ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်ဘက်ကနေ ဖရူဆိုမြို့နယ်ဘက်သို့ စစ်ကြောင်းထိုး လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ဖရူဆိုမြို့နယ် တောင်ဘက် မာခရော်ရှေး ကျေးရွာအနီးမှာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၁၁ ရက်နေ့ မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သား အများအပြား သေဆုံးပြီး လက်နက်မျိုးစုံ ၂၀ ကျော်နဲ့ ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့လည်း ကရင်နီ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ ထိခိုက်သေဆုံးမှု များစွာ ကြုံတွေ့နေရပြီး အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီပြည်နယ် အတွင်းမှာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေတာ ဖြစ်ပြီး လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ကျေးရွာတွေထဲကို ရမ်းသမ်း ပစ်ခတ်မှုတွေလည်း နေ့စဉ် လုပ်ဆောင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ အကြမ်းဖက် စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော် ပြုလုပ်ထားကာ ၁၂၀ မမ လက်နက်ကြီးတွေ အပါအဝင် လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာ ဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။