"လားရှိုးရယ်၊ ရ.မ.ခ ရယ် ဆိုတာက MNDAA နဲ့ လုံးဝသက်ဆိုင်တဲ့ နေရာမဟုတ်လို့ ပြန်လည် ရရှိ ထိန်းချုပ်နိုင်အောင် ထိုးစစ်ဆင်သွားရမယ်" လို့ ညွှန်ကြားခိုင်းစေတယ် ဆိုကွ။ အဲဒီလို ပြောကြစတမ်း ဆိုရင်တော့ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ နိုင်ငံတော် ဝန်ကြီးချုပ် နေရာနဲ့ရော၊ ယာယီသမ္မတ (တာဝန်) နေရာနဲ့ရော မင်းနဲ့ မထိုက်တန် သက်ဆိုင်တဲ့ နေရာ မဟုတ်လို့ ဒို့ပြည်သူတရပ်လုံးအနေနဲ့ ပြန်လည် ရယူသင့်ကြတာပေါ့ကွာ။ ဟုတ်ပြီလား။
ဒို့ရဲ့အခန်းကိုတော့ ရာအိမ်မှူးရယ်၊ စာရင်းကောက်သူ အမျိုးသမီးငယ်တယောက်ရယ် နှစ်ယောက်တည်း ဝင်လာကြတယ်။ စာရင်းကောက်တဲ့ အမျိုးသမီးငယ်ဆီမှာ ဘာစာရွက်စာတမ်းမှ ပါမလာဘူး။
အခု မင်းတို့က ဘယ်သောကာလမှ ဆိုတာ မမျှော်မှန်းနိုင်တဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်ဖို့ သန်းခေါင်စာရင်း ကောက်နေတယ်။ ဒို့ရပ်ကွက်မှာတော့ အောက်တိုဘာ ၁ ရက်နေ့ကပဲ လာကောက်သွားပြီ။ တကယ့်ကို ပြီးပြီးရော မင်းတိုင်ချေ ကောက်ယူသွားတဲ့ သန်းခေါင်စာရင်းပါကွာ။ ဒို့ရဲ့ တိုက်ခန်းက အတွင်းပိုင်း အခန်းဆိုတော့ တိုက်တန်းလျားရှေ့ ပလက်ဖောင်းမှာ ရ.ခ၊ စ.ခ တွေ ပါလာကြသလား မသိပါဘူး။ ဒို့ရဲ့အခန်းကိုတော့ ရာအိမ်မှူးရယ်၊ စာရင်းကောက်သူ အမျိုးသမီးငယ်တယောက်ရယ် နှစ်ယောက်တည်း ဝင်လာကြတယ်။ စာရင်းကောက်တဲ့ အမျိုးသမီးငယ်ဆီမှာ ဘာစာရွက်စာတမ်းမှ ပါမလာဘူး။ တက်ပလက်တလုံးနဲ့ ပါဝါဘန့်တလုံးပဲ ပါတယ်။ ဒို့များဆီကိုလည်း အိမ်ထောင်စုဇယား စာရွက်တောင် တောင်းမကြည့်ပါဘူး။ "မိသားစု ဘယ်နှယောက်လဲ" ကျား (၂)၊ မ (၂) ပေါင်း လေးယောက်။ မွေးသက္ကရာဇ်၊ အသက်၊ ဘာသာတွေ မေးတယ်။ အလုပ်အကိုင် မမေး၊ ကြိုးဖုန်းရှိလား၊ တီဗွီရှိလား၊ ကားရှိလား မေးခွန်းတွေ မေးတယ်။ ဒါပဲ။ အမှန်ပြောရရင် ဒို့များမှာ မိသားစု ၇ ယောက်ရှိပါတယ်။ အလေးအနက် မထားချင်လို့၊ အလုပ်မသွားခဲ့ရင် နေ့တွက်ခ နစ်နာမှာစိုးတာကြောင့် ၃ ယောက်က အလုပ်ဆင်းသွားကြတယ်။ အေးရော။
ဟုတ်ကဲ့ ဟန်ပြ သန်းခေါင်စာရင်း ကောက်ယူတာ ဆိုတော့ မမှန်မကန် လူဦးရေစာရင်းပဲ ရရှိမှာပါ။ အတုံ့အလှည့်ပေါ့လေ၊ ထားပါတော့။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးပွဲ မတိုင်မီ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ကမကထ လုပ်တဲ့ အာဆီယံရယ်၊ ဥရောပသမဂ္ဂရယ်၊ ကုလသမဂ္ဂရယ်နဲ့ NUG အပါအဝင် ERO တချို့ပါဝင်တဲ့ စည်းဝေးတရပ် ကျင်းပတယ်။ ဘာတွေ ဆွေးနွေးဆုံးဖြတ်ကြတယ် ဆိုတာတော့ မထုတ်ပြန်ဘူးပေါ့။ တစုံတခု အဓိပ္ပါယ်တော့ သက်ရောက်မှု ရှိပါလိမ့်မယ်။ အဲဒီအစည်းအဝေး မတိုင်ခင် အမေရိကန်နိုင်ငံက ရက်စက်အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ တာဝန်ခံမှု ရှိစေရေး ဆိုင်ရာ သံတမန် ရောက်ရှိလာပြီး ထိုင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်သွားတယ်။
တခါ တရုတ်နိုင်ငံကလည်း MNDAA ကို NUG နဲ့ မဆက်သွယ်ဖို့ မန္တလေး၊ တောင်ကြီး စစ်ဆင်ရေးတွေမှာ မပါဝင်ဖို့ ဟန့်တား တားမြစ်တာတွေ ပြုလုပ်လာတယ်။ 'ဝ' တပ်ဖွဲ့တွေကိုလည်း လက်နက်ကိုင် တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေကို လက်နက်မရောင်းချဖို့ မထောက်ပံ့ဖို့ ခေါ်ပြောတာတွေ ရှိတယ်။ ဝကလည်း အဲဒီသတင်း မှန်ကန်ပါတယ်လို့ ထုတ်ပြန်ထားတယ်။
တရုတ်နိုင်ငံအနေနဲ့ စစ်အာဏာရှင်တွေ အာဏာတန်ခိုး တည်တံ့နေစေချင်တာ သူတို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ တရုတ်အနေနဲ့ စစ်အာဏာရှင်တွေနဲ့ရော ဒီမိုကရေစီ အစိုးရနဲ့ရော ဆက်ဆံရတဲ့ အတွေ့အကြုံ ရှိပြီသား ဖြစ်တယ်။ အဲဒီမှာ စစ်အာဏာရှင်တွေလက်ထက်မှာ တရုတ်အနေနဲ့ အကျိုးအမြတ်တွေ မြောက်မြားစွာ ရရှိခဲ့တယ်။
ဆိုလိုချင်တာကတော့ တို့နိုင်ငံရဲ့ လတ်တလော အနေအထားတွေကို အနောက်အုပ်စုကရော တရုတ်နိုင်ငံကရော သူ့နည်းသူ့ဟန်တွေနဲ့ ချဥ်းကပ် ဝင်ရောက်လာကြတာကို တွေ့ကြရတယ်။ အဲဒီမှာ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ အစုအဖွဲ့တွေ အနေနဲ့တော့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ပြီး သတိထား လျှောက်လှမ်းသွားကြဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်တွေကတော့ သူတို့သာ အကျိုးစီးပွား ဖြစ်ထွန်းမယ်ဆိုရင် ပြည်သူနဲ့ နိုင်ငံမျက်နှာကို မထောက်ဘဲ လုပ်ကိုင်ဆောင်ရွက်လိမ့်မယ်။
ဒီမှာ အကြမ်းဖက်ခေါင်းဆောင် လူယုတ်မာ မ.အ.လ တို့ကလည်း NUG, MNDAA နဲ့ TNLA တို့ဟာ နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ လောက် အကူအညီတွေကို အမေရိကန်ဆီက ရရှိနေတယ်။ တရုတ်နိုင်ငံလောက် အိမ်နီးချင်းကောင်း ပီသတဲ့ နိုင်ငံ မရှိဘူး ဆိုတာတွေ ပြောကြားနေတာ တွေ့ရတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်အာဏာရှင်တွေ အာဏာတန်ခိုး တည်တံ့နေစေချင်တာ သူတို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ တရုတ်အနေနဲ့ စစ်အာဏာရှင်တွေနဲ့ရော ဒီမိုကရေစီ အစိုးရနဲ့ရော ဆက်ဆံရတဲ့ အတွေ့အကြုံ ရှိပြီးသား ဖြစ်တယ်။ အဲဒီမှာ စစ်အာဏာရှင်တွေလက်ထက်မှာ တရုတ်အနေနဲ့ အကျိုးအမြတ်တွေ မြောက်မြားစွာ ရရှိခဲ့တယ်။ ဒီမိုကရေစီ အစိုးရ လက်ထက်မှာတော့ မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့ဘူး။ ဒါကြောင့် တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေသာ သက်ဆိုးရှည်နေစေချင်တယ်။ အဲဒါ တရုတ်ရဲ့ ပကတိ သွင်ပြင်လက္ခဏာရပ်ပဲ။
အဲဒီမှာ ကမ္ဘာ့အခင်းအကျင်းထဲက ဆီးရီးယားနိုင်ငံရဲ့ ဖြစ်ရပ်ကို သတိရမိသွားစေပါတယ်။ ဆီးရီးယားမှာ အာဆတ် တက်ရောက်လာတော့ သူ့အာဏာ တည်မြဲဖို့အတွက် ပြည်သူတွေအပေါ် မတရား ဖိနှိပ်မှုတွေ ပြုလုပ်လာတယ်။ နောက်ဆုံး ပြည်သူတွေ မခံမရပ်နိုင်လို့ တော်လှန်ပုန်ကန်လာကြတယ်။ အဲဒီ တော်လှန်ကြတဲ့အထဲမှာ တပ်က တဝက်နီးပါးလောက်လည်း ပါဝင်သွားလေရဲ့။ တော်လှန်ရေး အရှိန်အဟုန်ဟာလည်း တစ်မုဟုတ်ချင်း ကြီးထွားသွားစေတယ်။ အာဆတ် တယောက် နေ့ပြုတ်မလား၊ ညပြုတ်မလား အနေအထားထိ ရောက်သွားတယ် ဆိုပါတော့။ မြို့တော် ဒမားစကတ်ကိုတောင် ခြိမ်းခြောက်လာနေပြီ။ ဘာရိန်း၊ ကာတာ စတဲ့ နိုင်ငံတွေကလည်း သေချာပေါက် အောင်ပွဲ အနိုင်ရရှိတော့မယ့် တော်လှန်ရေးအင်အားစုတွေကို ကူညီပံ့ပိုးလာကြတယ်။
ရုရှားက ဆီးရီးယား ပြည်တွင်းစစ်ထဲကို ပေါ်ပေါ်တင်တင် ဝင်ရောက်လာတယ်။ ကလက်စတာ ဗုံးတွေတဲ့ ကြဲ၊ အဆိပ်ငွေ့ ဗုံးတွေနဲ့ ချပြီး ရက်ရက်စက်စက် လူမဆန်စွာနဲ့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းလာတယ်။
ဒါပေမဲ့ အာဆတ်က ရုရှားကို ဘာတွေဘယ်လို ပေးဆပ်ပြီး မြှူဆွယ် အကူအညီ တောင်းလိုက်သလဲ မပြောတတ်ဘူး။ ရုရှားက ဆီးရီးယား ပြည်တွင်းစစ်ထဲကို ပေါ်ပေါ်တင်တင် ဝင်ရောက်လာတယ်။ ကလက်စတာ ဗုံးတွေတဲ့ ကြဲ၊ အဆိပ်ငွေ့ ဗုံးတွေနဲ့ ချပြီး ရက်ရက်စက်စက် လူမဆန်စွာနဲ့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းလာတယ်။ ခုတော့ဖြင့် ရုရှားဟာ ဆီးရီးယားနိုင်ငံထဲမှာ ရေတပ်၊ လေတပ် အခြေခံစခန်းတွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ခဲ့ပြီ။ အရှေ့အလယ်ပိုင်းကို စိုးမိုးထားနိုင်တဲ့ သဘော။ အဲဒီမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သိမ်းပိုက်ထားပြီး နယ်မြေတွေကို စွန့်လွှတ်ခဲ့ရတယ်။ တော်လှန်ရေးဟာ ရပ်တန့်မသွားပေမဲ့ အရှိန်အဟုန်ဟာ ထိုးဆင်းကျသွားတော့တယ်။ အခု ၁၀ နှစ်တာကာလ ရောက်ရှိခဲ့ပေမဲ့ အာဆတ်ကပဲ ထိန်းချုပ်ထားနိုင်ဆဲပဲလေ။
အခုလည်း တရုတ်က ဒီနှစ်ပိုင်းထဲမှာ အကြမ်းဖက် အဖွဲ့အစည်းကို သိသိသာသာ ဆက်ဆံရေး တိုးမြှင့်လာသလို ငွေကြေး လက်နက် ပစ္စည်းတွေ ထောက်ပံ့လာတာကို တွေ့လာကြရတယ်။ အကြမ်းဖက်အဖွဲ့အစည်း ကျဆုံးသွားလို့ မဖြစ်ဘူးဆိုတဲ့ မူကိုလည်း ဆုပ်ကိုင်ထားတာ တွေ့ကြရတယ်။ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်နိုင်အောင် ဖိအားပေးပြီး လုပ်ဆောင်နေတယ်။ ရင်းနှီးမြှုပ်နှံမှု တခု ဖြစ်တဲ့ တကောင်း နီကယ်စက်ရုံကို PDF က ထိန်းချုပ်ထားလိုက်နိုင်ပြီး အခြေအနေမပျက် စောင့်ရှောက်ကာကွယ်ထားပေမဲ့ စက်ရုံက ပြန်လည် လည်ပတ်ခြင်း မရှိတော့ဘူး။
အကြမ်းဖက်အဖွဲ့အစည်းဟာ လက်လွှတ်လိုက်ရတဲ့ မြို့တွေကို စစ်ရေးပစ်မှတ် မဟုတ်ဘဲ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတယ်။ နှိမ်နင်းမှု မဟုတ်ဘဲ ဖျက်ဆီးမှုတွေကိုသာ ရည်ရွယ်နေတာ ဖြစ်တယ်။ အဲဒီမှာ တရုတ်က တိုက်လေယာဥ်တွေ ပေးပို့အပ်နှံလာတယ်။
တိုက်လေယာဥ်တွေက NLD အစိုးရလက်ထက်က ဝယ်ယူထားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်း အကြမ်းဖက်အဖွဲ့အစည်းဟာ လက်လွှတ်လိုက်ရတဲ့ မြို့တွေကို စစ်ရေးပစ်မှတ် မဟုတ်ဘဲ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတယ်။ နှိမ်နင်းမှု မဟုတ်ဘဲ ဖျက်ဆီးမှုတွေကိုသာ ရည်ရွယ်နေတာ ဖြစ်တယ်။ အဲဒီမှာ တရုတ်က တိုက်လေယာဥ်တွေ ပေးပို့အပ်နှံလာတယ်။ တိုက်ဆိုင်မှု မဟုတ်ဘဲ ရည်ရွယ်ချက် ရှိတယ်လို့ သုံးသပ် ကောက်ချက်ချရပါလိမ့်မယ်။
တရုတ်က မြန်မာနိုင်ငံရဲ့အရေးဟာ ပြည်တွင်းရေးသာ ဖြစ်တယ်။ တခြား နိုင်ငံတွေအနေနဲ့ ဝင်ရောက် စွက်ဖက်ခြင်း မပြုဖို့ သတိပေးနေပေမဲ့ သူကိုယ်တိုင် ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေတာကို တွေ့ကြရတယ်။ ဒို့ပြည်သူတွေက နိုင်ငံကို စစ်အာဏာရှင်တွေ နှစ်ပေါင်း ၆၀ ကျော် လွှမ်းမိုးခဲ့လို့ နိုင်ငံမှာ သယံဇာတတွေ ကြွယ်ဝပေမဲ့ ဒင်းတို့ စစ်အာဏာရှင်တွေသာ ကြွယ်ဝချမ်းသာနေကြပြီး နိုင်ငံအနေနဲ့ကတော့ စီးပွားရေး ချွတ်ခြုံကျ မွဲပြာကျနေတာမို့ စစ်အာဏာရှင်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို မခံလိုကြတော့ဘူး။ ခေတ်အဆက်ဆက်လည်း တော်လှန်ခဲ့ကြတယ်။ ခုတော့ဖြင့် ဗမာတိုင်းရင်းသား အပါအဝင် တိုင်းရင်းသား အားလုံးဟာ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးကို လက်နက်စွဲကိုင် တော်လှန်နေကြပြီ ဖြစ်တယ်။
အဲဒီမှာ တရုတ်ကတော့ သူတို့ အကျိုးစီးပွားအတွက် စစ်အာဏာရှင်တွေ တည်တံ့ဖို့ ကျားကန်ပေးထားချင်တယ်။ ရုရှားက ဆီးရီးယားကို ကူညီသလိုမျိုး မဟုတ်ပေမဲ့ သက်ဆိုးရှည်အောင် ဖန်တီးချင်တယ်။ သူတို့ရဲ့ ပိုးလမ်းမစီမံကိန်း အောင်မြင်သည်အထိပေါ့။ ဒို့များနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတို့ဟာ ပဋိပက္ခ ဖြစ်ပေါ်လာရတဲ့ အကြောင်းတရားတွေ မတူညီပေမဲ့၊ ပထဝီအနေအထားတွေ ကွဲပြားပေမဲ့ အင်အားကြီးနိုင်ငံစွက်ဖက်မှုကိုတော့ သတိရှိထားကြဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာရဲ့ အနီးဆုံးနဲ့ အကြီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်နေတယ် မဟုတ်ပါလား။
အကြမ်းဖက် စစ်အာဏာရှင်တွေအနေနဲ့တော့ ဒင်းတို့ အာဏာ အဒွန့်ရှည် တည်တံ့ရေးအတွက် ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ထားရှိရမယ့်အစား ပြည်သူကို ရန်သူလို သဘောထား သတ်မှတ်ပြီး ပထွေးကို အဖေခေါ်ကြဖို့ ဝန်လေးကြလိမ့်မယ် မဟုတ်ဘူး။
အကြမ်းဖက် စစ်အာဏာရှင်တွေအနေနဲ့တော့ ဒင်းတို့ အာဏာ အဒွန့်ရှည် တည်တံ့ရေးအတွက် ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ထားရှိရမယ့်အစား ပြည်သူကို ရန်သူလို သဘောထား သတ်မှတ်ပြီး ပထွေးကို အဖေခေါ်ကြဖို့ ဝန်လေးကြလိမ့်မယ် မဟုတ်ဘူး။ ဒို့ပြည်သူတွေအနေနဲ့တော့ နိုင်ငံ့အားဟာ ကိုယ့်ပြည်တွင်းမှာပဲ ရှိတယ်ဆိုတာကို သတိချပ် စွဲမှတ်ထားကြရလိမ့်မယ်။ ဒီတော့ အားလုံးသော တိုင်းရင်းသားတွေဟာ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး ဆိုတဲ့ တခုတည်းသော လမ်းကြောင်းအောက်က လျှောက်လှမ်းနေကြတဲ့ သူတွေ ဖြစ်တာနဲ့အညီ ရင်ချင်း အပ်၊ ကျောချင်း ကပ်ထားကြဖို့ လိုပါလိမ့်မယ်။ ရေပက်မဝင်အောင် စုစည်းညီညွတ်နေဖို့ လိုအပ်တယ်။
အဆင်မပြေမှု အဖုအထစ် ရှိလာမှုတွေကို မိသားစုစိတ်ဓါတ်နဲ့ ဖြေရှင်းသွားကြရမယ်။ ပြောရရင် ဒို့တတွေ မျှော်လင့်တဲ့ ထာဝရ ငြိမ်းချမ်းမှုကို ဆောင်ကြဥ်းပေးနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာဖို့ အခြေအနေဟာ မြင်တွေ့နေရပြီ။ မဝေးတော့ပါဘူး။ စုစည်းညီညွတ်ခြင်း အားနဲ့ ရင်ချင်း အပ်၊ ကျောချင်း ကပ်ထားဖို့သာ အရေးကြီးကြောင်း ဆိုလိုက်ပါရစေ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။