅၀ ကျော်။ နွေဦးတော်လှန်ရေးအပေါ် ရန်လုပ်ချင်စိတ်နဲ့ သရော်ချင်စိတ် ပြင်းပြနေတော့လည်း ဒါတွေကို မြင် အောင် မကြည့်နိုင်။
“…..လက်ရှိ တောင်ကိုရီးယားလွှတ်တော်ကိုယ်စားလှယ်တွေ အခုလို ခပ်သွက်သွက်၊ သတ္တိရှိရှိ တုံ့ပြန်တာတွေ့ရတော့ ၇၂ နာရီစောင့်ဦးမယ်ဆိုပြီး စည်ပင်ဧည့်ရိပ်သာထဲ ဝပ်နေခဲ့ကြတဲ့ ကိုယ့်တိုင်းပြည်က ကိုယ်စားလှယ်တော်ကြီးတွေကိုတောင် သတိရသဗျာ”
နိုင်ငံရေးဘိုင်ကျနေသူတစ်ဦးရဲ့ နောက် အရေးအသားတစ်ခုကိုလည်း အခုရက်ပိုင်းအတွင်း တွေ့ခဲ့သေးတယ်။ ဒီဇင်ဘာ ၃ ရက်ည၊ တောင်ကိုးရီးယားမှာ စစ်အုပ်ချုပ်ရေးကျင့်သုံးပြီလို့ လက်ရှိသမ္မတ Yoon Suk Yeol က ကြေညာခဲ့ပြီး ၂ နာရီမပြည့်ခင်မှာ တောင်ကိုးရီးယားလွှတ်တော်အမတ်တွေက သမ္မတအမိန့်ကို ဆန့် ကျင်၊ လွှတ်တော်ထဲ ရောက်အောင်ဝင်၊ လွှတ်တော်အမတ်တွေရဲ့ မဲခွဲဆုံးဖြတ်ချက်အရ မာရှယ်လောအမိန့် ပျက်ပြယ်။ အဲဒီဖြစ်ရပ်ကို ကျနော်တို့စာပေရပ်ဝန်းထဲကပဲ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “…..လက်ရှိ တောင်ကိုရီးယားလွှတ်တော်ကိုယ်စားလှယ်တွေ အခုလို ခပ်သွက်သွက်၊ သတ္တိရှိရှိ တုံ့ပြန်တာတွေ့ရတော့ ၇၂ နာရီစောင့်ဦးမယ်ဆိုပြီး စည်ပင်ဧည့်ရိပ်သာထဲ ဝပ်နေခဲ့ကြတဲ့ ကိုယ့်တိုင်းပြည်က ကိုယ်စားလှယ်တော် ကြီးတွေကိုတောင် သတိရသဗျာ” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးထားတာ တွေ့ရတယ်။
တောင်ကိုးရီးယားနဲ့ မြန်မာ ဘယ်လိုမှ မနှိုင်းယှဉ်အပ်တဲ့ ဖြစ်ရပ်နှစ်ခုဆိုတာ ဘယ်သူမဆို မျက် မှောက်တစ်ချက်ကြုတ် စဉ်းစားစရာမလိုတဲ့ကိစ္စ။ မြန်မာမှာ အာဏာသိမ်းတဲ့မနက် သန်းခေါင်ကျော်မှာပဲ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွားတာ အားလုံးအသိ။ အဲဒီအချိန် အာဏာ သိမ်းမှုကို ဆန့်ကျင်ပါတယ်ဆိုပြီး စည်ပင်ဧည့်ရိပ်သာထဲက လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်းထန်တဲ့ ကန့်ကွက်မှုတစ်စုံတစ်ရာ လုပ်ခဲ့မယ်ဆိုရင် ဧည့်ရိပ်သာထဲက အမတ်တွေအကုန် ထောင်ထဲရောက်သွားမှာ အ သေအချာ။ စည်ပင်ဧည့်ရိပ်သာထဲရောက်နေတဲ့ လွှတ်တော်အမတ်အချို့ရဲ့ ပိပိရိရိ ရဲရဲဝံ့ဝံ့ ဦးဆောင်နိုင်စွမ်း ကြောင့် ရွေးကောက်ခံပြည်ထောင်စုလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ)ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှု ရယူနိုင်ခဲ့တာဟာ နွေဦးတော်လှန်ရေးအတွင်း အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့တာ ငြင်းလို့မရ။
ဒါပေမဲ့၊ စာပေလောကသား နိုင်ကျဉ်းဟောင်းကြီးက အပြစ်ပြောချင်ဇော သိပ်လောနေတော့လည်း ရှေ့မကြည့်နောက်မကြည့် ကိုယ်လိုသလို ပြောထည့်ပစ်လိုက်တော့တယ်။ အာဏာသိမ်းတဲ့ရက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာရောက်နေကြတဲ့ လွှတ်တော်အမတ်တွေက သွေးကြောင်ခဲ့တာကြောင့်ပဲ အာဏာသိမ်းမှု အထမြောက်သွားသလို ဘာလိုလို။
သူတို့ဟာ တော်လှန်ရေးဘက်တော်သားတွေလို့ ဆိုနိုင်ပေမဲ့ သူတို့ရဲ့နိုင်ငံရေးအသိက ခါလီ။ ဒီတော်လှန်ရေးထဲမှာ ကိုယ့်နေရာကိုယ် ရှာမတွေ့၊ ကိုယ်ဘာလုပ်ရမလဲဆိုတာ မသိ။
အထက်မှာဖော်ပြခဲ့တဲ့ အရေးအသားနှစ်ခုကို ကြည့်လိုက်ရင် တော်လှန်ရေးအပေါ် တစ်ခုခုဖြစ်ထွန်း စေလိုတဲ့ စိတ်စေတနာနဲ့ တော်လှန်ရေး လိုအပ်ချက်တွေကို ဝေဖန်နေတာ မဟုတ်ကြောင်း ဘယ်ထောင့်က ကြည့်ကြည့်ပေါ်လွင်နေတယ်။ တော်လှန်ရေးလုပ်နေသူတွေအပေါ် အပြစ်ရှာထားတဲ့ အရေးအသား။ အသက်တွေနဲ့ရင်းပြီး တိုက်ပွဲဝင်နေသူတွေရဲ့မျက်နှာကို တစ်ချက်ကလေးမှ မကြည့်၊ ပြောထွက်ရဲတဲ့ သရော်တော်တော် အရေးအသား။
အဲဒီလို သူတို့က ရေးသားထားလို့ သူတို့ကရော တော်လှန်ရေးထဲမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေသလဲဆိုတော့ အပေါ်ယံမျက်မြင်အရ တစ်စိုက်မတ်မတ် လုပ်နေကိုင်နေတာ ရေရေရာရာမတွေ့မိ။ သူတို့ ဟာ တော်လှန်ရေးဘက်တော်သားတွေလို့ ဆိုနိုင်ပေမဲ့ သူတို့ရဲ့နိုင်ငံရေးအသိက ခါလီ။ ဒီတော်လှန်ရေးထဲမှာ ကိုယ့်နေရာကိုယ် ရှာမတွေ့၊ ကိုယ်ဘာလုပ်ရမလဲဆိုတာ မသိ။ ဒါပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့လည်း ထင်နေပြန်တော့ ဘယ်သူက ဘာကြီးလုပ်နေနေ လေးစားရကောင်းမှန်းလည်း မသိ။ စစ်အာဏာရှင်ကို ဘယ် လိုတော်လှန်ရမယ်မှန်းလည်း မသိ၊ လူတတ်ကြီးကလည်း လုပ်ချင်ပြန်တော့ စကားကြီး စကားကျယ်တွေနဲ့ ကိုယ်တပ်ကိုယ်ပြန်နင်းတဲ့ လုပ်ရပ်တွေကိုသာ ကိုယ့်တပ်ကိုယ်ပြန်နင်းနေမှန်းမသိဘဲ ကျူးလွန်မိနေတော့တယ်။
သူတို့က အဲဒီလို တော်လှန်ရေးဖျက်မြင်းဖြစ်မှန်းမသိ ဖြစ်နေချိန်မှာ ကိုယ့်အလုပ်ကိုယ်သိတဲ့ တော်လှန်ပြည်သူတွေက နွေဦးဘဏ်အစုရှယ်ယာတွေကို မျှော်မှန်းထားတာထက် စံချိန်သစ်တင်ကာ အမေရိ ကန်ဒေါ်လာ ၁၃ ဒဿမ ၄ သန်းအထိ ဝယ်ယူခဲ့တယ်။ ၁၃ ဒဿမ ၄ သန်းဆိုတဲ့ငွေဆိုတာ ၁၀ ဒေါ်လာသော နှမ်းစေ့လေးတွေကနေ ဖြစ်ပေါ်လာတဲ့ အစုအဝေးခွန်အားတစ်ရပ်ဖြစ်ပြီး ၁၀ ဒေါ်လာတတ်နိုင်တဲ့ပြည်သူ ၁၀ ဒေါ်လာ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဟာ တော်လှန်ရေးအတွက် သူ့တစ်နိုင်ထည့်ဝင်လိုက်တဲ့ ကြီးကျယ်ခမ်းနားမှုဖြစ်တယ်။
ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းရမယ်ဆိုတဲ့ အသိရှိဖို့လိုတယ်။ ကိုယ်နိုင်တဲ့ဝန်ကို ထမ်းရဲတဲ့ သတ္တိရှိဖို့လည်း လိုတယ်။ ကိုယ့်တာဝန်ကိုယ်သိဖို့ လိုတယ်။
ဟောဒီတော်လှန်ရေးထဲမှာ ပြည်သူတစ်ဦးချင်းစီ ထမ်းနိုင်တဲ့ ဝန်ရှိတယ်။ နိုင်ငံနဲ့ချီ ခြောက်ခြောက် ခြားခြားတိတ်ဆိတ်သွားခဲ့တဲ့ အသံတိတ်သပိတ်တွေဟာ ပြည်သူတစ်ဦးချင်းစီက ကိုယ့်တာဝန်ကိုယ်သိပြီး ထမ်းရွက်ခဲ့ကြခြင်းရဲ့ ရလဒ်၊ ကမ္ဘာကြီးကတောင် ပါးစပ်အဟောင်းသားနဲ့ ငေးခဲ့ရတဲ့ နှမ်းစေ့ပေါင်းများစွာရဲ့ ညီညွတ်မှုအားကနေ ဖြစ်ထွန်းလာတဲ့ အံ့မခန်းကြီးကျယ်ခမ်းနားမှုလည်း ဖြစ်တယ်။
ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းရမယ်ဆိုတဲ့ အသိရှိဖို့လိုတယ်။ ကိုယ်နိုင်တဲ့ဝန်ကို ထမ်းရဲတဲ့ သတ္တိရှိဖို့လည်း လိုတယ်။ ကိုယ့်တာဝန်ကိုယ်သိဖို့ လိုတယ်။
ဆိုတော့ အခုဒီစာကို ရေးနေသူကရော တော်လှန်ရေးအတွက် ဘာတွေ လုပ်နေသလဲလို့ မေးစရာရှိ လာတယ်။ ကျနော့်နိုင်ငံရေးသိမှုနဲ့အနုပညာအပေါ် အခြေပြုကာ နွေဦးတော်လှန်ရေးအတွက် စာရေးသားခြင်း နဲ့ အထောက်အကူပြုနိုင်ဖို့ ဒါ၊ ငါ လုပ်နိုင်တဲ့အရာ၊ ငါ့တာဝန်ဆိုတဲ့အသိနဲ့ တစိုက်မတ်မတ် ရပ်တည်တယ်။ ဒါ့ အပြင် ဒီလောက်နဲ့လည်း မလုံလောက်ဘူးလို့ ယုံကြည်တာကြောင့် ကိုယ့်တစ်ကိုယ်စာဘဝကို ခြိုးခြံ၊ ရလာတဲ့ စာမူခထဲက လစဉ် တနိုင်တစ်ဆုပ် တော်လှန်ရေးအတွက် လှူဒါန်းလျက်။ အဲဒါကို ဒီတော်လှန်ရေးမှာ ကျနော်တတ်နိုင်တဲ့ဝန်၊ ထမ်းရမယ့်ဝန်၊ ကိုယ့်ရဲ့နေရာလို့ အခိုင်အမာ သတ်မှတ်ထားပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။