Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရေးအခြေစိုက် တပ်ရင်း (၂)ရင်းထဲ လက်နက်ကြီး ပစ်သွင်း၊ အရာရှိ (၁)ဦး အပါအအဝင် (၄)ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ် တပ်ရင်း (၂)ရင်းကို တော်လှန်ရေး ပူးပေါင်းတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အရာရှိ (၁)ဦးအပါအဝင် (၄)ဦး သေဆုံးပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


စက်တင်ဘာလ (၁၂) ရက်၊ မွန်းလွဲ ၂ နာရီခွဲကစလို့  စကခ(၁၉) လက်အောက်ခံတပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၅၈၃)နဲ့ ခမရ (၅၉၁)တပ်ရင်းထဲသို့ ၁၅ မိနစ်ကြာ လက်နက်ကြီးနဲ့ တစ်ပြိုင်နက် ပစ်ခတ်ခဲ့ရာ တပ်ရင်းတွေထဲ တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက သတင်း ထုတ်ပြန်ပါတယ်။


ကနဦးသတင်းအရ ခမရ(၅၉၁)တပ်ထဲက ဒုဗိုလ် (၁)ဦး၊ ဒုတပ်ကြပ် (၁)ဦး၊ စစ်သား (၁)ဦးနဲ့ စစ်သားမိန်းမ (၁)ဦး တို့ သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ (၇)ဦးမှာလည်း ခမရ (၅၉၁)တပ် ထဲကပဲ ဖြစ်ပါတယ်။


ခမရ (၅၈၃)တပ်တွင်း ထိခိုက်သေဆုံး သတင်းကိုတော့ စုံစမ်းနေဆဲပဲလို့ ဒေါနစစ်ကြောင်းက ဆိုပါတယ်။


တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ပြီးနောက် ခမရ (၅၈၃)နဲ့ ခမရ (၅၉၁)တပ်ရင်းကနေ ၈၁ (မမ) ၃လုံး၊ ၆၀ (မမ) ၅လုံး နဲ့ 79(မမ) တွေကို "တပ်ကိုထိရင် ရွာကိုပစ်မယ်"လို့  ခြိမ်းခြောက်ထားတဲ့အတိုင်း ပြန်လည် ပစ်ခတ်ခဲ့ရာ ပြည်သူ (၆)ဦး ဒဏ်ရာရကာ ပျက်စီးဆုံးရှုံးတွေလည်း ရှိကြောင်း သိရပါတယ်။


စက်တင်ဘာလဝက်အတွင်း စကခ(၁၉)လက်အောက်ခံတပ်ရင်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့  (၂)ကြိမ် ပစ်ခတ်ခဲ့ရာ သေဆုံးထိခိုက်များပြားကြောင်း အတွင်းသတင်းတွေအရ သိရတယ်လို့ ဒေါနစစ်ကြောင်းက ဆိုပါတယ်။


အဲဒီတိုက်ခိုက်မှုကို မွန်ပြည်နယ်အခြေစိုက် ပူးပေါင်းမဟာမိတ်တွေဖြစ်တဲ့  ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ(YGF) ၊ မွန်တော်လှန်ရေးတပ် (MSRF)၊ ရေးကာ‌ကွယ်ရေးတပ် (YDF)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲအစည်း( MSRO)၊ ABSDF တပ်ရင်း(၁)၊  YAF နဲ့ KNLA တပ်ရင်း-၂၇  ရေးအခြေစိုက် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


~~~~~~~~~~~

ကိုဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။