Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပြည်သူ့ချဥ်ဖတ် (Opinion)

ဘယ်လိုလဲကွ၊ လူယုတ်မာ အကြမ်းဖက်​ခေါင်း​ဆောင် မ.အ.လ ​ရ၊ အခုရက်ပိုင်းမှာ တရုတ်ကြီး​ရော မင်း​ရော လှုပ်ရှားကြ ပြာယာခတ်ကြလို့ပါလား။ ထူးခြားဖြစ်စဥ်​တွေ ဖြစ်​နေကြဟန်တူပါရဲ့။ 

 

တရုတ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို အ​ပြောင်းအလဲ လုပ်လိုက်တယ်။ ဒီ​နောက် နိုင်ငံခြား​ရေး ဝန်ကြီးက ထိုင်းနိုင်ငံမှာ လုပ်မယ့် မဲ​ခေါင် - လန်ချန် အစည်းအ​ဝေး တက်​ရောက်ဖို့ အသွား မြန်မာနိုင်ငံကို ဝင်လာတယ်။ မင်းနဲ့​ရော၊ အာဏာရှင်​ဟောင်း ဗိုလ်သန်း​ရွှေနဲ့​ရော ​တွေ့ဆုံသွားတယ်။ မင်းနဲ့​တွေ့ဆုံတာက​တော့ အခိုက်အတန့် အာဏာသိမ်းထားတဲ့ အကြမ်းဖက်​ခေါင်း​ဆောင် ဖြစ်တာမို့ ​တွေ့ဆုံတယ် ဆိုတာ ထားလိုက်ပါ​တော့။ ဗိုလ်သန်း​ရွှေနဲ့ ဘာလို့ ​တွေ့ရတာလဲ။ လိုအပ်လို့လားကွ၊ ဗိုလ်သန်း​ရွှေက သမိုင်းမှာ နာမည်ဆိုးနဲ့ ကမ္ပည်းထိုး ပြီးဆုံးသွားပြီပဲ။ မင်းကို ကာ/ချုပ်ရာထူး လွှဲအပ်​ပေးထားခဲ့လို့ မင်းရဲ့ အ​န္တေဝါသိက ဆရာလို့များ ထင်မှတ်ယူထား​လေ​ရော့သလား မ​ပြောတတ်ဘူး။

 

ဒါထက် ကြုံကြိုက်လို့ ဖြတ်ပြီး ​ပြောရအုံးမယ်။ အခုတ​လောက မင်းက အစည်းအ​ဝေး​တွေမှာ နှစ်​နာရီ​လောက် ​ပြောမယ့်စကားကို စကား​တွေ ​ဖောင်းပွ ချာလပတ်ရမ်းပြီး ​လေးနာရီ​လောက် ဖြစ်သွား​အောင် ​ပြော​နေတယ်ဆိုကွ။ ပြီး​တော့ အ​ကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ မင်းရဲ့  ကိုယ်ရည်​သွေး တီးလုံးတွေကိုလည်း မကြာခဏ ထည့်ထည့် ​ပြော​နေတယ်ဆို။ အဲဒါနဲ့ပတ်သက်ပြီး မင်းကို စိတ်ပညာရှင်​တွေက နာဆစ်စစ် (narcissists) ​ရောဂါ စွဲကပ်​နေပြီလို့ ​ပြောဆို သုံးသပ်​နေကြ​လေရဲ့။ နာဆစ်စစ်​ရောဂါဆိုတာကို အရှင်းလင်းဆုံးနဲ့ နားလည်​လွယ်အောင် ​ပြောရရင်​တော့ အ​ခြောက်တိုက် ဘဝင်မြင့်​နေတဲ့ ​ရောဂါ​ပေါ့ကွာ။

 

အဲဒီလို နာဆစ်စစ် စွဲကပ်​နေတဲ့ လူတစ်​ယောက်က ဗိုလ်သန်း​ရွှေကို အ​န္တေဝါသိက ဆရာသဖွယ် မှတ်ယူထားပါ့မလား။ ငါ့မှာ ကာ/ချုပ်အရည်အချင်း ရှိလို့ ကာ/ချုပ် ဖြစ်လာတာလို့ ထင်မှတ်ထား​ပေလိမ့်မယ်။ 

 

စဥ်းစားစရာက အဲဒီလို နာဆစ်စစ် စွဲကပ်​နေတဲ့ လူတစ်​ယောက်က ဗိုလ်သန်း​ရွှေကို အ​န္တေဝါသိက ဆရာသဖွယ် မှတ်ယူထားပါ့မလား။ ငါ့မှာ ကာ/ချုပ်အရည်အချင်း ရှိလို့ ကာ/ချုပ် ဖြစ်လာတာလို့ ထင်မှတ်ထား​ပေလိမ့်မယ်။ ပြီး​တော့ ဒင်းကိုယ်ကို ကာ/ချုပ်ရာထူးသာမက သမ္မတရာထူးနဲ့ပါ ထိုက်တန်တယ်လို့ ဇွတ်ချည်း အထင်​ရောက်​နေတာကလား။ အ​ခြောက်တိုက် ဘဝမြင့်​နေတတ်တဲ့ ​ရောဂါပါဆို။ အဲဒီမှာ သခင်စိုးကြီးရဲ့ စကားကို ငှား​ပြောရရင် 'လူထုက လူထု မဟုတ်ဘဲ လဒူ​တွေ' ဖြစ်​နေလို့သာ ယာယီသမ္မတ (တာဝန်) အဖြစ် ကိုယ့်ကိုယ်ကို ပြန်ခန့်အပ်ပြီး ​ဖြေသိမ့်​နေရတာကလား။ တကယ်လို့ ​ရွေး​ကောက်ပွဲသာ ကျင်းပနိုင်ခဲ့ရင်​လား၊ လွှတ်​တော်သာ ခေါ်နိုင်ရင်​လား ဧကန် သမ္မတ ကျိန်း​သေ ဖြစ်လာလိမ့်မယ်လို့ ​မျှော်လင့်ထားဟန် တူပါရဲ့။ ဒါ​ကြောင့် ဒင်းတို့က ​အန္တိမ ရည်မှန်းချက်ဟာ ရွေး​​ကောက်ပွဲဖြစ်တယ်လို့ ​ပြော​နေတာ​ပေါ့။

 

ဝမ်ယိက မဲ​​ခေါင် - လန်ချန် စည်း​ဝေးမှာ မြန်မာ့အ​ရေးကို စည်း​တွေ ဘာ​တွေ တား​ပေးလို့ပါလား။ ဒို့နိုင်ငံကို တရုတ်ရဲ့ ပြည်နယ်တခုလို့ ထင်မှတ်​နေ​လေ​ရော့သလားပဲ။ ဒီအစည်းအ​ဝေးမှာ အကြမ်းဖက် အဖွဲ့အစည်းရဲ့ နိုင်ငံခြား​ရေးဝန်ကြီး ဆိုသူလည်း တက်​ရောက်ပါရဲ့။ ဒါ​ပေမဲ့ ခွန်းတုံ့ပြန်ဖို့ ပါးစပ်များ မပါ​လေ​ရော့သလား၊ ဒါမှမဟုတ် ပါတဲ့ ပါးစပ်ကိုများ တခုခုနဲ့ ထိုးထည့်ပြီး ပိတ်ဆို့ထားလိုက်​လေသလား မ​ပြောတတ်ပါဘူး။ ဒီအတိုင်း နှုတ်ပိတ် နှုတ်ဆိတ်​နေခဲ့တယ်။ အံ့​ရော...။

 

ဟော ... အခု ​ရွှေလီမြို့နိုင်ငံ​တော် လုံခြုံ​ရေးကောင်စီက TNLA ကို တိုက်ပွဲ​တွေ ချက်ချင်း ရပ်တန့်ဖို့၊ မရပ်တန့်ဘူး ဆိုရင် ​အကျိုးဆက်​တွေ ဖြစ်​ပေါ်လာနိုင်တယ်။ အဲဒီ ဖြစ်​ပေါ်လာတဲ့ အကျိုးဆက်​တွေကို TNLA က တာဝန်ယူရမယ်လို့ ခြိမ်း​ခြောက်လာတာ ​တွေ့ရပြန်တယ်။

 

တခါ သူ့နိုင်ငံ ပြန်​ရောက်​တော့ ဝမ်ယိက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်နဲ့ ​တွေ့ဆုံခဲ့ပြန်တယ်။ ဒီ့​နောက် အ​မေရိကန် လုံခြုံ​ရေးဆိုင်ရာ သံတမန်နဲ့ ​တွေ့ဆုံပြီး မြန်မာ့အ​ရေး ​ဆွေး​နွေးခဲ့တယ်လို့ သိရတယ်။ ​ဟော ... အခု ​ရွှေလီမြို့နိုင်ငံ​တော် လုံခြုံ​ရေးကောင်စီက TNLA ကို တိုက်ပွဲ​တွေ ချက်ချင်း ရပ်တန့်ဖို့၊ မရပ်တန့်ဘူး ဆိုရင် ​အကျိုးဆက်​တွေ ဖြစ်​ပေါ်လာနိုင်တယ်။ အဲဒီ ဖြစ်​ပေါ်လာတဲ့ အကျိုးဆက်​တွေကို TNLA က တာဝန်ယူရမယ်လို့ ခြိမ်း​ခြောက်လာတာ ​တွေ့ရပြန်တယ်။ [ဒီခြိမ်း​ခြောက်စာဟာ အတု ဖြစ်တယ်လို့လည်း သတင်းဌာနတခုက ၁.၉.၂၀၂၄ ​နေ့မှာ တင်ထားတာ ​တွေ့ရပါတယ်။] အဲဒါ​တွေက ဒို့နိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ကြီးရဲ့ ​လှုပ်ရှား​နေပုံအ​ထွေ​ထွေ ဖြစ်ပါတယ်။

 

​အေး​လေ အ​ခြောက်တိုက် ဘဝမြင့်နေတဲ့ အသုံးမကျတဲ့ ဒင်းတို့တ​တွေ အရှက်မရှိ အာဏာသိမ်းယူထား​တော့လည်း အခြားနိုင်ငံ​တွေရဲ့ ထိပ်ပုတ်​ခေါင်းပုတ်မှုကို ခံ​နေကြရတာ​ပေါ့။

 

အဲဒီမှာ လူယုတ်မာ အကြမ်းဖက် ​ခေါင်း​ဆောင် မ.အ.လ ​ရေ မင်းက​ရော ဘာ​တွေများ ပျာယာခတ်​နေသလဲ။ လားရှိုး ရ.မ.ခ လက်လွှတ်လိုက်ရ ကတည်းက မင်းတ​ယောက် ​မျောက် ငါးပိကိုင်မိသလို ဖြစ်​နေတာ​တော့ မဖုံးနိုင် မဖိနိုင်​အောင်ပါပဲ။ အခုလည်း ​တောင်ငူ၊ မန္တ​လေး၊ ပဲခူး စတဲ့ မင်း​နေပြည်​တော်​ဟောင်း​တွေ သွားပြီး တပ်တွင်းစည်းရုံး​ရေး ပြုလုပ်သလိုလိုနဲ့ ယတြာ​တွေ သွားလုပ်​နေတာ ဆိုကွ။ အရည်အချင်း အစွမ်းအစ မရှိ​တော့လည်း ယတြာပဲ အားကိုးအားထား ပြုရမှာ​ပေါ့။ 

 

 "နန်းမြို့ပြိုကျ ဂျပုကြွ" ဆိုတာ မင်း ​သေဆုံးမယ့် သ​ဘော၊ ပြုတ်​တော့မယ် ဆိုတဲ့ သ​ဘော​ပေါ့ကွာ။ "စိန်ဖူး​မြေခ မန္တ​လေးကျ" ဆိုတာက လ.ပ.ခ လည်း ရ.မ.ခ လို လက်လွှတ် ဆုံးရှုံးရ​တော့မယ် ဆိုတဲ့ သ​ဘော။ 

 

တလက်စတည်း ​ပြောရအုံးမယ်။ မင်းတစ်​ယောက် မန္တ​လေး နန်းမြို့တွင်းထဲ​ ရောက်​တော့ နန်းမြို့ရိုးကြီး ပြိုကျသတဲ့၊ တခါ အမရပူရ မြို့နယ်ထဲက စွယ်​တော်​စေတီကို သွား​ရောက် ဖူး​တော့ အမရပူရ မြို့နယ်ထဲကပဲ ​တောင်သမန် ​ကျောက်​တော်ကြီးဘုရားက စိန်ဖူး​တော် ​မြေခသတဲ့​လေ။ တိုက်​တော့ တိုက်ဆိုင်မှု​ပေါ့ကွာ။ ဒါ​ပေမဲ့ မင်းအတွက်​တော့ ​တိုက်ပဲတိုက်ဆိုင်လွန်းတဲ့ သွေးပျက်ချင်စရာချည်း ဖြစ်​နေမှာ အမှန်ပဲလို့ ထင်မိပါရဲ့။ ဒါထက် ဒို့များရဲ့ ​နောက်ဆုံး ဘုရင် သီ​ပေါမင်း နန်းကျ​တော့ မန္တ​လေး ​ကျောက်​တော်ကြီးဘုရားက စိန်ဖူး​တော် ​မြေခသွားဖူးတယ်လို့ မှတ်သားဖူးရဲ့။ 

 

ပြီး​တော့ တ​ဘောင်လို စကား​တွေလည်း ပျံ့နှံ့လာတယ်။ ဘာတဲ့ "နန်းမြို့ပြိုကျ ဂျပုကြွ" "စိန်ဖူး​မြေခ မန္တ​လေးကျ" တဲ့​လေ။ မင်း ​သွေးပျက်မယ်ဆိုလည်း ပျက်​​လောက်ပါရဲ့။ ဒို့ပြည်သူ​တွေက မင်းကို မင်းအရပ် ​ပေမမီ ​ဒေါက်မမီ ဖြစ်​နေတာမို့ အစွဲပြုပြီး "ဂျပု" လို့ ​ခေါ်ကြသကွ။ ဒီ​တော့ "နန်းမြို့ပြိုကျ ဂျပုကြွ" ဆိုတာ မင်း ​သေဆုံးမယ့် သ​ဘော၊ ပြုတ်​တော့မယ် ဆိုတဲ့ သ​ဘော​ပေါ့ကွာ။ "စိန်ဖူး​မြေခ မန္တ​လေးကျ" ဆိုတာက လ.ပ.ခ လည်း ရ.မ.ခ လို လက်လွှတ် ဆုံးရှုံးရ​တော့မယ် ဆိုတဲ့ သ​ဘော။ ခုဆို ​တော်လှန်​ရေးတပ်​တော်​တွေက သပိတ်ကျင်း၊ စဥ့်ကူးတို့ကို သိမ်းပိုက်ထားနိုင်လာကြပြီ။ မန္တ​လေးကို ခြိမ်း​ခြောက်လာ​နေပြီ။ 

 

စစ်တပ်အထိုင်ချရင် မင်းတို့က ဘုရား​ကျောင်းကန်၊ စာသင်​ကျောင်း​တွေနဲ့ ပြည်သူ​တွေရဲ့ အထပ်မြင့်အ​ဆောက်အအုံ​တွေမှာ ချတတ်ကြတယ်။ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်လာရင် ဘုရား​ကျောင်းကန်၊ စာသင်​ကျောင်း​တွေပါ မကျန်​အောင် တိုက်ခိုက်ကြတယ်​ပေါ့​လေ။ 

 

မင်းတို့ကလည်း မန္တ​လေး​တောင်​ပေါ်က​နေ အ​မြောက်လက်နက်ကြီး​တွေ အထိုင်ချ တပ်ဆင်ပြီး ခုခံစစ်အတွက် ပြင်ဆင်ထားကြတယ် ဆိုကွ။ အဲဒါပဲ မင်းတို့က standard army ကြီးပါလို့ ​ကြွေး​ကြော်ထား​သေးရဲ့။ စစ်ကို စစ်နဲ့တူ​အောင် မတိုက်ခိုက်ဘူး။ ​အောက်တန်းကျလှတဲ့ နည်းလမ်း​တွေကို အသုံးပြု​နေကြတယ်။ ဟုတ်တယ်​လေကွာ။  စစ်တပ်အထိုင်ချရင် မင်းတို့က ဘုရား​ကျောင်းကန်၊ စာသင်​ကျောင်း​တွေနဲ့ ပြည်သူ​တွေရဲ့ အထပ်မြင့်အ​ဆောက်အအုံ​တွေမှာ ချတတ်ကြတယ်။ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်လာရင် ဘုရား​ကျောင်းကန်၊ စာသင်​ကျောင်း​တွေပါ မကျန်​အောင် တိုက်ခိုက်ကြတယ်​ပေါ့​လေ။ 

 

ခုဆို အာရက္ခတပ်​တော်က မြို့​တော် စစ်​တွေကို တိုက်ခိုက်သိမ်းပိုက်​တော့မယ်။ အဲဒီမှာ မင်းတို့က မြို့​နေပြည်သူလူထုကို ထွက်ခွင့်မ​ပေးဘဲ ပိတ်ဆို့ထားကြတယ်။ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ​အောက်တန်းကျကျ ပြုမူထားတဲ့ သ​ဘောပဲ။ မှတ်မိ​သေးတယ်၊ အာဏာသိမ်းခါစ အချိန်က​ပေါ့။ မင်းတို့ အကြမ်းဖက်အဖွဲ့အစည်း​တွေက ​သေနက်​တွေတကားကားနဲ့ လမ်းတ​လျှောက် အသံဗုံး​တွေ ပစ်​ဖောက်ပြီး လက်နက်မဲ့ အပြစ်မဲ့တဲ့ ပြည်သူ​တွေကို "​သေရဲတဲ့​ကောင်​တွေ ထွက်ခဲ့" လို့ ကြိမ်း​မောင်း စိမ်ခေါ်ခဲ့ကြတာ​လေ။ 

 

အခု လက်နက်ကိုင် ပြည်သူ့တပ်​တော်​တွေရဲ့ အလှည့် ​ရောက်လာပြီ။ "​သေရဲတဲ့ ​ကောင်​တွေ ထွက်ခဲ့" လို့ ပြန်စိမ်​ခေါ်​နေကြပြီ။ သတ္တိရှိရှိ ထွက်လိုက်ကြစမ်းပါ။ စစ်ကို စစ်နဲ့တူ​အောင် တိုက်ခိုက်ကြစမ်းပါ။ 

 

ဒါ့အပြင် နိုင်ငံရဲ့ တိုးတက်​ရေး အ​နေအထား​ကလည်း ဘာမှ ​မျှော်လင့်စရာ မရှိ​လောက်​အောင် ဟိုး ​​​အောက်ဆုံးထိ​အောင် ကျဆင်း​သွားပြီ။ ပြည်သူ​တွေရဲ့ ဘဝကလည်း အနာဂတ်မဲ့စွာ ရှင်သန်​နေကြရတယ်။ 

 

ဒီမှာ လူယုတ်မာ အကြမ်းဖက်​ခေါင်း​ဆောင် မ.အ.လ ​ရေ အာဏာ စတင်သိမ်းလိုက်တုန်းက​တော့ မင်းကို ကျားမြီးဆွဲတဲ့သူလို့ သတ်မှတ်ကြတယ်ကွ။ ဆင်ခြင်တုံတရားမဲ့ မိုက်တဲ့သူ​ပေါ့​လေ။ အခု အာဏာသိမ်းထားတာ သုံးနှစ်​ကျော် ​လေးနှစ်တွင်း​ရောက်လာပြီ၊ မင်းတို့ ​မျှော်လင့်ထားတဲ့ အရာ​​တွေလည်း တခုမှ အောင်မြင်​အောင် မစွမ်း​ဆောင်နိုင်ခဲ့ဘူး။ ဒါ့အပြင် နိုင်ငံရဲ့ တိုးတက်​ရေး အ​နေအထား​ကလည်း ဘာမှ ​မျှော်လင့်စရာ မရှိ​လောက်​အောင် ဟိုး ​​​အောက်ဆုံးထိ​အောင် ကျဆင်း​သွားပြီ။ ပြည်သူ​တွေရဲ့ ဘဝကလည်း အနာဂတ်မဲ့စွာ ရှင်သန်​နေကြရတယ်။ ဒါ​ပေမဲ့ မင်းက​တော့ စာနာမှုကင်းမဲ့စွာနဲ့ မင်းတို့ စစ်အာဏာရှင် တစု အာဏာတည်မြဲမှု အတွက် ကြိုးစားအားထုတ်​နေဆဲ။ ဒီ​တော့ မင်းဟာ ဆင်ခြင်တုံမဲ့ မိုက်မဲတဲ့သူ ဖြစ်ရုံမက လူယုတ်မာတ​ယောက် ဖြစ်​နေပြီ။

 

လူမိုက်တစ်​ယောက်ကို လိမ္မာယဥ်​ကျေး​အောင် သွန်သင်ဆုံးမ ​ဟော​ပြောလို့ ရနိုင်​ပေမဲ့ လူယုတ်မာတ​ယောက်ကို​တော့ ဘယ်လိုမှ လိမ္မာယဥ်​ကျေးလာ​အောင် နားချ​ပြောဆိုလို့ မရ​တော့ပါဘူး။ ဒါ​ကြောင့်လည်း ဒို့ပြည်သူ​တွေဟာ စစ်အာဏာရှင် အမြစ်ပြတ်​ရေး ဆိုတဲ့ ​တော်လှန်​ရေးကြီးကို ဘဝ​တွေ အသက်​တွေ ​ပေးဆပ်ပြီး ညီညီညွတ်ညွတ်နဲ့ ​ကျော်ဖြတ်​နေကြတာ​ပေါ့ကွာ။ ဒါ​ပေမဲ့ အ​ချောင်သမား တသိုက်က​တော့ အကြမ်းဖက်အဖွဲ့အစည်းကြီး မပြိုနိုင်ပါဘူး၊ ​ရွေး​ကောက်ပွဲနဲ့ ရုန်းထွက်နိုင်မယ်လို့ ​ပြော​နေကြဆဲပါပဲ။ 

 

မင်းတို့ လက်လွှတ်လိုက်ရတဲ့ မြို့​တွေက ​စျေး​တွေ ​ကျောင်း​တွေ ​ဆေးရုံ​တွေကို ​လေယာဥ်နဲ့ ဗုံးကြဲချ​နေတယ်။ နယ်​မြေ ပြန်လည် စိုးမိုးနိုင်ပါသလား။ ပျက်စီး​ရေးအတွက် ဖျက်ဆီး​ရေး လုပ်ငန်းသက်သက်ပဲ​လေ။ အဲဒီအချက်​တွေဟာ စစ်ရာဇဝတ်မှု​တွေပါပဲ။ 

 

ခုဆို မင်းတို့ လက်လွှတ်လိုက်ရတဲ့ မြို့​တွေက ​စျေး​တွေ ​ကျောင်း​တွေ ​ဆေးရုံ​တွေကို ​လေယာဥ်နဲ့ ဗုံးကြဲချ​နေတယ်။ နယ်​မြေ ပြန်လည် စိုးမိုးနိုင်ပါသလား။ ပျက်စီး​ရေးအတွက် ဖျက်ဆီး​ရေး လုပ်ငန်းသက်သက်ပဲ​လေ။ အဲဒီအချက်​တွေဟာ စစ်ရာဇဝတ်မှု​တွေပါပဲ။ ယုတ်မာမှုသက်သက်ပဲ​ပေါ့။ ပြီး​တော့ ဘယ်တိုင်းတစ်ပါးမှ ကျူး​ကျော်လာတာ မရှိဘဲ မင်းတို့အာဏာ တည်မြဲဖို့အတွက် လူငယ်​တွေကို အတင်းအဓမ္မ လက်နက်ကိုင်ခိုင်းပြီး ​သေတွင်းပို့​နေတာလည်း ယုတ်မာမှု​တွေပါပဲ။ ခုဆို လူရွယ် လူကြီး​တွေပါ မချန် ပြည်သူ့လုံခြုံ​ရေးအတွက် ဆိုပြီး လက်နက်ပါ တပ်ဆင်​ပေးအုံးမယ် တဲ့။ 

 

ဒီမှာ မင်းတို့ အာဏာ တည်မြဲဖို့အတွက် ဘယ်​လောက်ပဲ အ​ကြောင်းတရား​တွေ ညာလှိုင်း သွတ်သွင်းပြီး ​အုပ်ချုပ် အုပ်ချုပ်၊ ဒို့ပြည်သူ​တွေရဲ့ ​မေတ္တာတရားကို ရရှိအောင် မစွမ်း​ဆောင်နိုင်ရင်​တော့ မင်းတို့ အာဏာ တည်မြဲ​ရေးဆိုတာ ​ခွေးရူး​ကောင်းစား တမွန်းတည့်ဖြစ်မှာ အ​သေအချာပါပဲ။ အခု​တော့ ဒို့ပြည်သူ​တွေက မင်းတို့ စစ်အာဏာရှင် အကြမ်းဖက်သမား​တွေကို အသည်း​ပေါက်​အောင်ထိ ​အော့နှလုံးနာ။ စစ်အာဏာရှင် အမြစ်ပြတ်​တော်လှန်​ရေး မုချ ​အောင်ရမယ်။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။