မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထွေအုပ်ရုံးမှာ ညစာစားပွဲပြုလုပ်နေစဉ် ဒရုန်းနဲ့ဗုံးကြဲခဲ့ရာ ပစ်မှတ်ကို တိုက်ရိုက် ထိမှန်ခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ (၂၅)ရက်၊ ညနေ (၆)နာရီလောက်မှာ မြင်းခြံခရိုင်ထွေအုပ်ရုံးအတွင်း ညစာစားပွဲပြုလုပ်မယ်ဆိုတဲ့ သတင်းအရ ဒရုန်းနဲ့ (၂)ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဝင်တွေ ထိခိုက်မှုရှိခဲ့ကာ ရမ်းသန်းပစ်ခတ်မှု များစွာဖြစ်ခဲ့ပြီးနောက် ညစာစားပွဲပျက်သွားခဲ့ကြောင်း Myingyan District Drone Strike က သတင်း ထုတ်ပြန်ပါတယ်။
မြင်းခြံမြို့ပေါ်ရှိ စစ်တပ်အရာရှိကြီးတစ်ဦးက ညစာစားပွဲ ပြုလုပ်မယ့်အကြောင်း ဖရဲသီးသတင်းပေးမှုအရ သိရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ် ၊ Shar Htoo Waw နည်းပညာ Team 2 ၊ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း ၊ အမေ့လက်ရုန်း ပြောက်ကျားတပ် နဲ့ မိုရှေဒါယန်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒီဇင်ဘာ (၂၄)ရက်က မြင်းခြံမြို့နယ်၊ ကျားကိုင်းရွာ စစ်တပ်ယာယီစခန်းနဲ့ ဒီဇင်ဘာ (၂၃)ရက်မှာ ကျောက်ကန် ရွာက ပျူစောထီးတစ်ဦးရဲ့ နေအိမ်တို့ကိုလည်း ဒရုန်းနဲ့ဗုံးကြဲခဲ့ရာ စစ်သား (၂)ဦး သေပြီး (၅)ဦး ဒဏ်ရာရရှိကြောင်း Myingyan District Drone Strike ကဆိုပါတယ်။
~~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။