ထားဝယ်မြို့၊ သပြေချောင်းကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၈)ကို မနေ့က မေ ၁၆ ရက် မနက် ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။
စကခ ၈ ဌာနချုပ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်မှ အရာရှိအဆင့်များ စုဝေးရောက်ရှိနေတဲ့ အဆောက်အအုံများအပြင် ရပ်နားထားတဲ့ MI2 ရဟတ်ယာဉ် ၂ စီး နေရာကိုပါ ပြီး ဒရုန်းနဲ့ ၆၀ မမဗုံးသီး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်အပြီးမှာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၂၀ မမ လက်နက်ကြီးများနဲ့ အနီးဝန်းကျင်ရှ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး MI 2 ရဟတ်ယာဉ်တစ်စီးနဲ့လည်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဒရုန်းစစ်ဆင်ရေးကို ဒေါနစစ်ကြောင်း တပ်ခွဲ (၄)၊ KBDF Drone တပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းမှ Sky Ghost Drone Force၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှ T5 WingTPLF Drone တပ်ဖွဲ့နဲ့ YAF Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရုပ်သံ - စစ်ကောင်စီ စကခ ၈ ကို Fixed Wings ဒရုန်းများနှင့် ဗုံးကြဲတိုက်ခိုက်စဉ် (source: KBDF Drone တပ်ဖွဲ့)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။