Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ညောင်းပေ…ဂျောင်းပေကြ​ပေရော့…(Opinion)

ဟေ့ကောင်..အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…

 

မင်းရဲ့အဖြစ်က လူအသိမခံချင်လို့ ရေထဲစိမ်ပြီး တပိုတပါးသွားတဲ့သူလို ဖြစ်နေပါလားကွ..ဟေ။ ကိစ္စမပြီးသေးလို့ လူက ရေထဲက မထရသေးဘူး၊ မစင်က ရေပေါ် ပေါလောပေါ် နေပြီလေ။ မင်းက မင်းတို့အာဏာသိမ်းပြီး (၃)နှစ်တာ ကာလအတွင်းမှာ နိုင်ငံရဲ့စီးပွားရေး (၃) ရာခိုင်နှုန်း တက်လာတယ်လို့ ပြောသွားတယ်။ UNDP ရဲ့ အစီရင်ခံစာမှာတော့…၂၀၁၇ ခုနှစ်မှာ နိုင်ငံရဲ့ဆင်းရဲမွဲတေမှုနှုန်း (၂၄.၈) ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၃ မှာတော့ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်း (၄၉.ရ) ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါလားကွ။

 

ပြီးတော့ လောလောဆယ် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေကလည်း ၂၀၂၄ ခု မတ်လ (၂၄) ရက်နေ့မှာ အမေရိကန် (၁)ဒေါ်လာကို (၃၆၉၀)ကျပ်၊ ထိုင်း(၁)ဘတ် (၁၀၀၀)ကျပ်၊ တရုတ်(၁)ယွမ် (၅၀၄)ကျပ်၊ စင်္ကာပူ(၁)ဒေါ်လာ(၂၇၃၀)ကျပ်၊ မလေးရှား(၁)ရင်းဂစ် (ရ၀၄)ကျပ် ရှိနေရာကနေ ၂၀၂၄ ခု ဧပြီလ (၂၄)ရပ်နေ့မှာတော့ အမေရိကန်(၁)ဒေါ်လာ (၃၉၀၀)ကျပ်၊ ထိုင်း(၁)ဘတ် (၁၀၅)ကျပ်၊ တရုတ်(၁)ယွမ် (၅၂၄)ကျပ်၊ စင်္ကာပူ(၁)ဒေါ်လာ (၂၈၃၀)ကျပ်၊ မလေးရှား (၁)ရင်းဂစ် (၈၁၀)ကျပ် ဖြစ်သွားပါလားကွ။ အဲဒါတွေက နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုတွေပေါ့လေ…၊ ဟုတ်ရဲ့လား…။

 

သူ့အနေနဲ့ အဲဒီဓနဥစ္စာတွေ ဘယ်လိုပိုင်ဆိုင်ခဲ့ပါသလဲ။ စဉ်းစားနေစရာ မလိုပါဘူး။ သူ လုပ်ပိုင်ခွင့်ရှိတုန်းက ခိုးယူထားတဲ့ ဓနဥစ္စာတွေပေါ့။ ဒါတောင် ဒု-ဗိုလ်ချုပ်ကြီးဟောင်း တယောက်ရဲ့ ပိုင်ဆိုင်မှုပဲ ရှိသေးတယ်နော်…။ 

 

အခု ဒု-ဗိုလ်ချုပ်ကြီးဟောင်း၊ လယ်/ဆည် ဝန်ကြီးဟောင်း တနပ်စားမြင့်လှိုင်ကို ဖမ်းဆီးပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေကို စစ်ဆေးလိုက်တော့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာတွေကို တွေ့ရှိရဆိုပဲ။ သူ့အနေနဲ့ အဲဒီဓနဥစ္စာတွေ ဘယ်လိုပိုင်ဆိုင်ခဲ့ပါသလဲ။ စဉ်းစားနေစရာ မလိုပါဘူး။ သူ လုပ်ပိုင်ခွင့်ရှိတုန်းက ခိုးယူထားတဲ့ ဓနဥစ္စာတွေပေါ့။ ဒါတောင် ဒု-ဗိုလ်ချုပ်ကြီးဟောင်း တယောက်ရဲ့ ပိုင်ဆိုင်မှုပဲ ရှိသေးတယ်နော်…။ သူလို အခြားအခြားသော ဒု-ဗိုလ်ချုပ်ကြီးဟောင်းတွေကလည်းအတူတူနဲ့ အနူနူချည်းပါပဲ။

 

သူတို့အရင် စစ်ဗိုလ်ချုပ်ကြီးတွေ ကြည့်လိုက်ပါဦး…။ ဗိုလ်နေဝင်းရဲ့မြေးတွေဆို ခုချိန်ထိ ဘာအလုပ်မှ မလုပ်ကိုင်ကြဘဲ ချမ်းသာကြွယ်၀နေဆဲလေ…။ လက်ရှိဗိုလ်ချုပ်ကြီးတွေကရော ပြည်သူ့ဘဏ္ဍာငွေတွေ ဘုံးကြတဲ့နေရာ၊ ခိုးကြတဲ့နေရာမှာတော့ သူ့ထက်ငါ လူစွမ်းကောင်းချည်းလို့ ဆိုကြစို့ရဲ့။ အဲဒီလို စစ်အာဏာရှင်တွေ နှစ်ပေါင်း(၆၀)ကျော်လောက် လွှမ်းမိုးခဲ့တော့ ဒီနိုင်ငံမှမမွဲ၊ ဘယ်နိုင်ငံမွဲလိမ့်မတုံး ဆိုရမယ့်ကိန်းပါ။ ဒါကြောင့် ဟံသာ၀တီ ဦးဝင်းတင်က စစ်အာဏာရှင်တွေရဲ့ကျေးဇူး မူးလို့တောင် ရှူစရာမရှိလို့ ပြောခဲ့တာပေါ့။ လက်ရှိ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးကို ကြိုးစားအားထုတ်နေကြတာပေါ့။

 

ဒီမှာ အစဉ်အဆက် စစ်အာဏာရှင်တွေကလည်း သူတို့ရဲ့ ပုဂ္ဂလ စီးပွားအကျိုးအတွက် အစွမ်းကုန် ခုခံကာကွယ်ကြလိမ့်မယ်…။ ပြည်သူတရပ်လုံးကလည်း နိုင်ငံအတွက် အပြင်းအထန် တော်လှန်တိုက်ခိုက်သွားကြရမှာပါပဲ။ စစ်အာဏာရှင် အမြစ်ပြတ်သည်ထိ…။

 

 အကြမ်းဖက်အဖွဲ့အစည်းက နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကြီးနဲ့ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားလာတယ်။ ဒါပေမဲ့ ဒေါ်နတောင်တန်းကို မကျော်နိုင်ဘဲ ဖြစ်နေတော့တယ်။ 

 

သိကြတဲ့အတိုင်း အခုဆို အကြမ်းဖက်အဖွဲ့အစည်းဟာ နိုင်ငံကို တည်ငြိမ်အောင် အုပ်ချုပ်ဖို့နေနေသာသာ အရူးမီးဝိုင်းသလိုအဖြစ်မျိုးကို ရောက်ရှိလို့နေပါပြီ။ အဲဒီမှာ KNU က အာရှလမ်းကို ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားလာတယ်။ သင်္ကန်းညီနောင်က ခ.မ.ရ-၃၅၅၊ ၃၅၆၊ ၃၅၇ တို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ နယ်ခြားကုန်သွယ်ရေးမြို့ မြ၀တီဟာ အချိန်မရွေး လက်လွှတ်ရတော့မယ့် အနေအထားပေါ့။ မြ၀တီမြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခ.လ.ရ(၂၇၅)ကလည်း စခန်းကို စွန့်ခွာပြီး နယ်ခြားအမှတ်(၂) တံတားအောက်ကို ရောက်ရှိ သွားတယ်။

 

ဒီမှာ အကြမ်းဖက်အဖွဲ့အစည်းက နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကြီးနဲ့ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားလာတယ်။ ဒါပေမဲ့ ဒေါ်နတောင်တန်းကို မကျော်နိုင်ဘဲ ဖြစ်နေတော့တယ်။ KNU ကလည်း ခ.လ.ရ(၂၇၅)ကို ရက်သတ်မှတ်ပေးပြီး လက်နက်ချကြဖို့ ပြောဆိုထားတယ်။ သတ်မှတ်ရက် ရောက်သည်ထိ လက်နက်မချတော့ ဝင်တိုက်တယ်။

 

KNU က အောင်ဇေယျ စစ်ဆင်ရေးကို ဖြတ်တောက်တိုက်ခိုက်ဖို့ဆိုပြီး တပ်တွေကို ရုပ်သိမ်းသွားတယ်။ ဒီတော့ BGF တဖြစ်လဲ KNA  ဗိုလ်မှူးကြီး စောချစ်သူက မြ၀တီကို ထိန်းချုပ်ခွင့် ရသလို တံတားအောက်ရောက်နေတဲ့ စ.ခတွေကိုလည်း (၂၇၅) တပ်တွင်းကို ပို့ဆောင်ပေးနိုင်ခဲ့တယ်။

 

အကြမ်းဖက်အဖွဲ့အစည်းကလည်း လေကြောင်းပစ်ကူပေးလာတယ်။ အဲဒီမှာ KNU က အောင်ဇေယျ စစ်ဆင်ရေးကို ဖြတ်တောက်တိုက်ခိုက်ဖို့ဆိုပြီး တပ်တွေကို ရုပ်သိမ်းသွားတယ်။ ဒီတော့ BGF တဖြစ်လဲ KNA  ဗိုလ်မှူးကြီး စောချစ်သူက မြ၀တီကို ထိန်းချုပ်ခွင့် ရသလို တံတားအောက်ရောက်နေတဲ့ စ.ခတွေကိုလည်း (၂၇၅) တပ်တွင်းကို ပို့ဆောင်ပေးနိုင်ခဲ့တယ်။

 

သင်္ကန်းညီနောင် ခ.မ.ရ ၃၅၅၊ ၃၅၆၊ ၃၅၇ တို့က အသက်ပေးပြီး တိုက်ခိုက် အောင်မြင်ပြီးမှ မြ၀တီကို ထိန်းချုပ်နိုင်စွမ်းရှိပြီးမှ ဆုတ်ခွာသွားတဲ့ KNU ကို သို့လော… သို့လောတွေ ဖြစ်ကြတာပေါ့လေ…။ ဒါပေမဲ့ မြ၀တီဟာ နယ်ခြားဂိတ်မြို့ဖြစ်သလို တရုတ်ကရော၊ အမေရိကန်ကရော မလိုလားတဲ့ ရွှေကုက္ကိုနဲ့ ဆက်နွှယ်နေတယ်ဆိုတာ သတိပြုဖို့ လိုအပ်ပါတယ်။

 

NLD အစိုးရလက်ထက်မှာ ရွှေကုက္ကိုကို စစ်ဆေး စုံစမ်းဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ စစ်တပ်က စစ်ရေးစီမံချက် ရှိတယ်ဆိုပြီး ကန့်ကွက်ပြောဆိုလာလို့ စစ်ဆေး စုံစမ်းတဲ့လုပ်ငန်း ရပ်ဆိုင်းသွားတယ်။ ရွှေကုက္ကိုကို BGF အဖွဲ့က ထိန်းချုပ်ထားတာလေ…။ 

 

ရွှေကုက္ကိုဟာ မြ၀တီနဲ့ ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ဆယ်မိနစ်လောက်သာကြာတဲ့ အကွားအဝေးမှာ ရှိပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်က ခွင့်ပြုပေးထားတဲ့ စီမံကိန်းပါ။ လောင်းကစားဝိုင်းတွေ၊ လူကုန်ကူးမှုတွေ၊ ငွေကြေးခဝါချမှုတွေ…စတဲ့ ဒုစရိုက်လုပ်ငန်းတွေနဲ့ ကျော်ကြားပါတယ်။ NLD အစိုးရလက်ထက်မှာ ရွှေကုက္ကိုကို စစ်ဆေး စုံစမ်းဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ စစ်တပ်က စစ်ရေးစီမံချက် ရှိတယ်ဆိုပြီး ကန့်ကွက်ပြောဆိုလာလို့ စစ်ဆေး စုံစမ်းတဲ့လုပ်ငန်း ရပ်ဆိုင်းသွားတယ်။ ရွှေကုက္ကိုကို BGF အဖွဲ့က ထိန်းချုပ်ထားတာလေ…။ အဲဒီကတည်းက စစ်တပ်ဟာ ရွှေကုက္ကိုက ရရှိတဲ့ အကျိုးစီးပွားတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

 

နောက်တော့ မကာအို၊ ဟောင်ကောင်တို့မှာ တွင်ကျယ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နိုင်ငံက တင်းကျပ်လာတော့ မြန်မာနယ်စပ်၊ လောက်ကိုင်၊ ရွှေကုက္ကိုတို့ကို ရောက်ရှိလာတယ်။ ရှမ်းမြောက်ညီနောင် (၃)ဖွဲ့က ကျားဖြန့်လုပ်ငန်း ပပျောက်ရေးဆိုတဲ့ အချက်တချက် ထည့်သွင်းပြီး ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲတော့ လောက်ကိုင်ကို အကြမ်းဖက် အဖွဲ့အစည်းက လက်လွှတ်လိုက်ရတယ်။ ဒါ့ပြင် BGF ခေါင်းဆောင် ပယ်ဆောက်ချိန်ကိုလည်း ထိုးအပ်ပေးလိုက်ရတယ်။ ဒါနဲ့ ရွှေကုက္ကိုကို ထိန်းချုပ်ထားတဲ့ BGF စောချစ်သူက KNA ဆိုပြီး နာမည်​ပြောင်း ဘက်တံဆိက်​ပြောင်းလိုက်တယ်။

 

ရွှေကုက္ကိုက နှစ်စဉ် ဒေါ်လာ(၁၉၂)သန်း ဝင်ငွေရရှိတယ်လို့ ဆိုတယ်။ အဲဒီထဲက အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ (၅၀) ရာခိုင်နှုန်း မျှဝေခံစားခွင့် ရရှိနေတယ်လို့ ဆိုပါတယ်။

 

ဒု-ချုပ် စိုးဝင်းကိုယ်တိုင် သွားရောက်ညှိနှိုင်းပေမဲ့ မအောင်မြင်ဘူး။ ရွှေကုက္ကိုက နှစ်စဉ် ဒေါ်လာ(၁၉၂)သန်း ဝင်ငွေရရှိတယ်လို့ ဆိုတယ်။ အဲဒီထဲက အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ (၅၀) ရာခိုင်နှုန်း မျှဝေခံစားခွင့် ရရှိနေတယ်လို့ ဆိုပါတယ်။

 

ခုတော့ အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးဌာန(USIP)က အစီရင်ခံစာ ထွက်ရှိလာပါတယ်။ ရွှေကုက္ကိုကို BGF တဖြစ်လဲ KNA က ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး မိုလ်သိုလ်၊ ဗိုလ်မှူး တင်ဝင်း၊ DKBA က စိုင်းကျော်လှ၊ KNU ကာကွယ်ရေးမှူဟောင်း ဖဒို ရော်ဂျာခင်တို့နဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။ KNA မှာ တပ်ဖွဲ့ဝင်အင်အား (၈၀၀၀)ခန့် ရှိတယ်လို့လည်း ခန့်မှန်းနေကြတယ်။ အဲဒီမှာ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း မလွဲမသွေ ဆက်စပ်မှုတွေ ရှိနေပါလိမ့်မယ်။

 

 ဒါကြောင့်ထင်ရဲ့…။ ပြည်ထဲရေးဝန်ကြီး ရာပြည့်ဟာ တရုတ်နိုင်ငံကို အလွတ်သဘော ငါးရက်တာခရီး သွားရောက်တာကို တွေ့ရတယ်။ ရွှေကုက္ကိုမှာ (၁၀၂၇) စစ်ဆင်ရေးအပြီး ကျားဖြန့်လုပ်ငန်း ပိုမိုတွင်ကျယ်လာတာကို တွေ့နေရတယ်လေ။ ကျားဖြန့်လုပ်ငန်းက အမေရိကန်နိုင်ငံက အသက်(၄၀) (၅၀) အရွယ်တွေကို အဓိက  ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အမေရိကန်အစိုးရက ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးနေတဲ့ စောချစ်သူကို အလိုရှိနေတာ ဖြစ်တယ်။

 

အကြမ်းဖက်အဖွဲ့အစည်း၊ KNA တို့အနေနဲ့ သူတို့အရှုပ်ထုပ်ကို သူတို့ကိုယ်တိုင် ဖြေရှင်းကြဖို့ပါပဲ။ KNU အနေနဲ့တော့ အကြမ်းဖက်အဖွဲ့အစည်းကို ကရင်ပြည်နယ်က၊ နိုင်ငံရေးနယ်ပယ်က မရှိအောင်၊ မပတ်သက်အောင် တော်လှန်တိုက်ခိုက်သွားဖို့ မဟုတ်ပါလား…။ 

 

တကယ်တော့ မြ၀တီအရေးကိစ္စဟာ KNU နဲ့ အကြမ်းဖက်အဖွဲ့အစည်း၊ KNU၊ အကြမ်းဖက်အဖွဲ့အစည်း၊ KNA တို့နဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဒီထက် ကျယ်ဝန်းတဲ့ အနေအထားတရပ် ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း၊ KNA တို့အနေနဲ့ သူတို့အရှုပ်ထုပ်ကို သူတို့ကိုယ်တိုင် ဖြေရှင်းကြဖို့ပါပဲ။ KNU အနေနဲ့တော့ အကြမ်းဖက်အဖွဲ့အစည်းကို ကရင်ပြည်နယ်က၊ နိုင်ငံရေးနယ်ပယ်က မရှိအောင်၊ မပတ်သက်အောင် တော်လှန်တိုက်ခိုက်သွားဖို့ မဟုတ်ပါလား…။ ဒီတော့ အောင်ဇေယျစစ်ကြောင်းကို ချေမှုန်းဖို့သာ အဓိက ဖြစ်ပါလိမ့်မယ်။ 

 

တကယ်လို့ KNA နဲ့ အကြမ်းဖက်အဖွဲ့အစည်းတို့ သူတို့ဘာသာ စားပွဲဝိုင်းနည်းနဲ့ ဖြေရှင်းကြမလား၊ လက်နက်နဲ့ ဖြေရှင်း အဖြေရှာကြမလား…။ တရုတ်၊ အမေရိကန်နဲ့ ထိုင်းတို့ကရော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာကြမှာလဲ…။ သူတို့ရဲ့ အခြေအနေကို  စောင့်ကြည့်ပြီး တော်လှန်ရေးဘက်တော်သားတွေက လိုအပ်သလို ဆောင်ရွက်သွားကြဖို့ပါ။ ဘာပဲဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့တော့ လှူတာ အကုန်စား၊ ယူတာအကုန်များတော့…စားပိုးနင့်တဲ့သူတယောက်လို မထွေးနိုင် မအန်နိုင်နဲ့ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်နေရှာပြီပေါ့လေ…။

 

ကိုင်း… အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…မင်းကတော့ ဒို့နိုင်ငံအတွက် ကောင်းကျိုးအထွေထွေကို မဟုတ်ဘူး၊ ဆိုးကျိုးအထွေထွေကို ယူဆောင်လာသူမို့ ရွာပြင် ဒါမှမဟုတ် ကြိုးစင်ကိုသာ ငွေမောင်းသံက အချက်ပေးလိုက်မယ်… ညောင်းပေ… ဂျောင်းပေတော့ဗျား…။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။