အခု လောလောဆယ် ပြောဆိုသွားတဲ့ စကားတွေ ကြားရတော့ ဒို့ ငယ်ငယ်က နားထောင်ရတဲ့ ဓါတ်ဆီနဲ့ ဓါတ်ဆံရဲ့ ဇာတ်လမ်း "ရေနံချောင်းက ဖေကံကောင်း" ကို သတိရလိုက်မိပါရဲ့ကွာ။ ရေနံချောင်းက ဖေကံကောင်းကို ဒေါ်ကြင်ရဲ့ သမီး ဂျမ်းစိန်က ပတ်တီးချလိုက်တော့ ဆွဲကြိုး၊ နာရီ၊ လက်စွပ်တင်မက အင်္ကျီ လုံချည်ပါမကျန် လံကွတ်တီလောက်သာ ကျန်တော့တဲ့ အဖြစ်မျိုး ရောက်ရော။ အဲဒီမှာ ဒေါ်ကြင်က သူ့ထဘီ ခြုံထားဖို့ ခိုင်းလိုက်တယ်။ ဂျမ်းစိန်က သူ့မောင် ရူးနေလို့ပါဆိုပြီး ဆရာဝန် ပင့်လာတယ်။ ဆရာဝန်က ထဘီခြုံထားတဲ့ ဖေကံကောင်းကို တွေ့တော့ အမှန်တကယ် ရူးနေရှာတယ်လို့ ထင်သွားတာပေါ့လေ။ ဒီတော့ "မောင်မင်း လူကလေး စိတ်ကောင်းကောင်း ထားပါ၊ မောင်မင်း ရူးနေတာ ပျောက်ဖို့ အင်ဂျက်ရှင်း နှလုံးပြူး ထိုးပေးမယ်" လို့ ပြောရမလို ဖြစ်နေပြီ။
ဟုတ်တယ်လေကွာ၊ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းပြီးတဲ့နောက် လောက်ကိုင်လည်း လက်လွှတ်လိုက်ရ၊ ဗိုလ်မှူးချုပ် ၆ ကောင်လည်း အလံဖြူထောင် အဖမ်းခံရ၊ စခတွေလည်း သေကြေ၊ ခွေးပြေး ဝက်ပြေးလည်း ပြေးရတော့ MNDAA နဲ့ TNLA တို့ကို အိမ်နီးချင်း နိုင်ငံကြီးက လက်နက်တွေ၊ နည်းပညာတွေ ထောက်ပံ့ကူညီပေးနေလို့ စစ်စခန်းတွေကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ မင်းပဲ ပြောခဲ့တာလေ၊ မှတ်မိတယ် မဟုတ်လား။
TNLA ကလည်း မိုးကုတ် နောင်ချိုတို့ကို ထိန်းချုပ်လိုက်တဲ့အပြင် ပြင်ဦးလွင်ရဲ့ ကာကင်းဖြစ်တဲ့ တောင်ခမ်းကို အကြီးအကျယ် ထိုးစစ်ဆင်နေလေရဲ့။ မင်းတို့က လက်လွှတ်ရပြီး TNLA က ထိန်းချုပ်နိုင်မယ့် အနေအထား ရောက်နေပြီ။
ဟော အခု NUG, MNDAA တို့ကို အမေရိကန်က နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ လောက် ထောက်ပံ့ကူညီမှုတွေ ပေးနေတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မရှိပေမဲ့ နိုင်ငံ မတည်မငြိမ်ဖြစ်အောင် တရုတ်နိုင်ငံရဲ့ အရေးပါလာမှုကို ထိန်းချုပ်နိုင်အောင် ပံ့ပိုးကူညီနေတာ ဖြစ်သတဲ့ တရုတ်နိုင်ငံကမှ တကယ့်အိမ်နီးချင်းကောင်း ပီသတဲ့ နိုင်ငံကြီး ဖြစ်တယ်လို့ ပြောလာပြန်တယ်။ မောင်မင်း လူကလေး စိတ်ကောင်းကောင်း ထားပါ၊ အင်ဂျက်ရှင်း နှစ်လုံးပြူး အထိုးခံထိတော့မယ်လို့ ပြောရတော့မယ့်ကိန်း။
အခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြီးတဲ့နောက်မှာ လားရှိုး အခြေစိုက် ရ.မ.ခ တိုင်းစစ်ဌာနချုပ်ကြီး မော်ကွန်းဝင် သမိုင်းတင်ရတော့မယ့် အနေအထား ရောက်သည်အထိ လက်လွတ်ဆုံးရှုံးလိုက်ရပြီ။ TNLA ကလည်း မိုးကုတ် နောင်ချိုတို့ကို ထိန်းချုပ်လိုက်တဲ့အပြင် ပြင်ဦးလွင်ရဲ့ ကာကင်းဖြစ်တဲ့ တောင်ခမ်းကို အကြီးအကျယ် ထိုးစစ်ဆင်နေလေရဲ့။ မင်းတို့က လက်လွှတ်ရပြီး TNLA က ထိန်းချုပ်နိုင်မယ့် အနေအထား ရောက်နေပြီ။ တည်းတည်းလေးသာ ရှိတော့တယ်။ ရှမ်း-မန်း စစ်ဆင်ရေးကလည်း သပိတ်ကျင်း စဥ့်ကူးတို့ကို ထိန်းချုပ်ထားပြီး မန္တလေးထိပါ ခြိမ်းခြောက်လာနေပေါ့။
ကရင်နီဒေသကလည်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး ညှိနှိုင်းဆွေးနွေးနေတာ သုံးကြိမ်တောင် ရှိပြီတဲ့။
ချင်းကလည်း သူတို့အချင်းချင်းကြားက ပဋိပက္ခကို လက်နက်နဲ့ မဖြေရှင်းကြဖို့ သဘောတူညီလိုက်ကြပြီ။ အဲဒီ ညီညွတ်မှုက မကြာခင် ချင်းပြည်နယ်တစ်ခုလုံး အကြမ်းဖက် အဖွဲ့အစည်း ကင်းစင်နယ်မြေ လွတ်မြောက်ဒေသ ဖြစ်လာတော့မယ့် အနေအထားပါပဲ။ ကရင်နီဒေသကလည်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး ညှိနှိုင်းဆွေးနွေးနေတာ သုံးကြိမ်တောင် ရှိပြီတဲ့။ အနာဂတ်ကို စိတ်ကူး ပုံဖော်နိုင်တဲ့ သဘော။
အာရက္ခ တပ်တော်ကလည်း မောင်ရွှေလေး ရေတပ်ဌာနချုပ်စခန်းကို ထိန်းချုပ်လိုက်နိုင်ပြီးတဲ့နောက် မြို့တော် စစ်တွေအပါအဝင် ကျန်နယ်မြေတွေ ထိန်းချုပ်ဖို့ဆိုတာ ထမင်းစားရေသောက်ပမာ သိပ်မခဲယဥ်းလှတော့။ ၂၀၂၄ နှစ်ကုန်မှာ တပြည်နယ်လုံး ထိန်းချုပ်နိုင်ရမယ် ဆိုတဲ့ မျှော်မှန်းချက်ဟာ ရာနှုန်းပြည့် အောင်မြင်တော့မယ့် အနေအထားပါပဲ။
ကချင်ကလည်း စစ်ကိုင်းတိုင်းအတွင်းက ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး ထိ လာရောက် ကူညီနေတာ ဆိုတော့ သူ့ရဲ့ပြည်နယ်ကလည်း အချိန်မရွေး အေးအေးဆေးဆေး ဆိုတဲ့ သဘောပဲ။
ဘာတဲ့ ERO တွေ၊ PDF တွေကို ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ကြဖို့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်း ဖိတ်ခေါ်လာသတဲ့လား။
စစ်ကိုင်း မန္တလေး မကွေးနဲ့ ပဲခူးနဲ့ တနင်္သာရီတိုင်း ဒေသတို့ကလည်း ခုခံစစ်မဟုတ်ကြတော့ဘဲ ထိုးစစ်ဆင်လာနိုင်တဲ့ အပိုင်းတွေကို တွေ့လာနေရပြီ။ အတွေ့အကြုံ ရလာတာနဲ့အမျှ စုဖွဲ့မှုတွေလည်း အားကောင်းလာတာကို မြင်တွေ့လာရတယ်။ ကရင်နဲ့ မွန်တို့ကလည်း သွေးမအေးကြပါဘူး။ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီးကိုတောင် ကောင်းကောင်း ထိန်းချုပ်ဟန့်တား ထားနိုင်ကြတာပဲလေ။
အဲဒီလို နိုင်ငံတဝှမ်း စစ်အာဏာရှင် အမြစ်ပြတ်ရေး တော်လှန်ရေးကြီး အင်နဲ့အားနဲ့ အရှိန်ကောင်းနေစဥ်မှာ ဒင်းတို့ အကြမ်းဖက်အဖွဲ့အစည်းက ဆည်ကျိုးတာကို လက်နဲ့လာပိတ်တာ တွေ့ရတယ်။ ဘာတဲ့ ERO တွေ၊ PDF တွေကို ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ကြဖို့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်း ဖိတ်ခေါ်လာသတဲ့လား။ တကယ်တော့ အခုလို လက်နက်ကိုင်တော်လှန်ရေး နိုင်ငံနဲ့အဝှမ်း ဖြစ်ပေါ်လာရတာဟာ ဒင်းတို့ အကြမ်းဖက်အဖွဲ့အစည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းခဲ့ကြဘဲ လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို မတရား သိမ်းခဲ့လို့ ဖြစ်ပေါ်လာခဲ့ရတာ မဟုတ်လား။
ဓါးပြတွေက အိမ်သားတွေကို သတ်ဖြတ် မုဒိန်းကျင့်ပြီး ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့ကြပြီးပြီ။ အသက်ရှင်ကျန်နေသူတွေခမျာလည်း စိတ်ပိုင်း ရုပ်ပိုင်း အကုန်လုံး သောကတွေ တလောင်လောင် ဒဏ်ရာတွေ ဗရပွနဲ့ ရင်ဆိုင် ဖြတ်သန်းနေကြရတယ်။
ပြောရရင် ရွာလယ်ကောင် အိမ် ဓါးပြဝင်တိုက်တာကို ရွာသားတွေက ညီညီညာညာနဲ့ ထွက်ပေါက်ပိတ်ဆို့ပြီး ညာသံပေး ခုခံတိုက်ခိုက်ကြတော့မှ ဓါးပြတွေက အိမ်ရှင်နဲ့ နားလည်မှု ယူကြမယ်ဆိုတဲ့ အချိုးမျိုးပါပဲ။ ဒါပေမဲ့ အင်မတန်ကို အချိန်နှောင်းခဲ့ပါပြီ။ ဓါးပြတွေက အိမ်သားတွေကို သတ်ဖြတ် မုဒိန်းကျင့်ပြီး ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့ကြပြီးပြီ။ အသက်ရှင်ကျန်နေသူတွေခမျာလည်း စိတ်ပိုင်း ရုပ်ပိုင်း အကုန်လုံး သောကတွေ တလောင်လောင် ဒဏ်ရာတွေ ဗရပွနဲ့ ရင်ဆိုင် ဖြတ်သန်းနေကြရတယ်။ အဲဒါကို သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးကြရမယ် ဆိုတော့ ရွာသားတွေအားလုံးက ဘုရားဖြစ်ဖို့ ပါရမီဖြည့်ဆည်းနေကြတဲ့ ဘုရားလောင်းတွေမှ မဟုတ်တာကလား။
ပြီးတော့ ဖိတ်ခေါ်ချက်ကလည်း MNDAA ရဲ့ ထုတ်ပြန်ချက်လို တစုံတခု ဖိအားကြောင့် ထုတ်ပြန်ရတဲ့ သဘော ထင်ပါရဲ့။ KIA က ဗိုလ်ချုပ်ဂွမ်မော်ကတော့ ထုတ်ပြန်ချက်က ခေါ်ပုံခေါ်နည်း ဟန်မကျဘူး ဆိုတဲ့ သူ့သဘောထားကို ပြောတယ်။ အမှန်ပြောရရင်တော့ သောက်တလွဲချည်းပါပဲကွာ။ ဟုတ်တယ်လေ၊ ကြေညာချက်က ညဦးပိုင်းမှာ ထုတ်ပြန်တယ်။ နောက်တနေ့ နံနက်ပိုင်း ကူးတော့ လားရှိုးမြို့ကို ဗုံးကြဲချတယ်။ တကယ်ပါ၊ ကမ္ဘာမှာ တုယှဥ်ပြောစရာ မရှိလောက်အောင်ထိ ရက်စက်ယုတ်မာကြတဲ့ ကောင်တွေပဲ။
ဒီမှာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ မင်းက လေယာဥ်သံကြားရုံနဲ့ နေစရာ ထိုင်စရာ မရှိတော့လောက်အောင် ကြောက်ရွံတုန်လှုပ်တဲ့ အနေအထား ရောက်သည်အထိ ဗုံးတွေကြဲရမယ်လို့ ညွှန်ကြားထားတယ် ဆိုကွ။ ဖြစ်နိုင်စရာ အကြောင်းလည်း ရှိရဲ့။ ဘာလို့လဲ ဆိုတော့ မင်းတို့က စစ်ရေးပစ်မှတ် မဟုတ်ဘဲ ရည်ရွယ်ချက် ရှိရှိ အပြစ်မဲ့ ပြည်သူတွေရှိတဲ့ နေရာကို နိုင်ငံတဝှမ်း ဗုံးကြဲနေလို့ပါပဲ။ ဒီအချက်တွေဟာ တချိန်မှာတော့ စစ်ရာဇဝတ်မှုတွေ အဖြစ် ပေါ်ထွက်လာမှာပေါ့ကွာ။ အချိန်ကြာလာတာနဲ့အမျှ မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မယ် မထင်နဲ့။
ဒီမှာ ဇော်မဲလုံးကတော့ နိုင်ငံပျောက်ကွယ်သွားမယ့် အန္တရာယ် ရှိလာတာကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တာပါတဲ့။ အင်အားကြီးနှစ်နိုင်ငံကြား ရောက်နေတာကြောင့် သူတို့ရဲ့ အရှိန်အဝါ အားပြိုင်မှုကြောင့် နိုင်ငံပျောက်သွားနိုင်တယ်တဲ့။
ချုပ်ပြောရရင်တော့ မင်းတို့ရဲ့ ကမ်းလှမ်းဖိတ်ခေါ်မှုဟာ KNU က ဖဒိုစောတောနီး ပြောသလို အရည်မရ အဖတ်မရတွေပါကွာ။ မင်းတို့ရဲ့ အန္တိမ ရည်မှန်းချက်ဟာ ရွေးကောက်ပွဲ ဖြစ်ပါသတဲ့။ အခုဆို ရွေးကောက်ပွဲအတွက် မဲစာရင်း အတိအကျ ရရှိဖို့ သန်းခေါင်စာရင်း ကောက်နေပါပြီ။ ဒါကြောင့် အကြမ်းဖက် ERO တွေ၊ PDF တွေအနေနဲ့ ပါတီနိုင်ငံရေး လမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်ပါသတဲ့ဗျား။ သန်းခေါင်စာရင်းကလည်း ခန့်မှန်းစာရင်းပဲ ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲကကော ဘယ်တော့ ဖြစ်လာမှာလဲ။ အရှင် မတေယျမြတ်စွာဘုရား ပွင့်မှလား၊ ကိုင်းပြော။
ဒင်းတို့တွေ လက်ထက်မှ ပါတီနိုင်ငံရေးတဲ့။ အမျိုးသားနိုင်ငံရေးတဲ့။ နိုင်ငံရေးဗျုပ္ပတ်တွေ ဖွင့်လိုက်တာ။ နိုင်ငံရေးသမားတွေတောင် မျက်စိလည်လောက်ရဲ့။ ဒီမှာ ဇော်မဲလုံးကတော့ နိုင်ငံပျောက်ကွယ်သွားမယ့် အန္တရာယ် ရှိလာတာကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တာပါတဲ့။ အင်အားကြီးနှစ်နိုင်ငံကြား ရောက်နေတာကြောင့် သူတို့ရဲ့ အရှိန်အဝါ အားပြိုင်မှုကြောင့် နိုင်ငံပျောက်သွားနိုင်တယ်တဲ့။ ဒီကောင်တွေက တရုတ်ကော အိန္ဒိယကိုကော ကြောက်ရွံ့နေကြဟန် တူတယ်။ ခွေးသူတောင်းစားတွေ ကိုယ့်ပြည်သူအပေါ်တော့ နိုင်စားကြပါ့ဗျာ။
အခု အိန္ဒိယကလည်း ဖက်ဒရယ်ဆွေးနွေးပွဲအတွက် NUG အပါအဝင် ERO တွေကိုလည်း တရားဝင် ဖိတ်ကြားလိုက်ကြပြီလေ။ ပြီးတော့ ကုလသမဂ္ဂမှာ QUAD အဖွဲ့က အစည်းအဝေး လုပ်တယ်။ လေယာဥ်ဆီနဲ့ လက်နက်ပစ္စည်း ရောင်းချမှုတွေ ပိတ်ပင်ဖို့ ဆုံးဖြတ်ကြတယ်။ အိန္ဒိယက လေယာဥ်ဆီနဲ့ လက်နက်ပစ္စည်းတွေ ရောင်းချပေးနေတယ်ဆိုကိုး။
NUG က ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုလို့ပါတဲ့။ PDF တွေအားလုံးကိုလည်း ကိုယ်စားပြုနိုင်တဲ့ အဖွဲ့ မဟုတ်ပါဘူးတဲ့။ ဒါကြောင့် ချန်လှပ်ထားခဲ့တာပါ၊
သြော် ဒါထက် အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကမ်းလှမ်းဖိတ်ခေါ်မှုထဲမှာ NUG မပါဝင်ဘူး။ မပါဝင်လည်း အကြောင်းမဟုတ်ပါဘူးပေါ့လေ။ ဒါပေမဲ့ ဘာ့ကြောင့် NUG မပါရတာလဲ မေးတော့ ဇော်မဲလုံး ဖြေကြားချက်က စဥ်းစားစရာ ဖြစ်နေတယ်။ NUG က ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုလို့ပါတဲ့။ PDF တွေအားလုံးကိုလည်း ကိုယ်စားပြုနိုင်တဲ့ အဖွဲ့ မဟုတ်ပါဘူးတဲ့။ ဒါကြောင့် ချန်လှပ်ထားခဲ့တာပါ၊ တခြားအကြောင်း မရှိပါဘူးတဲ့။ NUG အနေနဲ့ စဥ်းစားကြရမယ့် အချက်လို့ ယူဆပါတယ်။
ဒီမှာ အခုဖြစ်စဥ်ဟာ စစ်အာဏာရှင်တွေ တည်တံ့ခိုင်မြဲရေးနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး ပြတ်ပြတ်သားသား ရင်ဆိုင်ဖြေရှင်းနေကြတဲ့ တော်လှန်ရေးဖြစ်စဥ် ဖြစ်ပါတယ်။ ဟိုဘက်လား၊ ဒီဘက်လား ဘက်နှစ်ဘက်ပဲ ရှိပါတော့တယ်။ ကြား ဆိုတာ မရှိသလောက် ဖြစ်သွားပါပြီ။ ရေဆန်ခရီးမှာ ရေစုန်လိုက်ချင်သူတွေကတော့ မျောကျန်ဝေးကွာသွားမှာ အမှန်ပါပဲ။ ပြီးတော့ သမိုင်းက အချောင်သမားအားလုံးကို တောက်ချ ရှင်းလင်းသွားမှာ ဖြစ်ပါကြောင်း။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။