Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နွားထိုးကြီး တပ်စခန်း (၂)ခုကို PDF ဗုံးကြဲ၊ စစ်သား ၆ ဦး ဘဝကူး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်း (၂)ခုကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ (၆)ဦး သေဆုံးကြောင်း Natogyi People Defence Force က သတင်း ထုတ်ပြန်ပါတယ်။


အောက်တိုဘာ (၁၅)ရက်၊ မနက် (၈)နာရီလောက်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်သား (၁၅)ဦး လောက်ကို ဒရုန်းနဲ့ ဗုံး (၂)လုံး ကြဲချခဲ့ရာ စစ်သား (၄)ဦး သေဆုံးကြောင်း အတွင်းသတင်းအရ သိရတယ်လို့ ဆိုပါတယ်။


အောက်တိုဘာ (၁၄)ရက်၊ ညနေ (၄)နာရီလောက်ကလည်း နွားထိုးကြီးမြို့နယ်၊ ညောင်ဇင်ရွာ အခြေစိုက် စစ်သား (၂၅)ဦးလောက်ကို ဒရုန်းနဲ့ ဗုံး (၃)လုံး ကြဲချခဲ့ရာ (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိကြောင်း Natogyi People Defence Force က ဆိုပါတယ်။


“လက်ဝဲရွာဆိုတာက မြင်းခြံမြို့နယ်နဲ့ အစပ်ရွာတွေပါ။ နွားထိုးကြီးမှာ ထိတဲ့စစ်သားတွေကို နွားထိုးကြီး မြို့ပေါ်က ပြည်သူ့ဆေးရုံပို့တယ်။ အဲဆေးရုံနဲ့ မလုံလောက်မှ ဒဏ်ရာပြင်းရင် မိတ္တီလာစစ်ဆေးရုံ ထပ်လွှဲတယ်” လို့ မြင်းခြံခရိုင် ပကဖ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။


ဒရုန်းဟာ စစ်သားများစွာကို ချေမှုန်းနိုင်ခြင်းမရှိပေမဲ့ ပစ်မှတ်ကို တည့်တည့်ထိမှန်နိုင်စွမ်းရှိကာ အတိုင်းအတာတစ်ခုအထိ အသေအပျောက်ရှိသလို PDF ရဲဘော်တွေအတွက်လည်း ဘေးကင်းတာကြောင့် အလုပ်ဖြစ်ကြောင်း မြင်းခြံခရိုင် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။


အဲဒီ (၂)ရက်တာ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနဲ့  MDDS တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~~ 

နိုင်ကြီး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။