Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း နှစ်လတာ စစ်ဆင်ရေးဆောင်ရွက်ချက်များကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) သတင်းထုတ်ပြန်

တောင်ပိုင်းစစ်ဒေသအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို ခုခံစစ်၊ ပြောက်ကျားစစ်၊ တိုက်စစ် စတဲ့ စစ်နည်းဗျူဟာမျိုးစုံနဲ့ ကျေးလက်နဲ့ မြို့တွင်းစစ်ဆင်ရေး တာဝန်တွေကို စစ်ရေးအရှိန်မြှင့်ကာ ကြိုးစားဆောင်ရွက်နေတယ်လို့ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။


“မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF)ရဲ့ ဆောင်ရွက်ချက်များ"
……………………………….
မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ နယ်မြေ ရဲစခန်းမှ နယ်ထိန်း ထွန်းနိုင်လင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF)က အနီးကပ် တိုက်ခိုက်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီ နယ်ထိန်း ထွန်းနိုင်လင်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အလားတူ ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေကို ဩဂုတ်လ ၂၇ ရက်နေ့မှာ အဝေးထိန်း ဒရုန်းနဲ့ ဗုံးသီး (၇) လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူးကျော်နိုင်ဦး အပါအဝင်၊ ဗိုလ်ကြီး တစ်ဦး၊ တပ်ကြပ်နှစ်ဦး၊ တပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ ဆေးရုံရောက်စဉ် နှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။


ပေါင်မြို့နယ်၊ သဗြု​ချောင်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် အောင်ငွေထွန်း(ခေါ်) မောင်တူးကို ဩဂုတ်လ ၂၈ ရက်နေ့မှာ MSOF တပ်ဖွဲ့က ပြောက်ကျားနည်နဲ့ အလစ်အငိုက် တိုက်ခိုက်ရှင်းလင်းခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ ရဲစခန်းမှ နယ်ထိန်း ကိုကိုလွင်ဆိုသူကိုလည်း MSOF တပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၉ ရက်နေ့မှာ အနီးကပ် ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပြီး ၎င်းထံမှ လက်ပစ်ဗုံးတစ်လုံးနဲ့ ဓားတစ်ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မွန်ပြည်နယ်အတွင်းရှိ အထက်ပါ စစ်ဆင်ရေးလုပ်ငန်းတွေကို KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) ရဲဘော်တွေ၊ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF) ရဲဘော်တွေနဲ့ မြို့နယ် ပကဖ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


“KNU တပ်မဟာ (၆) နယ်မြေ၊ ကွီလုံတိုင် တိုက်ပွဲ”
…………………………
အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အနေဖြင့် KNLA၊ Cloud wings ဒရုန်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ ကွီလုံတိုင်ရှိ ရိက္ခာပို့စစ်ကြောင်းကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ KNLA နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ၂၁ ရက်ကြာ လမ်းကြောင်းဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးထက် မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ သိရပါတယ်။


ကွီလုံတိုင်စခန်းသို့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာရောက်ပို့ဆောင်တဲ့ အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄င်းစစ်ကြောင်းမှာ ထိုင်းဘက်ခြမ်းသို့ ချောင်းကူးကာ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ လက်နက်ခဲယမ်းများနဲ့ အလောင်းများ ဟောင်သရောမြစ်အတွင်းသို့ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။


ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးစဉ် အကြမ်းဖက် စစ်ကောင်စီဘက်မှ သုံးရက်ဆက်တိုက် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။


KNU တပ်မဟာ (၆)၊ တပ်ရင်း (၁၆) နယ်မြေ၊ ခလယ်တံခွန်တိုင်တိုက်ပွဲ
………………………..
KNU တပ်မဟာ (၆) ၊ တပ်ရင်း (၁၆) အုပ်ချုပ်နယ်မြေ ခလယ်တံခွန်တိုင်ကျေးရွာဘက်သို့ ကျူးကျော် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်မ ၂၂၊ တပ်မ ၄၄ နဲ့ BGF ပူးပေါင်း အင်အား ၁၀၀ ကျော်ခန့်ကို KNLA၊ S.O.F ၊ နဂါးနီစစ်ကြောင်းနဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီက ညနေ ၃ နာရီအတွင်း ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အလားတူ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် မနက် ၁၀ နာရီမှ ညနေ ၃ နာရီခန့်အထိ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးကျော် သေဆုံးကာ ဒဏ်ရာရသူ များပြားခဲ့ကာ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ဖော်ပြပါတယ်။


KNLA တပ်ရင်း (၁၆)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ နဂါးနီ ပူးပေါင်းစစ်ကြောင်းမှ နယ်မြေစိုးမိုးရေးနဲ့ ရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို နေ့စဉ်ပစ်ခတ်ကာ အများပြည်သူနေအိမ်တွေမှ ပစ္စည်းဥစ္စာတွေကို လုယက်ယူငင်နေတာကြောင့် ဒေသခံပြည်သူ တစ်သောင်းခွဲကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။


အထူးစစ်ဆင်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူလူထု၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် မြေပြင် ပူးပေါင်း အဖွဲ့အစည်းများ၊ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနဲ့ စနစ်တကျ ချိတ်ဆက် ပူးပေါင်းကာ စစ်ဆင်ရေး အရှိန်မြှင့်တင် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

~~~~~~~~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။