Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နွားထိုးကြီး တပ်စခန်းတစ်ခုကို PDF ဝင်စီး၊ စစ်သား ၇ ဦး ဘဝကူး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းနဲ့တပ်စခန်းကို PDF တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကူကားတွေကိုလည်း မိုင်းဆွဲခဲ့ရာ စစ်သား၇ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။


နိုဝင်ဘာ ၁ ရက်၊ မနက် ၉ နာရီလောက်က ဝက်လူးနယ်မြေရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီလောက်မှာ ဝက်လူးရွာထဲဝင်ရောက်ခဲ့ကြောင်း အဲဒီနောက် မီးသတ်ကုန်းကို မီးရှို့ခဲ့ပြီး တပ်စခန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူတွေလည်း များကြောင်း Natogyi People Defence Force က ဒီနေ့ သတင်းထုတ်ပြန်ပါ တယ်။


တိုက်ပွဲဖြစ်နေစဉ်အတွင်း နွားထိုးကြီးဘက်ကနေ ၀က်လူးစခန်းသို့ စစ်ကူလာတဲ့ ကား ၅ စီးကို ပဲချက်ရွာအနီးအရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့သလို မြင်းခြံကနေ နွားထိုးကြီးဘက် မောင်နှင်လာတဲ့စစ်ကား ၂စီးကိုလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


နိုဝင်ဘာ ၁ ရက်နေ့မှာပဲ ညောင်ပင်သာရွာကားဂိတ်မှာ စစ်ဆေးနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံး ၁ လုံး ကြဲချခဲ့ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲပဲလို့ သိရပါတယ်။


အဲဒီတိုက်ခိုက်မှုတွေကို Natogyi People Defence Force -မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်းနဲ့ နွားထိုးကြီးမြိုနယ် ပကဖ တို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
~~~~~ 

 


 

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။