Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နက်ဖြန် သဘက် မှတ်ကျောက်တင်ပွဲ (OPINION)

ဟေ့ အယုတ်တမာထိပ်ခေါင် မအလ။

 

အခုလို တို့ပြည်သူတွေ တိုင်းတပါးနယ်ချဲ့ ကိုလိုနီ၊ ဖက်ဆစ်အစိုးရ လက်ထက်တွေထက် ပိုမိုဆိုရွားတဲ့ဖြစ်ရပ်တွေ ကြုံတွေ့ခံစားနေကြရတာ အဓိက က မင်းကြောင့်ပဲကွ။ အဓိက တရားခဟာ မင်းပဲ။ ဟုတ်တယ်လေကွာ။ မင်း အာဏာသိမ်းလိုက်တာ နိုင်ငံမတည်ငြိမ်၊ မအေးချမ်းလို့လည်း မဟုတ်ဘူး။ မဖွံ့ဖြိုး၊ မတိုးတက်လို့လည်း မဟုတ်ဘူး။ တည်ငြိမ်အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်နေတဲ့ အနေအထားမှာ အာဏာသိမ်းလိုက်တာလေ။ ဒီတော့ မင်း အာဏာသိမ်းလိုက်တာ နိုင်ငံနဲ့ပြည်သူအကျိုးအတွက်မဟုတ်ဘဲ မင်းကိုယ်ကျိုးအတွက် သိမ်းလိုက်တယ်ဆိုတာ ရှင်းနေတာပဲပေါ့ကွာ။ အဲဒီမှာ မင်းပြောတဲ့ မဲမသမာမှုတွေကြောင့် အာဏာသိမ်းရပါတယ်ဆိုတဲ့ ဆင်ခြေလက်ခြေတွေကလည်း ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးကွယ်သလို ဖြစ်နေတာပ။

 

ပြီးတော့ မင်းက ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရဆီကနေ လက်နက်အားကိုးနဲ့ အာဏာသိမ်းယူလိုက်တော့ မင်းနဲ့ မင်းရဲ့အဖွဲ့အစည်းဟာ အလိုအလျောက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လျှောဆင်းသွားပြီလေ။ ဒီတော့ မင်းလုပ်ဆောင်သမျှ လုပ်ရပ်တွေ၊ ပြဌာန်းမှုတွေ စီရင်မှုတွေဟာ ဘာတစ်ခုမှ တရားမဝင်ဘူးပေါ့ကွာ။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်မှုတွေချည်း ဖြစ်နေတာပေါ့။

 

မင်းတို့က စစ်အာဏာရှင်တွေပီပီ ပြည်သူ့အင်အားကို လျှော့တွက်ပြီး လက်နက်အားကိုးနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ကျူးလွန်လာတယ်လေ။ ပစ်သတ်ပြလိုက်ရင် ငြိမ်သက်သွားလိမ်မယ်လို့ မျှော်လင့်ယူဆထားကြဟန်တူပါရဲ့။

 

ဒါ့ပြင် တို့ပြည်သူတွေက ၁၉၆၂ ခုနှစ်က ပြည်သူတွေ မဟုတ်တော့သလို ၁၉၈၈ ခုနှစ်က ပြည်သူတွေလည်း မဟုတ်တော့ဘူး။ ၂၀၂၁ ခုနှစ် ပြည်သူတွေ။ ဒီတော့ နိုင်ငံနဲ့အဝှမ်း မင်းတို့ရဲ့အာဏာသိမ်းမှုကို အသိအမှတ်မပြု၊ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပေါ့။ အဲဒီမှာ မင်းတို့က စစ်အာဏာရှင်တွေပီပီ ပြည်သူ့အင်အားကို လျှော့တွက်ပြီး လက်နက်အားကိုးနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ကျူးလွန်လာတယ်လေ။ ပစ်သတ်ပြလိုက်ရင် ငြိမ်သက်သွားလိမ်မယ်လို့ မျှော်လင့်ယူဆထားကြဟန်တူပါရဲ့။

 

ဒါပေမဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ အဓိဌာန်သစ္စာပြုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက ပြည်သူတွေကို ပစ်သတ်နေတော့လည်း တို့ပ ည်သူတွေအနေနဲ့ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ရုံမှတပါး အခြားမရှိတော့။ ဒါကြောင့် လက်လုပ်သေနတ်တွေကို ကိုင်ဆောင်ပြီး မင်းတို့ကို အံတု တော်လှန်ခဲ့ကြတာပေါ့။ အဲဒီမှာ မင်းအနေနဲ့ ပြည်သူနဲ့ လူမျိုးအပေါ် အမှန်တကယ် မေတ္တာ စေတနာထားရှိရင် အာဆီယံအဖွဲ့အစည်းက ချမှတ်တဲ့ မူဝါဒ ၅ ရပ်ကို လိုက်နာသင့်တာပေါ့ကွာ။ ဒါပေမဲ့ မင်းက ကိုယ့်ရဲ့ကိုယ်ကျိုးကိုသာ ရှေ့ရှုတဲ့ကောင်မဟုတ်လား။ ဒီတော့ မင်းက သာလွန်အင်အားနဲ့ နှိမ်နင်းပြီး ကိုယ့်သေတွင်း ကိုယ်တူးတော့တာပါပဲ။

 

မင်းအနေနဲ့ ၂ နှစ်ကျော် ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားဟန် တူပါရဲ့။ သမ္မတရာထူးရယူနိုင်လိမ့်မယ်လို့လည်း ထင်မှတ်ထားဟန်တူပါရဲ့။ သေချာအောင် ရွေးကောက်ပွဲကို နိုင်သူအကုန်ယူ စနစ်အစား အချိုးကျရယူတဲ့စနစ်ကို တရားမဝင် သတ်မှတ်ထားလိုက်တာပေါ့။ ပြီးတော့ ရွေးကောက်ပွဲကို အကြားအလပ်မရှိ ကျင်းပသွားနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုလိုက်သေး။ ခုတော့ မင်းရဲ့မျှော်လင့်မှုတွေ၊ ထင်မှတ်မှုတွေ ဝေဝါးမှေးမှိန်သွားပြီ မဟုတ်ပါလား။ အဲဒီတော့ မင်းက မဲစာရင်းမှန်ကန်ဖို့ အရေးကြီးကြောင်း၊ မဲစာရင်းမှန်ကန်ဖို့ဆိုရင် သန်းခေါင်စာရင်းမှန်ကန်ဖို့ လိုအပ်တယ်လို့ ပြောလာပြန်တယ်။ သန်းခေါင်စာရင်းဆိုတာ ဆယ်နှစ်တစ်ကြိမ်ကောက်ယူလေ့ရှိတာမို့ ၂၀၂၄ ခု အောက်တိုဘာမှာ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ပြောလာပြန်တယ်။

 

အာဏာငန်းဖမ်းနေတဲ့သူတွေကတော့ မင်းတို့သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ ပါတီတွေမှတ်ပုံတင်လိုက်ကြတာ အလုအယက်ပါပဲ။ အဲဒီမှာ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ကြတဲ့ ပါတီ ၄၀ ကိုလည်း ဖျက်သိမ်းလိုက်တယ်ဆိုပဲ။

 

ဒီတော့ ရွေးကောက်ပွဲကျင်းပဖို့ အချိန်ကာလဟာ မရေရာ၊ မသေချာတော့တဲ့ အနေအထား။ ဒါပေမဲ့ အာဏာငန်းဖမ်းနေတဲ့သူတွေကတော့ မင်းတို့သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ ပါတီတွေမှတ်ပုံတင်လိုက်ကြတာ အလုအယက်ပါပဲ။ အဲဒီမှာ သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်ကြတဲ့ ပါတီ ၄၀ ကိုလည်း ဖျက်သိမ်းလိုက်တယ်ဆိုပဲ။ မင်းတို့မလိုလားတဲ့ ပါတီတွေကို ဖယ်ထုတ်၊ မင်းတို့လို အာဏာငန်းဖမ်းနေတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကြီး ကျင်းပမယ်ပေါ့လေ။ အဲဒီမှာ စစ်မှန်တဲ့၊ စည်းကမ်းတကျရှိတဲ့ ဒီမိုကရေစီကြီးကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်မယ်ဆိုပါလား။ ကမ္ဘာကျော် ဟာသတစ်ပုဒ်ပါပဲ။ ဒီမှာ မင်းတို့ကလည်း မင်းတို့မျှော်မှန်းတဲ့လမ်းအတိုင်း လျှောက်ကြ။ ငါတို့ပြည်သူတွေကလည်း ငါတို့မျှော်မှန်းတဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးလမ်းအတိုင်း လျှောက်လှမ်းကြရုံ ရှိတော့တာပါပဲ။

 

ဒါကြောင့်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးဖို့ လမ်းစပျောက်သွားပြီလို့ ကမ္ဘာသိ အစီရင်ခံစာ တင်သွင်းခဲ့တာပ။ အဲဒီမှာ တို့ပြည်သူတွေကပဲ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကို ချေမှုန်းအနိုင်ယူသွားကြမှာ အသေအချာပါပဲ။ လက်နက်အားကိုးပြီး မိမိတို့ရဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် ယုတ်မာပက်စက်နေတဲ့ မင်းတို့အကြမ်းဖက်အဖွဲ့အစည်း အောင်မြင်မယ်ဆိုရင်တော့ ကမ္ဘာ့သမိုင်း ရိုင်းသွားပေလိမ့်မယ်။ ကမ္ဘာ့သမိုင်း ရိုင်းရိုးမရှိ။

 

ကရင်ဆိုတာ နောက်နောင်ဆိုရင် နတ်ကွန်းမှာသာ တွေ့ကြလိမ့်မယ်လို့ ပြောခဲ့ကြတာပါပဲ။ ဒါပေမဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက မပြတ်ဘဲ ဒင်းတို့သာ ပြတ်သွားကုန်ကြတာပဲမဟုတ်လား။ 

 

ဒီမှာ အယုတ်တမာထိပ်ခေါင် မအလ ရေ။ မင်းက တော်လှန်ရေးနေ့တုန်းက PDF တွေနဲ့ PDF တွေကို အားပေးနေတဲ့ EAO အဖွဲ့အစည်းတွေကို အပြတ်ချေမှုန်းသွားမယ်လို့ အပြန်ကြိမ်းဝါးသွားပါလားကွ။ မင်းမှမဟုတ်ပါဘူး။ မင်းရှေ့ကစစ်အာဏာရှင်တွေလည်း အပြတ်ချေမှုန်းမယ်။ ကရင်ဆိုတာ နောက်နောင်ဆိုရင် နတ်ကွန်းမှာသာ တွေ့ကြလိမ့်မယ်လို့ ပြောခဲ့ကြတာပါပဲ။ ဒါပေမဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက မပြတ်ဘဲ ဒင်းတို့သာ ပြတ်သွားကုန်ကြတာပဲမဟုတ်လား။ ခုလည်း မင်းက ကြိမ်းဝါးပြန်ပြီ။ နေပါဦးကွ။ မင်းတို့က ကချင်၊ ကရင်နီ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်တုန်းက သက်ညှာခဲ့ဖူးလို့လဲ။ စဉ်ဆက်မပြတ် မြေလှန်စနစ်ကို ကျင့်သုံးခဲ့တာပဲ မဟုတ်လား။

 

အခုလည်း ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း PDF တွေ ပေါ်ပေါက်လာတော့လည်း ဘယ်မှာ ဆွေးနွေးအဖြေရှာဖို့ စိတ်ကူးခဲ့ကြလို့လဲ။ ထုံးစံအတိုင်း မြေလှန်စနစ် ကျင့်သုံးပြီး အပြတ်ချေမှုန်းခဲ့တာပဲ မဟုတ်ပါလား။ မင်းတို့အပြတ်ချေမှုန်းခဲ့တဲ့ကြားကပဲ ပြည်သူလူထု တခဲနက် ထောက်ခံမှုကြောင့် PDF တွေ အားကောင်းမောင်းသန် ရှင်သန်ခဲ့တာပဲလေ။ အဲဒါ ပြည်သူ့ရဲ့အားပေါ့။ ငါတို့ပြည်သူတွေရဲ့ PDF လက်နက်ကိုင် အဖွဲ့အစည်းက ဘယ်နိုင်ငံရဲ့ အကူအညီ အထောက်အပံ့မှ မရရှိဘဲ ပြည်သူလူထု ထောက်ခံမှုအားကြောင့် ခုတော့ မိမိကိုယ်ကိုယ်ကာကွယ်ရေးဆိုတာထက် မင်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ပြီ မဟုတ်ပါလား။ အဲဒါ လက်တွေ့ဖြစ်စဉ်ပဲလေ။

 

မင်းတို့သာ ဆီပုလင်းခါးချိတ်ပြီး နိုင်ငံတကာ အကူအညီရရှိဖို့ ကြိုးစားအားထုတ်နေရတယ်။ နောက်ဆုံးတော့ အိုးရွဲ့နဲ့ စလောင်းရွဲ့ တွေ့ဆုံကြသလို ရုရှားက မင်းတို့ကို ဆေးဖော်ကြောဖက် လုပ်လာတာမဟုတ်ပါလား။ ဒါပေမဲ့ ပထွေးလို မင်းတို့အားထားတဲ့ ရုရှားကလည်း သူတပါးနိုင်ငံကို သွားရောက်ကျူးကျော်လို့ အခြေယိုင်ယိုင်နဲ့နဲ့ ဖြစ်နေပြီမဟုတ်လား။ အဲဒီအခြေအနေမှာ မင်းက NLD ကို ဖျက်သိမ်းပြလိုက်တာကတော့ ပထွေးအသစ်တရုတ်ကြီးက မီးစိမ်းပြလိုက်လေသလားလို့ တွေးဆစရာပဲကွ။ ဟုတ်တယ်လေ။ တရုတ်အခြေစိုက် ရင်းနှီးမြုပ်နှံထားတဲ့ ရခိုင်ကို လပိုင်းအတွင်း နှစ်ခေါက်သွားပြခဲ့ပြီလေ။ AA ကလည်း ငြိမ်တိတ်လို့။

 

တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်မြောက်အားက ပြည်တွင်းမှာသာ ရှိတာပါကွာ။ မင်းအနေနဲ့ ဘယ်လိုပဲ ပြည်ပကို အားကိုးအားကိုး ပြည်တွင်းအားမရရှိရင်တော့ မုချမသွေ ကျရှုံးကြရမယ့်အဖြစ်မျိုးနဲ့ ကြုံတွေ့ရမှာပဲ။ 

 

ဒါပေမဲ့ စစ်ကိုင်းတိုင်းမြို့တော် မုံရွာကို သွားရောက်တော့ သေဘေးက သီသီလေး လွတ်မြောက်ခဲ့တယ် မဟုတ်လား။ ခုလည်း ချင်း၊ ကချင်၊ ကရင်၊ ကရင်နီဒေသတွေကို သွားကြည့်လိုက်လေ။ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ မြည်းစမ်းကြည့်ခွင့် ရနိုင်တာပေါ့။ တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်မြောက်အားက ပြည်တွင်းမှာသာ ရှိတာပါကွာ။ မင်းအနေနဲ့ ဘယ်လိုပဲ ပြည်ပကို အားကိုးအားကိုး ပြည်တွင်းအားမရရှိရင်တော့ မုချမသွေ ကျရှုံးကြရမယ့်အဖြစ်မျိုးနဲ့ ကြုံတွေ့ရမှာပဲ။ ခုလည်း မင်းရဲ့အခြေအနေကို ရိပ်စားမိလို့ စစ်တိုင်းမှူးတွေ အပြောင်းအလဲလုပ်ပြီး ပိုမိုရက်စက်ယုတ်မာဖို့ ကြိုးစားအားထုတ်နေတယ် မဟုတ်ပါလား။ ဒါပေမဲ့ မင်းအနေနဲ့ ဆေးကုလို့ မရတော့ပါဘူး။ သေလမ်းနဲ့ ကြိုးစင်သာ ကြိုက်ရာရွေးဖို့ အခွင့်အလမ်းရှိတော့တာပါ။

 

ဟုတ်တယ်လေ။ တစ်နေ့က မြဝတီကုန်သွယ်ရေးဇုန်ကို ဝင်ရောက်သိမ်းပိုက်လိုက်တာ တကယ့်ကို အေးအေးဆေးဆေးပါပဲ။ လက်နက်တွေပေးကြဆိုတော့လည်း အသာတကြည် ပေးအပ်လိုက်ကြတာပဲ။ မင်းအတွက် အသက်မစွန့်ကြတော့ဘူးလေ။ တကယ်တော့ ဗမာတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ဆင်နွှဲနေကြတဲ့ တော်လှန်ရေးက နိုင်ငံတော်ကိုတော်လှန်နေကြတာ မဟုတ်ဘူးကွ။ နိုင်ငံတော်ကို ဖျက်ဆီးနေကြတဲ့ လက်တစ်ဆုပ်စာ မင်းတို့စစ်အာဏာရှင်တွေကို တော်လှန်နေကြတာရယ်။ အဲဒီအချက်ကို အာဏာငန်းဖမ်းနေကြတဲ့ သူတစ်စုရယ်၊ မိမိရာထူး တည်မြဲတိုးတက်ရေးကိုသာ ရှေးရှုတဲ့ သူတစ်စုရယ်ကလွဲလို့ အားလုံးက နားလည်သဘောပေါက်သွားကြပြီ။ နားမလည်သဘောမပေါက်တဲ့ မင်းတို့လူစု ကျောပေါက်ဖို့ပဲ ရှိတော့တယ်။

 

လက်နက်ကိုင်အဖွဲ့အစည်းရှိတာတောင်မှ နိုင်ငံတည်ငြိမ်အောင် မထိန်းသိမ်းနိုင်တဲ့ မင်းတို့ရဲ့အရည်အချင်းနဲ့တော့ မင်းတို့မျှော်မှန်းသလို ဖြစ်လာနိုင်စရာ အကြောင်းမရှိတာတော့ အသေအချာပါပဲ။ ဒီတော့ မင်းတို့အနေနဲ့ ကျရှုံးဖို့ကလွဲပြီး အခြားလမ်းမရှိတော့။

 

 

ရှင်းပါတယ်ကွာ။ နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့မပြောနဲ့။ လက်နက်ကိုင်အဖွဲ့အစည်းရှိတာတောင်မှ နိုင်ငံတည်ငြိမ်အောင် မထိန်းသိမ်းနိုင်တဲ့ မင်းတို့ရဲ့အရည်အချင်းနဲ့တော့ မင်းတို့မျှော်မှန်းသလို ဖြစ်လာနိုင်စရာ အကြောင်းမရှိတာတော့ အသေအချာပါပဲ။ ဒီတော့ မင်းတို့အနေနဲ့ ကျရှုံးဖို့ကလွဲပြီး အခြားလမ်းမရှိတော့။ ဒါပေမဲ့ မင်းတို့ စစ်အာဏာရှင်တွေက အရှင်ထွက် မထွက်ကြဘူး။ အသေထွက် ထွက်တတ်ကြတယ်လို့ အဆိုရှိတာကိုး။ မုံရွာတုန်းကတော့ ပုန်းခိုကျင်းထဲ ဝင်နေတယ်ဆိုပဲ။ မင်းအနေနဲ့ အသေထွက် ထွက်ဝံ့၊ မထွက်ဝံ့သတ္တိကိုတော့ စောင့်ကြည့်ရမှာပေါ့ကွာ။ သူတပါးအပေါ် ရက်စက်ယုတ်မာကြတဲ့သူတွေဟာ ကိုယ့်အလှည့်ကျ သတ္တိကြောင်တတ်ကြတယ်တဲ့။ နက်ဖြန်သဘက်ဆို မင်းရဲ့သတ္တိစမ်းသပ်ပွဲ ရောက်ပါတော့မယ်။ စောင့်ကြည့်ကြပါကုန်။

 

နွေဦးတော်လှန်ရေး အောင်ရမည်။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။