Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ချိုင်းထောက်စိုးဝင်းရဲ့ အသေခံစစ်ဆင်ရေးနဲ့ မြဝတီ ဘယ်လဲ (Opinion)

တစ်ချိန်တုန်းကလည်း စစ်နဲ့ မကင်းတဲ့ မြန်မာက ရှမ်းပြည်နယ်ဘက်ခြမ်း ထိုင်းနယ်စပ်နားမှာ စစ် ခင်းခဲ့ရဖူးတယ်။ ၁၉၅၄ ခုနှစ်၊ တရုတ်ဖြူကျူးကျော်မှုကို ပြန်လည်မောင်းထုတ်တဲ့စစ်။ အဲဒီတုန်းက တရုတ်ဖြူဆိုတာကို အမေရိကန်က ကျောထောက်နောက်ခံပြုထားတာကြောင့် လက်နက်အင်အား နည်းနည်းပါးပါးနဲ့ မြန် မာက ပြန်လည်တိုက်ထုတ်နိုင်ပါ့မလားလို့ ဒေသတွင်းနိုင်ငံတွေကပါ စောင့်ကြည့်ကြတယ်။

 

စစ်ဆင်ရေးခေါင်းဆောင် ဗိုလ်မှူးချုပ်ကျော်ဇောက တရုတ်ဖြူကျူးကျော်မှု မောင်းထုတ်ရေးကို ဘုရင့် နောင်စစ်ဆင်ရေးလို့ အမည်ပေးလိုက်တယ်။ ဘုရင့်နောင်စစ်ဆင်ရေးဆိုတာ နိုင်ငံတော်အဆင့်စစ်ဆင်ရေး။ ထိုင်းနယ်စပ်မှာ တိုက်ရမယ့်စစ်ဆင်ရေး ဖြစ်လို့ ထိုင်းလူမျိုးတို့ စိုးရိမ်သောကမရှိ ကြားနေရေး။ ထိုင်း-မြန်မာ လူမျိုးနှစ်မျိုးကြား နားလည်ရင်းနှီးမှုရှိရေးအတွက် ထိုင်းလူမျိုးတို့ လေးစားကြည်ညိုမှုရှိတဲ့ ဘုရင့်နောင်ဆိုတဲ့ အမည်ကို ပေးရခြင်းလို့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက ဆိုတယ်။

 

“ ထို့ကြောင့် ယိုးဒယား(ထိုင်း)တို့က ဘုရင့်နောင် ဟူသော အမည်ကို ကြားလျှင် မြန်မာအပေါ် မုန်းတီးမှု၊မယုံသင်္ကာဖြစ်မှုများ သက်သာစေနိုင်သဖြင့် ဤအမည်ကို ကျနော်ပေးလိုက်ခြင်းဖြစ်ပါသည်”

 

“ ထို့ကြောင့် ယိုးဒယား(ထိုင်း)တို့က ဘုရင့်နောင် ဟူသော အမည်ကို ကြားလျှင် မြန်မာအပေါ် မုန်း တီးမှု၊မယုံသင်္ကာဖြစ်မှုများ သက်သာစေနိုင်သဖြင့် ဤအမည်ကို ကျနော်ပေးလိုက်ခြင်းဖြစ်ပါသည်”လို့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက သူ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” စာအုပ်မှာ ရေးသားထားတယ်။

 

အခုလည်း မင်းအောင်လှိုင်ရဲ့ ဂီလာနတပ်က ထိုင်း-မြန်မာ နယ်စပ်မှာ မြဝတီမြို့ ပြန်လည်သိမ်း နိုင် ရေးအတွက် စစ်ဆင်ရေးကြီး ဆင်နွှဲပြန်တယ်။ အဲဒီစစ်ဆင်ရေးရဲ့ အကြီးအမှူးက အခု ပျောက်ဆုံးစာရင်းထဲ ရောက်နေတဲ့ မင်းအောင်လှိုင်ရဲ့ ချိုင်းထောက် စစ်အုပ်စုဒုခေါင်းဆောင် စိုးဝင်းလို့ ဆိုကြတယ်။ ပြီးတော့ မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် စစ်သားအင်အား ၁၅၀၀ ကျော် အသုံးပြုထားတာကြောင့် မျှော်လင့်ချက်ကြီးကြီးနဲ့ စီးလာပုံပါပဲ။

 

အဲဒီစစ်ဆင်ရေးရဲ့အမည်ကိုတော့ ထိုင်းလူမျိုးတို့ နားခါးလှတဲ့ အောင်ဇေယျလို့ အမည်ပေးထားပြန် တယ်။ ဦးအောင်ဇေယျဆိုတဲ့ အလောင်းမင်းတရားဟာ ၁၈ ရာစုတုန်းက ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်ခဲ့သူ။ ဦးအောင်ဇေယျဟာ ရွှေဘိုမြို့နယ်၊ မုဆိုးဖိုရွာသူကြီးဘဝကနေ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်သူအဖြစ် အထင်ကရ ကြီးကျယ်ခမ်းနားခဲ့ပေမဲ့ ထိုင်းလူမျိုးတွေအတွက်ကတော့ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်။

 

စစ်အုပ်စုရဲ့ လတ်တလောရှုံးနိမ့်မှု စွန့်လွှတ်လိုက်ရတဲ့ မြို့ စုစုပေါင်းက မြို့ပေါင်း ၅၀ တောင် ကျော်သွားပြီပဲ ဖြစ်ပါတယ်။

 

ဘာ့ကြောင့် အောင်ဇေယျစစ်ဆင်ရေးလို့ အမည်ပေးလိုက်တာပါလဲ။ ပြတ်ပြတ်သားသား နင်လားငါ လား တိုက်ခိုက်မယ်လို့ စစ်ကြေညာလိုက်ခြင်းလား၊ ဦးအောင်ဇေယျလို့ အောင်ပွဲအလီလီ ဆက်ခံမယ်လို့ ချိုင်း ထောက်စိုးဝင်းက စိတ်ကူးယဉ်ခြင်းလား မပြောတတ်ပေမဲ့ ထိုင်းအစိုးရကို မကြည်လင်လို့ ထိုင်းတို့မုန်းတဲ့နာမည်ကို ရည်ရွယ်ချက်ရှိရှိ ပေးလိုက်ပုံရပါတယ်။

 

အကြမ်းဖက်စစ်အုပ်စုဟာ ၁၀၂၇ စစ်ဆင်ရေးကစလို့ ရှမ်းမြောက်တခွင် အတိအလင်းစစ်ရှုံးခဲ့ပြီးပြီ ဖြစ် သလို ရခိုင်စစ်မျက်နှာမှာလည်း AA ကိုရှုံး၊ ကချင်စစ်မျက်နှာမှာလည်း ကေအိုင်အေ ကိုရှုံးနဲ့ အခုနောက်ဆုံးအရှုံးကတော့ ကရင်စစ်မျက်နှာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လတ်တလောရှုံးနိမ့်မှု စွန့်လွှတ်လိုက်ရတဲ့ မြို့ စုစုပေါင်းက မြို့ပေါင်း ၅၀ တောင် ကျော်သွားပြီပဲ ဖြစ်ပါတယ်။

 

ဂီလာနတပ်ဟာ စစ်မျက်နှာအသီးသီးမှာ ခေါင်းမဖော်ဝံ့အောင် အရှုံးကြီး ရှုံးနေပြီး ဘယ်လောက် ရှုံး ရှုံး နေပြည်တော်ကျည်လုံမှန်ခန်းထဲမှာ နားထင်ကြော တင်းသွားရုံမျှသာရှိကြောင်း စစ်ဗိုလ်ချုပ်တွေ ဟန်လုပ်ခဲ့ပေမဲ့ အခု မြဝတီမြို့ အသိမ်းခံလိုက်ရတဲ့အချိန်မှာတော့ ရုတ်တရက် စိတ်လွတ်သွားသူတစ်ဦးပမာ ပုဆိုးဂွင်း သိုင်းပြီး လူပုံအလယ် ပြေးထွက်လာသလို မြင်လာရပါတယ်။

 

မြဝတီမြို့ဆိုတာ အရှေ့တောင်အာရှသို့ ဝင်ရာ အရေးပါတဲ့ တံခါးပေါက်ကြီးဖြစ်နေခြင်းကြောင့် မြဝတီကျဆုံးခန်းကို အာဆီယံရော နိုင်ငံတကာပါ အလွယ်တကူမြင်တွေ့နေရခြင်းက သိက္ခာမရှိတဲ့ စစ်အုပ်စုအတွက် အရှက်ရစရာ၊ ဂုဏ်သိက္ခာကျဆင်းစရာလို့ ရှုမြင်ပုံရပါတယ်။ 

 

ဘာ့ကြောင့် မြဝတီကျမှ စစ်ဆင်ရေးနာမည်ပေး၊ ချိုင်းထောက်စိုးဝင်း ဦးဆောင်တဲ့ စစ်ဆင်ရေးဖြစ် လာ၊ ဒီလောက်စစ်သားအင်အား အကျပ်အတည်းဆိုက်နေတာတောင် စစ်သားအင်အား ၁၅၀၀ ကျော် ပုံအောလို့ သတ်ကွင်းအလီလီကို ရအောင်ကျော်ဖြတ်ခိုင်းကာ မြဝတီ ပြန်သိမ်းရေး အောင်ဇေယျစစ်ဆင်ရေး ဖြစ်လာရတာပါလဲ။

 

မြဝတီနယ်စပ်ကုန်သွယ်ရေးကနေ သိပ်ကောင်းတဲ့ ဝင်ငွေ တစ်လကို ဒေါ်လာသန်းရာနဲ့ချီ ဆုံးရှုံး သွားမှာ စိုးနေတာကြောင့် မဖြစ်တန်ရာပါဘူး။ မြဝတီမြို့ဆိုတာ အရှေ့တောင်အာရှသို့ ဝင်ရာ အရေးပါတဲ့ တံခါးပေါက်ကြီးဖြစ်နေခြင်းကြောင့် မြဝတီကျဆုံးခန်းကို အာဆီယံရော နိုင်ငံတကာပါ အလွယ်တကူမြင်တွေ့နေရခြင်းက သိက္ခာမရှိတဲ့ စစ်အုပ်စုအတွက် အရှက်ရစရာ၊ ဂုဏ်သိက္ခာကျဆင်းစရာလို့ ရှုမြင်ပုံရပါတယ်။ ဒါ့အပြင် ဟင်းလင်းပွင့်သွားတဲ့ မြဝတီကနေ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီတွေ အဆီးအ တား မရှိ ဝင်လာမှာလားလို့လည်း စိုးရိမ်ပုံရပါတယ်။

 

အောင်ဇေယျစစ်ကြောင်း ကော့ကရိတ်ဂွင်ထဲ ရောက်လာတာနဲ့ အသင့်စောင့်ဆိုင်းနေတဲ့ KNLA၊ PDF ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ စစ်သားရာနဲ့ချီ သေဆုံးခဲ့သလို လမ်းမပေါ်မှာ ဒူးထောက်အညံ့ခံလိုက်ရ တဲ့ သံချပ်ကာကားပျက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

 

ဒါ့ကြောင့် သင်္ဃန်းညီနောင် အခြေစိုက်စစ်သားတွေနဲ့ မိသားစုဝင် ၆၀၀ ကျော် ကေအဲန်ယူထံ လက် နက်ချပြီးနောက် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့ မြဝတီမြို့ ကယ်တင်ရေး အောင်ဇေယျစစ်ဆင်ရေးလို့ဆိုတဲ့ အသေခံစစ်ဆင်ရေးကို ဧပြီဒုတိယအပတ်အတွင်း စတင်ခဲ့တယ်။

 

အောင်ဇေယျစစ်ကြောင်း ကော့ကရိတ်ဂွင်ထဲ ရောက်လာတာနဲ့ အသင့်စောင့်ဆိုင်းနေတဲ့ KNLA၊ PDF ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ စစ်သားရာနဲ့ချီ သေဆုံးခဲ့သလို လမ်းမပေါ်မှာ ဒူးထောက်အညံ့ခံလိုက်ရ တဲ့ သံချပ်ကာကားပျက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

 

အောင်ဇေယျစစ်ဆင်ရေးဟာ ဧပြီ ၂၄ ရက်အထိ ဒေါနတောင်တန်းကို မကျော်နိုင်ဘဲ မင်းအောင်လှိုင်အတွက် အသက်ပေးနေရသလို ဒေါနတောင်တန်းကိုကျော်နိုင်ကာ မြဝတီမြို့ထဲ စစ်သားဘယ်နှစ်ဦး မားမားမတ် မတ်ဝင်လာနိုင်မလဲလို့လည်း မေးခွန်းထုတ်ရပါမယ်။

 

လက်နက်ချဖို့ ငြင်းဆန်နေတဲ့ ခလရ-၂၇၅ တပ်ရင်းကို ဧပြီ ၉ ရက်မှာ KNLA ပူး ပေါင်းတပ်က တိုက်ခိုက်ပြီး နောက် မသေဘဲကျန်ခဲ့တဲ့ စစ်သား ၂၀၀ လောက်ဟာ ဧပြီ ၁၀ ရက်ညမှာ အမှတ်(၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားခြေရင်းသို့ ထွက်ပြေးရောက်ရှိခဲ့တာပါ။

 

 

ဒါပေမဲ့၊ မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ ကတော့ မျှော်တိုင်းဝေးနေတဲ့ အောင်ဇေယျစစ်ဆင်ရေးကို ယုံကြည်စွာနဲ့ မျှော်လင့်ခဲ့ပုံပါပဲ။ လက်နက်ချဖို့ ငြင်းဆန်နေတဲ့ ခလရ-၂၇၅ တပ်ရင်းကို ဧပြီ ၉ ရက်မှာ KNLA ပူး ပေါင်းတပ်က တိုက်ခိုက်ပြီး နောက် မသေဘဲကျန်ခဲ့တဲ့ စစ်သား ၂၀၀ လောက်ဟာ ဧပြီ ၁၀ ရက်ညမှာ အမှတ်(၂) ထိုင်း-မြန်မာချစ်ကြည်ရေးတံတားခြေရင်းသို့ ထွက်ပြေးရောက်ရှိခဲ့တာပါ။

 

အမှတ် ၂ တံတားခြေရင်းသို့ ရောက်လာတဲ့ စစ်သားတွေကို ထိုင်းအစိုးရက သေနတ်တွေထားခဲ့၊ ယူနီ ဖောင်းတွေချွတ်ထားခဲ့ရင် ထိုင်းဘက်က လက်ခံမယ်လို့ ဆိုပေမဲ့ ဂီလာနတပ်က လက်နက်ချဖို့ရာ ထပ်ငြင်းကာ ဒေါနတောင်တန်း ကျော်မရဖြစ်နေတဲ့ အောင်ဇေယျစစ်ဆင်ရေးအပေါ် မြဝတီရောက်လာမလားလို့ ဆက်လက်အိပ်မက်မက်နေပြန်ပါတယ်။

 

ဧပြီ ၁၉ ရက်ညမှာတော့  အမှတ် ၂ တံတားခြေရင်းရောက်နေတဲ့ စစ်သားတွေအိပ်မက်မက်နေတုန်း စတင် ချေမှုန်းခံရပါတော့တယ်။ ဂီလာနတပ်ရဲ့ ပြန်လည်ခုခံတိုက်ခိုက်မှုက ထုံးစံမပျက် လေကြောင်းတိုက်ခိုက်မှုပါပဲ။ ဧပြီ ၂၀ ရက်နေ့၊ အမှတ် ၂ တံတားအနီး တိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်တပ်က လေကြောင်းကနေ ဗုံး ၁၅၀ ဝန်းကျင် ကြဲချခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦးထက်မနည်းသေဆုံး၊ ပြည်သူ့နေအိမ်တွေ ထိခိုက်မှုရှိပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်ခဲ့ရပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦးထက်မနည်းသေဆုံး၊ ပြည်သူ့နေအိမ်တွေ ထိခိုက်မှုရှိပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်ခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်တပ်က အမှတ် ၂ တံတား ထိုင်းဘက်ခြမ်းတစ်လျှောက် အသင့်အနေအထား ပြင်ဆင်ထားရသလို ထိုင်းဘက်ခြမ်း ပြေးလာတဲ့ မြန်မာစစ်ရှောင်တွေကိုလည်း လက်ခံထားရပါတယ်။ ပြောရရင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ ထိုင်းအပေါ် သက်ရောက်မှုကြီးစေပေမဲ့ စစ်အုပ်စုကတော့ ဂရုမစိုက်ပါဘူး။

 

စကားစပ်လို့ ထပ်ပြောရရင် ၁၉၅၄ ခုနှစ်၊ တရုတ်ဖြူတိုက်ထုတ်မှု ဘုရင့်နောင်စစ်ဆင်ရေးအပြီး ထိုင်း -မြန်မာနယ်စပ်မျဉ်းနားရှိနေသေးတဲ့ တရုတ်ဖြူ အကြွင်းအကျန်တွေကို အပြတ်ရှင်းလင်းတဲ့ ရန်ကြီးအောင်စစ်ဆင်ရေး ၁၉၅၅ ခုနှစ်မှာ ဗမာ့တပ်မတော်က ဆင်နွှဲရာမှာ ထိုင်းနယ်မြေ အသုံးပြုခွင့်ရခဲ့ပါတယ်။

 

အခု မြဝတီအရေးမှာတော့ အကြမ်းဖက်စစ်တပ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ကျော်လာခဲ့ရင် ၅ မိနစ်အတွင်း ပစ်ချဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ထိုင်းစစ်တပ်ကို အမိန့်ပေးထားပြီး အခုအချိန်ထိ ထိုင်းလေပိုင်နက်ထဲ ကျော်လာသေးပုံမရပါဘူး။

 

ဘုရင့်နောင်စစ်ဆင်ရေးအပြီး မြန်မာနိုင်ငံရောက်လာတဲ့ ထိုင်းပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဖောင်းကို ဗိုလ်မှူးချုပ်ကျော်ဇောက ဆက်လက်ဆင်နွှဲမယ့် ရန်ကြီးအောင်စစ်ဆင်ရေးမှာ တရုတ်ဖြူတွေကို လုံးဝရှင်းလင်းနိုင်ဖို့ ထိုင်းပိုင်နက်ထဲသို့ မြန်မာစစ်သားတွေကို ၃ ကီလိုမီတာအထိ ဝင်ခွင့်ပြုဖို့၊ လေယာဉ်ကို ၅ ကီလို လောက်အထိနဲ့ အမြောက်ဆန်ကို ၂ ကီလိုလောက်အထိ ကျခွင့်ပြုဖို့ တောင်းဆိုခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။

 

အခု မြဝတီအရေးမှာတော့ အကြမ်းဖက်စစ်တပ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ကျော်လာခဲ့ရင် ၅ မိနစ်အတွင်း ပစ်ချဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ထိုင်းစစ်တပ်ကို အမိန့်ပေးထားပြီး အခုအချိန်ထိ ထိုင်းလေပိုင်နက်ထဲ ကျော်လာသေးပုံမရပါဘူး။

 

အောင်ဇေယျစစ်ဆင်ရေးဟာ ဒေါနတောင်တန်းကိုကျော်လာနိုင်မယ်ဆိုဦးတော့၊ လမ်းခရီးတစ်လျှောက် တိုက်ခိုက်ခံထားရမှုတွေကြောင့် လူအင်အားများစွာ လျော့ပါးနေမှာဖြစ်သလို ဒဏ်ရာအလိမ်းလိမ်းထနေမှာမို့ မြဝတီကို ပြန်သိမ်းဖို့ရာ လေကြောင်း ပစ်ကူအားပဲ အဓိကထားရဦးမှာပါ။

 

ဘယ်လိုပဲဖြစ်ဖြစ် ဧပြီ ၂၀ ရက်မှာ ဗုံးအလွန်အကျွံကြဲချခြင်းကထိုင်းမျက်နှာလည်း မကြည့်၊ ဘယ်သူ့ မျက်နှာမှ မကြည့်ဘဲ မြဝတီကို မရရင် ဖျက်ပစ်မယ်ဆိုတဲ့ စစ်အုပ်စုရဲ့ သဘောထားကို ဖော်ပြနေပါတယ်။ အောင်ဇေယျစစ်ဆင်ရေးဟာ ဒေါနတောင်တန်းကိုကျော်လာနိုင်မယ်ဆိုဦးတော့၊ လမ်းခရီးတစ်လျှောက် တိုက်ခိုက်ခံထားရမှုတွေကြောင့် လူအင်အားများစွာ လျော့ပါးနေမှာဖြစ်သလို ဒဏ်ရာအလိမ်းလိမ်းထနေမှာမို့ မြဝတီကို ပြန်သိမ်းဖို့ရာ လေကြောင်း ပစ်ကူအားပဲ အဓိကထားရဦးမှာပါ။ ဂီလာနလေတပ်ရဲ့ အားသာချက်၊  ပြည်သူ့အသက်အိုးအိမ် ဘယ်လောက်ရှိရှိ ဗုံးမိုးရွာရဲတဲ့သတ္တိရှိနေခြင်းကို အားလုံး မြင်ခဲ့ပြီးဖြစ်ပါတယ်။

 

ဒါပေမဲ့၊ ဧပြီ ၂၀ ရက်၊ ဂီလာနတပ်က ဗုံးအလွန်အကျွံ ကြဲချပြီး နောက်တစ်ရက်မှာ KNLA ပူးပေါင်းတပ် က အမှတ်-၂ တံတားအနီးကနေ ပြန်လည်ဆုတ်ခွာ။ ဧပြီ ၂၃ ရက်မှာ မြဝတီမြို့၊ ခလရ-၂၇၅ တပ်ထဲ နယ်ခြား စောင့်တပ် BGF အကူအညီနဲ့ အမှတ်၂တံတားခြေရင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်သားတွေက အလံလာ တင်။ ပြီးတော့ တံတားခြေရင်းကစစ်သားတွေ ခလရ-၂၇၅ တပ်ထဲ ပြန်ရောက်သွားပြီဆိုတဲ့ ရှုပ်ထွေးလှတဲ့ က ရင်နိုင်ငံရေးရဲ့ တစ်ဆစ်ချိုးမှုကို တွေ့ရပြန်ပါတယ်။

 

ဆိုတော့ အောင်ဇေယျစစ်ဆင်ရေးက ဒေါနတောင်တန်းကို ကျော်ဖို့ခက်လာတဲ့အခြေအနေမှာ ဗုံးမိုး ရွာချ ခြင်းနဲ့ အစွမ်းပြခြိမ်းခြောက်။ အဲဒီနောက် စစ်အုပ်စုနဲ့ သူတို့နဲ့ နီးစပ်တဲ့ ကရင်လက်နက်ကိုင်တပ်တွေရဲ့ အပေးအယူတွေက ဒီနေ့မြဝတီကို ပုံဖော်နေတာလို့ လတ်တလောမှန်းဆရပါ မယ်။ပြောရရင် မြဝတီ ဘယ်လို ရှေ့ဆက်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။သေချာတာက ခလရ-၂၇၅တပ်ရင်းထဲ စစ်သားတွေ ပြန်လည်ခြေချလိုက်နိုင်ခြင်းဟာ မြဝတီမြို့ပေါ်မှာ စစ်တပ်အထိုင်မပျက်ကြောင်း အမှတ်အသားကောင်းပဲ ဖြစ်ပါတယ်။ 

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။