Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လေးကေ့ကော်ရှိ အကြမ်းဖက် စစ်ကောင်စီ ရေကန်ကုန်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော် မြို့သစ်ရှိ အကြမ်းဖက် စစ်ကောင်စီ  ရေကန်ကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ 

 

ရေကန်ကုန်းစခန်း တိုက်ခိုက်မှုကို Federal Wings ၊ Cobra FW နဲ့ KNDO FW ဒရုန်းအဖွဲ့တွေ အပါအဝင် အခြားဒရုန်းအဖွဲ့တွေပါ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကြေမွ ပျက်စီးသွားတဲ့ စစ်ကောင်စီ စခန်းရဲ့ ဓာတ်ပုံတွေ Federal Wings က သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ - တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြေမွပျက်စီး သွားတဲ့ ရေကန်ကုန်းစစ်စခန်း
~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။