မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာ အထိုင်ချ အကြမ်းဖက် စစ်တပ်ကို ဒရုန်းဗုံး ကြဲခဲ့ရာ (၇)ဦးသေဆုံးကြောင်း သိရပါတယ်။
ဒီဇင်ဘာ (၂၇)ရက်၊ မနက် (၉)နာရီလောက်က မျက်ရှုရွာမှာ အထိုင်ချထားတဲ့ စစ်သား (၂၅)ဦးလောက်ကို ဒရုန်းနဲ့ဗုံး (၂)လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ဗိုလ်အဆင့်ရှိသူတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း Natogyi People Defence Force- မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း က သတင်းထုတ်ပြန်ပါတယ်။
“မျက်ရှုဆိုတာ အိမ်ခြေ၁၀၀၀လောက်ရှိတဲ့ရွာကြီး။ စခတွေက ကျေးရွာအုပ်စုအဆင့်ရှိတဲ့ ရွာကြီးတွေမှာ အထိုင်ချတယ်။ ဆက်ကြေးကောက်တယ်။ အခုကြားရတဲ့သတင်းတွေက ဗုံးက စစ်သားတွေ တည့်တည့် ကျကွဲတာ။ (၅)ကောင်အထက်သေတယ်လို့ ကြားရတယ်” လို့ မျက်ရှုရွာအနီးနေ ဒေသခံတစ်ဦးက ပြောပါတယ်။
မျက်ရှုရွာအခြေစိုက်တပ်ဟာ လမ်းသွားလမ်းလာပြည်သူတွေကို ခြိမ်းခြောက် ငွေညှစ် နေကြောင်း Natogyi People Defence Force က ဆိုပါတယ်။
ဒီဇင်ဘာ (၂၆)ရက်၊ ညနေ (၄)နာရီလောက်ကလည်း နွားထိုးကြီးမြို့နယ်၊ ခက်လန်းရွာ အနီးရှိ မိုင်တဲတာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း Natogyi People Defence Force က ဆိုပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။