ဒီရက်ပိုင်းမှာ အလွန်အဖိုးတန်တဲ့ အင်တာ ဗျူးတခုနားထောင်ရပါတယ်။ အပိုင်းသုံးပိုင်းရှိတဲ့ ဒီအင်တာဗျူးမှာ တတိယပိုင်းဟာ အနာဂါတ်နိုင်ငံရေး အမြော်အမြင်တွေပိုပါတာတွေ့ရတယ်။ ဒါကတော့ ဘယ်သူ့ အင်တာဗျူးလို့ မပြောရင်လဲ သိနေကြမှာဖြစ်တဲ့ AA တပ်မှူးချုပ်ရဲ့ အင်တာဗျူးပါပဲ။ ဒီဘက်ခေတ် ၂၀၂၁ အာဏာသိမ်းခံရပြီး တော်လှန်စစ်အတွင်းကြီးထွားလာကြတဲ့ AA ၊ တအောင်းပလောင် ၊ KNDF ၊ ချင်း PDF များစတဲ့ အဖွဲ့များနဲ့ အခြားသောမြေပြန့် PDF များရဲ့ တာဝန်ရှိသူတွေဟာ နိုင်ငံရေးအရ ရင့်ကျက်လာကြတယ်။ အတွေ့အကြုံတွေအပေါ်ကနေ မှန်ကန်စွာ နိဂုံးချုပ်ပြီး ရှေ့သွားမယ့် လမ်းကြောင်းတွေကို အသေအချာ သိမြင်နားလည်ကြတယ်။ အမျိုးသားရေးနဲ့ ပြည်ထောင်စုအရေးတွေကို မှန်ကန်စွာသိမြင်နားလည်လာကြတာတွေ့ရတာဖြစ်တယ်။
ဒါဟာ မြန်မာနိုင်ငံမှာ နှစ် ၇၀ လောက် စစ်အာဏာရှင်စနစ်တွေကို တော်လှန်ရာမှာ စစ်ရေးအရ အောင်မြင်မှုကြီးတွေရလာသလို နိုင်ငံရေးအရလဲ K3C+ NUG လို ပူးတွဲကြေညာချက်တွေ ထုတ်လာနိုင်တဲ့အထိ တိုးတက်ဖြစ်ထွန်းလာတာဖြစ်တယ်။ အရင်ကဆိုရင် NUG မတိုင်ခင်အထိ အစိုးရအဆက်ဆက်ဟာ တိုင်းရင်းသားအရေးနဲ့ ပါတ်သက်ရင် တစ်လျောက်လုံးသိမြင်မှု ချို့တဲ့ခဲ့တာဖြစ်တယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တိုင်းရင်းသားရောပြည်မနေကျောင်းသားနဲ့ ပြည်သူများပါ အဆက်မပြတ်ဆင်နွှဲလာကြတာဖြစ်ပေမယ့် လမ်းကြောင်းနှစ်ခုက မဆုံနိုင်ခဲ့တာပါ။
လက်ဝဲပါတီတွေလဲပြိုကွဲနိမ့်ဆင်းသွားချိန်မှာ လူထုရဲ့ ဦးတည်ချက်က ဒီမိုကရေစီအရေးပဲ ဖြစ်လာတာပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာတော့ ခွဲထွက်ရေးထက် ဖက်ဒရယ်လမ်းကြောင်းက ပိုဦးစားပေးတဲ့အရာဖြစ်လာတာပါ။
အစောပိုင်းပေါ်ပေါက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ တချို့က ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ရေးအထိ သွားခဲ့ကြတာဖြစ်တယ်။ ပြည်မက မြန်မာအများစုကို အဓိက အင်အားပြုစည်းရုံးလှုပ်ရှားခဲ့ကြတဲ့ လက်နက်ကိုင် နိုင်ငံရေးပါတီတွေကလဲ အများစုဟာ လက်ဝဲနိုင်ငံရေးကိုသာ ကိုယ်စားပြုခဲ့ကြတာဖြစ်တယ်။ ဒီအခြေအနေတွေအားလုံးဟာ ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာ စပြီးပြောင်းလဲလာတာဖြစ်တယ်။ လက်ဝဲပါတီတွေလဲပြိုကွဲနိမ့်ဆင်းသွားချိန်မှာ လူထုရဲ့ ဦးတည်ချက်က ဒီမိုကရေစီအရေးပဲ ဖြစ်လာတာပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာတော့ ခွဲထွက်ရေးထက် ဖက်ဒရယ်လမ်းကြောင်းက ပိုဦးစားပေးတဲ့အရာဖြစ်လာတာပါ။ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း စစ်တပ်ကို ဦးဆောင်မှုနေရာပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာရှိတဲ့တိုင် ဦးသိန်းစိန်အစိုးရထက်စာရင် NLD အစိုးရလက်ထက်မှာ အစိုးရဖွဲ့စည်းပုံတွေ ဦးတည်ချက်လမ်းကြောင်းတွေ တိုးတက်ပြောင်းလဲလာတာအမှန်ပါပဲ။ ဖက်ဒရယ်ဆိုတာနဲ့ပါတ်သက်ရင် NLD က ၁၉၉၀ အစောပိုင်းကတည်းက နိုင်ငံရေးပါတီတွေထဲမှာ အစောဆုံးပြောခဲ့တာဖြစ်တယ်။ ဒါပေမယ့် အဲဒီအချိန်ကစဥ်းစားတဲ့ ဖက်ဒရယ်ဟာ ဗဟိုချဥ်းအားများတဲ့ ဖက်ဒရယ်မျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ရဲနဲ့ ထွေအုပ်လိုဌာနမျိုးတွေနဲ့ပါတ်သက်ရင် ထူးထူးခြားခြားပြောင်းလဲထားတာမျိုး မရှိတဲ့ပုံစံမျိုးပါ။ နောက်တခုက တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်နေရတယ်ဆိုတာနဲ့ပါတ်သက်လို့ အသေအချာနားလည်ခဲ့ကြပုံမရတာပါပဲ။ ဒါ့ကြောင့်ပဲ ၂၀၁၉ လောက်မှာ ထင်တယ် AA ကို မတရားသင်းကြေညာတာတွေဖြစ်လာတာပါ။ ဒါက အစိုးရဟာ စစ်တပ်ရဲ့ ကစားကွက်ထဲ ဝင်မိသွားတာလို့ပဲ ဆိုရမှာပါ။
AA ကတော့ ကွန်ဖက်ဒရေးရှင်းဆိုတာကို အခိုင်အမာပြောနေတာဖြစ်တယ်။ လောလောဆယ်တော့ ကမ္ဘာမှာ စံပြုစရာ ကွန်ဖက်ဒရေးရှင်းမရှိပါဘူး။ အရင်ဆိုဗီယက်ယူနီယံလက်ထက်ကတော့ ကွန်ဖက်ဒရေးရှင်းပုံစံပါပဲ။
အခုဖြစ်လာနိုင်တဲ့ ဖက်ဒရယ်ကတော့ ဗဟိုခွာအားများတဲ့ ဖက်ဒရယ်မျိုးပါပဲ။ AA ကတော့ ကွန်ဖက်ဒရေးရှင်းဆိုတာကို အခိုင်အမာပြောနေတာဖြစ်တယ်။ လောလောဆယ်တော့ ကမ္ဘာမှာ စံပြုစရာ ကွန်ဖက်ဒရေးရှင်းမရှိပါဘူး။ အရင်ဆိုဗီယက်ယူနီယံလက်ထက်ကတော့ ကွန်ဖက်ဒရေးရှင်းပုံစံပါပဲ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဥရောပအရှေ့ခြမ်းက နယ်အများအပြားကို ရုရှားက ကွန်ဖက်ဒရေးရှင်းပုံစံဖန်တီးပြီး ဆိုဗီယက်ယူနီယံ ဆိုတာထဲကို ဆွဲသွင်းထားတာပါ။ စစ်အေးအလွန်မှာ ရုရှားကနေ ကွဲထွက်ပြီး သီးခြားဖြစ်လာတဲ့ ၁၅ နိုင်ငံလောက်က ဒီနယ်ပါယ်တွေပါပဲ။ ဒါတွေက ဥရောပရဲ့ ရှည်လျားရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေအရ ပေါင်းလိုက်ကွဲလိုက် အင်ပါယာတွေပေါ်ထွက်လာလိုက် ပျောက်ကွယ်သွားလိုက်ဆိုတာတွေနဲ့ အများကြီး သက်ဆိုင်တာဖြစ်ပါတယ်။ နောက် ကွန်ဖက်ဒရေးရှင်းတခုက အမေရိကန်ပြည်တွင်းစစ်အပြီး ပေါ်ထွက်ခဲ့ဖူးတဲ့ ကွန်ဖက်ဒရေးရှင်းပါ။ အဲဒါကလဲ ဗဟိုခွာအားများလွန်းတာကြောင့် နောက်ပိုင်းမှာ ဖက်ဒရယ်ပြည်နယ်များအဖြစ် ပြန်သွားခဲ့ရတာဖြစ်တယ်။ ဗဟိုခွာအားများလွန်းရင် ပြင်ပရန်သူကို ရင်ဆိုင်ရာမှာနဲ့ ပြည်ထောင်စုတခုလုံး တည်ဆောက်ရေးတွေမှာ အဟန့်အတား ဖြစ်လာစေတတ်တာပါ။
အလားအလာအနည်းဆုံးကတော့ သီးခြားနိုင်ငံတည်ထောင်တာမျိုးပါပဲ။ ဒီလိုခွဲထွက်နိုင်ငံထူထောင်တာမျိုးကို ဘယ်အိမ်နီးချင်းကမှ သဘောတူမှာမဟုတ်ပါဘူး။ တကယ်လို့ ဇွတ်လုပ်ကြမယ်ဆိုရင်တောင် အလွန်သေးငယ်လှတဲ့ နိုင်ငံလေးတွေအနေနဲ့ ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်လို့ပါပဲ။
လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ ဒီလိုဖက်ဒရေးရှင်းဆန်တဲ့အတွေ့အကြုံမရှိပါဘူး။ လက်ရှိသီးခြားရပ်တည်နေတဲ့ ဝနယ်ဟာလဲ ကွန်ဖက်ဒရေးရှင်းလို့ မဆိုနိုင်ပါဘူး။ သူက တရုတ်နောက်ခံရှိနေလို့ သီးခြားရပ်တည်နေတဲ့သဘောပါ။ လက်တွေ့ပညာရေး၊ ကျန်းမာရေးတွေမှာ ကျေနပ်လောက်စရာအနေအထားရှိမနေပါဘူး။ ရှေးဗမာဘုရင်တွေလက်ထက်က စော်ဘွား၊ စော်ဖျာများနဲ့ ဘုရင်ကြားဆက်ဆံရေးကမှ ဖက်ဒရေးရှင်း ခပ်ဆန်ဆန်လို့ ယူသော်ရနိုင်ပါသေးရဲ့၊ ဘာပဲဖြစ်ဖြစ် စစ်တပ်ရဲ့ နိုင်ငံရေးတွေမှာ ပါဝင်စွက်ဖက်မှု ကင်းစင်သွားတာနဲ့ မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေ၊ သီအိုရီအရသာတွေ့ဖူး ကြားဖူးပြီး လက်တွေ့မကြုံဖူးတဲ့ စနစ်တွေအားလုံး ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။ အလားအလာအနည်းဆုံးကတော့ သီးခြားနိုင်ငံတည်ထောင်တာမျိုးပါပဲ။ ဒီလိုခွဲထွက်နိုင်ငံထူထောင်တာမျိုးကို ဘယ်အိမ်နီးချင်းကမှ သဘောတူမှာမဟုတ်ပါဘူး။ တကယ်လို့ ဇွတ်လုပ်ကြမယ်ဆိုရင်တောင် အလွန်သေးငယ်လှတဲ့ နိုင်ငံလေးတွေအနေနဲ့ ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်လို့ပါပဲ။ ဒီလိုနယ်လေးတွေဟာ အနီးနားအင်အားကြီးတခုခုရဲ့ သိမ်းသွင်း ဝါးမြိုတာခံရဖို့များပါတယ်။ အဲဒါဆိုရင်လဲ အနီးနားက သို့မဟုတ် အခြားသောအင်အားကြီးက သဘောတူမှာမဟုတ်တဲ့အတွက် စစ်မီးထတောက်ကြဖို့ပဲ ရှိပါတယ်။ အမှန်တော့ ဒီလိုကိစ္စတွေက အားလုံးသဘောပေါက်ကြပြီးသားပါပဲ။ အရေးကြီးဆုံးက နိုင်ငံရေးမှာ အလွန်ခေတ်နောက်ပြန်ဆွဲနေတဲ့ မြန်မာစစ်တပ်လို အဖွဲ့အစည်းမျိုးမပါရင် ပြသနာအများစုက အကြေအလည်ညှိနှိုင်းတဲ့ ဖြစ်စဥ်တွေနဲ့ အဆင်ပြေသွားမှာ အသေအချာပါပဲ။ ဒါကြောင့် လတ်တလောအရေးကြီးတာဝန်က ခေတ်နောက်ပြန်ဆွဲမှုတွေ အယူသီးမှုတွေနဲ့ နိုင်ငံရေးအရဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် စဥ်းစားနိုင်စွမ်းမရှိတဲ့ စစ်တပ်ကို နိုင်ငံရေးက အမြစ်ပြတ်ဖယ်ထုတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။