Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ခေါဇာမြို့မှာ အကြမ်းဖက် စစ်ကောင်စီ ပြည်သူ့စစ် ခေါင်းဆောင်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေအတွက် စစ်သား စုဆောင်းပေးနေတဲ့ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညှဲကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (ဒေါနစစ်ကြောင်း)က သတင်းထုတ်ပြန်ထားပါတယ်။


အရပ်သား ပြည်သူတွေကို လက်နက်ကိုင် ခြိမ်းခြောက်နေတဲ့ ကျုံညှဲကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့ကို လက်နက် ဖြုတ်သိမ်းပေးဖို့နဲ့ အရေးယူပေးဖို့ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ ဒေါနစစ်ကြောင်းနဲ့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေက ယင်းအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီ ပြည်သူ့စစ် အဖွဲ့ဝင် ၅ ဦးကို ဧပြီလ ၂၃ ရက်နေ့ မနက် ၇ နာရီမှာ ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။


ပြည်သူ့စစ် အဖွဲ့ဝင် ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ပြည်သူ့စစ် ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင် ဆိုသူတို့ကို ဆက်လက် စစ်ဆေးမေးမြန်းနေစဉ် သိမ်းဆည်းထားတဲ့ လက်နက်တွေကို လုယူပြီး ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေး ရဲဘော်တစ်ဦး အနည်းငယ် ဒဏ်ရာ ရရှိခဲ့ကာ ၎င်းတို့ကို ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ကျုံညှဲကျေးရွာ အုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ထံမှ M4 Carbine ၂ လက်၊ ကိုးလုံးပြောင်းချော သေနတ် ၂ လက်၊ 380 ပစ္စတို ၂ လက်၊ ကိုးလုံးအတို ၁ လက်၊ .32 အတို ၁ လက်၊ တူမီး ၁ လက်၊ လက်ပစ်ဗုံး ၄လုံး၊ 5.56 ကျည်ဘောက် ၄ ခု ၊ 5.56 ကျည် ၃၈၅ တောင့် ၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည် ၅၀ တောင့်၊ .32 ကျည် ၄၁ တောင့် ၊ ဓါး ၁ လက် ၊ စကားပြောစက် ၃ လုံး၊ စကားပြောစက် အားသွင်းခုံ ၂ ခု၊ အီကွေးမင်း(Equipment) ၁ ခု၊ ရေဗူးတစ်လုံး၊ မှန်ပြောင်းတစ်ခုတို့ကို ပြည်သူ ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်းနဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့မှ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုအဖွဲ့မှာ ပြည်သူ့ ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည် တော်လှန်ရေးတပ်( MSRF )၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) - ဒေါနတပ်ခွဲ(၄)နဲ့ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) - ဒေါနတပ်ခွဲ(၇) တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (source: ဒေါနစစ်ကြောင်း)

~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။