Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရွှေဘို မြို့မရဲစခန်းနဲ့ တရားရုံးကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်၊ စစ်ဗိုလ် ၁၊ ဒုရဲအုပ် ၁ အပါအဝင် ၈ ဦးသေ၊ ၈ ဦး ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ရွှေဘို မြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးတို့ကို တော်လှန်ရေး ပူးပေါင်း တပ်တွေက မနေ့က မေ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ Multirotor ဒရုန်း ၂ စီး၊ Fixed Wings ၃ စီးတို့နဲ့ ဗုံးသီး ၅ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ပစ်မှတ် တိကျမှု ရှိတယ်လို့ တော်လှန်ရေး တပ်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

 

တိုက်ခိုက်မှုပြီးနောက် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ရွှေဘိုဆေးရုံကြီးထဲသို့ လူနာတင်ယာဉ် ၉ စီးနဲ့ သယ်ဆောင်သွားပြီး မြို့ပေါ် UG တွေရဲ့ သတင်းပေးပို့မှုအရ စစ်ဗိုလ်တစ်ဦး၊ ဒုရဲအုပ် တင်ထွန်းလင်းအောင်၊ ရဲတပ်သား ချမ်းဝင်း၊ ရဲတပ်သား ဇော်ထိုက် (ခေါ် ) ဂျက်ကော့အပါအဝင် ၈ ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာ ရရှိသူ ၈ ဦးရှိတယ်လို့ သိရပါတယ်။

 

ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ရွှေဘို)၊ Project Flight (Fight for Democracy) ဒရုန်းတပ်ဖွဲ့၊ Drop For Justice - DFJ ၊ Flying Dragon Force ၊ တာနောယက္ခ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့၊ FFF.NK Drone ၊ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားနဲ့ သိင်္ခအားမာန်တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး Drop For Justice DFJ တပ်ဖွဲ့မှ Fixed Wings Drone တစ်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


 
ဓာတ်ပုံ -ရွှေဘိုမြို့မရဲစခန်းနဲ့ တရားရုံးကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှု ပုံရိပ်များ


~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။