Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ငရဲမှာ ကြံ့ကြံ့ခံ ၆၅၀ (Opinion)

ယာဉ်ထိန်းရဲဆီကနေတောင် ဒဏ်ကြေးလက်မှတ်တစ်စောင်တလေ မရခဲ့ဖူးတဲ့ ဩစတြေးလျနိုင်ငံ သား ဘောဂဗေဒပါမောက္ခ ရှောင်တာနယ်ဟာ ဘဝတစ်ကွေ့မှာ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီရဲ့ အကျဉ်းသားဘဝ ရက်ပေါင်း ၆၅၀ ကြာ ဖြတ်သန်းခဲ့ရတယ်။

 

ကမ္ဘာ့တောင်ဘက်ခြမ်း ကြွယ်ဝတဲ့ ဩစတြေးလျနိုင်ငံက ပါမောက္ခတစ်ဦးအနေနဲ့ လူ့ပြည်ကအပ်တစ် စင်းနဲ့ ကောင်းကင်ဘုံကကျလာတဲ့ အပ်တစ်စင်းတို့ လေဟာပြင်မှာ တည့်တည့်တိုက်မိသလိုမျိုး။ နိုင်ငံခြားသား တစ်ဦးက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ရက်ပေါင်း ၆၅၀ အထိကြာ အကျဉ်းကျခံခဲ့ရတာ အင်မတန့်၊ အင်မတန်ပါးပါး ရှားရှား။

 

ရဲတွေ အများကြီးက ဟိုတယ် အောက်ထပ်မှာ မစ္စတာရှောင်တာနယ်ကို ဖမ်းဆီးဖို့ အလုပ်ရှုပ်နေခိုက် ဘီဘီစီကနေ ဖုန်းဝင်လာ၊ လက်ရှိအ ခြေအနေကို အင်တာဗျူးဖြေနေစဉ် ရဲအရာရှိတစ်ဦးရဲ့ ဖုန်းဖြတ်လုခြင်းခံရ။ 

 

အာဏာသိမ်းပြီး ၅ ရက်အကြာ ၂၀၂၁၊ ဖေဖေါ်ဝါရီ ၆ ရက်၊ ရန်ကုန်မြို့ဟိုတယ်တစ်ခုမှာ ကိုဗစ်ကွာလ တင်းဝင်နေတဲ့ ပါမောက္ခရှောင်တာနယ်ကို စစ်တပ်က လာဖမ်းသွားတယ်။ ရဲတွေ အများကြီးက ဟိုတယ် အောက်ထပ်မှာ မစ္စတာရှောင်တာနယ်ကို ဖမ်းဆီးဖို့ အလုပ်ရှုပ်နေခိုက် ဘီဘီစီကနေ ဖုန်းဝင်လာ၊ လက်ရှိအခြေအနေကို အင်တာဗျူးဖြေနေစဉ် ရဲအရာရှိတစ်ဦးရဲ့ ဖုန်းဖြတ်လုခြင်းခံရ။ 

 

အဲဒီနောက် တာမွေရဲစခန်းသို့ ခေါ်၊ ညသန်းခေါင်မှာ မစ္စတာရှောင်တာနယ်ကို နှိုးပြီး သူ့လက်တော့ပ် လျှို့ဝှက်နံပါတ် ခြိမ်းခြောက်တောင်းနေတာကြောင့် ပေးလိုက်ရ။ သန်းခေါင်ကျော် ၂ နာရီအချိန်မှာပဲ ကားတစ် စီးနဲ့ တာမွေရဲစခန်းကနေ အင်းစိန်စီအိုင်ဒီရုံးသို့ ရွှေ့တယ်။

 

“ကားပေါ်ကနေ ကျနော့်ကိုဆွဲချပြီး ကျနော့်ရဲ့ပုခုံးနဲ့ လက်မောင်းတွေကို ကိုင်ချုပ်ထားကြတယ်။ နောက်တော့ တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ ဒါဟာမြန်မာပြည်မှာ ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် ကြမ်းကြမ်းတမ်းတမ်း အဆက်ဆံခံဖူးတာပဲ။ အမှန်တော့ဘဝမှာ ဦးဆုံးအကြိမ် ဒီလိုအလုပ်ခံရတာ”

 

“ကားပေါ်ကနေ ကျနော့်ကိုဆွဲချပြီး ကျနော့်ရဲ့ပုခုံးနဲ့ လက်မောင်းတွေကို ကိုင်ချုပ်ထားကြတယ်။ နောက်တော့ တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ ဒါဟာမြန်မာပြည်မှာ ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် ကြမ်းကြမ်းတမ်းတမ်း အဆက်ဆံခံဖူးတာပဲ။ အမှန်တော့ဘဝမှာ ဦးဆုံးအကြိမ် ဒီလိုအလုပ်ခံရတာ”လို့ မစ္စတာ ရှောင်တာနယ်ကဆိုရဲ့။

 

အင်းစိန်စီအိုင်ဒီရုံးက အခန်းကျဉ်းလေးထဲ သူ့ကို ပစ်သွင်းလိုက်တယ်။ သူ့ကို စစ်ဆေးတဲ့အချိန်မှာ လည်း ခြေထိပ်လက်ထိပ်ခတ်၊ ရိုင်းပျစွာ ခြိမ်းခြောက်။ ကျပ်မပြည့်တဲ့ မင်းအောင်လှိုင်က မစ္စတာရှောင်တာနယ် ဟာ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ပြည်ပသို့ ကဲ့ထုတ်နေသူအဖြစ် မင်းအောင်လှိုင် ပုံဖော်လိုတဲ့အတိုင်း အဖြေရအောင် ကျွန်သဘောက်တွေက မရမက လျှောက်စစ်။

 

တစ်ကြိမ်မှာ စစ်ဆေးနေသူတစ်ဦးက မစ္စတာရှောင်တာနယ်ရဲ့ နားထင်ကို လက်ဝါးနဲ့ရိုက်ပြီး ဂုတ်ပိုး က ဆံပင်ကို မီးနဲ့တို့တယ်။ 

 

တစ်ကြိမ်မှာ စစ်ဆေးနေသူတစ်ဦးက မစ္စတာရှောင်တာနယ်ရဲ့ နားထင်ကို လက်ဝါးနဲ့ရိုက်ပြီး ဂုတ်ပိုး က ဆံပင်ကို မီးနဲ့တို့တယ်။ နိုင်ငံခြားသားပညာရှင်တစ်ဦးအပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရဲတယ်ဆိုတာ နေပြည်တော်စစ်ဗိုလ်ချုပ်တွေက ခွင့်ပြုထားလို့သာ လုပ်ရဲကြတာပေါ့။

 

အဲဒီအချိန်မှာ စစ်ကောင်စီက အခုမှအစွယ်ပေါက်ဖို့ ကြိုးစားနေဆဲကာလ၊ အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်ရမှာ မဝံ့မရဲဖြစ်နေသေးတဲ့ကာလမို့သာ တော်သေးတယ်လို့ ဆိုရမယ်ထင် တယ်။

 

၂၀၂၁၊ ဖေဖေါ်ဝါရီ ၉ ရက်နေ့၊  အသက် ၂၀ အရွယ် မြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းထဲ စစ်တပ်က ကျည်တစ် တောင့်ပစ်သွင်းပြီးနောက် လက်ရဲဇက်ရဲရှိလာတဲ့ စစ်တပ်ဟာ လက်နက်မဲ့ ဆန္ဒပြပြည်သူတွေကို ကျည်တစ် တောင့်ပြီးတစ်တောင့်နဲ့ ပစ်သတ်။ မတ်လ ၃ ရက်၊ မုံရွာမြို့ပေါ် ဆန္ဒပြနေတဲ့ ကဗျာဆရာကေဇဝင်းကို စစ်တပ်က ပစ်ခတ်ခဲ့တဲ့ ၂၀၂၁၊ မတ်လ ၃ ရက်မှာ တော်တော် အတင့်ရဲနေခဲ့ပြီ။  ၂၀၂၁၊ မေလ ၈ ရက်ညမှာဖမ်းပြီး တစ်ည တည်းနဲ့အပြတ် ရိုက်သတ်ခံရလို့ ကဗျာဆရာခက်သီ ကျဆုံးသွားချိန်မှာတော့ စစ်ကောင်စီဟာ သိမ်းထားတဲ့ အာဏာ တည်မြဲရေးအတွက် ဘာမဆို လုပ်ရဲတဲ့ အစွယ်ထွက်ပြီလို့ ဆိုနိုင်တယ်။

 

မစ္စတာရှောင်တာနယ် အဖမ်းခံရတဲ့အချိန် နည်းနည်းလေးစောသွားတာ ကံကောင်းတယ်လို့ ပြောရမ လား။ စစ်ကောင်စီ လက်ရဲဇက်ရဲရှိတဲ့အချိန်ကျမှ အဖမ်းခံရတယ်ဆို ကဗျာဆရာခက်သီတို့လို့ အသတ်မခံရနိုင် ပေမဲ့ နှိပ်စက်ညှင်းပန်းမှုတွေက အခုထက် များစွာ ရှိမှာ အသေအချာ။

 

“ဘဝတစ်လျှောက်လုံး တက္ကသိုလ်ဝင်းနဲ့ စာသင်ခန်းတွေမှာသာရှင်သန်ကြီးပြင်းလာခဲ့သူ။ အတိုက် အခံပြောဖို့ဆိုရင် ကိုယ့်ကျောင်းသားတွေကို သူတို့ အက်ဆေးတွေ အဲဒီလောက်မကောင်းပါဘူးလို့ပြောဖို့ တောင် ဝန်လေးတတ်သူ။ အဲဒီလို လူတစ်ယောက်အတွက် အင်းစိန်ထောင်ဟာ စိတ်ကူးထဲမှာတောင် ထည့်မတွေးမိအောင် ဝေးကွာလွန်းလှတဲ့ နေရာတစ်ခုပါ”

 

စစ်ကြောရေးအပြီးမှာ အင်းစိန်ထောင် တိုက် ၄ ထဲကို မစ္စတာရှောင်တာနယ် ရောက်သွားတယ်။ အင်းစိန်ထောင်ဆိုတာ သူလို ပညာရှင် ပါမောက္ခတစ်ယောက်နဲ့ ဘယ်လိုမှ မဆိုင်တဲ့နေရာ။

 

“ဘဝတစ်လျှောက်လုံး တက္ကသိုလ်ဝင်းနဲ့ စာသင်ခန်းတွေမှာသာရှင်သန်ကြီးပြင်းလာခဲ့သူ။ အတိုက် အခံပြောဖို့ဆိုရင် ကိုယ့်ကျောင်းသားတွေကို သူတို့ အက်ဆေးတွေ အဲဒီလောက်မကောင်းပါဘူးလို့ပြောဖို့ တောင် ဝန်လေးတတ်သူ။ အဲဒီလို လူတစ်ယောက်အတွက် အင်းစိန်ထောင်ဟာ စိတ်ကူးထဲမှာတောင် ထည့်မတွေးမိအောင် ဝေးကွာလွန်းလှတဲ့ နေရာတစ်ခုပါ”လို့ မစ္စတာရှောင်တာနယ်ကဆိုတယ်။

 

နိုင်ငံတကာအဆင့် ဘောဂဗေဒပညာရှင်၊ ဩစတြေးလျတက္ကသိုလ် ပါမောက္ခ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စီးပွားရေးအကြံပေး။ မစ္စတာရှောင်တာနယ်ရဲ့ ဂုဏ်ပုဒ်တွေက သိပ်ကြီးလွန်းလှပေမဲ့ အင်းစိန်ထောင်ထဲမှာ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့မခြား နေရတယ်။ ထောင်ထဲရောက်ပြီး တစ်လလောက်အကြာ ၂၀၂၁၊ မေ ၁၂ မှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တ ရားရုံး အထွက် ထောင်ဗူးဝ အပြင်ဘက်မှာ ကားစောင့်နေတုန်း ရဲတစ်ယောက်က ခြေထောက်နဲ့ အကြောင်း မဲ့ကန် တာခံရသေးတယ်။

 

နိုင်ငံခြားသားပညာ ရှင်တစ်ဦးအတွက် မသေထမင်း မသေဟင်းကျွေးပြီး မသေရုံတမယ်ထားတဲ့ အင်းစိန်ထောင်တိုက်ခန်းဆိုတာ ငရဲတမျှ ကြောက်မက်ဖွယ်ကောင်းခဲ့တယ်။

 

တရားရုံးလိုက်ပို့တဲ့ရဲဆိုတာ တရားရုံးထုတ် အမှုရင်ဆိုင်ဆဲအကျဉ်းသားတွေ မပြေးရင်ပြီးရော။ အကြံ အဖန်ဂွင် ငွေရဖို့ကလွဲလို့ တခြားဘာမှစိတ်မဝင်စားတဲ့သူတွေ၊ အထူးသဖြင့်အာရုံအနောက်ခံပြီး ရုံးထုတ်အ ကျဉ်းသားတွေနဲ့ ဘာပြဿနာမှအဖြစ်မခံလိုကြောင်း ထောင်ထဲကနေ တရားရုံးထွက် အမှုရင်ဆိုင်ဖူးသူတိုင်း သိပြီးသား။ ပြီးတော့ ရဲတပ်သားမပြောနဲ့၊ ရဲအရာရှိကအစ မစ္စတာရှောင်တာနယ်လို အရေးကြီး နိုင်ငံခြားသား နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့မပြောနဲ့ စိတ်နဲ့တောင် မပြစ်မှားရဲတာ အသေ အချာ။ အဲဒီလို အနေအထားမှာ ဘာမဟုတ်တဲ့ ရဲသားတစ်ယောက်က မစ္စတာရှောင်တာနယ်ကို ဘာ့ကြောင့်အ ကြောင်းမဲ့ ကန်ကျောက်ရတာလဲလို့မေးရင် တာဝန်ရှိသူတစ်ဦးဦးက ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ခိုင်းခြင်း ကြောင့်လို့ယတိပြတ် ဖြေဆိုရမှာပါပဲ။ ပြီးတော့ မစ္စတာရှောင်တာနယ်ကို တရားရုံးအသွားအပြန် သီးခြားပို့ ဆောင်ခြင်းမရှိဘဲ တခြားအကျဉ်းသားတွေနဲ့အတူ ကျပ်သိပ်နေတဲ့အချုပ်ကားနဲ့သာ လိုက်ခိုင်းတာဟာ ရည် ရွယ်ချက်ကြီးစွာနဲ့ ညှင်းပန်းနှိပ်စက်ခြင်းတစ်နည်းပါပဲ။

 

မစ္စတာရှောင်တာနယ် အင်းစိန်ထောင် တိုက်ထဲမှာ နေခဲ့စဉ်ကာလတစ်လျှောက် တခြားနိုင်ငံရေးအ ကျဉ်းသားတွေထက် အခွင့်အရေးပိုရတာဆိုလို့ မိသားစုနဲ့ ဖုန်းပြောခွင့်ရတာတစ်ခုတည်း။ နိုင်ငံခြားသားပညာ ရှင်တစ်ဦးအတွက် မသေထမင်း မသေဟင်းကျွေးပြီး မသေရုံတမယ်ထားတဲ့ အင်းစိန်ထောင်တိုက်ခန်းဆိုတာ ငရဲတမျှ ကြောက်မက်ဖွယ်ကောင်းခဲ့တယ်။ ဒါပေမဲ့၊ မစ္စတာရှောင်တာနယ်ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ အင်းစိန်ထောင် တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အလေးအနက်ထား ပံ့ပိုးကူညီပေးမှုက သူ့လက်သီးဆုပ်ကို ကျစ်ကျစ် ပါစေခဲ့တယ်။

 

အခန်းကြမ်းပြင်မှာ ရေတွေအိုင်၊ ပိုးလောက်လန်းတွေနဲ့။ မိုးရွာရင် မိုးယို၊ နံရံတွေက ညစ်ပတ်ပြီး မှိုနံ့စွဲ။ ခပ်ညစ်ညစ် စောင် ၂ ထည်ပေးထား။ အင်းစိန်ထောင်တိုက်ခန်းထက် ပိုဆိုးတဲ့နေရာ။ ရာသီဥတုကလည်း ပူလိုက်တာမှ လွန်ရော။

 

အင်းစိန်ထောင်မှာ အသားကျလာတော့ နေပြည်တော်အချုပ်ထောင် ထပ်ပြောင်းခံရတယ်။ ၂၀၂၁၊ စက်တင်ဘာ ၂၁ ရက်၊ နေပြည်တော်အချုပ်ထောင်ပို့စဉ် ကားပေါ်ကို ဆောင့်တွန်းတင် ခံရသေးတယ်။ နေပြည်ထောင်အချုပ်ထောင်ရောက်တော့ အရက်နံ့ထောင်းထောင်းထနေတဲ့ ထောင်ပိုင်က ဆီးကြိုတယ်။ နေပြည်တော်အချုပ်ထောင်ထဲ မစ္စတာရှောင်တာနယ်နေရတဲ့နေရာက NLD အစိုးရရဲ့ အရေးပါသူတွေကို သီးသန့်ထား တဲ့ ဗွီအိုင်ပီဝင်း။ အခန်းကြမ်းပြင်မှာ ရေတွေအိုင်၊ ပိုးလောက်လန်းတွေနဲ့။ မိုးရွာရင် မိုးယို၊ နံရံတွေက ညစ်ပတ်ပြီး မှိုနံ့စွဲ။ ခပ်ညစ်ညစ် စောင် ၂ ထည်ပေးထား။ အင်းစိန်ထောင်တိုက်ခန်းထက် ပိုဆိုးတဲ့နေရာ။ ရာသီဥတုကလည်း ပူလိုက်တာမှ လွန်ရော။ ဒီကြားထဲ  စာမဖတ်ရ မနေနိုင်တဲ့ မစ္စတာရှောင်တာနယ်ဆီကနေ စာအုပ်တွေ သိမ်း၊ သံရုံးတိုင်မယ်ဆိုမှ စာအုပ်ပြန်ပေးသတဲ့။

 

နေပြည်တော်အချုပ်ထောင်ကနေ ဆက်လက် တရားရင်ဆိုင်ခဲ့ရတယ်။ “တရားဝင်မဟုတ်တဲ့ အာဏာသိမ်းစစ်ကောင်စီက တရားဝင်အစိုးရအဖွဲ့ကို တရားစွဲတာဟာ ရယ်ဖို့တော့ အကောင်းသားလား” လို့ မစ္စတာရှောင်တာနယ်က ဆိုတယ်။ မတရားအာဏာနဲ့တည်ဆောက်ထားတဲ့ တရားရုံးထဲမှာ အရေမရအဖတ်မ ရ လုပ်ကြံလီဆယ်ထားသမျှ လျှောက်လဲချက်တွေကို အချိန်အကြာကြီး ငုတ်တုတ်ထိုင် နားထောင်ခဲ့ရတယ်။

 

“အမှုစစ်နေတဲ့ ကာလတစ်လျှောက်လုံးမှာ ဒေါ်စုဟာ ကျနော်တို့ကို စိတ်ခွန်အားတွေ ပေးခဲ့ပါတယ်။ ကျနော်တို့ အားလုံးအပေါ် သူ့ဆက်ဆံရေးက အရင်ကလိုပဲ။ တည်ကြည်တယ်၊ ခိုင်မာတယ်၊ ဂရုစိုက်တယ်။ သူ ကိုယ်တိုင် ကြုံနေရတဲ့ ဒုက္ခတွေရဲ့ အထက်မှာနေနိုင်တယ်ဆိုတာကိုလည်း သူ သက်သေပြသွားတယ်”

 

“အမှုစစ်နေတဲ့ ကာလတစ်လျှောက်လုံးမှာ ဒေါ်စုဟာ ကျနော်တို့ကို စိတ်ခွန်အားတွေ ပေးခဲ့ပါတယ်။ ကျနော်တို့ အားလုံးအပေါ် သူ့ဆက်ဆံရေးက အရင်ကလိုပဲ။ တည်ကြည်တယ်၊ ခိုင်မာတယ်၊ ဂရုစိုက်တယ်။ သူ ကိုယ်တိုင် ကြုံနေရတဲ့ ဒုက္ခတွေရဲ့ အထက်မှာနေနိုင်တယ်ဆိုတာကိုလည်း သူ သက်သေပြသွားတယ်”လို့ လည်း မစ္စတာရှောင်တာနယ်က ဆိုတယ်။

 

မစ္စတာရှောင်တာနယ်ကို ထောင် ၃ နှစ်ချပြီးနောက် အင်းစိန်ထောင်သို့ ပြန်ပို့။ ၂၀၂၂ နိုဝင်ဘာ ၁၇ မှာ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်။ စုစုပေါင်းအကျဉ်းစံရက် ၆၅၀။ ထောင်ထဲမှာ ထိုးပေးခဲ့တဲ့တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး ၄ ကြိမ်ဆိုတာ မိုးရေတွေများလား။ မစ္စတာရှောင်တာနယ် ကိုဗစ် ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီကိုဗစ်က သူ့အသက်ကို နှုတ်မယူနိုင်ခဲ့တာလည်း သူ့စိတ်ဓာတ်ခွန်အားကြောင့်လို့ ဆိုရမှာပါပဲ။

 

သေချာတာကတော့ ရက်ပေါင်း ၆၅၀ ဆိုတာ မစ္စတာရှောင်တာနယ်လို ထောင်အုတ်ရိုးကိုတောင် သေချာမြင်ခဲ့ဖူးဟန်မတူတဲ့ ပညာရှင်တစ်ယောက်အတွက် တကယ့်ငရဲပါပဲ။ ပြီးတော့ မစ္စတာရှောင်တာနယ်ကို တူတူတန်တန်အခွင့်အရေးတွေနဲ့ သင့်တော်တဲ့ နေရာထိုင်ခင်းမပေးတဲ့အပြင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ညှင်းပန်းမှုတွေကို စစ်ကောင်စီ ဘာ့ကြောင့် လုပ်ဆောင်ခဲ့ပါသလဲ။

 

သေနတ်လေး ပစ်တတ်တာကလွဲလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ် နေရာမှာမှ ယှဉ်လို့မရမှန်း ရင်နာနာနဲ့သိရှိလေတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာမကြေ မုန်းရ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်သူမှန်သမျှကိုလည်း တူးတူးခါးခါးမုန်းရ။

 

မင်းအောင်လှိုင်ရဲ့ ထိန်းမနိုင်သိမ်းမရ အငြိုးတကြီးစိတ်ရဲ့ ခိုင်းစေချက်ကြောင့်ပါပဲ။ မင်းအောင်လှိုင် ရဲ့သမ္မတရူးအိပ်မက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ရွေးကောက်ပွဲနှစ်ဆက် အလွယ်တကူချေမွ ဖျက်ဆီးခဲ့တယ် မဟုတ်လား။ ၅ နှစ်လေး တိုင်းပြည်အုပ်ချုပ်ခွင့် အကန့်အသတ်နဲ့ရခဲ့တာတောင် တိုင်းပြည်စီး ပွား တိုးတက်အောင် လုပ်သွားခဲ့လေခြင်းဆိုပြီး ကြိတ်မနိုင်ခဲမရစိတ် သကောင့်သား မင်းအောင်လှိုင်စိတ်ထဲ ခိုင်ခိုင် မာမာရှိမယ်လို့လည်း ထင်တယ်။ အဲဒီ ၅ နှစ်ရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအကြီးအကျယ် အောင်ပွဲ ဆက်ဆင်။ သေနတ်လေး ပစ်တတ်တာကလွဲလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ် နေရာမှာမှ ယှဉ်လို့မရမှန်း ရင်နာနာနဲ့သိရှိလေတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာမကြေ မုန်းရ၊ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်သူမှန်သမျှကိုလည်း တူးတူးခါးခါးမုန်းရ။ ဖြစ်ချင်တာက နိုင်ငံ့ခေါင်းဆောင်၊ ဖြစ်နေတာက ထိန်းမနိုင်သိမ်းမရ မနာလိုစိတ်ကြီးလှတဲ့ ဂုဏ်သရေပျက်လူအန္ဓ မင်းအောင်လှိုင်။

 

အာဏာရှင်ကြီး၊ အာဏာရှင်ငယ်နဲ့ အာဏာရှင်ဖြစ်ဖို့ရာ အရူးမီးဝိုင်းနေသူတွေရဲ့ သန္ဓေမှာကိုက ပြည် သူမပေးတဲ့အာဏာ လက်နက်အားကိုးနဲ့ သိမ်းပိုက်ထားခြင်းအပေါ် သိမ်ငယ်စိတ်ရှိကြတယ်။အဲ ဒီသိမ်ငယ် စိတ်ကို မရမက ပြောင်းပြန်လှန်ကြတဲ့အခါမှာတော့ ကိုယ့်လောက်တတ်သူ ဘယ်သူမှမရှိဘူးဆိုတဲ့ ဘဝင်ရူး စိတ်။ပြီးတော့ ကိုယ့်ပြည်မှာ ကိုယ့်ဘာသာ ဘာလုပ်လုပ် ဘယ်သူမှ လာပြောစရာမလိုဘူးဆိုတဲ့ တဇောက် ကန်းစိတ်။ အဲဒီလို စိတ်တွေကြောင့်ပဲ နိုင်ငံခြားသားဆိုလည်း အထင်မကြီး၊ နိုင်ငံခြားသားဆို မုန်းတီး။

 

တိုင်းပြည်စီးပွားတိုးတက်အောင် လုပ်တဲ့အထဲ မစ္စတာရှောင်တာနယ်ကလည်း တစ်တပ်တအား ပါဝင် ခဲ့တယ်မဟုတ်လား။ မင်းအောင်လှိုင်အံကြိတ်ထားသမျှ လက်တွေ့ နှိပ်စက်ပြခဲ့တယ်။

 

ငရဲမှာ ရက်ပေါင်း ၆၅၀။ မစ္စတာရှောင်တာနယ် ကြံ့ကြံ့ခံ။ ဒူးမထောက် လက်မမြှောက် သူရဲကောင်း ဆန်စွာ သူ ပြန်လွတ်လာ။ သန္ဓေယုတ်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ မတရားအာဏာကို ကမ္ဘာကြီးသိအောင် မစ္စတာရှောင်တာနယ် ဖွင့်ချခဲ့တယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။