Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အောင်ပွဲက မနက်ဖြန်မှ ရောက်မယ် (Opinion)

‘နူရာဝဲစွဲ’၊ ‘ခွေးနာလောက်ကိုက်’ ဆိုတဲ့ စကားရပ်တွေဟာ လူယုတ်မာအကြမ်းဖက် ခေါင်းဆောင်  မ.အ.လရေ… မင်းအတွက်များ တမင်ရည်ရွယ်ပြီး ပြောခဲ့ကြလေသလားလို့ ထင်မှတ်ရတယ်။

 

ဟုတ်တယ်လေကွာ…။ မင်းက အသက်ပြည့်လို့ ကာချုပ်ရာထူးကနေ မလွဲမသွေ အနားယူတော့မယ်။ တပ်ရဲ့ အစဉ်အလာသဘောက ရာထူးရှိနေခိုက်သာ ဖားမယ့်၊  ယားမယ့် သူတွေနဲ့ ဝိုင်းဝိုင်းလည်နေကြတာ၊ ရာထူးမရှိတော့ရင် လူမလေး၊ ခွေးမခန့်။ ဒါ့ပြင် မရိုးမသားနဲ့ ရရှိထားတဲ့ ဥစ္စာစည်းစိမ်အတွက်လည်း  ဥစ္စာခြောက်ဟန်တူပါရဲ့။ ဒီတော့ ရွေးကောက်ပွဲကို ကိုယ့်စိတ်ကြိုက် ဖန်တီးကျင်းပပြီး သမ္မတရာထူး တက်လှမ်းယူလိုက်ဦးမဟဲ့ … စိတ်ကူးယဉ်အတွေးနဲ့ ရူးရူးမိုက်မိုက် အာဏာသိမ်းယူခဲ့တယ် မဟုတ်လား…။  အဲဒီမှာ မင်းသားဖြစ်ချင်လို့ ဇာတ်ထဲလိုက်ပါတယ်၊ ဂေါ်ဂီကြီး တက်နင်းမိလို့ မွတ်ခနဲ ဖြစ်ပါရော … ဆိုတဲ့ကိန်း ဆိုက်ရှာပါရောလား…။

 

ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်မယ်ဆိုတဲ့  ခေါက်ရိုးကျိုး စစ်အာဏာရှင် အတွေးနဲ့ ကျားမြီးဆွဲလိုက်တာလေ…။ ‘‘ထင်သာထင် မဝင်ဘူး ကျောင်းအမရေ’’…တွေ ဖြစ်ကုန်ရော…။

 

ပြည်သူတရပ်လုံးက အာဏာသိမ်းယူတာကို မကျေနပ်ကြလို့ နိုင်ငံတဝှမ်း ဆန္ဒတွေ ထုတ်ဖော်ပြသလာကြတယ်။ ကြိုတင် တွက်ဆပြီးသားပါ။ ဆန္ဒထုတ်ဖော်ပြသကြရုံနဲ့ ထိုင်ခုံက ဆင်းပေးစတမ်း ဆိုရင်တော့ တော်လှန်ရေးအစိုးရဆိုတာ တည်ရှိလာမှာ မဟုတ်သလို မ.ဆလ ပါတီဆိုတာလည်း ပေါ်ပေါက်လာမယ် မဟုတ်ပေဘူး။ ဒီ​နောက် သမိုင်းရဲ့ အထင်ကရ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ဖူးတာပဲ…။ န.၀.တ၊ န.အ.ဖ စစ်အစိုးရ ပေါ်ထွန်းလာတယ်။ ကြံ့ဖွတ်ပါတီ တည်ရှိလာတယ်။ မှတ်မိကြလိမ့်ဦးမယ် ထင်ပါရဲ့…။ ဗိုလ်နေဝင်း ပြောခဲ့တာလေ…။ ‘‘သေနတ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်မှာ၊ မိုးပေါ်ထောင်  ပစ်လိမ့်မယ် မဟုတ်ဘူး’’ ဆိုတာ…။ ဒီတော့ ဆန္ဒထုတ်ဖော် ပြသလာကြတဲ့ သူတွေကို အစဉ်အလာထုံးစံအတိုင်း ပစ်သတ်ပြလိုက်ရုံပေါ့။ လူအယောက်(၁၀၀)လောက် ပစ်သတ်ပြလိုက်ရင် ငြိမ်ဝပ်ပိပြားသွားကြလိမ့်မယ်…။ (၂)နှစ်တာ ကာလအတွင်း ရွေးကောက်ပွဲ ပြုလုပ်နိုင်မှာ သေချာရဲ့…။

 

ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်မယ်ဆိုတဲ့  ခေါက်ရိုးကျိုး စစ်အာဏာရှင် အတွေးနဲ့ ကျားမြီးဆွဲလိုက်တာလေ…။ ‘‘ထင်သာထင် မဝင်ဘူး ကျောင်းအမရေ’’…တွေ ဖြစ်ကုန်ရော…။

 

ခုဆို.. သိကြတဲ့အတိုင်း (၄)နှစ်ပြည့်ခါနီးထိ ပြည်သူတွေရဲ့ တော်လှန်ရေး အရှိန်အဟုန်ကို ချိုးနှိမ်ဖို့ နေနေသာသာ ဒင်းတို့အနေနဲ့ ထိုင်နေတဲ့နေရာက လွင့်စဥ်ကျမသွားအောင် အသည်းအသန် ရုန်းကန်နေကြရပြီမဟုတ်ပါလား…။ မြောက်ပိုင်းညီနောင် (၃)ဖွဲ့ရဲ့ (၁၀၂၇)စစ်ဆင်ရေးက ဒင်းတို့ရဲ့ Standard Army ကြီးရဲ့ အရည်အချင်း အစစ်အမှန်ကို လှစ်ဟဖွင့်ထုတ် ပြသနိုင်ခဲ့တယ်။ ဒါတောင် တရုတ်ကြီးရဲ့ ပံ့ပိုးကူညီပေးမှုကြောင့် စစ်ဆင်ရေး အရှိန်အဟုန်က လားရှိုးမှာတင် ရပ်တန့်သွားတာ။ နို့မဟုတ်ရင် နေပြည်တော်ထိ ရောက်ရှိလာလေမလား မဆိုနိုင်ဘူး…။ MNDAA ရဲ့ အနေအထားကတော့ လောလောဆယ်မှာ စိတ်အေးထားနိုင်ပါပြီ…။ ဝမ်စွေ့.. ဝပ်စွေ့.. ဝမ် ဝမ်စွေ့ပါ။

 

န.ပ.ခကလည်း  လက်လွှတ်ဆုံးရှုံးဖို့ သေချာနေပြီလေ…။ ခု ဒီဇင်ဘာလအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တည်ရှိရာ ကျောက်ဖြူကို ထိပါးလာတော့မယ်..။ ဒီမှာ အိန္ဒိယနိုင်ငံက NUG, AA, CNF, CB တို့နဲ့ ဆွေးနွေးပြီး  သူတို့ရဲ့ ကုလားတန်စီမံကိန်း စတင်တော့မယ် ဆိုပါလား…။

 

TNLA က တောင်ခမ်းကို အကြီးအကျယ် ထိုးစစ်ဆင်နေတယ်။ တောင်ခမ်း လက်လွှတ်ဆုံးရှုံးသွားလို့ မဖြစ်ပေဘူး။ တောင်ခမ်းပြိုတာနဲ့ ပြင်ဦးလွင်လည်း ကျဆုံးသွားမှာ…။ ခုတော့ TNLA က ငြိမ်းချမ်းရေးဆွေးနွေးမှုကို လက်ခံလိုက်ပြီ။ သူတို့သိမ်းပိုက်ထားတဲ့ မိုးကုတ်၊ နမ္မတူတို့ကို ပြည်လည်တောင်းယူရမှာပေါ့…။ ပြန်လည်ပေးအပ်မယ်၊ စစ်တပ်ကလည်း နိုင်ငံရေးကနေ လုံး၀ ထွက်ခွာပေးရမယ်ဆိုရင်…။ အဲဒီအချက်ကတော့ လုံး၀ မဖြစ်နိုင်ပေဘူး…။ ငြိမ်းချမ်းရေးက ခတ်ကွင်းပြင်ခါစ ရှိသေး ပျက်ပြားနေပါပြီ…။

 

AA ကလည်း ၂၀၂၅ ဇန်နဝါရီလ (၁)ရက်နေ့မှာ ရခိုင်ပြည်နယ်တခုလုံး စ.ခကင်းစင် နယ်မြေ ဖြစ်လာစေရမယ်လို့ ကြုံးဝါးနေလေရဲ့။ န.ပ.ခကလည်း  လက်လွှတ်ဆုံးရှုံးဖို့ သေချာနေပြီလေ…။ ခု ဒီဇင်ဘာလအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တည်ရှိရာ ကျောက်ဖြူကို ထိပါးလာတော့မယ်..။ ဒီမှာ အိန္ဒိယနိုင်ငံက NUG, AA, CNF, CB တို့နဲ့ ဆွေးနွေးပြီး  သူတို့ရဲ့ ကုလားတန်စီမံကိန်း စတင်တော့မယ် ဆိုပါလား…။ တကယ်လို့သာ AA  က ကျောက်ဖြူကိုသာ ထိန်းချုပ်နိုင်တယ်ဆိုရင် တရုတ်ကလည်း အိန္ဒိယနိုင်ငံလို သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် လုပ်ကိုင်လာနိုင်တယ်။ အကြမ်းဖက်အဖွဲ့အစည်း အနေနဲ့ ‘အရင်းပြုတ် မမင်းတုတ်’ ဖြစ်တော့မယ့်ကိန်း…။

 

ချင်းကလည်း သူတို့အချင်းချင်း လက်နက်နဲ့ မဖြေရှင်းကြဖို့ သဘောတူပြီးတဲ့ နောက်မှာ မြို့တော်ဟားခါးကိုပါ တိုက်ခိုက်လာနိုင်တာကို တွေ့ကြရတယ်။ ချင်းပြည်နယ်မှာ စ.ခကင်းစင်နယ်မြေ ဖြစ်ရေးဟာ နောက်ကောက်ကျ ကျန်နေရစ်စရာ အကြောင်းမရှိပါဘူး။

 

တရုတ်က ကန်ပိုင်တီကို မတိုက်ခိုက်ဖို့နဲ့ ကန်ပိုင်တီနယ်စပ် မပိတ်ဘဲ ထားရှိရေးကို ဖယ်ရှားနိုင်လိုက်တာ သက်သေပဲပေါ့..။  ဒါ့အပြင် သွေးခွဲထားသလိုဖြစ်နေတဲ့ အထူးဒေသကို ဖျက်သိမ်းပစ်လိုက်တယ်လေ…။ 

 

ကချင်အနေနဲ့ ဖားကန့်နဲ့ အထူးသဖြင့် အထူးဒေသကို ထိန်းချုပ်လိုက်နိုင်ခြင်းက  မြင်းကို ချိုတတ်ပေးလိုက်သလိုပါပဲ။ တရုတ်က ကန်ပိုင်တီကို မတိုက်ခိုက်ဖို့နဲ့ ကန်ပိုင်တီနယ်စပ် မပိတ်ဘဲ ထားရှိရေးကို ဖယ်ရှားနိုင်လိုက်တာ သက်သေပဲပေါ့..။  ဒါ့အပြင် သွေးခွဲထားသလိုဖြစ်နေတဲ့ အထူးဒေသကို ဖျက်သိမ်းပစ်လိုက်တယ်လေ…။ ဒီအနေအထား အတိုင်းဆိုရင်တော့ ၂၀၂၅ ခုနှစ်အတွင်းမှာ ကချင်ပြည်နယ်မှာလည်း စ.ခကင်းစင်နယ်မြေ ပေါ်ထွန်းလာနိုင်တယ်။

 

အဲဒီအခြေအနေမှာ တရုတ်က ဒင်းကို လူရာခေါ်သွင်းလိုက်တယ်။ ဒင်းတို့ရဲ့ အန္တိမ ရည်ရွယ်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်ပါ၊ ကူညီပံ့ပိုးပေးမယ်လို့ ကတိပြုလိုက်တယ်။ လက်နက်တွေလည်း လိုအပ်သလောက် အကြွေးနဲ့ ရောင်းလိုက်ဟန် တူပါရဲ့။ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် စွန့်စားကြည့်လိုက်တာပါ။ အဲဒီမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကရင်နီဒေသမှာ ထိုးစစ်တွေ ဆင်လာပြန်တာကို တွေ့ရတယ်။

 

‘မြွေပူရာ ကင်းမှောက်’ ဆိုတာလို ICC က မ.အ.လကို နိုင်ငံတကာ ရာဇဝတ်ကောင်အဖြစ် သတ်မှတ် အမိန့်ချလိုက်တယ်။ ဒါကြောင့် ရှေ့နေက တရားရုံးကို ဖမ်း၀ရမ်းထုတ်ပေးဖို့ လျှောက်ထားလိုက်တယ်။  လအနည်းငယ်အတွင်း ဖမ်း၀ရမ်း ထွက်လာလိမ့်မယ်။ 

 

ဒါပေမဲ့ PDF တွေက တာဝန်သိလို့၊ တာဝန်ရှိသူအဖြစ် ခံယူပြီး တော်လှန်ရေး ဆင်နွှဲနေကြတဲ့သူတွေလေ…။ စ.ခတွေက မိသားစု အနေအထားအရ မလွှဲသာမရှောင်သာလို့ တာဝန်ထမ်းရွက်နေကြတာ။ ပြီးတော့ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ စုဆောင်းခြင်း ခံရတဲ့သူတွေပါ..။ ဒါ့ပြင် သူတို့အသက်ပေးပြီး တိုက်ခိုက်နေကြရတာဟာ ဘယ်သူ့အတွက်လဲ၊ စစ်အာဏာရှင်တွေအတွက်ဆိုတာလည်း ရိပ်စားမိဟန်တူပါရဲ့။ အဲဒီလို စိတ်ဓာတ်၊ ပန်းတိုင်အနေနဲ့က မိုးနဲ့မြေလို ကွားခြားနေကြတာလေ…။ ဒီတော့ လက်နက်အင်အား ဘယ်လိုပဲ သာလွန်ပါစေ.. တိုက်ခိုင်တိုင်း စ.ခတွေ သေနေကြမှာပဲ။ အလံဖြူ ထောင်ကြမှာပဲ။ ထွက်ပြေးနေကြမှာပဲ။ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ ကျရှုံးဖို့လမ်းကလွဲလို့ အောင်မြင်နိုင်စရာ လမ်းမရှိတော့။

 

ဒီမှာ ‘မြွေပူရာ ကင်းမှောက်’ ဆိုတာလို ICC က မ.အ.လကို နိုင်ငံတကာ ရာဇဝတ်ကောင်အဖြစ် သတ်မှတ် အမိန့်ချလိုက်တယ်။ ဒါကြောင့် ရှေ့နေက တရားရုံးကို ဖမ်း၀ရမ်းထုတ်ပေးဖို့ လျှောက်ထားလိုက်တယ်။  လအနည်းငယ်အတွင်း ဖမ်း၀ရမ်း ထွက်လာလိမ့်မယ်။ ဒါပေမဲ့ ဒို့နိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်လေတော့ ဖမ်းဆီးပြီး တရားရုံရှေ့မှောက်ကို မပို့ဆောင်နိုင်ဘူးပေါ့။ အဲဒီမှာ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ IIMM ကလည်း ICC ရဲ့ ချမှတ်မှုကို ကြိုဆိုလိုက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာလိုက်တယ်။ အာဆီယံ လွှတ်တော်အဖွဲ့ကလည်း ICC ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကြပြန်တယ်။ မ.အ.လ အနေနဲ့ကတော့ ‘နူရာဝဲစွဲ၊ ခွေးနာလောက်ကိုက်’ အဖြစ်မျိုး ရောက်သွားရှာပေါ့။

 

နိုင်ငံတကာ ရာဇဝတ်ကောင်ကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ဝိုင်းဝန်း ဖယ်ကျဉ်လာကြလိမ့်မယ်။ ဆက်ဆံလာကြသူတွေလည်း နိုင်ငံတကာရာဇဝတ်ကောင်နည်းတူ ဖယ်ကျဉ်ခြင်း ခံလိုက်ရမယ်။ ရုရှက ပူတင်ကတော့ ဒင်းကို ဆက်ဆံကောင်း ဆက်ဆံလိမ့်မယ်။ ဘာလို့လဲဆိုတော့  သူလည်း နိုင်ငံတကာရာဇဝတ်ကောင်ကိုး…။ ပုလင်းတူ ဘူးဆို့​  တွေလေ…။ တရုတ်ကလည်း ဒင်းကို ရှိနေတဲ့အနေအထားအတိုင်း ဆက်ဆံသွားမတဲ့လား…။ စဉ်းစားစရာ ဖြစ်လာပါပြီ။ ICC မှာ အဖွဲ့ဝင်နိုင်ငံအနေနဲ့ (၁၂၅) နိုင်ငံတောင် ရှိတာကလား…။ ဒင်းကို ဖက်လှဲတကင်း ဆက်ဆံနေရင် အဲဒီ (၁၂၅)နိုင်ငံရဲ့ ဆက်ဆံရေးက အဖုအထစ် ဖြစ်လာလိမ့်မယ်။ တရုတ်အနေနဲ့ ဒင်းကို အဲဒီလောက်အထိ ပေးဆပ်ပြီး ဆက်ဆံလာစရာ အကြောင်းမရှိဘူး။ ဆက်ဆံတယ်ဆိုရင်လည်း တရုတ်ရဲ့အပိုင်းပေါ့။

 

အဲဒီ ‘၀’ စခန်းတွေ တည်ရှိလာတာ နှစ်ပေါင်း (၂၀)ခန့် ရှိပါပြီ။ ဘာကြောင့် အခုမှ နောက်ဆုတ်ခိုင်းရတာလဲ။ အမေရိကန်သမ္မတ အပြောင်းအလဲနဲ့များ သက်ဆိုင်နေသလားလို့ စဉ်းစားစရာပါ။ 

 

ဒီကြားထဲ ထိုင်းက နယ်စပ်မှာရှိတဲ့ ‘၀’ ရဲ့ အခြေစိုက်စခန်းတွေကို တစ်လအတွင်း နောက်ဆုတ်ပေးဖို့ ပြောလာပြန်တယ်။ ထိုင်းတပ်တွေကို အင်အားဖြည့်တင်းထားတာတွေ တွေ့လာရတယ်။ ‘၀’ က MNDAA ထက်တောင် တရုတ်နဲ့ နီးစပ်မှုရှိတယ်။ ပြောတဲ့စကား၊ သုံးစွဲတဲ့ငွေတွေက တရုတ်စကား၊ ယွမ်ငွေတွေ…။ အဲဒီမှာ ‘၀’ က နိုင်ငံတော်အဆင့်ချင်း ပြောဆိုကြပါလို့ ခေါင်းလွှဲပေးလိုက်တယ်။ အဲဒီ ‘၀’ စခန်းတွေ တည်ရှိလာတာ နှစ်ပေါင်း (၂၀)ခန့် ရှိပါပြီ။ ဘာကြောင့် အခုမှ နောက်ဆုတ်ခိုင်းရတာလဲ။ အမေရိကန်သမ္မတ အပြောင်းအလဲနဲ့များ သက်ဆိုင်နေသလားလို့ စဉ်းစားစရာပါ။ ကြားရတဲ့ သတင်းတွေ ကတော့ ‘၀’စခန်းတွေ နောက်ဆုတ်ပေးကြမယ် ဆိုတာပါပဲ။

 

ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…အစကတည်းက နိုင်ငံတကာ ဆက်ဆံရေးမှာ လူရာမဝင်တဲ့အကောင်ဟာ နိုင်ငံတကာရာဇဝတ်ကောင်ဖြစ်မှ ခေါင်းမော့လာစရာ မရှိတော့ပါဘူး။ ကြည့်ထားပါ။ ဒေသတွင်း အာဆီယံနိုင်ငံတွေကအစ မင်းကို ဖယ်ကျဉ် လာပါလိမ့်မယ်။ နိုင်ငံတွင်းမှာလည်း  မင်းကို ထောက်ခံတဲ့သူက (၃)ရာခိုင်နှုန်း ရှိမယ် မထင်ဘူး။ ဒါတောင် အကျိုးစီးပွားချင်း ဆက်စပ်နေလို့သာပါ။ Non CDM တွေက မင်းကို ထောက်ခံသူတွေလို့ မှတ်ထင်မထားလေနဲ့။ မိသားစု စားဝတ်နေရေး အနေအထားကြောင့် ရုန်းမထွက်နိုင်ကြတဲ့သူတွေပါ..။

 

မင်းတို့ရဲ့ ဒေါက်တိုင် စစ်ရေအခြေအနေကလည်း ငရဲကြီးရှစ်ထပ် အောက်ဆုံးထပ်မှာ ချိုးကပ်နေပေါ့။ ICC အနေနဲ့ကလည်း မင်းတယောက်တင်မက နောက်ဆက်တွဲ နိုင်ငံတကာ ရာဇဝတ်ကောင်တွေ လာလိမ့်ဦးမယ်လို့ ပြောသံ ကြားနေရတယ်။ မင်းတို့မှာ  ပြေးစရာ မြေလည်း မရှိတော့…။ လမ်းဆုံးနေပြီ။ 

 

ဒါပေမဲ့ တော်လှန်ပြည်သူတွေအနေနဲ့ မပေါ့ဆကြနဲ့။ ‘ဆင်ပြောင်ကြီး အမြီးကျမှတစ်’ ဆိုတဲ့စကား ရှိတယ်မဟုတ်လား။  ဒီတော့ ညီညွတ်ကြပါ။ ဒီကောင်တွေ ကြိုးစင် မရောက်မချင်းထိ အားစိုက်ထုတ်ကြပါ။ ဆက်လက်လျှောက်လှမ်းကြပါ။ နက်ဖြန်မှ အောင်ပွဲခံကြတာပေါ့…။

~~~~

 

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။