Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အလိမ်ခံနေရဆဲ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ (Opinion)

“ အမရေ ကျနော့်ကို ကယ်ပါဦး၊ ပိုက်ဆံလေး ဘတ် ၅ ထောင်လောက် ချေးပါဦး၊ ကျနော့်ကို ပွဲစားက ထပ်လိမ်သွားပြန်ပြီ၊ လုပ်ပါဦး အမရယ်၊ ကျနော် ကျနော့်မိဘတွေဆီကလည်း ထပ်တောင်းဖို့ အဆင်မပြေတော့လို့ပါ” ငိုသံနဲ့ သူပြောပါတယ်။

 

မကြာသေးတဲ့ လအနည်းငယ်ကမှ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်ကို တိမ်းရှောင်လာတဲ့  အသက် ၂၂ နှစ်အရွယ် ဇေယျ(အမည်လွှဲ)ဆီက ကယ်ရာမဲ့ အကူအညီတောင်းသံပါ။ သူက မဲဆောက်ဘက်ခြမ်းကနေ အောက်လမ်းကတဆင့် မဟာချိုင်ဘက်ကို အလုပ်သွားလုပ်ဖို့ ပွဲစားအချိတ်အဆက်နဲ့ ရေရာတဲ့အဆက်အသွယ်လည်း မရှိဘဲ သွားရောက်ခဲ့တာပါ။ 

 

မဟာချိုင်ကို ရောက်တာနဲ့ ပြောထားတဲ့ စက္ကူစက်ရုံကလည်း စက္ကူတစ်ရွက်တောင် မရှိ၊ အလုပ်သမားတွေများပြီး လစာလည်း မှန်တယ်လို့ ပွဲစားက လာတုန်းက ပြောထားပေမယ့် တကယ်တမ်းမှာ လစာမမှန်လို့ အလုပ်သမားတွေ အကုန်ထွက်ပြေးကုန်ပြီး လူနှစ်ယောက်တစ်ပိုင်းသာ တွေ့ရကာမှ အလိမ်ခံရမှန်း သိတာ။ 

 

မဟာချိုင်ကို ရောက်တာနဲ့ ပြောထားတဲ့ စက္ကူစက်ရုံကလည်း စက္ကူတစ်ရွက်တောင် မရှိ၊ အလုပ်သမားတွေများပြီး လစာလည်း မှန်တယ်လို့ ပွဲစားက လာတုန်းက ပြောထားပေမယ့် တကယ်တမ်းမှာ လစာမမှန်လို့ အလုပ်သမားတွေ အကုန်ထွက်ပြေးကုန်ပြီး လူနှစ်ယောက်တစ်ပိုင်းသာ တွေ့ရကာမှ အလိမ်ခံရမှန်း သိတာ။ 

 

တကယ်က အဲဒီမှာလည်း မပြီးသေးပါ၊ နောက်ထပ် စမတ်ပေးမယ့် ပွဲစားတစ်ယောက်ကို ထပ်ချိတ်ပြီး ကားနဲ့ လာခေါ်ကာမှ ကားသမားရယ် နောက်ထပ်သူဌေးတစ်ယောက်နဲ့ ထိုင်းရဲတွေရယ် ပေါင်းပြီး ဖမ်းခံထိတော့တာပဲ။ နောက်ဆုံးမှာတော့ ချေးငှားဖြေရှင်းလိုက်ရပြီး မဟာချိုင်မှာပဲ မထူးဇာတ်ခင်းရတော့မှာမို့ သူက နောက်ထပ်စမတ်ကြေးအတွက် ကူကယ်ရာမဲ့နေတဲ့ အနေအထားရောက်သွားခဲ့တာပါ။ 

 

ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့လအနည်းငယ်က ဖြစ်ခဲ့တာပါ။ အခုလက်ရှိမှာလည်း မဟာချိုင်မှာသာမက ထိုင်းနိုင်ငံတဝှမ်းမှာ အထူးသဖြင့် ရွှေ့ပြောင်းမြန်မာလူငယ်အများစုဟာ ပွဲစားတွေရဲ့ လိမ်လည်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ ယခင်ကတည်းက ထိုင်းကို နည်းလမ်းမျိုးစုံနဲ့ အလုပ်လာလုပ်သူ အများစုမှာ လိမ်လည်မှုပေါင်းစုံ ကြုံတွေ့နေကြတယ်ဆိုတာ သိလျက်နဲ့ လိမ်လည်မှုတွေဟာ လျော့ပါးမသွားပဲ လက်ရှိမှာလည်း ဆက်တိုက် အလိမ်ခံနေကြရဆဲပဲဖြစ်ပါတယ်။

 

“ပြည်ပနိုင်ငံကို သွားမယ်ဆိုရင် ပွဲစားတွေကို တကယ်ကုန်ကျမယ့် ကုန်ကျစရိတ်ထက် သုံးလေးဆလောက်  အလုပ်သမားတွေက ပိုပြီးပေးရတယ်။ ပြည်ပရောက်တော့လည်း အလုပ်တွေက အဆင်မပြေတာရှိသလို အလုပ်မရတာတွေလည်း ရှိတယ်။ 

 

မြန်မာပြည်မှာရှိတဲ့ စက်ရုံအလုပ်သမားတွေက ပြည်တွင်းမှာ အလုပ်လုပ်တဲ့အခါ လုပ်ခလစာနည်းပါးတာနဲ့ စားဝတ်နေရေးလုံလောက်မှု မရှိတဲ့အတွက် ပြည်ပကို ထွက်လာတာတွေ ရှိသလို၊  စစ်အာဏာသိမ်းကာလမှာ စစ်မှုထမ်းဥပဒေတွေ ထုတ်ပြန်ပြီးတဲ့နောက် ပြည်တွင်းထဲမှာ အလုပ်သမားတွေက မနေထိုင်ရဲကြတော့တာကြောင့် ပြည်ပကို နည်းလမ်းမျိုးစုံနဲ့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖို့အတွက် ထွက်လာတာတွေလည်း ရှိပါတယ်။ ဒီလိုအချိန်မှာ အခွင့်ကောင်းစောင့်နေတဲ့ လူလိမ်ပွဲစားအချို့က သူတို့ခွင်ထဲအရောက်မှာ ရတဲ့နည်းလမ်းတဲ့ ပွဲတော်တည်ဖို့ ပိုပြီး ကြိုးပမ်းလာတော့တာပါပဲ။ 

 

“ပြည်ပနိုင်ငံကို သွားမယ်ဆိုရင် ပွဲစားတွေကို တကယ်ကုန်ကျမယ့် ကုန်ကျစရိတ်ထက် သုံးလေးဆလောက်  အလုပ်သမားတွေက ပိုပြီးပေးရတယ်။ ပြည်ပရောက်တော့လည်း အလုပ်တွေက အဆင်မပြေတာရှိသလို အလုပ်မရတာတွေလည်း ရှိတယ်။ ပွဲစားတွေက စရိတ်တွေကို ယူထားပြီးတော့ တာဝန်ခံမှု တာဝန်ယူမှု မရှိဘူးပေါ့နော်၊ အဲဒါတွေကိုလည်း အလုပ်သမားတွေက သိတယ်၊ ပွဲစားတွေနဲ့ အဆင်မပြေတာ၊ တာဝန်မယူတာဆိုရင် သူတို့က နောက်ပွဲစားနဲ့ ပြောင်းချိတ်ဆက်ပြီး အလုပ်ရှာခိုင်းတာတွေ ထပ်လုပ်တယ်၊ အဲလိုထပ်လုပ်တာမှာ ငွေအလိမ်ခံရတာတွေ၊ သူတို့ရဲ့ လုပ်ခလစာ မရရှိတာတွေနဲ့ ထပ်ကြုံရတာပဲ၊ အကြိမ်ပေါင်းများစွာ အလိမ်ခံနေရတယ်၊ ကြုံနေရတယ်၊ ဒါပေမယ့်လည်း အလုပ်သမားတွေက ဒီပွဲစားတွေဆီပဲ ထပ်ပြီး သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေဘဝက ကူကယ်ရာမဲ့ ဘဝကို ရောက်နေတယ်၊ အားကိုးရာ မရှိဘူး၊ မှီခိုစရာ မရှိဘူး၊ ဒါကြောင့်မို့ သူတို့ အလိမ်ခံနေရလည်း သူတို့မှာ သူတို့ အလုပ်ရရေးနဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတာကို မခံရအောင် ပွဲစားတွေဆီပဲ သွားပြီး အကူအညီတောင်းရတာပေါ့” လို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်ဥက္ကဌ မတင်တင်ဝေက ငွေမောင်းသံကို ပြောပါတယ်။

 

မြန်မာပြည်သားတွေဟာ ထိုင်းနိုင်ငံ မဟာချိုင် မဲဆောက် စသည်တွေမှာသာမက အခြားခရိုင်တွေမှာလည်း Mou သမားရော၊ ရွှေ့ပြောင်းအလုပ်သမားတွေပါ အလိမ်ခံနေရတာ လျော့မသွားဘူးလို့ သိရပါတယ်။ 

 

လိမ်လည်သူပွဲစားတွေဟာ သူစိမ်းတွေတင်မဟုတ်ဘဲ ဆွေမျိုးမိတ်ဆွေတွေကြားမှာလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်ကာ အချင်းချင်းကြား အသားမာတက်သလို တွယ်ကပ်နေကြပါတယ်။

 

လိမ်လည်သူတွေဟာ ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ လိမ်လည်ကြပါတယ်။ အချို့သောစစ်တမ်းကောက်ယူမှုတွေအရ စာရွက်စာတမ်းအထောက်အထားအသစ်တွေ ပြုလုပ်ပေးတာ၊ စာရွက်စာတမ်းအဟောင်းကို သက်တမ်းတိုးပေးတာ၊ အလုပ်စမတ်ပေးတာ၊ အလုပ်သွင်းပေးတာ၊ အလုပ်ကောင်းရအောင် သူဌေးနဲ့ တွေ့ပေးတာ၊ လစဉ် စုမဲတွေ စုတာ၊ ပြီး‌တော့ ရာခိုင်နှုန်းနဲ့ ကော်မရှင်နှုန်းနဲ့ ငွေချေးပေးတာ၊ ကိုယ်ပိုင်အလုပ်လုပ်လို့ရအောင် ကူညီပေးတာ၊ အလုပ်သမား‌တွေရဲ့သားသမီးတွေကို ထိုင်းကျောင်းတွေမှာ ကျောင်းတက်ခွင့်ရအောင် ဆောင်ရွက်ပေးတာ၊ သူတို့ရဲ့သားသမီးတွေကို ၁၀ နှစ်ခံနေထိုင်ခွင့်တွေ လုပ်ပေးတာ၊ အလုပ်သမားတွေရဲ့သားသမီးတွေကို မွေးစာရင်းလုပ်ပေးတာ စသဖြင့် ခေါင်းစဥ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ လိမ်လည်နေကြတယ်လို့ သိရပါတယ်။ လိမ်လည်သူပွဲစားတွေဟာ သူစိမ်းတွေတင်မဟုတ်ဘဲ ဆွေမျိုးမိတ်ဆွေတွေကြားမှာလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်ကာ အချင်းချင်းကြား အသားမာတက်သလို တွယ်ကပ်နေကြပါတယ်။

 

“ကျမရဲ့ အစ်မတဝမ်းကွဲဆိုရင် မဲဆောက်ကို ရောက်တာ နှစ်အတော်ကြာပြီ၊ လွန်ခဲ့တဲ့ နှစ်လလောက်က ကျမ မြန်မာပြည်ကနေ မဲဆောက်ကို ရောက်တော့ သူက အလုပ်ရှာပေးတယ်၊ အထည်ဆိုင်အလုပ်ရှင်သူဌေးတစ်ယောက်နဲ့ တွေ့ပေးမယ်၊ စမတ်ကြေး ဘတ် ၅၀၀၀ ပေးရမယ်လို့ ပြောတယ်၊ အလုပ်လည်းရရော အလုပ်လုပ်တဲ့ ပထမဆုံးလုပ်ခ လစာ ၅၅၀၀ ရတာကို သူက ၅၀၀၀ ကြိုထုတ်သွားတယ်”

 

“ကျမရဲ့ အစ်မတဝမ်းကွဲဆိုရင် မဲဆောက်ကို ရောက်တာ နှစ်အတော်ကြာပြီ၊ လွန်ခဲ့တဲ့ နှစ်လလောက်က ကျမ မြန်မာပြည်ကနေ မဲဆောက်ကို ရောက်တော့ သူက အလုပ်ရှာပေးတယ်၊ အထည်ဆိုင်အလုပ်ရှင်သူဌေးတစ်ယောက်နဲ့ တွေ့ပေးမယ်၊ စမတ်ကြေး ဘတ် ၅၀၀၀ ပေးရမယ်လို့ ပြောတယ်၊ အလုပ်လည်းရရော အလုပ်လုပ်တဲ့ ပထမဆုံးလုပ်ခ လစာ ၅၅၀၀ ရတာကို သူက ၅၀၀၀ ကြိုထုတ်သွားတယ်” လို့ မြန်မာပြည် ဧရာဝတီတိုင်းဘက်ကနေ မဲဆောက်ကို ရောက်လာသူ မဇင်မာအေးက ပြောပါတယ်။ မဲဆောက်မှာ ဆွေမျိုးသားချင်းဆိုတာ မရှိဘူးလို့တောင် ပြောရမလိုပါပဲ။

 

 

“အဲလို လူလိမ်မြောက်များစွာကို ယုံစားမိကြတဲ့ ကာယကံရှင် မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်က ဆန္ဒဇောလောကြီးတာက တစ်ချက်၊ လောဘဇော အသောမသတ်နိုင်တာက တစ်ချက်၊ ရှေ့ရှေ့ကလူများစွာ အလိမ်ခံရမှန်းသိတယ်၊ ငါ့ကျရင်တော့ မှန်မှန်ကန်ကန် လုပ်ပေးတန်ကောင်းရဲ့ ဆိုတဲ့ မျှော်လင့်ချက်ထားရှိတာက တစ်ချက်၊ အဲဒီလိုပုံစံမျိုးတွေနဲ့ လိမ်မှန်းသိရက်နဲ့ လိမ်ပြီးရင်းလိမ်ရင်း အလိမ်ခံရတဲ့အခါကျတော့ လိမ်တဲ့သူတွေမှာ မပြစ်မရှိတော့ဘဲ အလိမ်ခံရသူတွေ လောဘဇော အသောမသတ်နိုင်လို့ အခြေအနေ အချိန်အခါကို မစောင့်စားနိုင်လို့ အလိမ်ခံရတယ်လို့ပဲ ထင်တယ်”လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

 

အလိမ်ခံရရင်လည်း လိုအပ်တဲ့အချက်အလက်တွေ စုဆောင်းရယူထားပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီ တိုင်ကြားနိုင်ပါတယ်။ 

 

ရွှေ့ပြောင်းအလုပ်လုပ်သူတွေအနေနဲ့ တရားဝင်ဌာနက ပြောဆိုထုတ်ပြန်ချက်တွေ နားထောင်ဖို့လိုပြီး မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနဲ့ ILO၊ IOM တို့ကနေ ဖွင့်ထားတဲ့ Migrant Center တွေမှာလည်း လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရယူနိုင်တယ်လို့ သိရပါတယ်။ အလိမ်ခံရရင်လည်း လိုအပ်တဲ့အချက်အလက်တွေ စုဆောင်းရယူထားပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီ တိုင်ကြားနိုင်ပါတယ်။ အဓိကအနေနဲ့ ပွဲစားတွေဆီမှာ လမ်းမဆုံးပဲ လက်လှမ်းမီသလောက် ကိုယ်တိုင်လုပ်နိုင်တာတွေကို လေ့လာဆောင်ရွက်ကြမှသာ အလိမ်ခံရတာတွေ လျော့ပါးလာမှာဖြစ်တယ်လို့လည်း ဦးမိုးကြိုးက အင်တာဗျူးတစ်ခုမှာ အကြံပေးပြောဆိုထားပါတယ်။

 

ယခုအချိန် ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းမှာ နေထိုင်လုပ်ကိုင်နေတာကို အတိအကျ သိဖို့ ခက်ခဲပါတယ်။ လက်ရှိ ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၁ သန်းရှိပေမယ့် အမှန်တကယ် အရေအတွက်ကတော့ ၃သန်း ကနေ ၅ သန်းအထိ ရှိနိုင်တယ်လို့ အလုပ်သမားရေး ကျွမ်းကျင်သူတချို့က ခန့်မှန်းထားကြပါတယ်။

~~~~

ခေးလု

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။