ဟေ့ကောင် လူယုတ်မာ အကြမ်းဖတ်ခေါင်းဆောင် မ.အ.လ ရေ... မင်းရဲ့အဖြစ်က အပေါ်ကိုလည်း ဝါးနှစ်ပြန်လောက်သာ ရောက်နေပြီး အောက်ကိုလည်းပြန်မကျတဲ့ ဇော်ဂျီလို ဇော်ကန့်လန့်ကြီး ဖြစ်နေပါရောလားကွ။ ပြောပြမယ် ... ဒီလိုကွ...။
အခါတပါးတုန်းက ဇော်ဂျီတယောက်ဟာ မြေလည်း လျှိုးပြီးသွားနိုင်သတဲ့။ သူယောင်မယ်လည်း ဖန်တီးနိုင်သတဲ့။ ကိုယ်လည်းဖျောက်နိုင်စွမ်း ရှိပါသတဲ့။ ဒါပေမဲ့ သူ့ခမျာ မိုးပေါ်ကိုတော့ မပျံနိုင်ရှာဘူးတဲ့။ ဇော်ဂျီတယောက်ဟာ မြေလျှိုးမိုးပျံနိုင်မှ၊ ကိုယ်လည်း ဖျောက်နိုင်မှ၊ သူယောင်မယ်လည်း ဖန်တီးနိုင်မှ တန်းဝင်တဲ့ဇော်ဂျီ ဖြစ်တာကိုး။ မိုးပေါ်ပျံနိုင်တဲ့ နည်းနာရရှိအောင် အသည်းအသန် လိုက်လံ ရှာဖွေရတာပေါ့..။
အဲဒီမှာ ကံကောင်းထောက်မစွာနဲ့ပဲ တန်းဝင်တဲ့ ဇော်ဂျီနှစ်ယောက်က မိုးပျံနိုင်တဲ့ နည်းလမ်း ပြောဆိုဆွေးနွေးကြတာကို ကြားသိလိုက်ရသတဲ့။ ပြီးတော့ အချိန်မဆိုင်းပဲ လိုအပ်တဲ့ သစ်ဥသစ်ဖု၊ သစ်ရွက်၊သစ်ခေါက်တွေကို ရှာဖွေတော့တာပေါ့လေ။ အမယ်စုံတာနဲ့ ရောယှက်ကြိတ်နယ်ပြီး သောက်လိုက်တယ်...။ ဝါးနှစ်ပြန်လောက်ထိ ပျံတက်သွားပါလေရော...။ ဒီထက်လည်းပိုပြီး မြင့်တက်မသွားတော့ပဲ ရပ်တန့်သွားသတဲ့။ မြေပြင်လည်း ပြန် မကျတော့ဘူး...။ ဇော်ကန့်လန့်ကြီးဖြစ်ပြီး ဒုက္ခလှလှကြီး ရောက်နေရှာတာပေါ့လေ....။
ကာချုပ်ဆိုတာ ဝန်ထမ်းပါပဲ...။ သတ်မှတ်အသက်ပြည့်လို့ အနားယူရတာ ထုံးစံမဟုတ်လား...။ ဒါပေမဲ့ မင်းက တရားနည်းလမ်း မဟုတ်တဲ့ ချမ်းသာကြွယ်ဝမှုတွေအတွက် ရတက်မအေး ဖြစ်ဟန်တူပါရဲ့...။
သူက..မိုးပျံချင်တဲ့ဇောသာ လွန်ကဲထက်သန်နေတာကိုး။ ပါဝင် ဖော်စပ်ရမယ့် အမျိုးအမည်တွေလောက်သာ သိရှိခဲ့တာကိုး။ အဓိက လိုအပ်ချက်ဖြစ်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ ထည့်ရမယ့် အတိုင်းအဆကို မသိရှိခဲ့ဘူး။ သောက်သုံးရမယ့် ပမာဏ အတိုင်းအတာကိုလည်း မသိရှိခဲ့ဘူး။ ရမ်းသမ်းပြီးသာ ပါဝင်ရမယ့် ပစ္စည်းတွေကို ကြိတ်ပြီး ဖော်စပ်လိုက်တာကိုး...။ ရမ်းသမ်းပြီးသာသောက်သုံးမိလိုက်တာကိုး...။ ဒီတော့ မိုးပေါ်တော့ပျံတက်ပါရဲ့...။ ဟိုအမြင့်ကြီးထိလည်း ပျံမတက်၊ မြေလည်း ပြန်မကျနဲ့ ကန့်လန့်ကြီးဖြစ်နေတာပေါ့ကွာ...။
ခုလည်း လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ ... မင်းက ကာချုပ်ရာထူးက အနားယူရတော့မယ်။ ကာချုပ်ဆိုတာ ဝန်ထမ်းပါပဲ...။ သတ်မှတ်အသက်ပြည့်လို့ အနားယူရတာ ထုံးစံမဟုတ်လား...။ ဒါပေမဲ့ မင်းက တရားနည်းလမ်း မဟုတ်တဲ့ ချမ်းသာကြွယ်ဝမှုတွေအတွက် ရတက်မအေး ဖြစ်ဟန်တူပါရဲ့...။ ဒါကြောင့် လက်နက်အားကိုးနဲ့ ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရဆီကနေ အာဏာသိမ်းယူလိုက်တယ်။ အဲဒါ နိုင်ငံတော်သစ္စာဖောက်တဲ့ ပြစ်မှုပဲကွ ။ နိုင်ငံတော် သစ္စာဖောက်မှု ပြစ်မှုအတွက် ပေးဆပ်ရမယ့် ပြစ်ဒဏ်ကတော့ သေဒဏ်မှအပ တခြားမရှိ။ မင်း ... သိပြီးဖြစ်မှာပါ။
အာဏာသိမ်းလိုက်လို့ မကျေနပ်ဖြစ်ပြီး ဆန္ဒထုတ်ဖော်လာရင်လည်း ငြိမ်ဝပ်ပိပြားသွားအောင် ပစ်သတ်လိုက်ရုံပေါ့။ ပြည်သူကို ပစ်သတ်ရင် အဲဒီ အဖွဲ့အစည်းဟာ တပ်မတော်အဖွဲ့အစည်း မဟုတ်တော့ဘူး။ အကြမ်းဖက်အဖွဲ့စည်း ဖြစ်သွားပြီ။ အဲဒါ နိုင်ငံတကာက လက်ခံသတ်မှတ်မှု။ တည်ငြိမ်မှုရှိလာရင် မင်းတို့ စိတိကြိုက်ခွင့်ပြထားတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲ ပြုလုပ်သွားမယ်။ အဲဒီကတစ်ဆင့် မင်းက သမ္မတရာထူး ရယူသွားမယ်လို့ စိတ်ကူးယဉ်အိမ်မက်တွေ မက်ခဲ့တယ် မဟုတ်လား။ မိုးထိပျံတက်ပြလိုက်မယ်ပေါ့လေ။
စစ်အာဏာရှင်တွေကို ဆန္ဒဖော်ထုတ်နေရုံနဲ့ မဖယ်ရှားနိုင်ဘူးဆိုတာ သမိုင်းကြောင်းအရ နားလည်ထားကြပြီးသား ဖြစ်တယ် ။ ဒါကြောင့်ဒီတစ်ခါဖြင့် လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေးကြီးကိုဘဝတွေ ပေး အသက်တွေပေးပြီး ရဲရဲရင့်ရင့် ဖြတ်သန်းလိုက်ကြတယ်။
ဒါပေမဲ့ မင်းနားမလည်ခဲ့တာက ဒို့..ပြည်သူတွေရဲ့အနေအထားပဲကွ...။ ပြည်သူတွေက ၁၉၆၂ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၈၈ မှာတစ်ကြိမ် ၊ နှစ်ကြိမ်တိုင် စစ်အာဏာတွေရှင်တွေရဲ့ အာဏာသိမ်းပိုက်မှုတွေကို ကြုံခဲ့ကြပြီးပြီ။ ဒီတော့ စစ်အာဏာရှင်တွေကို ဆန္ဒဖော်ထုတ်နေရုံနဲ့ မဖယ်ရှားနိုင်ဘူးဆိုတာ သမိုင်းကြောင်းအရ နားလည်ထားကြပြီးသား ဖြစ်တယ် ။ ဒါကြောင့်ဒီတစ်ခါဖြင့် လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေးကြီးကိုဘဝတွေ ပေး အသက်တွေပေးပြီး ရဲရဲရင့်ရင့် ဖြတ်သန်းလိုက်ကြတယ်။
ခုဆို မင်းတို့အာဏာသိမ်းခဲ့ကြတာ (၄)နှစ် ပြည့်တော့မယ်။ နိုင်ငံကို တည်ငြိမ်အောင် အုပ်ချုပ်ဖို့ မဆိုထားဘိ... မြို့ပေါင်း (၈၀)ကျော်တောင် လက်လွတ်ဆုံးရှုံးလိုက်ရပြီ မဟုတ်လား ။ ဒါတောင်မင်းတို့က အကြမ်းဖက်အဖွဲ့အစည်း ပီပီ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေအပေါ် တရစပ် ဗုံးကြဲချပြီး ဖျက်ဆီးနေကြလို့သာပ...။ အဲဒီမှာပြည်သူတွေရဲ့ ဘဝလုံခြုံရေး ပြည်သူ့အိုးအိမ်ပစ္စည်းတွေ ကာကွယ်ရေးကို ရှေ့ရှုကြတဲ့ တော်လှန်ရေးသမားတွေအနေတဲ့ ချိန်ဆနေရပြီပေါ့ကွာ။ နို့မဟုတ်ရင်တော့လား.. စစ်ကို စစ်နဲ့တူအောင် တိုက်ခိုက်ကြမယ် ဆိုရင်တော့ အနည်းလေး မြို့ပေါင်း(၂၀၀)ကျော်လောက်တောင်သိမ်းပိုက်လွှမ်းမိုး ထိန်းချုပ်နိုင်လောက်ရော့မယ်။
မင်းတို့ကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာကျရင် ရွေးကောက်ပွဲပြုလုပ်မယ်လို့ ပြောနေဆဲ။ အလကားပါ သင်္ကြန်အမြောက်သံတွေ။ အခုမင်းအနေနဲ့...စစ်တိုင်းကြီးတွေတောင် လက်လွှတ် ဆုံးရှုံးနေကြရတဲ့ အခြေနေ။
ဒီမှာ မင်းတို့ရဲ့ အန္တိမ ရည်မှန်းချက်လို့ဆိုတဲ့ ရွေးကောက်ပွဲဆိုတာကလည်း ရေပေါ်အရုပ်ရေးဆွဲသလို ဖြစ်နေပါပြီ။ ဒါပေမဲ့ မင်းတို့ကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာကျရင် ရွေးကောက်ပွဲပြုလုပ်မယ်လို့ ပြောနေဆဲ။ အလကားပါ သင်္ကြန်အမြောက်သံတွေ။ အခုမင်းအနေနဲ့...စစ်တိုင်းကြီးတွေတောင် လက်လွှတ် ဆုံးရှုံးနေကြရတဲ့ အခြေနေ။ တိုက်တိုင်းရှုံး၊ အလံဖြူထောင်... ခွေးပြေးဝက်ပြေး အဖွဲ့အစည်းလို့ လှောင်ပြောင်ခံနေရပြီ ။ ဒီတော့ သမ္မတရာထူး မပြောနဲ့ ... ထိုင်နေတဲ့ ကုလားထိုင်တောင် သွက်သွက်ခါအောင် လှုပ်ယမ်းနေလို့ မနည်း ဖက်တွယ်နေရတဲ့ အနေအထားမဟုတ်လား...။ ကန့်လန့်ကြီး ဖြစ်နေတဲ့ ဇော်ဂျီလို ဒုက္ခလှလှကြီး တွေ့နေပြီ မဟုတ်ပါလား။
ဒီတော့ မင်းက ပထွေးရုရှားကို အဖေလို့ ပြေးခေါ်လိုက်တယ်။ ပထွေး ပူတင်က ခေါင်းလေး ကိုင်လိုက်တာကို မဟာအောင်မြင်မှုကြီးလို့ ထင်မှတ်ပြီး အပြန်ခရီးမှာ သောင်းသောင်းဖျဖျ ကြိုဆိုခိုင်းတယ်။ ဒါထက် စကားမစပ်.. အဲဒီကြိုဆိုရှာတဲ့ ဂျာနယ်ထုတ်ခဲ့ဖူးတဲ့ အကောင်ကွာ... နာမည်တော့ မေ့နေပါပြီ ။ အခု အဲ့ဒီကောင် ဘယ်ရောက်များ သွားရှာပြီလဲ။ အသုံးချပြီးလို့ ကန်ထုတ်လိုက်ကြပြီလား။ အခုလည်း မင်းက တရုတ်ပထွေးကို အဖေခေါ် ဖို့ သွားရောက်ပြန်ပြီ။ မွေးသမိခင်အမေရဲ့ မျက်နှာကို ထောက်ရှုငဲ့ညှာပါဦးကွာ...။
တကယ်တော့ အခု တရုတ်ခရီးစဉ်က မင်းကို အသိအမှတ်ပြု ဖိတ်ခေါ်တဲ့သဘော မဟုတ်ဘူးနော်။ အလှည့်ကျနိုင်ငံအနေနဲ့ မဲခေါင်- လန်ချန်းမှာ ပါဝင်ကြတဲ့ နိုင်ငံတွေကို ဖိတ်ခေါ်တဲ့သဘောပါပဲ။ အဲဒီမှာ ရှီကျင့်ဖျင်က ကျောသပ်လိုက်တာ ခံရရင်တော့ သောင်းသောင်းဖျဖျ ကြိုဆိုခိုင်းဦးပေါ့ကွာ။ တက်ကြွရှာတဲ့ ဟိုကောင်လေးလည်း ခေါ်လိုက်ကြပါဦးကွာ ။ အဲဒီမှာ ဒို့ပြည်သူတွေ အနေနဲ့တော့ ဒေါက်တာလှကျော်ဇော သုံးသပ် ပြောဆိုသလိုပါပဲ။ သတင်းစာထဲမှာ ဓာတ်ပုံတွေ ထည့်သွင်းနိုင်တာကလွဲလို့ ဘာမှ ထူးခြားမှုရှိလာနိုင်စရာ အကြောင်းမရှိပါဘူးဆိုတာ နားလည်ထားကြပြီး ဖြစ်ပါတယ်။
နယ်စပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ဗန်းပြပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးနေကြတယ်...တဲ့။ လောင်းကစားတွေနဲ့ လူကုန်ကူးတဲ့ အလုပ်တွေကို ဆောင်ရွက်နေကြတဲ့သူတွေ ဖြစ်ပါသတဲ့ ။ တဖက်သား ချိုးနှိမ့်ဖဲ့ချင်တာနဲ့ ကိုယ့်စကားအဓိပ္ပာယ် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း သိရှိဟန် မတူပါဘူး။
အဲဒီမှာ မင်းက ခရီးရောက်မဆိုက် ဆိုတာလို တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး လျှပ်စစ်နဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်တယ်ကွ...။ ငတ်တော့ငတ်ကြီးကျတာပေါ့ကွာ..။ ဒါပေမဲ့ မင်းက ငတ်မရှက်ဆိုတဲ့ကောင်။ ဒီမှာ စီးပွားရေး လုပ်ငန်းရှင်တွေဆိုတာ မင်းတို့ စစ်အာဏာရှင်တွေထက် အပြန်တရာမက လည်ကြပြီးသားပါ။ မြစ်ဆုံစီမံကိန်းကြီး ရင်းနှီးမြှုပ်နှံ ထားလိုက်ကြတာ ဘာဖြစ်သွားလဲ...။ ကျောက်ဖြူ ရေနက်စီမံကိန်းကြီးတောင် မသေချာအမရေရာတဲ့ အနေအထား။ တကောင်း စက်ရုံလည်း ပိတ်ထားလိုက်ရပြီ။ ကိုင်း.. ဘယ်လုပ်ငန်းရှင်က ရင်းနှီးမြှုပ်နှံပါ့မလဲ ...။ကိုယ် ငတ်ကြီးကျတာ ထုတ်ဖော်ပြောကြားသလိုဖြစ်နေတယ်။
ပြီးတော့ နယ်စပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ဗန်းပြပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးနေကြတယ်...တဲ့။ လောင်းကစားတွေနဲ့ လူကုန်ကူးတဲ့ အလုပ်တွေကို ဆောင်ရွက်နေကြတဲ့သူတွေ ဖြစ်ပါသတဲ့ ။ တဖက်သား ချိုးနှိမ့်ဖဲ့ချင်တာနဲ့ ကိုယ့်စကားအဓိပ္ပာယ် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း သိရှိဟန် မတူပါဘူး။ မူးယစ်ဆေးဝါး လုပ်ကိုင်ကြတဲ့သူတွေက တိုက်ခိုက်လိုက်တာ ရှမ်းမြောက်တခွင်လုံး လက်လွတ်ဆုံးရှုံးလိုက်ရပြီ။ အဲဒီလို မူးယစ်လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေကိုတောင် နိုင်အောင်မတိုက်နိုင်တဲ့ အဖွဲ့အစည်းက Standard Army မှ ဟုတ်ပါရဲ့လား။ အင်မတန် ချာတူးလန်တဲ့ အဖွဲ့အစည်း ဖြစ်မနေဘူးလား။ အဲဒီလိုအဖွဲ့အစည်းရဲ့လက်အောက်မှာ ရင်းနှီးမြှုပ်နှံမှု လာရောက် လုပ်ကိုင်ရမတဲ့လား။ ဟုတ်ကဲ့ ... ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ရောက်ရှိလာပါတော့မယ်။ ပြီးတော့ ကျားဖြန့်နဲ့ ပတ်သက်ကြသူတွေဟာ ဒင်းတို့ရဲ့ နယ်ခြားစောင့် ပြည်သူ့စစ်တွေလေ...။ ဆက်နွှယ်လို့ဆိုပြီး ဖြုတ်ပယ်ဖမ်းဆီးလိုက်ရတဲ့ အရာရှိကြီးတွေလည်း များလှပေါ့။ အင်း... ဒါကြောင့်လည်း ဒင်းကို ငဒူလှိုင်လို့ ခေါ်ကြတာ အဆိုးမဟုတ်ပေဘူး။
မောင်ဆောင်းခ ဦးဆောင်တဲ့ BPLA တပ်တော်ကြီးက မြေပြန့်ဘက်ဆီ ဆင်းလာတော့မယ်ဆိုတော့ အားတွေရှိကြ...။ ဒါပေမဲ့ သူက NUG ရဲ့ လက်အောက်ခံတော့ မဟုတ်ဘူးလို့ ပြောတော့ စီခနဲ ဖြစ်သွားကြပြန်ရော...။
ကိုင်းပါ... ပြည်သူတွေ လွတ်မြောက်ရေးအတွက် ရပ်တည်ကြတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေအနေနဲ့တော့ ဒီအချိန်မှာ စစ်အနိုင်တိုက်ကြဖို့သာ အရေးကြီးလှပါတယ်။ ကချင်၊ ရခိုင်၊ ကရင်ဘက်က တိုက်ပွဲသတင်းတွေ ကြားရတာ အားရစရာကောင်း...။ မောင်ဆောင်းခ ဦးဆောင်တဲ့ BPLA တပ်တော်ကြီးက မြေပြန့်ဘက်ဆီ ဆင်းလာတော့မယ်ဆိုတော့ အားတွေရှိကြ...။ ဒါပေမဲ့ သူက NUG ရဲ့ လက်အောက်ခံတော့ မဟုတ်ဘူးလို့ ပြောတော့ စီခနဲ ဖြစ်သွားကြပြန်ရော...။ ဗိုလ်နဂါးကတော့ မောင်ဆောင်းခကို ကြိုဆိုထောက်ခံပါသတဲ့...။ တခါ ဗိုလ်ဂဠုန်က ဗိုလ်နဂါးနဲ့ခွဲရခြင်းအကြောင်းကို ပြောလာပြန်တယ်။ ပြည်သူတွေအနေနဲ့တော့ မျက်စိလည် ရှုပ်ထွေးကုန်ကြတာပေါ့ဗျာ...။
ကျုပ်အနေနဲ့ကတော့ ၁၉၉၀ ခု ရွေးကောက်ပွဲကာလတုန်းက ပြည်သူ့ဒီမိုကရေစီပါတီရဲ့ စည်းရုံးလှုံ့ဆော်တဲ့ သီချင်းခွေထဲက စာသားတခုကို အမှတ်ရမိရဲ့ ...။ "နိုင်ငံရေးဆိုတာ ...အငြင်းပွားစရာမဟုတ်...စဉ်းစားစရာအလုပ်..." တဲ့။ ဒီမှာ ..ကျုပ်တို့ဟာ ပန်းတိုင်ကို မရောက်ကြသေးပါဘူး...၊ မြင်နိုင်ကြတဲ့အနေအထားသာ ရောက်ရှိပါသေးတယ်။ အဲဒီမှာ ထစ်ခနဲရှိ ကြက်ခေါင်းဆိတ်မခံ ဖြစ်နေကြတာကတော့ ကောင်းတဲ့လက္ခဏာ မဟုတ်ပေဘူး။ အားလုံးဟာ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတဲ့သူတွေ မဟုတ်ပါလား...။ ဘုံတူညီချက် ရှိကြတဲ့သူတွေအနေနဲ့ အရာရာ ညှိနှိုင်းခြင်းနဲ့ ကျော်လွှားနိုင်ကြရမယ်။ မိတ်ဆွေတွေလေ...။ ရဲဘော်ရဲဘက်တွေလေ...။
ဒီတော့ စကားလုံးအပေါ်တွေကနေ အငြင်းမပွားစေချင်ဘူး။ ကျုပ်တို့အားလုံးဟာ 'လားရာ' တူညီပေမဲ့ အခြေအနေ၊ အနေအထားတွေအရ ' လာရာ' က ကွဲပြားခြားနားမှုတွေ ရှိနေကြတယ်။ အဲဒီအချက်ကိုတော့ နားလည်ထားကြဖို့ လိုကြောင်းပါဗျား...။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။