စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ဘက် တပြန့်တပြော အကာအကွယ် မရှိ၊ ယာကွင်းပြင်မှာ PDF တွေက အင်အား ၁၀၀ ကျော် ပါဝင်တဲ့ စ.ခ စစ်ကြောင်းကို အပြတ် ရှင်းလင်း သုတ်သင် တိုက်ခိုက်ပြီး အောင်မြင်မှု ရရှိခဲ့တယ်။ ပြီးတော့ တရစပ် လေကြောင်းပစ်ကူတွေ ပေးနေတဲ့ ကြားထဲကနေ ပင်လည်ဘူးမြို့ကို ဒုတိယအကြိမ်မြောက် PDF တွေက ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်။ အဲဒီ ဖြစ်ရပ်တွေက သုံးနှစ်ကျော်ကာလအတွင်း PDF တွေရဲ့ စစ်ရေးစွမ်းအားကို မှတ်ကျောက်တင် ခံလိုက်ခြင်းပါပဲ။ တကယ် ဇမ္ဗူရာဇ်ရွှေစင်လေးတွေ။
အဲဒီမှာ အကြမ်းဖက် အဖွဲ့အစည်းကတော့ နေပြည်တော်မှာ ကြည်း၊ ရေ၊ လေ ဘောလုံးပွဲ ကျင်းပပြီး ဆုတွေ ပေးအပ်ချီးမြှင့်နေကြလေရဲ့။ စိတ်ဓါတ်စစ်ဆင်ရေးအနေနဲ့ ခွန်အား မြှင့်တင်ပေးနေသလား မသိ။ ဒါမှ မဟုတ် ပြက်ရယ်ပြုနေသလား မသိ။
တခါ ကချင်ပြည်နယ်ဘက် ပြည်သူ့စစ် အမာခံနယ်မြေတွေ ဖြစ်တဲ့ ချီဗွေ၊ ပန်ဝါတို့ လက်လွှတ်ပေး ဆုံးရှုံးနေရချိန်။ တပြိုင်နက် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အခြေစိုက် န.မ.ခ စစ်ဌာနချုပ်ကြီး လက်လွှတ်ဆုံးရှုံးရတော့မယ်။ တဲတဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ အကြမ်းဖက်အဖွဲ့အစည်းကတော့ ဘာမှ မဖြစ်လေတဲ့ ဟန်။ အိုကေမှာ စိုပြည်နေပါတယ် အနေအထားနဲ့ နေပြည်တော်မှာ ၂၅ ကြိမ်မြောက် ဆိုကရေးတီး ပြိုင်ပွဲကြီး တခြိမ့်ခြိမ့် ကျင်းပပြုလုပ်ပေးနေလေရဲ့။ အပူရုပ်ကို ဟန်လုပ်ပြနေရတဲ့ သဘော။
အဓိက ပစ်မှတ်ကတော့ ဒင်းတို့ရဲ့ စ.ခ အင်အားဖြည့်တင်းဖို့အတွက် စစ်မှုထမ်းနိုင်တဲ့ လူငယ်အင်အားကို စစ်တမ်းကောက်ယူခြင်းပါပဲ။ ပြီးတော့ ဒင်းတို့က တစ်နိုင်ငံလုံးရဲ့ ၂၈ ရာခိုင်နှုန်းလောက်သာ ထိန်းချုပ်ထားနိုင်တော့တာလေ။
အဲဒီ မတိုင်မီ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ရောက်လာတော့ ဒင်းတို့က ဆီပုလင်း ခါးချိတ်ပြီး ပြုစုဧည့်ခံလိုက်သလား မပြောတတ်ပါဘူး။ (သည်းခံကြပါ)။ ဝမ်ယိက အာဆီယံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စည်း ၃ စည်း မကျော်လွန်ဖို့ ပြောလိုပြော၊ TNLA နဲ့ MNDAA တို့ကိုလည်း ဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူးဆိုပြီး ဖိအားတွေ ပေးလာတာကို တွေ့ရတယ်။ အနှစ်ချုပ်လိုက်ရင် စစ်အာဏာရှင်တွေ ပြုလုပ်ချင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ကူညီ ပူးပေါင်းပါဝင်ရေးပေါ့လေ။ တရုတ်ကြီးက မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ပြိုလဲပျက်စီးသွားလို့ မဖြစ်ဘူးဆိုတဲ့ မူကို ကိုင်စွဲထားဟန် တူပါရဲ့။ ဘာလို့လဲ ဆိုတော့ စစ်အာဏာရှင်တွေက အစဥ်အဆက် သူတို့ ကိုယ်ကျိုးသာ ကြည့်ပြီး နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးကို လုံးဝ ဥပေက္ခါ ပြုထားကြတဲ့ တဘို့တည်းသမားတွေ ဆိုတော့ သူတို့ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ ရရှိနေတဲ့ အနေအထားမျိုးကိုး။ တရုတ်ကြီးကို ပြောလိုက်ပါရစေ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကိုင်စွဲထားတဲ့ ပေါ်လစီ မူဝါဒကို မပြောင်းလဲဘဲ အသေ ဆုပ်ကိုင်ထားကြရင်တော့ စစ်အာဏာရှင်နဲ့အတူ တရုတ်-မြန်မာ အိမ်နီးချင်းဆက်ဆံရေးဟာလည်း ပြိုလဲ ပျက်စီးသွားနိုင်တယ် ဆိုတာပါပဲ။
ဒီမှာ အကြမ်းဖက် အဖွဲ့အစည်းကလည်း ရွေးကောက်ပွဲ မဲစာရင်း မှန်ကန်တိကျစေရေး အကြောင်းပြချက်နဲ့ သန်းခေါင်စာရင်း ကောက်ပြလာတယ်။ အဓိက ပစ်မှတ်ကတော့ ဒင်းတို့ရဲ့ စ.ခ အင်အားဖြည့်တင်းဖို့အတွက် စစ်မှုထမ်းနိုင်တဲ့ လူငယ်အင်အားကို စစ်တမ်းကောက်ယူခြင်းပါပဲ။ ပြီးတော့ ဒင်းတို့က တနိုင်ငံလုံးရဲ့ ၂၈ ရာခိုင်နှုန်းလောက်သာ ထိန်းချုပ်ထားနိုင်တော့တာလေ။ ဒါကိုပဲ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၃ လလောက် အချိန်ပေးပြီး ကောက်ယူသွားမယ် ဆိုတော့လည်း မပြုံးဘဲ ဝါးလုံးကွဲသာ ရယ်ဖို့သာ ရှိကြရတော့တာပ။ ခေတ်စကားနဲ့ ပြောရရင် "ဟ ဟ" ပါပဲ ပေါ့လေ။
မအလနဲ့ အပေါင်းပါတစုကတော့ ဒင်းတို့အတွက် ထွက်ပေါက်လို့ ယူဆထားကြဟန်တူတဲ့ ရွေးကောက်ပွဲက တဆင့် ဖြစ်ထွန်းပေါ်ပေါက်လာမယ့် အစိုးရတရပ်ကို တရုတ်ကြီးရဲ့ အကူအညီနဲ့ မဖြစ်မနေ လုပ်ဆောင် အကောင်အထည်ဖော်ဖို့ ပိုင်းဖြတ်ထားဟန် တူပါရဲ့။
လောလောဆယ် ကျင်းပနေဆဲဖြစ်တဲ့ ကုလသမဂ္ဂ စင်မြင့်ထက်မှာ နိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြောဆိုနေတာကတော့ မအလဟာ နိုင်ငံတော် ဝန်ကြီးချုပ်၊ ယာယီသမ္မတ (တာဝန်) တို့ကို ပြည်သူလူထုက အပ်နှင်းထားတာ မဟုတ်ဘဲ ဒင်းတို့ကိုယ် တိုင် လက်နက်အားကိုးနဲ့ ပြည်သူလူထုကို မျက်နှာပြောင်တိုက် ရယူထားတယ် ဆိုပေမဲ့ အဲဒီရာထူးတွေဟာ ဒင်းနဲ့ လုံးဝ မထိုက်တန်ပါဘူးတဲ့။ ဒါ့အပြင် မအလ ဦးဆောင်တဲ့ စကစ အကြမ်းဖက် အဖွဲ့အစည်းဟာ ပြည်သူ့အိုးအိမ် အဆောက်အအုံတွေကို အဓိပ္ပါယ်မဲ့ မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်၊ မုဒိန်းကျင့်တာတွေ နေ့စဥ် ကျူးလွန်နေပြီး အဓမ္မ စစ်မှုထမ်းစေဖို့ လူငယ်အများအပြားကို နေအိမ်တွေထဲထိ အတင်းဝင်ရောက် ဖမ်းဆီးခေါ်ဆောင်နေလို့ ပြည်သူတွေဘဝ မလုံခြုံတော့တဲ့အပြင် ဒင်းတို့ မထိန်းချုပ်နိုင်တော့လို့ လက်လွှတ်လိုက်ရတဲ့ မြို့တွေ ရွာတွေကိုလည်း ဖျက်ဆီးမှုသက်သက် ရည်ရွယ်ချက်နဲ့ နေ့စဥ်ရက်ဆက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်။ အဲဒီလို ပြည်သူတွေရဲ့အပေါ် ရာဇဝတ်မှုတွေ စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေကြတာကြောင့် မအလနဲ့ စစ်အာဏာရှင်တစုဟာ စစ်ခုံရုံးနဲ့ ကြိုးစင်တို့သာ ထိုက်တန်ပါသတဲ့။ သံအမတ်ကြီးက တကမ္ဘာလုံး သိအောင် ကိုယ်လုံးတီး ဖြစ်နေကြတဲ့ ဒင်းတို့ကို မီးရောင်အောက်ထဲ ဆွဲထုတ်ပြလိုက်တာပ။ စိတ်အစိုးမရကြတော့လည်း ရှက်ရကောင်းမှန်း သိမယ် မထင်။ မအလနဲ့ အပေါင်းပါတစုကတော့ ဒင်းတို့အတွက် ထွက်ပေါက်လို့ ယူဆထားကြဟန်တူတဲ့ ရွေးကောက်ပွဲက တဆင့် ဖြစ်ထွန်းပေါ်ပေါက်လာမယ့် အစိုးရတရပ်ကို တရုတ်ကြီးရဲ့ အကူအညီနဲ့ မဖြစ်မနေ လုပ်ဆောင် အကောင်အထည်ဖော်ဖို့ ပိုင်းဖြတ်ထားဟန် တူပါရဲ့။ အခု လက်ရှိ အနေအထားအတိုင်း ရွေးကောက်ပွဲကျင်းပမှုကို အားလုံး ပါဝင် လက်ခံစေချင်တဲ့ သဘောပါ။ ၂၀၀၈ နာဂစ် ခြေ/ဥ နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆွဲစေ့ပြခဲ့တဲ့ ပုံအတိုင်း တကျော့ပြန် စစ်တပ် နိုင်ငံရေးမှာ ပါဝင်နေစေရေး ဇာတ်ညွှန်းမျှပါပဲ။ ၂၀၀၈ ခြေ/ဥ အောက်မှာ ငါတို့ ပေးတဲ့ ဇာတ်ညွှန်းအတိုင်း ဝင်ကကြလို့ ဆိုရုံမျှပါပဲ။ နည်းနည်းလေး ကွန့်ပြထားတာကတော့ နိုင်သူ အကုန်ယူ စနစ် မဟုတ်ဘဲ အချိုးကျ စနစ် (PR) နဲ့ သွားမယ်လို့ ခွေးဝမ်းသာအောင် လေလည်ပြထားတယ်။
အပျိုစင်တယောက်ဟာ အိမ်ထောင်ကျပြီးမှ အပျိုဘဝ ပြန်ရချင်သလို ဖြစ်နေပြီ။ ဒို့ပြည်သူတွေဘက်က ဘဝတွေ အသက်တွေ ပေးပြီး စစ်အာဏာရှင် အမြစ်ပြတ်ပြီး တိုင်းသစ်ပြည်သစ် တည်ဆောက်မယ့် တော်လှန်ရေးကြီးကို ဖြတ်သန်းနေကြတာ ဖြစ်တယ်။
မဖြစ်နိုင်တော့ပါဘူး၊ အရာရာဟာ လက်လွန် ခြေလွန်တွေ ဖြစ်ကုန်ပါပြီ။ အပျိုစင်တယောက်ဟာ အိမ်ထောင်ကျပြီးမှ အပျိုဘဝ ပြန်ရချင်သလို ဖြစ်နေပြီပ။ ဒို့ပြည်သူတွေဘက်က ဘဝတွေ အသက်တွေ ပေးပြီး စစ်အာဏာရှင် အမြစ်ပြတ်ပြီး တိုင်းသစ်ပြည်သစ် တည်ဆောက်မယ့် တော်လှန်ရေးကြီးကို ဖြတ်သန်းနေကြတာ ဖြစ်တယ်။ သမိုင်းနောက်ကြောင်း ပြန်လှည့်ဖို့မှ မဟုတ်တာပဲ။ သမိုင်းဟာ နောက်ကြောင်းပြန် လှည့်ရိုးထုံးစံလည်း မရှိ။ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ လုံးဝ ပတ်သက်မှု မရှိစေရ။ ဖက်ဒယ်ပြည်ထောင်စုကို အာမခံချက် အပြည့်အဝ ရှိစေမယ့် ဖွဲ့စည်းပုံအခြေခံမူတရပ် တည်ရှိရမယ်။ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က ရွေးကောက်ပွဲ ဖြစ်စေရမယ်။ အဲဒီမူတွေနဲ့ သမိုင်းကမ္ပည်းအသစ် စိုက်ထူသွားကြမယ်။ ဒါမှ ပြည်သူအားလုံး စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေးကို ခံစားခွင့်ရကြပေလိမ့်မယ်ပေါ့။
အခု မြန်မာ့အရေးကို အလေးထား ဆွေးနွေးကြတဲ့ အာဆီယံ အစည်းအဝေးလည်း ကျင်းပပြီးစီးပြီးသွားပြီ။ နောက်ဆုံး ကောက်ချက်ကတော့ မြန်မာ့အရေး ငြိမ်းချမ်းမှု ရရှိစေဖို့၊ တရုတ်ကြီးကို ထဲထဲဝင်ဝင်နဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းအပ်ပါကြောင်းတဲ့ဗျား။ အကြမ်းဖက် အဖွဲ့အစည်း စကစကလည်း အာဆီယံအဖွဲ့နဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားပါမယ်ပေါ့လေ။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ ပြောစကားတွေက တော့ စိတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။
အခုတော်လှန်ရေးမှာ ထူးခြားချက်ကတော့ ဗမာတိုင်းရင်းသားတွေပါ လက်နက်ကိုင် တော်လှန်ကြခြင်း ဖြစ်တယ်။ အဲဒီလို လက်နက်ကိုင် တော်လှန်ကြတဲ့ PDF တွေ အရှိန်အဟုန်နဲ့ ကြီးထွား ဖြစ်ထွန်းလာချိန်မှာ နိုင်ငံရေးလမ်းကြောင်းနဲ့ ထိန်းချုပ်ဖို့ ဆိုတာ မစွမ်းသာခဲ့ဘူး။
ဒီမှာ စစ်အာဏာရှင် အမြစ်ပြတ်ရေးဆိုတဲ့ နိုင်ငံနဲ့အဝှမ်းက လက်နက်ကိုင်တော်လှန်ရေးကြီး ပေါ်ပေါက်လာတာဟာ အရှေ့ကို မျှော်၊ အနောက်ကို အားကိုးပြီး ပေါ်ထွန်းလာတဲ့ တော်လှန်ရေးကြီး မဟုတ်ပါဘူး။ နှစ်ပေါင်း ၆၀ ကျော် လက်နက်အားကိုးနဲ့ အဓမ္မ အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် နိုင်ငံလည်းမွဲ၊ ပြည်သူလည်း ဆင်းရဲကြရတဲ့ အဖြစ်ဆိုးတွေကို ကျော်လွှားနိုင်ဖို့ သမိုင်းရဲ့တောင်းဆိုချက်ကြောင့် ပေါ်ထွန်းလာတဲ့ တော်လှန်ရေးကြီးတရပ် ဖြစ်ပါတယ်။ အခုတော်လှန်ရေးမှာ ထူးခြားချက်ကတော့ ဗမာတိုင်းရင်းသားတွေပါ လက်နက်ကိုင် တော်လှ န်ကြခြင်း ဖြစ်တယ်။ အဲဒီလို လက်နက်ကိုင် တော်လှန်ကြတဲ့ PDF တွေ အရှိန်အဟုန်နဲ့ ကြီးထွား ဖြစ်ထွန်းလာချိန်မှာ နိုင်ငံရေးလမ်းကြောင်းနဲ့ ထိန်းချုပ်ဖို့ ဆိုတာ မစွမ်းသာခဲ့ဘူး။
နောက် NUG ပေါ်ထွန်းလာတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကထ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေ ဖွဲ့စည်းဖို့ ချမှတ်ခဲ့တယ်။ ဒါပေမဲ့ မြေပြင်အနေအထား အရပ်ရပ်ကြောင့် အခုချိန်ထိ ပီပြင်တဲ့ စွမ်းဆောင်ရည်ကို မတွေ့ရသေးပါဘူး။ တော်လှန်ရေး အရှိန်အဟုန် ကြီးထွားလာမှုက စကစ အကြမ်းဖက်အဖွဲ့အစည်းအတွက် နယ်မြေစိုးမိုးမှု မထိန်းချုပ်နိုင်ခဲ့တာတော့ အမှန်ပဲ။ ကချင်၊ ကိုးကန့်၊ တအာင်း၊ ကရင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ ဗမာတိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလာနိုင်တာကြောင့် အင်အား ကြီးထွားလာတယ်။ တိုက်ပွဲတွေကိုလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်မှုကို အမှီပြုပြီး တိုးချဲ့ ဆင်နွှဲလာနိုင်တယ်။
လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာ သူတို့ လွှမ်းမိုးထားနိုင်တဲ့ နယ်မြေတွေကို အုပ်ချုပ်ရေးအရပါ တိုးမြှင့်နိုင်ဖို့ အားထုတ်လာတာကို တွေ့ရတယ်။
အခုဆို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာ သူတို့ လွှမ်းမိုးထားနိုင်တဲ့ နယ်မြေတွေကို အုပ်ချုပ်ရေးအရပါ တိုးမြှင့်နိုင်ဖို့ အားထုတ်လာတာကို တွေ့ရတယ်။ တော်လှန်ရေး လမ်းကြောင်း လားရာ တူပေမဲ့ မြေပြင်အနေအထားအရ ပြန့်နှံ့နေတဲ့ PDF တွေလည်း တစထက်တစ ပူးပေါင်းစုစည်းလာနိုင်တာကို တွေ့ကြရတယ်။ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အင်အားကို လျော့နည်းစေရုံမက အမြစ်ဖြတ်နိုင်တော့မယ့် အနေအထားထိ ရောက်ရှိလာတာကို တွေ့ကြရတယ်။ ဆိုလိုချင်တာကတော့ ပြည်သူတွေရဲ့ တော်လှန်ရေးဟာ ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်ကြီးထွားလာကြရတယ် ဆိုတာပါပဲ။
သိကြတဲ့အတိုင်း အကြမ်းဖက် အဖွဲ့အစည်းကတော့ ပထွေးဆီ အားကိုး မျှော်နေရတဲ့ အခြေအနေထိ လျှောဆင်း ကျဆုံးနေတာကို တွေ့ကြရတယ်။ အဲဒီမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မိုးစက် တပေါက်ချင်းကြောင့် ပင်လယ် သမုဒ္ဒရာကြီးတွေ ဖြစ်ပေါ်လာတယ် ဆိုတာ နားလည်ထားကြဖို့ပဲ၊ အမြဲ နှလုံးသွင်း ထားကြဖို့ပါပဲ။ ဗီလုံး၊ ကျီး၊ ယင်၊ ဖားတို့ဟာ အင်အား သေးငယ်ပေမဲ့ ညီညီညွတ်ညွတ်နဲ့ စုပေါင်း ဆောင်ရွက်တတ်ကြတော့ အင်အား အဆမတန် ကြီးတဲ့ ဆင်ပြောင်ကြီးကိုတောင် သတ်ပစ်နိုင်ခဲ့ကြတယ် မဟုတ်ပါလား။
ဒီမှာ သခင်သန်းထွန်းရဲ့ စကားကို အမှတ်ရမိလိုက်တယ်။ "စစ်အတွင်းကာလ နိုင်ငံရေးဟာ စစ်အနိုင် တိုက်ရေးသာလျှင် ဖြစ်သင့်တယ်" တဲ့။ အခု စစ်အတွင်းကာလကို ဖြတ်သန်းနေကြရတယ် မဟုတ်လား။ ဒီတော့ ဘာပဲဖြစ်ဖြစ် လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအနေနဲ့ စစ်အနိုင် တိုက်ရေးအတွက်သာ အရေးကြီးပါတယ်။ ပြည်သူအားလုံးကလည်း နိုင်စွမ်းသမျှ ဝိုင်းဝန်း ကူညီအားပေးကြဖို့ပါပဲ။ တော်လှန်ရေး မုချ အောင်ရမည်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။