Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အာဏာရှင်ဖြစ်ဖို့ ခဲလေသမျှ (OPINION)

အရင်အာဏာရှင် ၂ ဆက်ကတော့ ဘယ်ပြည်သူကိုမှ အရေးတယူလုပ်လေ့မရှိဘူး။ ပြည်သူကို မိန့်ခွန်း ပြောတာတို့ဘာတို့ အင်မတန်ရှားရှားပါးပါး။ ပြည်သူကိုအကြောက်တရားသာ ပေးရမှာဖြစ်ပြီး စည်းရုံးသိမ်းသွင်းတာတွေ လုပ်စရာမလိုဘူးလို့ ယူဆထားတဲ့ပုံ။ ပြီးတော့ ပြည်သူထောက်ခံမှုရဖို့လည်း မကြိုးစား။ ပြည်သူ မထောက်ခံလည်း ငါအာဏာရှင်ပဲလို့ ခံယူထားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

 

မီဒီယာပလက်ဖောင်းပေါ်ကနေ သူတို့ဩဇာကိုထူထောင်ဖို့ မကြိုးစားကြရုံတင်မက မီဒီယာဆိုတာ သူတို့ကို အကောင်းပြောမယ့်သူတွေ မဟုတ်ဘူးလို့လည်း တစ်ထစ်ချ ယူထထားတဲ့ပုံ။ 

 

ပြီးတော့ နေဝင်းရော သန်းရွှေပါ နောက်ထပ်တူညီချက်က မီဒီယာတွေနဲ့ မပတ်သက်ခြင်း ဖြစ်တယ်။ မီဒီယာပလက်ဖောင်းပေါ်ကနေ သူတို့ဩဇာကိုထူထောင်ဖို့ မကြိုးစားကြရုံတင်မက မီဒီယာဆိုတာ သူတို့ကို အကောင်းပြောမယ့်သူတွေ မဟုတ်ဘူးလို့လည်း တစ်ထစ်ချ ယူထထားတဲ့ပုံ။ သူတို့ရဲ့အာဏာရှင်ဖြစ်မှုအပေါ် လိပ်ပြာမလုံတာကြောင့်လည်းပါမှာပေါ့။

 

အဲဒါကြောင့် နေဝင်းရောသန်းရွှေပါ သူတို့ပြောတဲ့အတိုင်းတသွေမတိမ်းတဲ့ သူတို့ရဲ့ဝါဒဖြန့်သတင်းစာ တွေကလွဲ တခြားမီဒီယာတွေကို မပတ်သက်။သူတို့ရဲ့နောက်ကြောင်းတွေကိုလည်း လူသိမခံ သိုသိုသိပ်သိပ်။

 

ပြည်သူ့ရွေးချယ်ခံဆိုတဲ့ခေါင်းစဉ်နဲ့ သန်းရွှေခန့်လို့သမ္မတဖြစ်လာတဲ့ အာဏာရှင်တစ်ပိုင်း သိန်းစိန် လက် ထက်ရောက်တော့ သူ့က သူ့ကိုယ်သူ ပြည်သူရွေးချယ်ခံ ပြည်သူကို မျက်နှာမူရမယ်လို့ ယုံမှတ်ထားတဲ့ပုံ။ တစ်လတစ်ခါ မိဘပြည်သူများခင်ဗျာဆိုတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့တယ်။ ရိုးရိုးကြီးသိန်းစိန်ခမျာ တစ်ယောက် ယောက်ကရေးထားပေးတဲ့ ပျင်းရိဖွယ်ကောင်းတဲ့အကြောင်းအရာတွေကို ဘယ်လိုမှဆွဲဆောင်မှုမရှိ တဲ့လေသံနဲ့ ပြောကြားနေလိုက်တာ သူတို့ကြံ့ဖွတ်ပါတီဝင်တွေတောင် မိန့်ခွန်းဆုံးတဲ့အထိ နားထောင်ခဲ့သူ ရှားမယ်လို့ ထင်ပါတယ်။

 

အာဏာရှင်ဖြစ်ဖို့ ကျနော်ကြိုးစားမည်ဆိုတဲ့ မင်းအောင်လှိုင်ကတော့ ရှေ့က အာဏာရှင် ၂ ဆက်ရော အာဏာရှင်တစ်ပိုင်း သိန်းစိန်နဲ့ပါ မတူ။ မျက်နှာရူးလို့ပဲ ဆိုရမလား။မိ န့်ခွန်းတွေဘာတွေ သိပ်ပြောချင်၊ မီဒီယာပလက်ဖောင်းပေါ်မှာလည်း သိပ်ဟန်ရေးပြချင်။

 

ပြီးတော့ သိန်းစိန်မိန့်ခွန်းက တောင်ရောက်မြောက်ရောက်တွေမို့ မီဒီယာတွေက မိန့်ခွန်းအပေါ်အခြေ ခံကာ သတင်းဖော်ပြတာမျိုးကလည်း ခပ်ရှားရှားပါပဲ။ ကျနော့်စိတ်ထင် သိန်းစိန်က မိန့်ခွန်းတွေဘာတွေ သိပ်မပြောချင်ပေမဲ့ လိုအပ်လို့ ပြောနေတဲ့ပုံမျိုး။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုတော့ သူ စိတ်ကူးယဉ်ခဲ့ပုံပါပဲ။

 

အခု အာဏာရှင်ဖြစ်ဖို့ ကျနော်ကြိုးစားမည်ဆိုတဲ့ မင်းအောင်လှိုင်ကတော့ ရှေ့က အာဏာရှင် ၂ ဆက်ရော အာဏာရှင်တစ်ပိုင်း သိန်းစိန်နဲ့ပါ မတူ။ မျက်နှာရူးလို့ပဲ ဆိုရမလား။ မိန့်ခွန်းတွေဘာတွေ သိပ်ပြောချင်၊ မီဒီယာပလက်ဖောင်းပေါ်မှာလည်း သိပ်ဟန်ရေးပြချင်။

 

မင်းအောင်လှိုင်က အာဏာရှင်လည်းဖြစ်ချင်၊ ဒေါ်အောင်ဆန်းစုကြည်လို့ လူထုထောက်ခံတဲ့ ခေါင်း ဆောင်တစ်ယောက်လည်း ဖြစ်ချင်ရတာနဲ့ လောဘတအားကြီးတဲ့ကောင်။ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ကြိတ်ကြည်ညိုပြီး ကြိတ်မနာလိုစိတ်ကြီးခဲ့တဲ့ပုံ။

 

သူတို့ အာဏာသိမ်းအုပ်စုအစည်းအဝေး တွေမှာ တောင်ရောက်မြောက်ရောက် စကားတွေလျှောက်ပြော။ ပညာရေးလည်း သူသိ၊ကျန်းမာရေးလည်း မသိမရှိ။ ဘာလာလာ မင်းတိုပညာရှင်တွေ သိတာထက် ငါပိုသိတယ်ဆိုတာမျိုး။

 

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတာ။ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့တွေ့ဆုံတာ၊ လူထုရဲ့ ကြည် ညိုချစ်ခင်မှု လှိုက်လှိုက်လှဲလှဲခံရတာ။နိုင်ငံခြားတိုင်းပြည်တွေရောက်တဲ့အခါ မီဒီယာတွေနဲ့ အင်တာဗျူးခံတာ။ ဒေါ်အောင်ဆန်းစုကြည်လုပ်သမျှ ရွှေဖြစ်နေလေတော့ ဒေါ်အောင်ဆန်းစုကြည်လို လိုက်လုပ်ရင် သူလည်း ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားလာမယ်လို့ ထင်မှတ်ခဲ့လေသလား။

 

အာဏာသိမ်းပြီးခါစက ပြည်သူကို မိန့်ခွန်းပြောလိုပြော။ သူတို့ အာဏာသိမ်းအုပ်စုအစည်းအဝေး တွေမှာ တောင်ရောက်မြောက်ရောက် စကားတွေလျှောက်ပြော။ ပညာရေးလည်း သူသိ၊ကျန်းမာရေးလည်း မသိမရှိ။ ဘာလာလာ မင်းတိုပညာရှင်တွေ သိတာထက် ငါပိုသိတယ်ဆိုတာမျိုး။ ပြီးတော့ လျှပ်စစ်ရထားတွေ မြေအောက်ရထားတွေနဲ့ ကယောက်ကယက်တွေဆိုတာချည်း။

 

ရုရှားကိုရောက်ခိုက် ရုရှားမီဒီယာနဲ့တွေ့ဆုံသတဲ့။နိုင်ငံခြားမီဒီယာတွေနဲ့ အင်တာဗျူးချင်နေတာ ပြာ နောက်နေပေမဲ့ အင်တာဗျူးတော့လည်း သူ့ခမျာ အင်္ဂလိပ်လို မပြောနိုင်ရှာတော့ မြန်မာလိုပဲပြောရ။အဲဒီမြန် မာလိုကိုတောင် လူစိတ်ဝင်စားအောင် မပြောတတ်၊ခွေးအကြီး လှည်းနင်းခံရသလိုမို့ ပြည်သူတွေ ဝိုင်းဟားတာ ခံရ။မင်းအောင်လှိုင်ဟာ စစ်ဗိုလ်ချုပ်တွေရဲ့ အစဉ်အလာအတိုင်းပဲ စကားကို လူနားလည်ပြီး လူစိတ်ဝင်စား အောင် မပြောတတ်ရှာပါဘူး။

 

 

ပြည်သူကို ဘယ်လိုမှစည်းရုံး မရတော့ဘူးလို့ စိတ်ဒုံးဒုံးချလိုက်တာလား။ ပြည်သူကိုစည်းရုံးတာထက် သူတို့စစ်တပ်တွင်း မပြိုဖို့က ပိုအရေးကြီး မှန်းသိလို့ပေလား။

 

ဒါပေမဲ့ အာဏာရှင်ဖြစ်ဖို့ ကြိုးစားရင်း ဇောချွေးတွေ ဆန်တက်လာတဲ့ ၂၀၂၂ ခုနှစ်ဒီဘက်ကိုရောက် တော့ သူ့စကားတွေ ပြည်သူတွေကြား ဟာသဖြစ်နေတာ သိလို့လား။ ပြည်သူကို ဘယ်လိုမှစည်းရုံး မရတော့ဘူးလို့ စိတ်ဒုံးဒုံးချလိုက်တာလား။ ပြည်သူကိုစည်းရုံးတာထက် သူတို့စစ်တပ်တွင်း မပြိုဖို့က ပိုအရေးကြီး မှန်းသိလို့ပေလား။ ၂၀၂၂ ခုနှစ်နောက်ပိုင်း တပ်တွင်းစည်းရုံးရေးကို တွင်တွင်လုပ်လာသလို သူ့ကို ထောက်ခံသူ လူတစ်စုကြားမှာပဲ သူ့ကိုယ်သူ ဟုတ်လှပြီထင်ဖို့ အားထုတ်လာတာတွေ့ရတယ်။

 

နွားခြေရာခွက်ထဲမှာ ပျော်အောင်နေတတ်တယ်ဆိုတာက အာဏာရှင်တို့ရဲ့ စရိုက်လက္ခဏာ။ သူတို့ကို ပြည်သူမထောက်ခံသမျှအပေါ် ဖြေဖျောက်ဖို့ရာသူတို့အပေါ် ထောက်ခံတဲ့သူတွေကြားမှာ ဘုရင်ကြီးလုပ်ပြီး အာသာဖြေကြရ။ထောက်ခံသူတွေကို သူကောင်းပြုပြီး ဆန့်ကျင်သူတွေကို  ဖိနှိပ်ခြင်းဟာလည်း အာဏာရှင်တို့ရဲ့ ကျပ်မပြည့်မှုအစဉ်အလာပါပဲ။

 

အခုမတ်လ ၂၇ ရက်နေ့ကိုကြည့်။ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲနည်းလမ်းနဲ့ ရာသက်ပန်အာဏာသိမ်းတဲ့လမ်းပေါ် လက်သီးလက်မောင်းတန်း ထောက်ခံနေတဲ့ ကိုကိုကြီးကို ခေါင်းပေါင်းတွေဘာတွေ ပေါင်းပေးကာ စစ်ရေးပြအခမ်းအနား တက်ခွင့်ပြုခြင်းနဲ့ သူကောင်းပြုလိုက်တယ်။

 

ပြီးတော့ မတ်လ ၂၇ ရက်နေ့မှာပဲ စီနီယာဗိုလ်ချုပ်ဟောင်းတွေကို ဂါရဝပြုပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ချက် ခုတ်နှစ်ချက်ပြတ်။ သူတို့ စစ်အုပ်စုကြား အားလုံးရဲ့ အထက်မှာရှိနေသူက စီနီယာလူကြီးတွေကို လူကြီး၊ လူကြီးမှန်း ရိုကျိုးဂါရဝပြုတတ် သူတစ်ဦးပမာ သူတော်ကောင်းယောင်ဆောင်ခွင့်ရသလို စီနီယာကြီးတွေကလည်း သူနဲ့ တစ်သားတည်းရှိကြောင်း တပ်တွင်းစည်းရုံးပြီးသားလည်းဖြစ်။

 

စစ်အုပ်စုရဲ့လတ်တလော နံပါတ်ဝမ်းအာဏာရထားတဲ့ကောင်က အခုလို ဖိတ်ခေါ်ကန်တော့တဲ့အပေါ် အ ဆိပ်မရှိတော့တဲ့ မြွေအိုကြီးတွေက ကျေနပ်ကြရ။ 

 

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်အတွက် ကန်တော့တယ်ဆိုပေမဲ့ အပေါ်စီးကနေ ကန့်တော့ရတာမျိုးပါ ပဲ။ စစ်အုပ်စုရဲ့လတ်တလော နံပါတ်ဝမ်းအာဏာရထားတဲ့ကောင်က အခုလို ဖိတ်ခေါ်ကန်တော့တဲ့အပေါ် အ ဆိပ်မရှိတော့တဲ့ မြွေအိုကြီးတွေက ကျေနပ်ကြရ။ မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးလမ်းကြောင်းတစ်ခု ဖောက်လုပ်ထားနိုင်ရင် တစ်ချိန်မှာ အရိုးအရင်းလေးတွေ ထပ်ကိုက်ခွင့်ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ကလည်း ရှိနေပြန်တော့ အတိုင်းမသိ ကြည်နူးကြရတယ်။

 

အဲဒီဂါရဝပြုပွဲမှာ ပြုပြင်ပြောင်းလဲရေးကို လိုလားသူပမာ ဟန်ဆောင်ခဲ့တဲ့ သိန်းစိန်က မိုက်နဲ့ပါးစပ် တပ်ကာညီလေးမင်းအောင်လှိုင်ရဲ့ ဂါရဝတရားအပေါ် လှိုက်လှဲမိကြောင်း ပြောခဲ့ပုံပါပဲ။သုံးမကုန်နိုင်တဲ့ စည်းစိမ် တွေနဲ့( ပြုတ်သွားတာ ကြာပြီဖြစ်တဲ့) ရှေးသရောအခါက ထွန်းကြည်ကို လည်း အဲဒီပွဲမှာ ရယ်ရယ်မောမောတွေ့ခဲ့ ရသေးတယ်။ အာဏာနဲ့သိုက်တူးခွင့်ရခဲ့တဲ့ ဗိုလ်ချုပ်တွေက တိုင်းပြည်အာဏာကို သူ တို့စစ်တပ်ကသာ အပိုင်သိမ်း ထားရမှာဖြစ်ကြောင်းနဲ့ မင်းအောင်လှိုင်အာဏာသိမ်းတာ ခြွင်းချက်မရှိ ထောက် ခံကြောင်း မတ် လ၂၇ရက်ပွဲက ဖော်ပြနေသလို စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ သူတို့ကို သိုက်တူးခွင့်ပြု ခဲ့တဲ့ စစ်အုပ်စုအပေါ် ဘယ်တော့မှ သစ္စာမဖောက်ကြောင်းလည်း သက်သေပြနေပါတယ်။

 

သေချာတယ်။ မင်းအောင်လှိုင်က သူ့ရဲ့ မလုံခြုံတွေ လုံခြုံလို လုံခြုံငြား သူ့ကိုထောက်ခံမယ့်သူတွေ လိုက်စုနေတယ်။သူ့အပေါ် ထောက်ခံသူတွေကြားမှာ နေရတာ သူ့အတွက် စိတ်လုံခြုံမှုပိုရှိမယ်ထင်ပါတယ်။ ပြီးတော့ တစ်ချိန်မှာ သူကြိုးစင်ပေါ်တက်တဲ့အခါ ပျော်ပျော်ပါးပါး ထောင်ထဲ ဝင်ရမယ့်သူတွေ များလာအောင် အမှုတွဲနေတာလည်း ဖြစ်နိုင်ပါတယ်။

 

အခုလောက်ဆို အာဏာရှင်ဖြစ်ဖို့ဆိုတာ မလွယ်မှန်း မင်းအောင်လှိုင် သဘောပေါက်နေပြီလို့ ထင်ရ ပါတယ်။

~~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။