Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်တပ် ခမရ ၅၃၀ မှ စစ်သားတစ်ဦး သေနတ် နှစ်လက်၊ ကျည် ၂၀၀ ဖြင့် အလင်းဝင်​

လွိုင်လင် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၃၀) တပ်မှ စစ်သားတစ်ဦးဟာ သေနတ် ၂ လက်၊ ကျည် ၂၀၀ ကျော်နဲ့ အလင်းဝင်​လာတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၊ တပ်ရင်း (၂) က ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

ပြည်သူ့ရင်ခွင် ခိုလှုံလာသူ တပ်သား စိုင်းပြည့်စုံဖြိုးဝေဟာ အသက်(၁၉) နှစ် အရွယ်သာ ရှိသေးပြီး တာဝန်ကျရာ စခန်းမှာ ဒုက္ခမျိုးစုံ ခံစားနေခဲ့ရတာကြောင့် မခံနိုင်တဲ့ အဆုံး စက်တင်ဘာလ ၂ ရက်နေ့ ကင်းတာဝန်ကျနေစဉ်မှာ MA3 (၁) လက်၊ M 79 (၁) လက်၊ 5.56 ကျည် ၂၀၀ ကျော်နဲ့အတူ အကြမ်းဖက် စစ်ကောင်စီ ကယန်းသာယာ စစ်စခန်းကနေ စခန်းစွန့်ခွါ ထွက်ပြေးလာခဲ့တာ လို့ သိရပါတယ်။

 

သေနတ် ၂ လက်၊ ကျည် ၂၀၀ ကျော်ဖြင့် အလင်းဝင်လာသူ တပ်သား စိုင်းပြည့်စုံဖြိုးဝေ (KNDF တပ်ရင်း ၂)

လက်ရှိအချိန်မှာ အလင်းဝင်လာတဲ့ တပ်သား စိုင်းပြည့်စုံဖြိုးဝေဟာ ကရင်နီ ပြည်သူ့ရင်ခွင်သို့ ရောက်ရှိနေပြီလို့ KNDF တပ်ရင်း(၂)က ပြောပါတယ်။

 

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကရင်နီပြည်နယ်အတွင်း အလင်းဝင်လာတဲ့ စစ်သား ၁၃၀ ဝန်းကျင်နဲ့ ရဲ ၃၀၀ ကျော် ရှိပြီလို့ သိရပါတယ်။

 

~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။