ဒင်းတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာတော့ ကထိန်သင်္ကန်း ကပ်လှူတာတွေ၊ မီးမုံးပျံ လွှတ်တင်ပွဲတွေနဲ့ ပြည့်လျှမ်းနေတယ်။ နိုင်ငံဟာ အလှူအတန်း ပြုလုပ်တာတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ သာယာငြိမ်းချမ်းနေ တယ်ပေါ့လေ။ တကယ်လက်တွေ့ အနေအထားမှာတော့ ဒင်းတို့ရဲ့ ထင်ရာစိုင်းပြုမူနေမှုတွေကြောင့် ပြည်သူတွေမှာ ဘ၀ မလုံခြုံမှုတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်တွေ၊ လေကြောင်းက ဗုံးကြဲချမှု ဒဏ်တွေကို ခါးစီးခံစား ရုန်းကန်နေကြရတယ်။ ဒါပေမဲ့ ပြည်သူတရပ်လုံးက ဒင်းတို့ကို ဒူးထောက် အညံ့ခံမယ့်အစား ဘ၀တွေ အသက်တွေ ပေးဆပ်ပြီး ဒင်းတို့ကို အဆုံးတိုင်ထိ တော်လှန်သွားကြဖို့ ဆိုတဲ့ စိတ်ဓာတ်တွေသာ ခိုင်ကျည် အားကောင်းနေတာ တွေ့ကြရတယ်။ အဲဒီအချက်က စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး မုချအောင်ရမယ့် ပြယုဂ်ပါပဲ။
ဒင်း… တရုတ်ပြည်ခရီး သွားနေစဉ်မှာ ဒုတိယ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် စိုးဝင်းက အမ်းအခြေစိုက် န.ပ.ခ မကျဆုံးရေးအတွက် စခန်းမစွန့်ခွာရေး၊ ခုခံရေးအမိန့်တွေ ထုတ်လာတယ်။ လုံလောက်တဲ့ စ.ခအင်အား၊ လက်နက်ရိက္ခါ မပံ့ပိုးနိုင်တဲ့ အခြေအနေမှာ အဲဒီအမိန့် ထုတ်ပြန်လာခြင်းဟာ ဒဲ့ပြောရရင်တော့ စ.ခတွေအနေနဲ့ အသက်အသေခံပြီး တိုက်ခိုက်ကြ… ဆိုတဲ့ သဘောပါပဲ။ ဘာအကျိုးအတွက် အသက်အသေခံပြီး တိုက်ခိုက်ကြမှာလဲ…။ နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် မဟုတ်ပါဘဲ ဒင်းတို့ရဲ့သားသမီး၊ မယားပါ သားသမီးတွေ ချမ်းသူကြွယ်၀ရေးအတွက်၊ ဒင်းတို့တတွေ အရက်ကောင်းကောင်းသောက်ပြီး စည်းစိမ်ယစ်ရေးအတွက်၊ ဒင်းတို့တတွေရဲ့အာဏာ တည်တံ့ရေးအတွက်ဆိုတာ ထမင်းစားနေကြတဲ့ သူတိုင်း နားလည်သိရှိနေကြပြီလေ…။ ဒါကြောင့် စ.ခအင်အား (၃၀၀)ကျော်ဟာ အလံဖြူထောင်ပြီး စိုးဝင်းရဲ့အမိန့်ကို တုံ့ပြန်လိုက်ကြတယ်။ န.ပ.ခလည်း မကြာခင် ပလုံစွပ် ဖြစ်တော့မယ်။
တရုတ်က နယ်စပ်ဂိတ်တွေ ပိတ်ပြလိုက်ပါရဲ့။ ဒါပေမဲ့ ကန်ပိုက်တီကိုတော့ ဖွင့်လှစ်ထားသတဲ့…။ ဖွင့်လှစ်ထားဆို အဲဒီဂိတ်က မြေရှားတွေ သယ်ယူနေတဲ့ ဂိတ်…ဖြစ်နေတာကိုး…။
အဲဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လကတော့ တရုတ်ကြီးကို ကျားသေကို အသက် ပြန်မသွင်းပေးဖို့၊ လျှပ်စစ်စီမံကိန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ခယနေရလေရဲ့။ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းတို့က ဒင်းတို့ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ကူညီပံ့ပိုးပါ့မယ်လို့ လေလည်ပြလိုက်တော့ ဝမ်းသာနေရှာတာပေါ့လေ…။ တကယ်တော့ ဒင်းရဲ့ ခရီးစဉ်ဟာ အရပ်ကူပါ၊ လူကူကြပါဦးဗျာလို့ သွားရောက် တိုးလျှိုးရတဲ့ သဘောပါကွာ…။ လက်တွေ့အနေနဲ့ တရုတ်က နယ်စပ်ဂိတ်တွေ ပိတ်ပြလိုက်ပါရဲ့။ ဒါပေမဲ့ ကန်ပိုက်တီကိုတော့ ဖွင့်လှစ်ထားသတဲ့…။ ဖွင့်လှစ်ထားဆို အဲဒီဂိတ်က မြေရှားတွေ သယ်ယူနေတဲ့ ဂိတ်…ဖြစ်နေတာကိုး…။
ဒါပေမဲ့ KIA က မြေရှားထွက်ရှိတဲ့ ပြည်သူ့စစ်တွေ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ နယ်မြေတွေကို ထိန်းချုပ်လိုက်တယ်လေ…။ မြေရှားလုပ်ကိုင်တဲ့ လုပ်ငန်းတွေလည်း ရပ်စဲလိုက်တယ်။ တရုတ်က ဖွင့်လှစ်ပေးထားတဲ့ လွယ်ဂျယ်၊ ကန်ပိုက်တီတို့ကိုလည်း ပိတ်ထားလိုက်ရော…။ KIA ရဲ့ သဘောကတော့ နယ်စပ်ဂိတ်တွေကို ပိတ်ချင်ရင် အားလုံးပိတ်၊ ဖွင့်မယ်ဆိုရင်လည်း အားလုံးဖွင့်…၊ တရုတ် လုပ်ချင်သလို လုပ်လို့မရဘူး ဆိုတဲ့ သဘော…။ ဟုတ်တယ်လေ…။ အကြမ်းဖက် အဖွဲ့အစည်းကသာ ပြည်သူတွေကလည်း လက်မခံ၊ နိုင်ငံတကာကလည်း လက်မခံဆိုတော့ ဒင်းကို ဆေးဖော်ကြောဖက်လုပ်တဲ့ တရုတ်ကို မျက်နှာချိုသွေးနေတာ…။ တရုတ် ဖြစ်စေချင်တာ၊ လုပ်စေချင်တာတွေကို လိုက်လျောနေတာပ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေကတော့ အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံကမှ မထိပါးစေရ။ လုံး၀ လက်မခံ…။
ရခိုင်ဘက်မှာလည်း ကုလားတန်မြစ်ကြောင်းကို AA က ထိန်းချုပ်ထားနိုင်တော့ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေ ဟတ်ကော့ကြီး ဖြစ်သွားတယ်။ AA နဲ့ ထိတွေ့ဆက်ဆံပြီး ရင်းနှီးမြှုပ်နှံမှု ဆက်လက်လုပ်ကိုင်မလား၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ အဟောသိကံ အဖြစ်ခံမလား…၊ အိန္ဒိယအနေနဲ့ ကြိုက်ရာ ရွေးပေတော့…။
ရခိုင်ဘက်မှာလည်း ကုလားတန်မြစ်ကြောင်းကို AA က ထိန်းချုပ်ထားနိုင်တော့ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေ ဟတ်ကော့ကြီး ဖြစ်သွားတယ်။ AA နဲ့ ထိတွေ့ဆက်ဆံပြီး ရင်းနှီးမြှုပ်နှံမှု ဆက်လက်လုပ်ကိုင်မလား၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ အဟောသိကံ အဖြစ်ခံမလား…၊ အိန္ဒိယအနေနဲ့ ကြိုက်ရာ ရွေးပေတော့…။ အခု န.ပ.ခသာ AA က ထိန်းချုပ်လိုက်နိုင်ရင် ရခိုင်ပြည်နယ်မှာ မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေတို့ပဲ ကျန်ရှိတော့တယ်။ အဲဒီမှာ AA က သိကြားမင်း နကင်းကြီးနဲ့ ဆင်းတားတောင် မရတော့ဘူး။ ရခိုင်ပြည်နယ်တခုလုံး သိမ်းပိုက်သွားမယ်ဆိုတဲ့ ကြုံးဝါးသံက ကြက်သီးထစရာ…။
တကယ်လို့ ကျောက်ဖြူကို ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ န.ပ.ခတောင် ထိန်းချုပ်နိုင်မှတော့ ကျောက်ဖြူကို ထိန်းချုပ်ဖို့ဆိုတာ ခဲယဉ်းလှတော့မယ် မဟုတ်ပေဘူး…။ အဲဒီမှာ တရုတ်ကြီး ဘာဆက်လုပ်မလဲ…။ အကြမ်းဖက်အဖွဲ့အစည်း ပြိုလဲသွားလို့ မဖြစ်ဘူးဆိုတဲ့ ကျားကန်ပေါ်လစီကို ဆက်လက်ကျင့်သုံးမလား…။ ဒါမှမဟုတ် ကျောက်ဖြူစီမံကိန်း ဆက်လက်တည်ရှိရေး ဆောင်ရွက်မလား…။ တရုတ်ကြီးအနေနဲ့ ကြိုက်ရာ ရွေးပေတော့…။ အတုံ့အလှည့်ဆိုတာ ရှိလာစမြဲပါ…။
ဒီမှာ ဖြစ်ချင်တော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီဘတ်ဗလစ်ကင်ပါတီက ဒေါ်နယ်ထရန့်က အပြတ်အသတ် အနိုင်ရရှိလိုက်တယ်။ အနိုင်ရခြင်းရဲ့ အကြောင်းတရားထဲမှာ တရုတ်ကုန်ပစ္စည်းတွေ ထိန်းချုပ်ရေး၊ အခွန်တိုးမြှင့် ကောက်ရေးဆိုတဲ့ စည်းရုံး လှုံ့ဆော်မှုတွေက အဓိကကျတာကို တွေ့ကြရတယ်။
ခုဆို မြို့ပေါင်း (၉၀)ကျော်ကို ထိန်းချုပ်ထားနိုင်တဲ့အပြင် နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်တယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ယုတ်မာ ရက်စက်တဲ့ လေယာဉ်နဲ့ ဗုံးကြဲခြင်းကိုတော့ လှိမ့်ပိမ့် ခံနေရဆဲပါ။
အဲဒီမှာ နိုင်ငံခြားရေးဝန်ကြီးက မာကိုရူဘီယို(Marco Rubio)တဲ့။ အဲဒီပုဂ္ဂိုလ်က တရုတ်ကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်ပါ။ ဒါကြောင့် တရုတ်ရဲ့ အိမ်နီးချင်း မြန်မာ့အရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ဘိုင်ဒင်လက်ထက် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို တွန်းအားပေးခဲ့တာပေါ့။ ခုတော့… သူကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီ…။ တရုတ်ကြီး မျက်ခုံးလှုပ်နေရောပေါ့…။ ဒါ့ပြင် အမျိုးသား လုံခြုံရေး အကြံပေးကလည်း Mike Waltz တဲ့။ အဲဒီပုဂ္ဂိုလ်ကလည်း တရုတ်ကို မျက်မုန်းကျိုးတဲ့သူပါ။ ပြောရရင်တော့ သမ္မတထရမ့် လက်ထက်မှာတော့ မြန်မာအရေး တရုတ်စွက်ဖက်မှုဟာ လက်ရဲဇက်ရဲ မဟုတ်တော့ဘဲ အရှိန်သတ်သွားနိုင်တယ်။
ဒီမှာ ကျုပ်တို့ရဲ့ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးဟာ အမေရိကန်ရဲ့ တွန်းအားကြောင့် ဖြစ်ပေါ်လာတာမဟုတ်သလို၊ တရုတ်ရဲ့ ဟန့်တားမှုကြောင့် ရပ်တန့်သွားလိမ့်မယ် မဟုတ်ပေဘူး…။
စစ်အာဏာရှင်တွေရဲ့ လက်နက်အားကိုးနဲ့ အာဏာသိမ်းမှုကြောင့်၊ ပြည်သူတွေရဲ့အပေါ် မတရားသဖြင့် ဖိနှိပ်အနိုင်ကျင့်မှုတွေကြောင့် ပြည်သူတရပ်လုံးအနေနဲ့ ရရာလက်နက်စွဲကိုင်ပြီး ကိုယ့်အားကိုယ်ကိုး တော်လှန်ခဲ့ကြတာ ဖြစ်တယ်။ ခုဆို မြို့ပေါင်း (၉၀)ကျော်ကို ထိန်းချုပ်ထားနိုင်တဲ့အပြင် နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်တယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ယုတ်မာ ရက်စက်တဲ့ လေယာဉ်နဲ့ ဗုံးကြဲခြင်းကိုတော့ လှိမ့်ပိမ့် ခံနေရဆဲပါ။
ရုရှားကလည်း ယူကရိန်းကို ကျူးကျော်လိုက်လို့ အနောက်အုပ်စုရဲ့ တုံ့ပြန်မှုကို ဆိုးဆိုးဝါးဝါး ခံလိုက်ရတယ်။ ဒီတော့ ဒင်းတို့ကို ကူညီဖို့နေနေသာသာ လှည့်စောင်းတောင် မကြည့်အားရှာတော့ဘူး။
သိကြတဲ့အတိုင်း ဒင်းတို့ အကြမ်းဖက်အဖွဲ့အစည်းကသာ ရုရှားကိုပြေးပြီး အဖေခေါ် လိုက်ရ၊ တရုတ်ကိုပြေးပြီး အဖေခေါ်လိုက်ရနဲ့ သောင်ပြင်လွှတ်တဲ့ခွေးလို ဖြစ်နေတာပါ။ အဲဒီမှာ ရုရှားကလည်း ယူကရိန်းကို ကျူးကျော်လိုက်လို့ အနောက်အုပ်စုရဲ့ တုံ့ပြန်မှုကို ဆိုးဆိုးဝါးဝါး ခံလိုက်ရတယ်။ ဒီတော့ ဒင်းတို့ကို ကူညီဖို့နေနေသာသာ လှည့်စောင်းတောင် မကြည့်အားရှာတော့ဘူး။ ဟော.. အခုလည်း တရုတ်ကိုပြေးပြီး အဖေလို့ ခေါ်လိုက်တာ …သာကောကြီးက မိန့်မိန့်ကြီးပြုံးမယ်လို့ ဟန်ပြင်နေဆဲ သူနဲ့ပြိုင်ဘက် အမေရိကန်မှာ သူ့ကိုနှိပ်ကွပ်မယ့် ပုဂ္ဂိုလ်က သမ္မတဖြစ်လာတော့ အပြုံးကိုတောင် တဝက်တပြက်နဲ့ ရပ်စဲရမလို ဖြစ်သွားတဲ့ အနေအထား…။
ဟေ့ကောင်…လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ…၊ တရားကို နတ် စောင့်သတဲ့..ကွ။ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာသတဲ့…။ အဲဒီစကားတွေက အကြောင်းမဲ့ ပေါ်ပေါက်လာတာမှ မဟုတ်တာပဲကွာ..။ အတွေ့အကြုံတွေထဲကနေ ပေါ်ထွန်းလာတဲ့ စကားတွေ…။ မင်းတို့က မင်းတို့ကိုယ်ကျိုးအတွက်သာ ရှေးရှုပြီး အများသူငါအကျိုးကို မထည့်တွက်ရုံမက လိုက်လံဖျက်ဆီးနေကြတဲ့ သူတွေဆိုတော့ ဘယ်မှာ ကောင်းကျိုး အထွေထွေ ရရှိခံစား နိုင်လိမ့်မတုံး…။ ထပ်တူအကျိုးတွေသာ တုံ့ပြန်ခံစားရပေမပေါ့။ ဒီတော့ ငါ့ကောင်ရေ… မင်းတို့ရဲ့ အန္တိမ ရည်မှန်းချက်ဆိုတဲ့ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့လည်း လုပ်မနေပါနဲ့တော့…။ မင်းရဲ့ သမ္မတရာထူးဆိုတဲ့ အိပ်မက်ကြီးကလည်း နိုးထလိုက်ပါတော့…။
တောင်ကိုရီးယားနိုင်ငံမှာ NUG က လုပ်ကိုင်ပေးတဲ့ နိုင်ငံကူးလက်မှတ်တွေကို အသိအမှတ် ပြုပေးနေပြီ…။ (၂)နှစ်သက်တမ်း တိုးပေးနေသတဲ့။ အဲဒီမှာ မင်းတို့က နိုင်ငံကူး လက်မှတ်တွေ ဖျက်သိမ်းမယ်၊ အမည်ပျက်စာရင်းတွေထဲ ထည့်သွင်းမယ်လို့ ခြိမ်းခြောက်နေတာ…။ ဟိုမှာဖြင့် ဖုတ်လေတဲ့ ငပိ၊ ရှိလေတယ်တောင် မထင်ကြဘူး…။
ခုဆို တောင်ကိုရီးယားနိုင်ငံမှာ NUG က လုပ်ကိုင်ပေးတဲ့ နိုင်ငံကူးလက်မှတ်တွေကို အသိအမှတ် ပြုပေးနေပြီ…။ (၂)နှစ်သက်တမ်း တိုးပေးနေသတဲ့။ အဲဒီမှာ မင်းတို့က နိုင်ငံကူး လက်မှတ်တွေ ဖျက်သိမ်းမယ်၊ အမည်ပျက်စာရင်းတွေထဲ ထည့်သွင်းမယ်လို့ ခြိမ်းခြောက်နေတာ…။ ဟိုမှာဖြင့် ဖုတ်လေတဲ့ ငပိ၊ ရှိလေတယ်တောင် မထင်ကြဘူး…။ သက်တမ်းတိုးကြတဲ့သူတွေ ထောင်ချီပြီး ရှိနေပေါ့…။ ဟုတ်တယ်လေ…မင်းတို့က နောက်ထပ်(၂)နှစ်မှ အာဏာတည်မြဲတော့မှာမှ မဟုတ်တာ…။ ကြိုးစင်တက်ရမလား…၊ ထွက်ပြေးရမလား…တခုခု သေချာနေပြီပဲဥစ္စာ…။ နောက် ဂျပန်၊ ဩစတြေးလျ၊ မလေးရှား နိုင်ငံတွေမှာလည်း အဲဒီအဖြစ်သနစ်တွေ ပေါ်လာလိမ့်ဦးမယ်။
ဒီတော့ မင်းတို့အနေနဲ့ လေယာဉ်နဲ့ဗုံးကြဲတာတွေ ရပ်တန်းက ရပ်ကြပါတော့…။ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေ ရပ်ကြပါတော့…။ ပြည်သူတွေ တောင်းဆိုနေကြတဲ့ စစ်တပ် နိုင်ငံရေးက ထွက်ခွာပေးရေး၊ ၂၀၀၈ ခု ခြေဥဖျက်သိမ်းရေးကိုတော့ မတောင်းဆိုတော့ပါဘူး။
ဘာလို့လဲဆိုတော့…မင်းတို့ အာဏာသိမ်းလိုက်ကတည်းက ၂၀၀၈ ခြေဥဟာ အလို အလျောက် ဖျက်သိမ်းပြီးသား ဖြစ်သွားလို့ပါ။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက ကင်းလွတ်ရေးကတော့ မင်းပြောခဲ့သလို ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့အတိုင်း ဥပဒေအရ ဖြစ်ရမှာပေါ့ကွာ…။ အဲဒီလို ပြည်သူတွေတောင်းဆိုမှုတွေ လိုက်လျောရင် မင်းတို့ နောင်တ တရားကို အသိအမှတ်ပြု ခံရလိမ့်မယ်။
ဒီလိုမှ မဟုတ်ဘဲ မိုက်လမ်းကိုပဲ ဆက်လက် လျှောက်လှမ်းမယ်ဆိုရင်တော့… မင်းတို့ကိုယ်တိုင် ခံစားကြရရုံသာမက ဇနီးမယား သားသမီး မြေးမြစ် သံသရာ တလျှောက်လုံးပါ ခံစားကြရမှာ မလွဲပါဘူး။ စဉ်းစားကြပေါ့ကွာ…။ မုချ စစ်အာဏာရှင်စနစ် ကျဆုံးမယ်၊ စစ်အာဏာရှင် အမြစ်ပြန်တော်လှန်ရေး မုချ အောင်မြင်မယ်…။
~~~~
<iframe width="928" height="522" src="https://www.youtube.com/embed/SpmkEVZVP8I" title="ဗေဒင်မေးရင် ဆန်ကုန်လိမ့်မယ် (Opinion/ရုပ်သံ)" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" referrerpolicy="strict-origin-when-cross-origin" allowfullscreen></iframe>
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။