မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စီကျေးရွာ စာသင်ကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေကို ဒီကနေ့ ဧပြီ ၂၃ ရက် မနက် ၉ နာရီမှာ Fix Wing ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ Natogyi People Defence Force က သတင်း ထုတ်ပြန်ပါတယ်။
ဆက်လက်ပြီး ဒီကနေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်မှာ ရန်ကုန်-မန်းလေး အမြန်လမ်းမကြိး မိုင်တိုင် အမှတ် ၃၂၀ ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို Natogyi People Defence Force၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းမှ ရဲဘော်တွေက ဗုံးသီး (၄) လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီစစ်ဆေးရေး ဂိတ်ရှိ စစ်ကောင်စီ စစ်သားတွေဟာ ပြည်သူလူထုကို ငွေညှစ်ခြိမ်းခြောက် နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေရဲ့ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးဘဲ၊ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း (၄) NPDF၊ Myingyan District Drone Strike (MDDS)နဲ့
MHLG Wings အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံ - Natogyi PDF (မြင်းခြံခရိုင် တပ်ရင်း ၄)ရဲ့ ဒရုန်းနှင့် တိုက်ခိုက်မှု ရုပ်သံမှတ်တမ်း
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။