Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်ကောင်စီ ခမရ ၅၁၉ စစ်ကြောင်းကို ရှားတောမှာ ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက် စစ်သား အများအပြား သေဆုံး၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်သို့ ရိက္ခာပို့ရန် ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ ခမရ ၅၁၉  စစ်ကြောင်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဩဂုတ် ၂၃ ရက်နေ့လည်ပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။ 


ရှားတောမြို့နယ် ၂၈၈၈ တပ်နဲ့ ၃၂၂၂ တောင်ကုန်းတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ေကာင်စီ ရှေ့တန်းစခန်းတွေကို ရိက္ခာပို့ဖို့ ရှမ်းပြည်နယ်ဘက်ကနေ ဆင်းလာတဲ့ ခမရ ၅၁၉ စစ်ကြောင်းကို ကရင်နီ KA ပူးပေါင်း တပ်ဖွဲ့တွေက  ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီဘက်မှ အရာရှိအဆင့် အပါအဝင် အကြမ်းဖက် စစ်သားတွေ အများအပြား သေဆုံးခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် မျိုးစုံ အလက် ၂၀ ကျော်နဲ့ ခဲယမ်းကျည် အများအပြားကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီ ခမရ ၅၁၉ စစ်ကြောင်းကို ရှားတောမှာ ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက် စစ်သား အများအပြား သေဆုံး၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

သိမ်းဆည်းရရှိမိတဲ့ လက်နက်တွေထဲမှာ လက်နက်ငယ် မျိုးစုံ ၁၄ လက်၊ ငါးကြင်းမြီး စက်လက် ၁ လက်၊ စိန်ပြောင်း ၄ လက်၊ လက်ပစ်ဗုံးတွေ၊ ဗုံးသီးတွေနဲ့ ခဲယမ်းကျည် အများအပြား ပါဝင်တာ တွေ့ရပါတယ်။ 


ရှားတောမြို့နယ်ထဲက အကြမ်းဖက် စစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေ ဖြစ်တဲ့ ၂၈၈၈ နဲ့ ၃၂၂၂ ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ထောက်ကူပေးပို့လို့ မရအောင် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေက လမ်းကနေ စောင့်ကြို ဖြတ်တောက်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 


အထိနာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယင်းနေ့ ညနေ ၃ နာရီကျော်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ကူပေးခဲ့ပေမယ့် ကရင်နီ KA ပူးပေါင်း တပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။


~~~~~~~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။