ဟေ့ကောင် လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ၊ မင်းတို့ စစ်အာဏာရှင်တတွေ "မြောက်ကြောက် ရောဂါ" ဖြစ်နေကြပြီလားကွ။ မှန်ကြည့်၊ လက်ကြည့်၊ ခြေထောက်ကြည့် လုပ်မနေကြနဲ့အုံး။ ဒို့ပြောတာက အာဖရိကမှာ စတင် ဖြစ်ပွားခဲ့တဲ့ မျောက်ကျောက်ရောဂါကို ပြောတာ မဟုတ်ဘူး။ မင်းတို့တတွေ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ကို ကြောက်နေရလို့ မြောက်ကြောက်ရောဂါ ဖြစ်နေကြတယ်လို့ ပြောတာ။
ဟုတ်တယ်လေကွာ၊ မင်းတို့က မဟာမိတ်သုံးဖွဲ့ MNDAA, TNLA, AA တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တယ် မဟုတ်လား။ အဲဒါက မင်းတို့အနေနဲ့ ကြောက်ကန် ကန်လိုက်ကြတဲ့ လုပ်ရပ်ပါပဲ။ ကြောက်မယ်ဆို ကြောက်စရာ ကောင်းလောက်ပါရဲ့။ MNDAA က လောက်ကိုင်တင်မက အခုဆို မင်းတို့ရဲ့ တတိယအင်အားအကြီးဆုံး ရမခ စစ်တိုင်းရှိရာ လားရှိုးကို လာရောက် သိမ်းပိုက်လိုက်ပြီလေ။ လျှပ်စစ်မီး ပြန်လည်ရရှိရေး၊ အက်တာချိတ်ဆက်မှုတွေ ပြန်လည် ရရှိရေး ဆိုတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေပေါ့။
TNLA ကလည်း မိုးကုတ်၊ နောင်ချို တို့ကို သိမ်းပိုက်ထားနိုင်ရုံမက မင်းတို့ရဲ့ စစ်တပ်မြို့တော်လို့ သတ်မှတ်ထားတဲ့ ပြင်ဦးလွင်ကိုတောင် ခြိမ်းခြောက်နေပြီ။ ခုဆို ပြင်ဦးလွင် မဆုံးရှုံးရေးအတွက် ကာကင်းလို့ သတ်မှတ်နိုင်တဲ့ တောင်ခမ်း အမြောက်တပ်ရင်းကြီး လက်လွှတ်လိုက်ရပြီ မဟုတ်လား။
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က မင်းတို့ ကျူးကျော်တည်ဆောက်ထားတဲ့၊ တပ်စွဲထားတဲ့ ဗျူဟာကုန်းတွေ၊ စခန်းတွေကို တိုက်ခိုက်နေကြတာလေ။ အရပ်သားပြည်သူတွေ နေထိုင်ကြတဲ့ ရွာတွေမြို့တွေကို လက်နက်ကြီးတွေနဲ့ ထုနေကြတာမှ မဟုတ်တာကလား။ စစ်ကို စစ်နဲ့အညီ၊ စစ်နဲ့တူအောင် တိုက်နေကြတဲ့ သူတွေ။
AA ကလည်း ရခိုင်ပြည်နယ်ရဲ့ သုံးပုံ နှစ်ပုံကျော်ကို သိမ်းပိုက်ထားလိုက်ပြီလေ။ မင်းတို့ အားကိုးအားထား ပြုနေတဲ့ မောင်ရွှေလေး ရေတပ်စခန်းကြီးတောင် ကျရှုံးသွားပြီ မဟုတ်ပါလား။ ကျန်ရှိတဲ့ တောင်ကုတ်၊ စစ်တွေ၊ အမ်းနဲ့ မာန်အောင် တို့လည်း မနက်ဖြန်လား၊ သဘက်ခါလား က်လွှတ်ရတော့မှာက ရာနှုန်းပြည့် ဖြစ်နေပြီ။ ဒီတော့ မင်းတို့ ကြောက်ကြမယ်ဆိုလည်း ကြောက်လောက်စရာ ဖြစ်နေတာပေါ့ကွာ။
ဒါပေမဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မင်းတို့က ကြေညာတာကတော့ "သူခိုးက လူဟစ်" သလို ဖြစ်နေပါတယ်ကွာ။ ငထွားက ပြောင်းပြန် ပိုးလိုးပက်လန်တွေ ဖြစ်လို့။ ဟုတ်တယ်လေကွာ၊ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က မင်းတို့ ကျူးကျော်တည်ဆောက်ထားတဲ့၊ တပ်စွဲထားတဲ့ ဗျူဟာကုန်းတွေ၊ စခန်းတွေကို တိုက်ခိုက်နေကြတာလေ။ အရပ်သားပြည်သူတွေ နေထိုင်ကြတဲ့ ရွာတွေမြို့တွေကို လက်နက်ကြီးတွေနဲ့ ထုနေကြတာမှ မဟုတ်တာကလား။ စစ်ကို စစ်နဲ့အညီ၊ စစ်နဲ့တူအောင် တိုက်နေကြတဲ့ သူတွေ။ အကြမ်းဖက်တယ်လို့ မဆိုနိုင်ပါဘူး။
အဆိုးဝါးဆုံးက လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့တွေကို စစ်ရေးပစ်မှတ် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေရဲ့ စစ်ဘေးရှောင်စခန်းတွေကို ယုတ်ယုတ်မာမာနဲ့ လေကြောင်းကနေ ဗုံးကြဲနေကြခြင်းပါပဲ။
မင်းတို့ကသာ အရပ်သားပြည်သူတွေ နေထိုင်ကြတဲ့ ရွာတွေ မြို့တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြတာ မဟုတ်ပါလား။ ပြီးတော့ အဆိုးဝါးဆုံးက လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့တွေကို စစ်ရေးပစ်မှတ် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေရဲ့ စစ်ဘေးရှောင်စခန်းတွေကို ယုတ်ယုတ်မာမာနဲ့ လေကြောင်းကနေ ဗုံးကြဲနေကြခြင်းပါပဲ။ ဘယ်နှယ်ကွာ၊ တရားလက်လွတ်။ လောလောဆယ် နမ့်ခမ်းမြို့၊ မြိုင်မြို့နယ်ထဲက လက်ယက်မရွာ၊ ဖယ်ခုံဘက်က စစ်ဘေးရှောင်စခန်းတွေကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတာဟာ အင်မတန် ယုတ်မာတဲ့ စစ်ရာဇဝတ်မှုတွေပဲ။
ဒီမှာ လေတပ်က စ.ခတွေကိုလည်း ပြောထားရအုံးမယ်။ ဘာလဲဆိုတော့ တော်လှန်ရေးကြီး အောင်မြင်ပြီးဆုံးရင်တော့ "အမိန့်အရ လုပ်ကိုင်ဆောင်ရွက်ရတာပါ" ဆိုတဲ့ လျှောက်လဲချက်နဲ့ သင်ပုန်းချေလို့ မရပေဘူး ဆိုတာပဲ။ မင်းတို့အနေနဲ့ စစ်ရေးပစ်မှတ်လား၊ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူပစ်မှတ်လား ဆိုတာလောက်တော့ ခွဲခြားသိနိုင်ကြမှာပါကွာ။ ခုတော့ ခွေးပြော ခွေးယုံ ဆိုတဲ့ကောင်တွေ၊ အလိုတူ အလိုပါတွေ၊ စစ်ရာဇဝတ် ကျူးလွန်ကြတဲ့ သူတွေ။
ပြောချင်တာကတော့ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သူတို့ တိုင်းရင်းသားတွေ စစ်ကျွန်ဘဝက လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး အစဥ်ထာဝရ ဖော်ဆောင်နိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေး ဆိုတဲ့ မွန်မြတ်တဲ့ ရည်မှန်းချက်တွေနဲ့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ သူတွေကွ။ မင်းတို့ကသာ မင်းတို့အာဏာ တည်မြဲရေးအတွက် ပြည်နယ် ပြည်မ မရွေး အပြစ်မဲ့ပြည်သူတွေကို မချန်၊ အားလုံးအပေါ် အကြမ်းဖက်နေကြတာ ဒီတော့ မင်းတို့ စစ်အာဏာရှင်တွေကသာ အကြမ်းဖက်သမား စစ်စစ်တွေ ဟုတ်ပြီလား။
ခုဆို လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ က ဆုံးရှုံးသွားတဲ့ ကရင်နီဒေသနဲ့ ရှမ်းမြောက်ဒေသ နယ်မြေတွေကို ပြန်လည်ရရှိဖို့အတွက် "ရန်နိုင်မင်း စစ်ဆင်ရေး" ဆင်နွှဲမယ်ဆိုပြီး ကယောင်ကတမ်းတွေ ပြောလာပြန်တယ်။
ပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာလိုက်ခြင်းဟာ တရုတ်၊ အာဆီယံအပါအဝင် နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေကြတဲ့ အားလုံးပါဝင် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာကို ပယ်ချလိုက်ခြင်းပါပဲ။ ဒင်းတို့ စစ်အာဏာရှင်တွေ အစဥ်တစိုက် ကျင့်သုံးလာတဲ့ အမြစ်ပြတ်ချေမှုန်းရေး လမ်းစဥ်အတိုင်း ဆက်လုပ်သွားမယ်လို့ စိမ်ခေါ်လိုက်ခြင်းပါပဲ။ ဗိုလ်နေဝင်း လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ အမြစ်ပြတ် ချေမှုန်းရေး လမ်းစဥ်ဟာ နှစ်ပေါင် ၆၀ ကျော်လာပြီ။ ဘယ်မှာ အမြစ်ပြတ်ခဲ့လို့လဲ။ မှတ်မိသေးရဲ့။ နဝတ လက်ထက် ဒုချုပ် မောင်အေးက ကော်သူလေးအလံကိုခြေနဲ့နင်းပြီး "နောင်တချိန်ဆိုရင် ကရင်လူမျိုးဆိုလို့ နတ်ကွန်းမှာပဲ တွေ့ရတော့မယ်" ဆိုတဲ့ စကား။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင်တွေဟာ သူတို့အာဏာ တည်မြဲရေးအတွက် အဆုံးစွန်ထိ မိုက်ကန်းကြမှာပါ။
ခုဆို လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ က ဆုံးရှုံးသွားတဲ့ ကရင်နီဒေသနဲ့ ရှမ်းမြောက်ဒေသ နယ်မြေတွေကို ပြန်လည်ရရှိဖို့အတွက် "ရန်နိုင်မင်း စစ်ဆင်ရေး" ဆင်နွှဲမယ်ဆိုပြီး ကယောင်ကတမ်းတွေ ပြောလာပြန်တယ်။ ရန်ကိုနိုင်တဲ့ မင်းရဲ့စစ်ဆင်ရေးပေါ့လေ။ 'မင်း' ဆိုတာက ရှေးခေတ် ဝေါဟာရ အသုံးအနှုန်း၊ ခုခေတ်မှာတော့ သမ္မတပေါ့လေ ... ဟေ...ဟေ...။ ဒါပေမဲ့ ဒင်းက သမ္မတမှ မဟုတ်တာကလား။ ယာယီသမ္မတတောင် အရှက်မရှိ ဒင်းဘာသာ ဒင်း ဇွတ်ယူထားတာလေ။ ဒီတော့ ရန်ကိုနိုင်တဲ့ မင်းရဲ့ စစ်ဆင်ရေးက စ.ခ အလောင်းတွေ တောင်တန်းလို စုပုံနေမှာ မြင်ယောင်မိပါသေးရဲ့။ အခု ယတြာပေးနေတဲ့ ကတုံးရေ အဆင်းကို ဘီးတပ်ပေးနေတာလားဟ။
ရန်နိုင်မင်းစစ်ဆင်ရေးကို ဆင်နွှဲကြမယ့် စ.ခတွေကို မှာကြားလိုက်စရာ စကားတခွန်းပဲ ရှိပါတော့တယ်။ ဘာလဲ ဆိုတော့ တခါတည်းသာ မင်းတို့ကိုယ်မင်းတို့ သရဏဂုံ တင်သွားကြပေတော့လို့။
သိကြတဲ့အတိုင်း ကရင်ပြည်နယ်ဘက် နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကြီး ဘာဖြစ်သွားသလဲ။ ဒါတောင် ကရင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တခုတည်း ရင်ဆိုင်ရတာနော်။ အခု ကရင်နီ၊ ရှမ်းမြောက်မဟာမိတ်သုံးဖွဲ့ အားလုံးပေါင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့နဲ့ ရင်ဆိုင်ကြရမှာပါ။ ဒို့အနေနဲ့တော့ ရန်နိုင်မင်းစစ်ဆင်ရေးကို ဆင်နွှဲကြမယ့် စ.ခတွေကို မှာကြားလိုက်စရာ စကားတခွန်းပဲ ရှိပါတော့တယ်။ ဘာလဲ ဆိုတော့ တခါတည်းသာ မင်းတို့ကိုယ်မင်းတို့ သရဏဂုံ တင်သွားကြပေတော့လို့။ ဟုတ်တယ်လေ၊ မင်းတို့က စစ်ဆင်ရေး လုပ်မယ် ပြောကာရှိသေး၊ TNLA က တောင်ခမ်းအမြောက်တပ်ကို သိမ်းပိုက်လိုက်ပြီ။ PDF နဲ့ KIA ပူးပေါင်းအဖွဲ့က ပင်လည်ဘူးမြို့ကို သိမ်းပိုက်လိုက်ပြီ မဟုတ်ပါလား။
ဒါ့အပြင် NUG ကလည်း မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကို ပြည်သူ့ရန်သူ အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာလိုက်ပြီ၊ ပြည်သူ့ရန်သူအဖွဲ့အစည်း အဖြစ် ကြေညာမှတော့ စ.ခ၊ ရ.ခ အပါအဝင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဒေါက်တိုင်အားလုံး ပါဝင်သွားပြီပေါ့ကွာ။ ကိုင်း ခြံစည်းရိုး ခွထိုင်လို့တော့ မဖြစ်တော့ဘူး။ တဘက်ဘက်မှာသာ ပြတ်ပြတ်သားသား ရပ်တည်ကြတော့စို့ရဲ့။ ခုဆို မြိုင် PDF တွေက စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ဖွတ်ရုံးတွေကို ဖျက်ဆီးလိုက်နိုင်ကြပြီ။ အသစ် ပြန်လည် တည်ဆောက်ကြမယ်တဲ့လေ။
ဒီမှာ အကြမ်းဖက်အဖွဲ့အစည်းဟာ သမိုင်းဝင် စစ်ရှုံးအဖွဲ့အစည်းသာမက သမိုင်းဝင် စီးပွားရေး ဖြိုလှဲသူ အဖွဲ့အစည်း ဖြစ်တော့မယ်။ ဘယ်ဗျာ ... အာဏာသုံးရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူထားမှတော့ ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်လောက်တော့ ဖြည့်ဆည်းပေးနိုင်ရမှာပေါ့။ အခု လောင်စာဆီနဲ့ စားဆီ တင်သွင်းမှု ပမာဏကို ထက်ဝက် လျှော့ချပစ်လိုက်တယ်။ စစ်လက်နက်ပစ္စည်း တင်သွင်းမှုကိုတော့ ဆထက်တံပိုး တိုးပြီး တင်သွင်းနေကြတယ်။ ဒီအချက်ဟာ စစ်အာဏာရှင်တွေအနေနဲ့ ဒင်းတို့ ကိုယ်ကျိုးအတွက်သာ ရှေ့ရှုတယ်ဆိုတာ ထင်ရှားစေတယ်။
ပြည်ပထွက်ကြတဲ့ လူငယ်တွေရဲ့ ပတ်စ်ပို့တွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ် ချုပ်ခြယ်ပိတ်ပင်လာတယ်။ ပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို အတင်းအကြပ် ပြန်လည်ပေးပို့စေတယ်။ မပေးပို့ရင် ဘာလုပ်မယ် ညာလုပ်မယ်လို့ ခြိမ်းခြောက်လာတယ်။
"သူ့ချည်းသာလော၊ ဆားနဲ့ပါ ဘုရား" ဆိုတာလို စ.ခအင်အား ယုတ်လျော့လာတော့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တယ်။ မပူးပေါင်းတော့ အတင်းဓမ္မ ပေါ်တာဆွဲတယ်။ လုပ်ငန်းခွင်ထဲ၊ အိမ်ထဲထိ ဖမ်းဆီးလာတယ်။ ပြည်ပထွက်ကြတဲ့ လူငယ်တွေရဲ့ ပတ်စ်ပို့တွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ် ချုပ်ခြယ်ပိတ်ပင်လာတယ်။ ပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို အတင်းအကြပ် ပြန်လည်ပေးပို့စေတယ်။ မပေးပို့ရင် ဘာလုပ်မယ် ညာလုပ်မယ်လို့ ခြိမ်းခြောက်လာတယ်။ အကြမ်းဖက်အဖွဲ့အစည်းဟာ ပြည်သူအပေါ် ဥပဒေမဲ့မှုတွေနဲ့ ပိုမိုပြီး အကြမ်းပတမ်း ပြုလုပ်လာတာကို တွေ့ကြရတယ်။
ဒီမှာ ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ် အာဏာသိမ်းတော့ ပြည်ထောင်စုကြီး ပြိုကွဲပြီး တိုင်းပြည်ဟာ ချောက်ကမ်းပါးထဲ ကျဖို့ "လက်နှစ်လုံး အလို" အနေအထားကြောင့် သိမ်းရပါတယ်လို့ အကြောင်းပြခဲ့တယ်။ အခု စစ်အာဏာရှင် အကြမ်းဖက်အဖွဲ့အစည်းရဲ့ ဒင်းတို့ အကျိုးစီးပွားအတွက် အာဏာသိမ်းခဲ့လို့ ဒို့နိုင်ငံဟာ ကျရှုံးနိုင်ငံ ဖြစ်ရုံမက ကျဆုံးနိုင်ငံ ဖြစ်ပါတော့မယ်။ လက်နှစ်လုံးအလို မဟုတ်တော့ဘူး၊ လက်တလုံးသာ လိုပါတော့တယ်။
ဒီတော့ကာ စ.ခ၊ ရ.ခ တွေအနေနဲ့ စစ်အာဏာရှင်ရဲ့ ကျွန်ဘဝက ရုန်းထွက်ကြဖို့ လိုပါတယ်။ ပြည်သူအားလုံးကလည်း စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးကို ကိုယ်တတ်နိုင်တဲ့၊ ကိုယ်စွမ်းနိုင်တဲ့ အပိုင်းကနေ တယောက်မကျန် ပါဝင်ကူညီ အားဖြည့်ကြဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်တွေကြောင့် ကျဆုံးနိုင်ငံ ဖြစ်ဖို့ လက်တလုံး အလို၊ ဒို့နိုင်ငံကို ပြည်သူအားလုံး တယောက်မကျန် ပါဝင် ကယ်ထုတ်ကြပါစို့...။ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး မုချ အောင်ရမယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။