Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မန္တလေး ပြည်တွင်းအခွန်ရုံးကို ဗုံးပစ်တိုက်ခိုက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပြည်တွင်းအခွန်ရုံး(ကုန်းလမ်းပို့ဆောင်ရေး)ကို ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force–NMD က သတင်း ထုတ်ပြန်ပါတယ်။


စက်တင်ဘာ (၁၁)ရက်၊ မွန်းလွဲ ၃ နာရီလောက်မှာ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀နဲ့  ၁၀၂လမ်းထောင့်ရှိ ပြည်တွင်းအခွန်ရုံး(ကုန်းလမ်းပို့ဆောင်ရေး)ကို ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်ပြီး အခွန်ရုံးထဲကနေ လက်နက်ငယ်နဲ့ ၁ ချက်ပြန်လည်ပစ်ခတ်ပေမဲ့ NMD ရဲဘော်တွေ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။


“အထဲမှာ ဗုံးထိတယ်လို့တော့ မကြားမိဘူး။ PDFတွေလည်း ပစ်ပြီးပြေး။ အနားမှာရှိတဲ့ ပြည်သူတွေလည်း ပေါက်ကွဲသံကြားတာနဲ့ ပြေးဆိုတော့ မသိတာလည်း ဖြစ်နိုင်ပါတယ်။ အဲရုံးတွေမှာ စစ်သားတွေ စောင့်တာ။ စစ်သားတွေက သေနတ်နဲ့ ပြန်ပစ်တာ” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။


စက်တင်ဘာ (၁၃)ရက် နောက်ပိုင်းကစပြီး ဆိုင်ကယ်နဲ့ ကားလိုင်စင်တွေကို အခွန် ၃ ဆတိုးကောက်သွားမယ်ဆိုတဲ့ သတင်းအရ တိုက်ခိုက်ခြင်းဖြစ်ကြောင်း NMD ကထုတ်ပြန်ပါတယ်။


~~~~~~~~~~~

ကိုထိုက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။