Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မန်း ရသုံးမှန်းခြေငွေစာရင်းရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရသုံးမှန်းခြေငွေစာရင်းရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။


ဩဂုတ် ၂၁ ရက်၊ မနက် ၁၀ နာရီလောက်က ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း ၁၀၁ လမ်း (သိပ္ပံလမ်း)နဲ့ ၁၀၂ လမ်းကြားရှိ ရသုံးမှန်းခြေငွေစာရင်းရုံးကို လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့ရာ ရုံးအဆောက်အအုံ မှန်ပြတင်းပေါက်ကိုထိမှန်ခဲ့ပြီး မှန်ပြတင်းနဲ့ ရုံးအရာရှိကား(Kluger ကားအနက်ရောင်) ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း No More Dictatorship People Defence Force_NMD အဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။


“အဲဒီရုံးမှာ စစ်ခွေးတွေမရှိဘူးလို့ထင်တယ်။ ဘာလို့ စစ်ခွေးတွေ မရှိဘဲ တိုက်ခိုက်သလဲဆိုတာ မသိဘူး။ ပြည်သူတွေက စစ်ခွေးတွေကိုပဲ ဦးတည် ပစ်မှတ်ထားပြီး တိုက်ခိုက်စေချင်တာ”လို့ ချမ်းမြသာစည်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။


NMD ကတော့ အဲဒီရုံးဟာ စစ်အုပ်စု ဘဏ္ဍာရေးယန္တရားလည်ပတ်စေဖို့ အဓိက အလုပ်လုပ်ပေးနေတဲ့ရုံးဖြစ်တဲ့အတွက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ရာမှာ ကားပျက်စီးမှုရှိနိုင်ပြီး ရုံးအတွင်း စစ်အုပ်စု သစ္စာခံ ဝန်ထမ်းအများအပြား ရှိနေတာကြောင့် လူထိခိုက်မှုလည်း ရှိနိုင်ကာ အသေးစိတ် အထိအခိုက်စာရင်းကို အတည်ပြုဆဲဖြစ်ကြောင်း NMD က ဆိုပါတယ်။

~~~~~~~~~~~~

ကိုထက်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။