Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ ရဲဗိုလ်လေးကို ကျပ်သိန်း ၄၀ ချီးမြှင့်

လက်နက်ခဲယမ်းတွေနဲ့တကွ အလင်းဝင်လာတဲ့ မိတ္ထီလာမြို့က ရဲဗိုလ်လေးကို ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။


မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်မှာ တာဝန်ထမ်းခဲ့တဲ့ ရဲဗိုလ်လေး ဆန်းလင်းဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ခြောက်လုံးပြူးကျည်အတောင့် ၃၀၊ ဗုံးသီး ၃ လုံး၊ လက်ထိပ် ၁ ခုနဲ့ G3 ကျည် အတောင့် ၁၂၀ တို့ ယူဆောင်လာကာ အလင်းဝင်လာကြောင်း Southern YSO PDF က ဒီနေ့ မနက် သတင်းထုတ်ပြန်ပါတယ်။


ရဲဗိုလ်လေးဆန်းလင်းဟာ လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက လာရောက်ခိုလှုံဖို့ ဆက်သွယ်ခဲ့ပြီး လာရတဲ့ နေရာဝေးတာကြောင့် ဆိုင်ကယ်တစ်ဆင့်၊ ကားတစ်ဆင့်နဲ့ ခက်ခက်ခဲခဲ လာရောက်အလင်းဝင်ခဲ့ကြောင်း သိရပါတယ်။
ရဲဗိုလ်လေးကို ဆုငွေချီးမြှင့်ပြီးနောက် သူသွားလိုရာနေရာသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။


ပြည်သူကိုသတ်ဖြတ်နေပြီး ပြည်သူ့အိုးအိမ်တွေ မီးရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုအောက်မှာ ရဲဗိုလ်လေးဆန်းဝင်းက တာဝန်မထမ်းချင်တော့တာကြောင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း Southern YSO PDFက ဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက်ကလည်း ပခုက္ကူမြို့မ ရဲစခန်းက ရဲတပ်သားတစ်ဦး G3 တစ်လက် အလင်းဝင်ရောက်လာခဲ့ရာ ကျပ် သိန်း ၈၀ ဆုချီးမြှင့်ခဲ့ကြောင်း Southern YSO PDF ကဆိုပါတယ်။
~~~~~

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။