ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ဖမ်းဆီးရမိထားတဲ့ စစ်သားတွေကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့သတင်း ထုတ်ပြန်ပါတယ်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက နိုဝင်ဘာ (၁၁)ရက်နေ့တိုက်ပွဲမှာ ဖမ်းဆီးမိခဲ့တဲ့ အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးရဲ့ ပြောစကား ရုပ်သံဖိုင်နဲ့အတူ အဲဒီလို ထုတ်ပြန်ခဲ့တာပါ။
ဖမ်းဆီးခဲ့တဲ့ အရာရှိက သူဟာ ကရင်နီပြည်နယ်တစ်နေရာမှာ ကျန်းမာကောင်မွန်စွာရှိနေကြောင်း မိသားစုထံ အသိပေးတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချ အလင်းဝင်ပါက စစ်သုံ့ပန်းမူဝါဒအတိုင်း အပြည့်အဝခံစားရမယ်လို့လည်း KNDF က ထုတ်ပြန်ပါတယ်။
ပူးပေါင်းအလင်းဝင်ခြင်းမရှိဘဲ ဆက်လက်ခုခံနေပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း KNDF က သတိပေးထားပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။