ဒီရက်ပိုင်းကမ္ဘာ့သတင်းတွေမှာ ဆီးရီးယားကိစ္စကထိပ်ဆုံးမှာရှိနေပြီး ယူကရိန်းနဲ့ ဟစ်စဘိုလာအရေးတွေတောင် ခပ်မှိန်မှိန် ဖြစ်နေပါတယ်၊ဆီးရီးယားအရေးက ဒေသတွင်းနိုင်ငံတွေရော ကမ္ဘာ့အင်အားကြီးတွေပါ ထင်မှတ်မထားပဲ အငိုက်မိသွားစေတာဖြစ်တယ်။ ဆီးရီးယားမှာ ပဋိပက္ခတွေက ၂၀၂၀ မတိုင်ခင်ကတည်းက အေးခဲသလိုဖြစ်လာလို့ နောက်ဆုံးမှာ အာဆတ်ကိုပဲပြန်အသိအမှတ်ပြုရမလိုဖြစ်လာတာပါ။
ဒေသတွင်းနိုင်ငံတွေထဲမှာ အာဆတ်နဲ့ပြန်ဆက်ဆံလာမှုတွေရှိလာသလို အာရပ်နိုင်ငံများအဖွဲ့ကတောင် သူ့ကိုပြန်လက်ခံလာခဲ့တာဖြစ်တယ်။ ဒါပေမယ့်နိုင်ငံတကာက သတိမမူမိခဲ့တာတွေကတော့ ဆီးရီးယားပြည်သူတွေရဲ့ အာဆတ်အပေါ် ပြင်းထန်စွာ မုန်းတီးကြတယ်ဆိုတာနဲ့ အတိုက်အခံလက်နက်ကိုင်တွေအားလုံးက ကြိတ်ပြီး စစ်ပြင်နေကြတာတွေပဲဖြစ်တယ်။ အိမ်နီးချင်းတူရကီကလဲ အစ္စရေး ဟစ်စဘိုလာစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲ အခြေအနေတွေကို စောင့်ကြည့်ပြီး အခွင့်အလမ်းကို စောင့်နေတာဖြစ်တယ်။ ခုတော့ အရင်က သူပုန်တွေတောင်ပိုင်းကို စစ်ဆင်လာရင် အာဆတ်ဘက်က ဝင်တိုက်ပေးလေ့ရှိတဲ့ ဟစ်စဘိုလာတွေက အစ္စရေးနှိပ်ကွပ်တာခံရလို့ အားအပျော့ဆုံးဖြစ်နေချိန်နဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်ပန်းလာချိန်မှာ အချိန်ကိုက် သူပုန်တွေဘက်ကထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်။
ကောင်းမွန်တာတခုပြောမယ်ဆိုရင်တော့ အဖွဲ့ကွဲဘယ်လောက်ပဲများပါစေ မဟာမိတ်ပုံစံပူးပေါင်းဆောင်ရွက်ရင်း အောင်ပွဲကိုရရှိနိုင်တယ်ဆိုတာပဲဖြစ်တယ်။ တခုရှိတာကတော့ ခေါင်းဆောင်တဲ့အဖွဲ့အစည်းက အမြင်ကျယ်ကျယ်နဲ့ အားလုံးပါဝင်နိုင်တဲ့ လမ်းကြောင်းမျိုး ဖွင့်ပေးထားဖို့လိုပါတယ်။
ဆီးရီးယားကိစ္စဟာ ဂယက်ရိုက်ခတ်မှုကြီးပါတယ်။ တချို့နိုင်ငံရေးအကဲခတ်တွေကြားမှာ ဆီးရီးယားပြီးရင် မြန်မာပဲလို့ ပြောကြတာတွေလဲရှိပါတယ်၊ ဒါကြောင့်မြန်မာ့နွေဦးအတွက် ဆီးရီးယားက ဘယ်လိုသင်ခန်င်စာတွေ ရယူနိုင်မလဲဆိုတာ NUG အဖို့ရော အခြား EAO များပါ လေ့လာသုံးသပ်ကြဖို့လိုပါတယ်။ မိုတီရယုံမဟုတ်ပဲ တကယ်လက်တွေ့ ဆီးရီးယားကိုအဆုံးအဖြတ်ပေးသွားတာက ဘယ်အခြေနေ အကြောင်း အချက်တွေလဲဆိုတာ သုံးသပ်ဖို့လိုတာပါ။ ဒီမှာ ကောင်းမွန်တာတခုပြောမယ်ဆိုရင်တော့ အဖွဲ့ကွဲဘယ်လောက်ပဲများပါစေ မဟာမိတ်ပုံစံပူးပေါင်းဆောင်ရွက်ရင်း အောင်ပွဲကိုရရှိနိုင်တယ်ဆိုတာပဲဖြစ်တယ်။ တခုရှိတာကတော့ ခေါင်းဆောင်တဲ့အဖွဲ့အစည်းက အမြင်ကျယ်ကျယ်နဲ့ အားလုံးပါဝင်နိုင်တဲ့ လမ်းကြောင်းမျိုး ဖွင့်ပေးထားဖို့လိုပါတယ်။ အဖွဲ့ငယ်တွေရဲ့ စိုးရိမ်ချက်တွေကို နားလည်ပီး အာမခံချက်ပေးတာမျိုးလဲ ရှိရမှာပါ။ ဆီးရီးယားတောင်ပိုင်းမှာတော့ ဘယ်လိုမှမဟာမိတ်ဖွဲ့လို့မရတဲ့ IS လက်ကျန်အဖွဲ့မျိုးတွေလဲ ရှိနေပါတယ်။ အခုအောင်ပွဲခံသွားသူတွေအတွက် ကံကောင်းစေတဲ့ အချက်ကတော့ အဲဒီလက်ကျန်အင်အားတွေကို ခေါင်းမထောင်နိုင်အောင် US က လေကြောင်းကနေ ဖိထားပေးတာဖြစ်တယ်။ အာဆတ်ကနောက်ဆုံးအချိန်အထိ ရုရှား အီရန်နဲ့ အိမ်နီးချင်း နိုင်ငံတွေကိုပတ်ပြီး အသဲအသန်အကူအညီတောင်းခဲ့တာဖြစ်တယ်။
ရုရှားက ဟန်ပြလောက် လေကြောင်းတိုက်ခိုက်မှုလုပ်ပေးခဲ့သေးတယ်။ နောက်တော့ သူ့လေတပ်စစ်စခန်းနှစ်ခုပါ ပိတ်သိမ်းဆုတ်ခွာသွားတာဖြစ်တယ်။ အီရန်အကူအညီကိုတော့ အစ္စရေးကဟန့်တားထားခဲ့တာလို့ဆိုတယ်။ ကျန်တဲ့နိုင်ငံတွေကလဲ တုတ်တုတ်မှမလှုပ်ကြဘူး။ နောက်ဆုံး အကြံကုန်ဂဠုန်ဆားချက် အမေရိကန်ဆီတောင် အီရန်တို့ ဟစ်စဘိုလာတို့နဲ့ အဆက်ဖြတ်ပါမယ်ဆိုပြီး အကူအညီတောင်းခဲ့သေးတယ်လို့ သတင်းတခုကဆိုတယ်။ ဒါလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ အာဏာရှင်စိတ်က ကလေးလိုလို အရူးလိုလို မူမရှိ သူ့အကြိုက် သူ့အကျိုးပဲကြည့်တတ်ကြတာဆိုတော့၊ မအလလဲဒီအတိုင်းပဲမဟုတ်လား၊ တရုတ်ကိုဆန့်ကျင်တာလဲသူပဲ၊ ဟိုက လေလည်ပြလိုက်တော့ တန်းပြီး တပည့်ခံလိုက်တာလဲ သူပဲမဟုတ်လား၊ နောက်ဆုံးသတင်းတခုကတော့ အာဆတ်ရဲ့တပ်တွင်းအကွဲအပြဲပါ။ ရုရှားသစ္စာခံသူနဲ့ အီရန်တပည့်ခံသူတပ်မှူးတွေကြား ညှိမရတဲ့ အကွဲကြောင့် တပ်တွေခံမတိုက်တော့တာလို့လဲဆိုပါတယ်။ ဒီလိုအကြောင်းအပေါင်းတွေဆုံသွားတော့ အာဆတ်လဲ တိုင်းပြည်ကထွက်ပြေးရတော့တာပဲ။
အခုရင်ဆိုင်နေရတဲ့ မြန်မာ့အရေး တရုတ်ပါဝင်ပတ်သက်လာမှုဟာ တော်လှန်ရေးအတွက် အန္တရာယ်တခုပါပဲ။ ဒါကိုလေးနက်ဖို့လိုပါတယ်၊ တဘက်က ပြည်သူတွေအနေနဲ့ ပြတ်ပြတ်သားသား တုန့်ပြန်ဆန့်ကျင်တာလုပ်နေကြတာပါပဲ။ တဘက်ကတော့ တာဝန်ရှိသူတွေက တရုတ်ကို ချဥ်းကပ်ပြီး သူတို့နားလည်တဲ့ ဘာသာစကားနဲ့ပြောဆိုစည်းရုံးရမှာပဲဖြစ်တယ်။
ဒီပွဲမှာ အမြတ်ထွက်သွားတာက တူရကီပါ။ အစောပိုင်းမှာ ရုရှား အီရန်တို့အားကောင်းနေလို့ တူရကီက အသာကြည့်နေရတဲ့သဘောပါ။ ခုတော့အချိန်ကိုက် သူ့ဆုံးဖြတ်ချက်ကို လုပ်နိုင်စွမ်းရှိလာတာပါ။ အဲဒါကတော့ HTS နဲ့ အခြားသူပုန်အဖွဲ့တွေကို နောက်ခံပြုပေးပြီး မီးစိမ်းပြခဲ့တာပါပဲ။ မြန်မာအတွက်သတိပြုစရာက ဒီအချက်ပါပဲ။ တော်လှန်ရေးတခုမှာ အင်အားကြီးတွေရဲ့ အကူအညီရခြင်းက အကျိုးအများကြီးရှိစေပါတယ်။ ပြောင်းပြန်ယူနိုင်တာက အင်အားကြီးတွေရဲ့ဆန့်ကျင်ဖျက်ဆီးတာခံရရင် တော်လှန်ရေးအတွက်အခက်အခဲတွေရင်ဆိုင်ရတတ်ပါတယ်။ အခုရင်ဆိုင်နေရတဲ့ မြန်မာ့အရေး တရုတ်ပါဝင်ပတ်သက်လာမှုဟာ တော်လှန်ရေးအတွက် အန္တရာယ်တခုပါပဲ။ ဒါကိုလေးနက်ဖို့လိုပါတယ်၊ တဘက်က ပြည်သူတွေအနေနဲ့ ပြတ်ပြတ်သားသား တုန့်ပြန်ဆန့်ကျင်တာလုပ်နေကြတာပါပဲ။ တဘက်ကတော့ တာဝန်ရှိသူတွေက တရုတ်ကို ချဥ်းကပ်ပြီး သူတို့နားလည်တဲ့ ဘာသာစကားနဲ့ပြောဆိုစည်းရုံးရမှာပဲဖြစ်တယ်။ အဲဒါကတော့ ဒီမိုကရေစီတွေ ဖက်ဒရယ်တွေ လူ့အခွင့်အရေးတွေမဟုတ်ပါဘူး။ ပြည်သူတွေအာဏာရရင် တရုတ်အကျိုးစီးပွားကို ဘယ်လိုအာမခံချက်ပေးမယ် ဆိုတာနဲ့ တော်လှန်တဲ့ပြည်သူ့အစိုးရဟာ အနောက်ကိုယိမ်းသွားမှာမဟုတ်ပဲ တရုတ်ကိုအလေးထားဆက်ဆံမယ်ဆိုတာမျိုးတွေဖြစ်ရမှာပါ။
လက်ရှိတရုတ်မှာ တစ်ဦးတည်းအာဏာလွှမ်းမိုးမှုများနေချိန်နဲ့ စီးပွားရေးအရလည်း အကျဘက်ကိုရောက်နေတာသတိပြုရမှာပါ။ တရုတ်ဟာစီးပွားရေးနဲ့ပတ်သက်လို့ရော အာဏာနဲ့ပတ်သက်လို့ရော အထိခိုက်မခံနိုင်တဲ့အချိန်ဖြစ်တယ်။ မိမိတို့ရဲ့ နိုင်ငံခြားရေးရာပေါ်လစီဟာ ဒီအချက်တွေကနေ အစပြုသင့်တာဖြစ်တယ်။ ဒါကကိုယ်ဖက်ကချည်းအလျော့ပေးရတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ တရုတ်နဲ့ပြေလည်ရင် ကမ္ဘာ့အကြီးဆုံး စျေးကွက်ဝယ်လိုအားဟာ ကိုယ်အိမ်ဘေးမှာပဲ ပြန်ရလာမယ့်အခွင့်အလမ်းက အမြဲရှိနေတာ ထည့်တွက်ရမှာပါ။ အခု ICC ဖမ်းဝရမ်းကိစ္စက စလို့ ရခိုင်ကိုလက်လွှတ်ရတာမျိုး ဗန်းမော်ကိုလက်လွှတ်ရတာမျိုး စတဲ့ စစ်တပ်အပေါ် တရုတ်ဘက်ကစိတ်ကုန်လာစရာအကြောင်းအချက်တွေက ပေါ်လာဦးမှာပါ။ ဒီအချိန်မျိုးမှာ ကိုယ့်ဘက်က အချိန်ကိုက် သံတမန်လှုပ်ရှားမှုတွေ လုပ်ရမှာပါ။ တရုတ်နဲ့ကတော့ အမြဲတန်းလျှို့ဝှက် အတွင်းကြိတ်ဆက်ဆံရေးမျိုးပဲ လုပ်ရမှာပါပဲ။ ဒါက အာဏာပိုင်နိုင်ငံများ အကြိုက်ဖြစ်လို့ အရာကိစ္စအာလုံး လူသိရှင်ကြားဆိုတာမျိုးတော့ ဖြစ်မှာမဟုတ်ပါဘူး။ ဒါတွေက တော်လှန်ရေးအကျိုး ပြည်သူအကျိုးအတွက် ကိုယ့်ဆန္ဒနဲ့မဆိုင်တဲ့ လုပ်သင့်တာတွေကိုပြောတာပါ။ တဘက်ကတော့ လုပ်နေကျ ကိုယ်လုပ်စရာတွေ ဆက်လုပ်နေရမှာပါပဲ။ ဆီးရီးယားမှာ ၂၀၁၆ အလက်ပိုမြို့ပြန်ပေးလိုက်ရချိန်နောက်ပိုင်းကစလို့ ခုချိန်အထိ အုပ်စုကွဲတွေအတွင်းပြန်လည်ညှိနှိုင်း အင်အားတည်ဆောက်တာတွေနဲ့ အချိန်ကောင်းကို စောင့်ခဲ့ရတာ ၇ နှစ်လောက်ရှိခဲ့တာမဟုတ်လား။
အခုနောက်ဆုံး KIA ခေါင်းဆောင်နဲ့အဖွဲ့ကိုပါ တရုတ်ထဲမှာဖိတ်ပြီးဆွေးနွေးနေတာတွေ့ရတယ်။ ဒါကြောင့်နယ်စပ်မှာတော့ သူ မကိုင်တွယ်တာမရှိတော့ဘူး။ ပြည်တွင်းမှာ ပူးတွဲလုံခြုံရေးအဖွဲ့ဆိုတာတွေ စလာနေပါပြီ။ ပြောမယ်ဆိုရင် MNDAA ရော၊ KIA ရော အချဥ်မဟုတ်ပါဘူး။
အခုမြန်မာမှာ အာဆတ်က ရုရှား အီရန်အကူအညီနဲ့ ၄ နှစ်လောက် အလက်ပိုမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို အတွေ့အကြုံမျိုး မခံရသေးပါဘူး။ လက်ရှိတွေ့မြင်ရမှုတွေအရကတော့ တရုတ်က အဲလောက် ပါဝင်လာမယ့်သဘော မတွေ့ရသေးပါဘူး။ လက်နက်ငွေကြေးထောက်ပံ့တာတွေနဲ့ သူ့နယ်စပ်က MNDAA, ဝအဖွဲ့ စတာတွေကို အကြီး အကျယ်ဖိအားပေးတာတွေလုပ်နေတာပါ။ အခုနောက်ဆုံး KIA ခေါင်းဆောင်နဲ့အဖွဲ့ကိုပါ တရုတ်ထဲမှာဖိတ်ပြီးဆွေးနွေးနေတာတွေ့ရတယ်။ ဒါကြောင့်နယ်စပ်မှာတော့ သူ မကိုင်တွယ်တာမရှိတော့ဘူး။ ပြည်တွင်းမှာ ပူးတွဲလုံခြုံရေးအဖွဲ့ဆိုတာတွေ စလာနေပါပြီ။ ပြောမယ်ဆိုရင် MNDAA ရော၊ KIA ရော အချဥ်မဟုတ်ပါဘူး။ နှစ် ၅၀, ၆၀ တော်လှန်ရေးအစဥ်အဆက်လုပ်လာကြပြီး နယ်စပ်အတွေ့အကြုံ ကြွယ်ဝကြပြီးသားတွေပါ။ ဘယ်လိုပဲဖြစ်စေ ဒီဖိအားတွေက ဆက်လက်သတိထားရမယ့် အခြေအနေတွေပါပဲ။
၁၀၂၇ ဒုတိယလှိုင်းအထိ တော်လှန်ရေးက အရှိန်အဟုန် ကောင်းလာရာကနေ တရုတ်ပါဝင်ပတ်သက်လာမှုကြောင့် ရှမ်းမြောက်နဲ့ မန္တလေးဒေသမှာ အရှိန်တန့်သွားသလိုဖြစ်ခဲ့တာ အားလုံးမြင်တွေ့ကြရမှာပါ။ ညီနောင်အဖွဲ့တွေက တရုတ်ဖိအားကိုလွန်ဆန်ကာ လားရှိုးကို ဆက်ပြီးထိမ်းထားနိုင်မယ်ဆိုရင်တော့ တော်လှန်ရေးက ဆက်ပြီး ရှင်သန်သွားနိုင်မှာပါ။ AA က အမ်း၊ ဂွ၊ တောင်ကုတ်တို့ကိုသာ ရပြီဆိုရင် မြန်မာရဲ့ အလယ်ကြောမှာ ရှေ့ဆက်ဖို့အခွင့်ကောင်းတွေဖြစ်လာမှာပါ။ ဒါတွေက တရုတ်ဖိအားနဲ့ လက်လှမ်းမမှီရာတွေပါ။ ဒါပေမယ့်တော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးပွားမှု အားလုံးမှာ တရုတ်စွက်ဖက်မှုကိုထည့်တွက်ရတော့မယ်အခြေအနေပါ။ ဒါကြောင့်ပဲ ယာယီသမ္မကြီးက အင်အားတွေစုစည်းရင်ဆိုင်ဖို့ အဝေးရောက်တွေကို ပြန်ခေါ်နေတာပါ။ ဒါကိုသဘောပေါက်ကြဖို့လိုပါတယ်။ အဲဒီသူတွေ ကိုယ်တိုင်တော်လှန်ရေးထဲမှာ ဆေးသားတင်ခွင့်ရမယ့် အခွင့်အရေးကြီးလဲဖြစ်ပါတယ်။ ကိုယ်ပိုင်အတွေ့အကြုံရှိသူသာ ဦးဆောင်မှုအခန်းရှိမှာပါ။ ဒါတွေကတော့ ဆီးရီးယားအောင်ပွဲအပေါ် သုံးသပ်ချက်တွေကနေဆင့်ပွားလာတဲ့ နွေဦးတော်လှန်ရေး အောင်ပွဲခံလမ်းကြောင်းဆိုင်ရာ အမြင်တချို့ပဲဖြစ်ပါတယ်။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။